Sunday 23 September 2007

၂၄စက်တင်ဘာလ၂၀၀၇

တပြည်လုံး အထွေထွေသပိတ်ကြီး စတင်ရမည့်အချိန်

၂၀၀၇ ခုနှစ်
စက်တင်ဘာလ
(၂၄) ရက်၊ တနင်္လာနေ့
နေ့လည် ၁ နာရီတိတိ
ကိုယ့်အခွင့်အရေးကို ကိုယ်ကိုယ်တိုင်စည်းကမ်းရှိစွာ
စနစ်တကျ အကြမ်းမဖက်သည့် နည်းလမ်းဖြင့်တောင်းဆိုကြပါရန်
ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၀န်ထမ်းများနှင့် တပ်မတော်သားအားလုံးပူးပေါင်းပါဝင်ကြရန်

Read More...

၂၄ စက်တင်ဘာလ ၂၀၀၇ မနက်

ရန်ကုန်မှာဒီနေမနက် စစ်ကားများ အခြေအနေ

Read More...

၂၃ စက်တင်ဘာ ၂၀၀၇ ရန်ကုန် လူထု အခြေအနေ

Read More...

ချီတက်လာသောကိုယ်တော်များ အား ထွက်ရောက်ဖူးမျှော်နေသော ဒေါ်အောင်ဆန်းစုကြည်

၂၂စက်တင်ဘာ၂၀၀၇

Read More...

သံဃာနှင့် ကျောင်းသား ပူးပေါင်း ဆန္ဒပြပြီ

စက်တင်ဘာ ၂၃ ရက် ၂၀၀၇။
ညနေ ၃း၀၀ နာရီ

ရန်ကုန် ရွှေတိဂုံဘုရားတွင် ထောင်နှင့်ချီသော သံဃာတော်များ စုရုံးရောက်ရှိကြောင်းသိရသည်။ မျိုးဆက်သစ်ကျောင်းသား ၁၀၀ ကျော်လည်း သံဃာများနှင့်အတူ ဆန္ဒပြမှုတွင် ပါဝင်ပူးပေါ်းရန် စုရုံးရောက်ရှိနေကြပြီဖြစ်သည်။ ဆူးလေဘုရားဘက်ကိုပဲ ချီတက်လိမ့်မယ်ထင်တယ် မည်ဟု ကြားသိရသည်။

ဆုံဆည်းရာ

Read More...

Sunday, September 23, 2007

မန္တလေးတွင် ဆန္ဒပြ
စက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။
1:25 PM

မန္တလေးတွင် တတိယမြောက်နေ့ အဖြစ် သံဃာတော်များက ဆက်လက် ဆန္ဒပြနေကြသည်။
ရှေ့ဆုံးတန်းတွင် သာသနာ့အလံ ကိုင်ဆောင်ထားသော မစိုးရိမ် ကျောင်းတိုက်မှ သံဃာတော် အပါး ၆ဝဝ ခန့်က ယနေ့ နံနက် ၁၁ နာရီ ကျော်တွင် စတင် ဆန္ဒပြနေကြခြင်း ဖြစ်သည်။
“ခုနပဲ အပါး ၆ဝဝ လောက် အိမ်ရှေ့က ဖြတ်သွားတယ်။ အခု အလွန်ဆုံး ရှိရင် တထိုင်မေးလောက်ပဲ ရှိမယ်။ ၈၄ လမ်း ဗိုလ်ချုပ် အောင်ဆန်းလမ်း ရှေ့ကနေ ဖြတ်သွားတယ်။ ရှေ့ဆုံးက ကိုယ်တော်က သံဃာ့အလံ ကိုင်ထားပြီး လျှောက်တာ။” ဟု မန္တလေးမြို့ခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

မဇ္ဈိမ

Read More...

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့မှာလည်း သံဃာတော်များဆန္ဒပြ

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။
1:25 PM

“ဒီမနက် ၆ နာရီမှာ စပြီး လျောက်တယ်။ အပါး ၁ဝဝ အနည်းဆုံး ရှိတယ်။ ဗန်းမော်မှာ ရှိတဲ့ ကျောင်းတိုက်တွေ ပေါင်းပြီး လုပ်တာပါ။ အစိုးရဘက်ကတော့ နှောက်ယှက်တာတော့ မရှိဘူး။ ၆ နာရီက စတယ် ၈နာရီမှာ ရပ်လိုက်တယ်။ အေးဆေးပါပဲ။ လူထုတွေလည်း လိုက်တဲ့လူက လိုက်တယ်။ အားပေးတာပေါ့။” ဟု မြို့ခံတဦးက မဇ္ဈိမသို့ ပြောသည်။

မဇ္ဈိမ

Read More...

 
/* EOT ----------------------------------------- */