Monday 6 July 2009

၄၇ နှစ်မြောက် ၇ ရက် ဇူလိုင် ကျောင်းသားအရေးတော်ပုံ အမှတ်တရ ...

Read More...

သက္ကရာဇ်များရဲ့ ကိုလာ့ဂ်ျ်ပန်းချီကားတချပ်

(စိုးနေလင်း)

အဲ့ဒီလို
နှစ်လုံးပေါက်အောင် စောင့်ခဲ့ရ
ဒဏ်ရာကျ သွေးစက်တွေလို
နေ့ရက်တွေကို
တရက်ချင်း ရေတွက်ရင်း
လေညှင်းမဲ့
လရောင်မဲ့
ကြယ်စင်အလင်း ချစ်ခြင်းမဲ့
သားရဲတွင်း လှောင်စိမ့်ခြင်းထဲ
ကွဲရှအိပ်မက်တွေကို စပ်ဆက်
မနက်ဖြန်ဆိုတာကလည်း…..။

ခွဲခွာခြင်း အတွက်
ပေါက်ကွဲသံစဉ် ပြင်းပြင်းနဲ့
ရက်ပ်သီချင်းတပုဒ် သီဆိုပါ
အချိန်ဟာ မှုန်မှိုင်းဆဲ
အားနည်းမြေပြင်ကို လှုပ်နှိုးလို့
လေးညှို့သံ ပေးရပေလိမ့်မယ်။

ဝေးလွင့်ကောင်းကင် အပြာရောင်
ပီကာဆို ငှက်ရဲ့တောင်ပံ ခတ်သံမှာ
ပါလက်စတိုင်း အစ္စရေးလ်
“ဒါဖား” ငြိမ်းချမ်းရေး တဲ့
သွေးစွန်းလက်တွေကို ဆေးကြောဖို့
သူတို့ ကြိုးစားနေကြပြီ
ဧရာဝတီ….ရေ။

ဟောဒီရွက်ကြွေတောထဲ မတော့
မေ့လျော့မိန်းမူးခြင်း လေရူးက
ပင်ပျိုတွေကို ပူးဝင်နှောက်ယှက်
ဈေးကွက်ရ ပျော်ရွှင်ခြင်း တိမ်တိမ်မှာ
အချိန်တွေကို ရှည်လျှားစေလိုက်ပြန်ရဲ့ …။

မှားယွင်းတဲ့ ချစ်ခြင်းတွေဟာ
စစ်ပွဲတွေကို ဖြစ်ပွားစေနိုင်တယ်ကွယ့်…
အဲဒီ အမှောင်တွင်းနက် ကျဉ်းကျဉ်းထဲ
ကျားကုတ်ကျားခဲ ယက်သွင်း
အဆိပ်ပြင်းမြွေဆိုးတွေရဲ့ ဦးခေါင်းထဲမှာ
ကမ္ဘာကြီးရဲ့ ကံကြမ္မာ
လဆန်း လဆုတ်
သမုဒ္ဒရာအောက် မီးတောင်များရှိလေရဲ့ …။

ဒီလိုနဲ့ပဲ
ခြေရာတွေကို အထပ်ထပ်ဖျောက်ဖျက်
နောက်ပွက်စာ မျက်နှာတွေထဲ
သဲထဲရေသွန်နေ့ရက်တို့ အတုံးအရုံး
အမည်းရောင် မျက်လှည့်ပုံးတခုမှာ
သစ္စာတရားကို မွှေနှောက်ထားခဲ့ကြ
အရှည်မျောဆုံး ညကို
ကုန်ဆုံးလွန်မြောက် ပစ်လိုက်ချင်ပြီ။ ။


(၁၇-၈-၀၇)
ခေတ်ပြိုင်...မှ

Read More...

အရိပ်မဲ့အရောင်

(စိုးနေလင်း)

အနာဂတ်ပုံပြမျဉ်းကို မှန်းဆမရ
ဒီကနေ့ မနေ့က
ဘာဆိုဘာမှ ကျောချစရာမရှိ
ဇာတိ ဇရာ၊ ဗျာတိ မရဏာ
သေချာခြင်းကို မသေချာချင်သေးသောခဏ။

နွံတွင်းနက်နက် တခုထဲမှာ
ဝေေ၀၀ါးဝါး
ဒါဟာ ဘာဝနာပွားတရားယူစရာလား
ကြာကြာဝါးစရာ မလိုသောခါးသည်းခြင်း
သီချင်းဖြစ်သွားတဲ့အခါ ရသ
အဝေးကြည့်မှာ လှပနေပြန်၏။

ကံကံ၏ အကြောင်းတရားဆိုလည်း
ခဲလေသမျှဖြစ်ခဲ့ရသော ကောင်းကင်ထဲ
စံလွဲတန်ဘိုးများက မင်းမူ
“လူ” ၏ အဓိပ္ပာယ်သတ်မှတ်စံနှုန်းကိန်း
ပိန်းပိန်းပိတ် ကွယ်ပျောက်ခဲ့ရပြီ။

ငါဟာ
စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ထဲ ကျွံနစ်
မြစ်ကိုအလျားလိုက် ကူးနေမိလေသလား
ပျားပန်းခတ် နေရာယူနေသူတွေကြားမှာ
(ဇာတ်သိမ်းခန်းကို)
နောက်ဆုံးတန်းက ကြည့်ခွင့်ရရင်ပဲ
သဲထဲရေသွန်ဘ၀ကို ကျေနပ်
ခပ်မဆိတ် နေပစ်လိုက်ချင်ပြီ။ ။


(၃၁-၁၂-၀၇)
ခေတ်ပြိုင်...မှ

Read More...

အိပ်မက်အတုတွေအကြောင်း

(ကမာပုလဲ)

အိပ်မက်တွေကပဲ ကြေးကြီးနေတာလား
ကိုယ်ကပဲ ရင်းစားပေးရမှာ တွန့်နေတာလား
သမားရိုးကျ နံနက်ခင်းတွေနဲ့သာ
ဒို့တတွေ လုံးပါး ပါးလို့ ။

ပြောကြတယ်
သူ့ အလိုလို ကျဆုံးသွားမှာပါတဲ့
ပြောကြတယ်
ရာသီစာ အတွေးအခေါ်တွေ
အေးရာအေးကြောင်းအယူအဆတွေ
ကိုယ့်ကိုယ်ကို နှစ်သိမ့်ကျေနပ်နေတဲ့
ရေပေါ်ဆီနေတတ်၊ ထိုင်တတ်၊
အရိုးမမျက်အောင် စားသောက်တတ်မှုတွေ။

ကိုယ်ကပဲ အစွဲကြီးနေတာလား
သူတို့ကပဲ ခေတ်ရှေ့ ကြိုရောက်နေတာလား
စကားလုံး ပဉ္စလက်တွေ ကခုန်နေတဲ့ နှုတ်ခမ်းတွေနဲ့
ဆိုခဲ မြဲတတ်တဲ့ နှုတ်ခမ်းတို့
အတူတွဲ ခုတ်မောင်းနေတဲ့ ရထားတစီးခမျာ
ဘယ်ဘူတာဆိုက်ရမယ်မှန်းမသိ
အဲဒီအရပ်မှာ
စိုက်ပျိုးခြင်းမဲ့ လက်တွေက
အနာဂတ်ကို ရိတ်သိမ်းမယ်ဆိုတဲ့အဖြစ်
အမေရယ်
စိတ်ညစ်လိုက်တာဗျာ ။ ။


(၂၄-၁၂-၀၇)
ခေတ်ပြိုင်...မှ

Read More...

*ပလိပ်ဝတ္ထုထဲ၌ ပိတ်မိခြင်း

(သစ်ကောင်းအိမ်)

မသေချာတာက
အိုရန်မြို့ကြီးထဲမှာလား
ရန်ကုန်မြို့ကြီးထဲမှာလား

မသေချာတာက
စတာလင်ခေတ်ထဲမှာလား
နာဇီစစ်ဖိနပ်အောက်မှာလား

ချောင်းတချက်ဟန့်ရင်း
ဖန်ခွက်ထဲ
ရေကို အသံထွက်အောင်လောင်းထည့်
သတင်းပဲလွှင့်လွှင့်
သီချင်းပဲ လွှင့်လွှင့်
(လူသံကြားရပြီးရော)
ရေဒီယိုကိုဖွင့်ထားခဲ့။

စာမျက်နှာလည်း ပြည့်စုံပါတယ်
ဇာတ်ကောင်စရိုက်လည်း ပြည့်စုံပါတယ်

အီးမေးလ်နဲ့
ပန်းခြင်းလောက်ပဲ
ဒီဝတ္ထုရဲ့
မျက်နှာဖုံးအောက်
လူနာမေးရောက်ခဲ့တာက
“ကြွက်သေ” ဟာ
“ဟစ်တလာ” ထက်
ကြောက်စရာကောင်းလို့ပဲဖြစ်မယ်။ ။

*ပလိပ်= ပြင်သစ်ဖြစ်တည်မှုပဓာန၀ါဒ စာရေးဆရာကြီးအဲလ်ဘတ်ကမူး၏ ၀တ္ထု


(၁၈-၁၂-၀၇)
ခေတ်ပြိုင်...မှ

Read More...

ဘယ်သူမှမသိလိုက်ပဲ ကျတဲ့မျက်ရည်

(ဒီလက်မျိုး)

တွယ်ရာမဲ့ညမှာ
ကြိတ်ပြီးကျတဲ့မျက်ရည်တွေက
တဖြည်းဖြည်းကျယ်လောင်လာတယ်။

ချစ်နှစ်သက်သောသူနဲ့လည်း မပေါင်းရ
မချစ်မနှစ်သက်သောသူနဲ့လည်း ဆုံတွေ့ရ
အဲဒီလိုနဲ့
ညဟာပိုပြီး အသက်ဝင်လာတယ်။

ရောင်စုံမီးတွေလင်းလာတယ်
မိတ်ကပ်နံ့တွေသင်းလာတယ်
ဘီယာပုလင်းတွေ ပိုပိုပြီးများလာတယ်။

အမေ့ကျန်းမာရေး
မောင်လေးတွေကျောင်းတက်ဖို့
လေဖြတ်ထားတဲ့အဖေ
ဟဲလို ဦးအားလား ဘယ်မှာတွေ့ကြမလဲဟင်
ဟုတ်ကဲ့
ဒုသနသောဟာ ရေတိမ်နစ်သွားခဲ့ပါပြီ။

တယောက်ကိုတယောက်
ကယ်တင်မယ့် စွန့်စားခန်းတွေကြားထဲ
ဘယ်သူမှမသိလိုက်တဲ့ မျက်ရည်တစက်
တိတ်တိတ်လေး ကျသွားခဲ့ပါတယ်။


(၁၄-၁၂-၀၇)
ခေတ်ပြိုင်...မှ

Read More...

ဘယ်သူမှမသိလိုက်ပဲ ကျတဲ့မျက်ရည်

(ဒီလက်မျိုး)

တွယ်ရာမဲ့ညမှာ
ကြိတ်ပြီးကျတဲ့မျက်ရည်တွေက
တဖြည်းဖြည်းကျယ်လောင်လာတယ်။

ချစ်နှစ်သက်သောသူနဲ့လည်း မပေါင်းရ
မချစ်မနှစ်သက်သောသူနဲ့လည်း ဆုံတွေ့ရ
အဲဒီလိုနဲ့
ညဟာပိုပြီး အသက်ဝင်လာတယ်။

ရောင်စုံမီးတွေလင်းလာတယ်
မိတ်ကပ်နံ့တွေသင်းလာတယ်
ဘီယာပုလင်းတွေ ပိုပိုပြီးများလာတယ်။

အမေ့ကျန်းမာရေး
မောင်လေးတွေကျောင်းတက်ဖို့
လေဖြတ်ထားတဲ့အဖေ
ဟဲလို ဦးအားလား ဘယ်မှာတွေ့ကြမလဲဟင်
ဟုတ်ကဲ့
ဒုသနသောဟာ ရေတိမ်နစ်သွားခဲ့ပါပြီ။

တယောက်ကိုတယောက်
ကယ်တင်မယ့် စွန့်စားခန်းတွေကြားထဲ
ဘယ်သူမှမသိလိုက်တဲ့ မျက်ရည်တစက်
တိတ်တိတ်လေး ကျသွားခဲ့ပါတယ်။



ခေတ်ပြိုင်...မှ

Read More...

အောင်မြေတွေဆီ

(ငြိမ်းလူ)

ထောင်တွေကို
အောင်မြေတဲ့

ဘုရားဘုရား
ကျုပ်လည်းလိုက်ပါရစေ
အဲ့ဒီအောင်မြေတွေဆီ

ဓမ္မကို တခါရိုက်တိုင်း
လှိုင်းတွေပိုထန်
မုန်းတိုင်းဆန်လာတယ်။

ခုတော့
မြို့ပြကလူအားလုံး
တောပုန်းကြီးစံဖဲ

ဒီမှာ ယက်ပတူရှင်ကို
ကမ္ဘာ့မြေပုံပေါ်က
ပုတ်သင်ညိုလောက်ရှိတဲ့
မြို့မှာ

လက်နက်တော့မချဘူး
ပန်းလေးတွေပွင့်နေကြတယ်
သူပုန်ထမယ်
လိုက်မလား


(၃၀-၁၁-၀၇)
ခေတ်ပြိုင်...မှ

Read More...

၉၂ နှစ်ပြည့် လူထုအမေသို့ အလွမ်းစာ

(ဒေါက်တာလွဏ်းဆွေ)

“အမေ နေကောင်းလား” လို့
ခရီးရောက်မဆိုက် ကျနော်တို့ ပြေးတွေ့တော့
ခပ်နွေးနွေး ရင်ငွေ့က
ကျနော်တို့ဆီ ပြန်ပြေးလာ
“ငါ့သားတို့ ဘယ်ရထားနဲ့ လာကြလဲကွဲ့
ထိုင်ကြ … ထိုင်ကြ” တဲ့
နွေးထွေးတဲ့ အမေ့ နှုတ်ဆက်သံ
ကြည်မွေ့တဲ့ အမေ့ အပြုံး
ကျနော်တို့ကို ဖုံးလွှမ်း
ခရီးပန်းသမျှ
ကျနော်တို့ လန်းဆန်းခဲ့ရပါတယ် အမေ …။

“အမေ … ဒီမှာ ဆရာမြေဇာ
ဒီမှာ ဆရာဝသုန်
ဟိုဘက်ခုံမှာ ကိုအောင်ဝေး
ဒီဘေးက ကိုသာချို
ဟိုဘက်က ကိုချစ်ဝင်းမောင်” လို့
ခပ်ရို့ရို့ ကျနော် မိတ်ဆက်တော့ …
အမေက
“မြင်တာပေါ့ ငါ့သား
အမေ့သားတွေ အားလုံးကို
အမေ အကုန်လုံး မြင်တာပေါ့” ဆိုပြီး
ပြုံးပြုံးကြီး ကြည့်နေတဲ့
အမေ့ရဲ့ပုံရိပ်
ရင်ထဲကို ယိုဖိတ်စီးဆင်း
အေးမြတဲ့ မြစ်တစင်းဖြစ်ခဲ့ရပါတယ် အမေ …။

“ငါ့သားတွေ အရက် သိပ်မသောက်ကြနဲ့နော်”
“အမေတို့ဘက်ကလူတွေ အသက်ရှည်တာကိုပဲ အမေမြင်ချင်တယ်”
“ကိုချစ်ဝင်းမောင်တို့၊ ကိုလွဏ်းဆွေတို့
မဂ္ဂဇင်းတွေ အခြေအနေ ကောင်းကြရဲ့လား
အမေ့စာမူတွေ အချိန်မီရကြရဲ့လား
အမေလည်း ရေးဖြစ်တာဆိုလို့
ကိုဝင်းငြိမ်း၊ ကလျာနဲ့ဆို ဒီလေးအုပ်ပဲ ရှိတာ
ငါ့သားတို့ အဆင်မပြေရင်
အမေ့ကို စာမူခ မပေးနဲ့နော်” လို့
တိုးလျလျ အသံနဲ့
စိုးရိမ်ပူပန်တဲ့ စကား
အမေပြောကြားလေတော့
ကျနော့်စိတ်ထဲ
ပီတိတွေနဲ့ အားဖြစ်ခဲ့ရပါတယ် အမေ …။

ဦးပိန်တံတားပေါ် လမ်းလျှောက်ရင်း
လေညင်းက ပြေးဝင်ဆောင့်တော့
ကျနော့်စိတ်တွေ ခပ်မြောက်မြောက်ဖြစ်သွား
အဲဒီ အကြောင်းတရားထဲမှာ
ကျနော်လို အယ်ဒီတာ ငချွတ်ငတားလေးကို
အမေက စာမူတွေ ချီးမြှင့်ပြီး
အသိအမှတ်ပြုခဲ့တာဟာ
အဓိက အကြောင်းတရားပါ အမေ …။

နှင်းမြူတွေ ဝေနေတဲ့
တောင်သမန် နံနက်ခင်းမှာ
အမေ့မေတ္တာတွေက
နှင်းမြူတွေနဲ့အတူ ရွာကျ
အယူအဆတူ
ယုံကြည်ချက်တူ
ရည်မှန်းချက်တူ
ရင်ဘတ်ချင်းတူကြတဲ့
အမေ့သား အမေ့သမီးတွေအားလုံး
အပြုံးကိုယ်စီ ယှက်သန်း
အလွမ်းကိုယ်စီ ပွေ့ထွေး
အနာဂတ်ရေးအတွက် တိုင်ပင်
တောင်သမန် တခွင်လုံး
ငြိမ်းချမ်းတဲ့ ရသတွေ ပြည့်ဖုံး
ပျော်လို့မဆုံး ပြုံးလို့မ၀ ဖြစ်ခဲ့ကြပါတယ် အမေ …။

အခုတော့
အမေ့သား အမေ့သမီးတွေလည်း
စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုအောက်မှာ
တမလွန် ရောက်သူရောက်
ဘ၀တက္ကသိုလ် ရောက်သူရောက်
လွတ်မြောက်နယ်မြေ ရောက်သူရောက်
တတိယနိုင်ငံ ရောက်သူရောက်
ကမောက်ကမ
ကစဥ့်ကလျားနဲ့
ပြေးလွှားရုန်းကန်နေကြရပေမယ့်
အမေ့ မေတ္တာထီးရိပ်က
ကျနော့်တို့အပေါ်
ထာဝရ အုပ်မိုးပေးထားလို့
စိတ်ဓာတ်ခွန်အား မဖောက်မပြန်နဲ့
ဖြောင့်မှန်တဲ့ လမ်းပေါ်မှာ
ကျနော်တို့ ဆက်လျှောက်နေနိုင်တာပါ အမေ …။

အခုအခါမှာ
လွတ်မြောက်နယ်မြေရောက်
အမေ့သား တယောက်အနေနဲ့
“အမေ နေကောင်းလား” လို့
ပြေးတွေ့ နှုတ်ဆက်ခွင့်မရတာ
သုံးနှစ်သုံးလီ ကြာခဲ့ပေမယ့်
အမေဟာ ကျနော်နဲ့ မဝေး
ကျနော့်ရဲ့ အတွေး၊ ကျနော့်ရဲ့ဘေးမှာ
မြင့်မြတ်တဲ့ အဘိဓမ္မာ
မြင့်မြတ်တဲ့ မေတ္တာတရား
မြင့်မြတ်တဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့
ထာဝရ အနီးကပ်
မတ်မတ်ရပ်နေဆဲလို့
ယုံမြဲယုံကြည်လျက်ပါ အမေ …။ ။


(၂၉-၁၁-၀၇)
ခေတ်ပြိုင်...မှ

Read More...

၉၂ နှစ်ပြည့် လူထုအမေသို့ အလွမ်းစာ

(ဒေါက်တာလွဏ်းဆွေ)

“အမေ နေကောင်းလား” လို့
ခရီးရောက်မဆိုက် ကျနော်တို့ ပြေးတွေ့တော့
ခပ်နွေးနွေး ရင်ငွေ့က
ကျနော်တို့ဆီ ပြန်ပြေးလာ
“ငါ့သားတို့ ဘယ်ရထားနဲ့ လာကြလဲကွဲ့
ထိုင်ကြ … ထိုင်ကြ” တဲ့
နွေးထွေးတဲ့ အမေ့ နှုတ်ဆက်သံ
ကြည်မွေ့တဲ့ အမေ့ အပြုံး
ကျနော်တို့ကို ဖုံးလွှမ်း
ခရီးပန်းသမျှ
ကျနော်တို့ လန်းဆန်းခဲ့ရပါတယ် အမေ …။

“အမေ … ဒီမှာ ဆရာမြေဇာ
ဒီမှာ ဆရာဝသုန်
ဟိုဘက်ခုံမှာ ကိုအောင်ဝေး
ဒီဘေးက ကိုသာချို
ဟိုဘက်က ကိုချစ်ဝင်းမောင်” လို့
ခပ်ရို့ရို့ ကျနော် မိတ်ဆက်တော့ …
အမေက
“မြင်တာပေါ့ ငါ့သား
အမေ့သားတွေ အားလုံးကို
အမေ အကုန်လုံး မြင်တာပေါ့” ဆိုပြီး
ပြုံးပြုံးကြီး ကြည့်နေတဲ့
အမေ့ရဲ့ပုံရိပ်
ရင်ထဲကို ယိုဖိတ်စီးဆင်း
အေးမြတဲ့ မြစ်တစင်းဖြစ်ခဲ့ရပါတယ် အမေ …။

“ငါ့သားတွေ အရက် သိပ်မသောက်ကြနဲ့နော်”
“အမေတို့ဘက်ကလူတွေ အသက်ရှည်တာကိုပဲ အမေမြင်ချင်တယ်”
“ကိုချစ်ဝင်းမောင်တို့၊ ကိုလွဏ်းဆွေတို့
မဂ္ဂဇင်းတွေ အခြေအနေ ကောင်းကြရဲ့လား
အမေ့စာမူတွေ အချိန်မီရကြရဲ့လား
အမေလည်း ရေးဖြစ်တာဆိုလို့
ကိုဝင်းငြိမ်း၊ ကလျာနဲ့ဆို ဒီလေးအုပ်ပဲ ရှိတာ
ငါ့သားတို့ အဆင်မပြေရင်
အမေ့ကို စာမူခ မပေးနဲ့နော်” လို့
တိုးလျလျ အသံနဲ့
စိုးရိမ်ပူပန်တဲ့ စကား
အမေပြောကြားလေတော့
ကျနော့်စိတ်ထဲ
ပီတိတွေနဲ့ အားဖြစ်ခဲ့ရပါတယ် အမေ …။

ဦးပိန်တံတားပေါ် လမ်းလျှောက်ရင်း
လေညင်းက ပြေးဝင်ဆောင့်တော့
ကျနော့်စိတ်တွေ ခပ်မြောက်မြောက်ဖြစ်သွား
အဲဒီ အကြောင်းတရားထဲမှာ
ကျနော်လို အယ်ဒီတာ ငချွတ်ငတားလေးကို
အမေက စာမူတွေ ချီးမြှင့်ပြီး
အသိအမှတ်ပြုခဲ့တာဟာ
အဓိက အကြောင်းတရားပါ အမေ …။

နှင်းမြူတွေ ဝေနေတဲ့
တောင်သမန် နံနက်ခင်းမှာ
အမေ့မေတ္တာတွေက
နှင်းမြူတွေနဲ့အတူ ရွာကျ
အယူအဆတူ
ယုံကြည်ချက်တူ
ရည်မှန်းချက်တူ
ရင်ဘတ်ချင်းတူကြတဲ့
အမေ့သား အမေ့သမီးတွေအားလုံး
အပြုံးကိုယ်စီ ယှက်သန်း
အလွမ်းကိုယ်စီ ပွေ့ထွေး
အနာဂတ်ရေးအတွက် တိုင်ပင်
တောင်သမန် တခွင်လုံး
ငြိမ်းချမ်းတဲ့ ရသတွေ ပြည့်ဖုံး
ပျော်လို့မဆုံး ပြုံးလို့မ၀ ဖြစ်ခဲ့ကြပါတယ် အမေ …။

အခုတော့
အမေ့သား အမေ့သမီးတွေလည်း
စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုအောက်မှာ
တမလွန် ရောက်သူရောက်
ဘ၀တက္ကသိုလ် ရောက်သူရောက်
လွတ်မြောက်နယ်မြေ ရောက်သူရောက်
တတိယနိုင်ငံ ရောက်သူရောက်
ကမောက်ကမ
ကစဥ့်ကလျားနဲ့
ပြေးလွှားရုန်းကန်နေကြရပေမယ့်
အမေ့ မေတ္တာထီးရိပ်က
ကျနော့်တို့အပေါ်
ထာဝရ အုပ်မိုးပေးထားလို့
စိတ်ဓာတ်ခွန်အား မဖောက်မပြန်နဲ့
ဖြောင့်မှန်တဲ့ လမ်းပေါ်မှာ
ကျနော်တို့ ဆက်လျှောက်နေနိုင်တာပါ အမေ …။

အခုအခါမှာ
လွတ်မြောက်နယ်မြေရောက်
အမေ့သား တယောက်အနေနဲ့
“အမေ နေကောင်းလား” လို့
ပြေးတွေ့ နှုတ်ဆက်ခွင့်မရတာ
သုံးနှစ်သုံးလီ ကြာခဲ့ပေမယ့်
အမေဟာ ကျနော်နဲ့ မဝေး
ကျနော့်ရဲ့ အတွေး၊ ကျနော့်ရဲ့ဘေးမှာ
မြင့်မြတ်တဲ့ အဘိဓမ္မာ
မြင့်မြတ်တဲ့ မေတ္တာတရား
မြင့်မြတ်တဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့
ထာဝရ အနီးကပ်
မတ်မတ်ရပ်နေဆဲလို့
ယုံမြဲယုံကြည်လျက်ပါ အမေ …။ ။


(၂၉-၁၁-၀၇)
ခေတ်ပြိုင်...မှ

Read More...

မွှေးမြ မကြွေ ..အိုအမေ

(စိုးနေလင်း)

မြန်မာနိုင်ငံလွတ်လပ်ရေးမှာ
အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာ စာပေအရေးအသားမှာ
အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်


မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ခိုင်တည်မြင့်မားရေးမှာ
အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာပြည်သူလူထု အကျိုးစီးပွား
လူတန်းစားတိုက်ပွဲ တရားမျှတမှု လူ့အခွင့်အရေး
ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ယဉ်ကျေးမှုတွေမှာ
အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

လူထုဒေါ်အမာ
(သူဟာ)
သမိုင်းစဉ်လာ ကလောင်သွား
မြားသွားလို ချွန်မြစူးရှ
အဓမ္မအားလုံးရဲ့ ရန်သူ
ပြည်သူလူထုရဲ့ နှလုံးသား
အစားထိုးမရနိုင်တဲ့ အမေ။

အမေဟာ
ရေ မြေ လေ မီး
ဓာတ်ကြီးလေးပါး
ရုပ်တရားများမှ လွန်မြောက်
ကွယ်ပျောက်မသွားနိုင်ဘူးလေ။ ။

(အမေလူထုဒေါ်အမာရဲ့ အသက် (၉၂) နှစ်မြောက် မွေးနေ့ကို ဒီကဗျာနဲ့ ဦးညွတ်ဂုဏ်ပြုပါတယ်)


(၂၉-၁၁-၀၇)
ခေတ်ပြိုင်...မှ

Read More...

၂၀၀၇ အော့နှလုံးကဗျာ

(ရဲဝင့်သူ)

ဒါဟာတကယ့်ကို ဖြစ်ခဲ့တာ
ရယ်ရမလို ငိုရမလိုပါပဲ
“ညီလေးရေ”
မင်းစားချင်တယ်ဆိုတဲ့
အင်းယားက ဗူးသီးကျော်တောင်
တကယ့်ကို ဒီမိုကရေစီရေးဖြစ်ခဲ့ပြီ…

ဒင်းတို့က ငရဲကိုတောင်
အာဏာသိမ်းလိုက်ကြ
အုတ်တချပ် သဲတပွင့်များလည်း
“အိမ်ပြန်လမ်းဝေး” လို့အော်ဆိုရင်း
“မြို့ပြလရောင်တမ်းချင်း” နဲ့သာ။

မော်ဒန်ချစ်ပုံပြင်တော့မဟုတ်
ချစ်သူပြန်လာချိန်ကို
ရေဒီယိုမှာ မျှော်နေတဲ့ချစ်သူတွေ
လမ်းမတွေဟာ ဆယ်ကျော်သက်တို့ရဲ့
ရင်ခုန်သံတွေနဲ့ မဲမှောင်နေပြီ။

ဖရောင်းတိုင်မီးရောင်အောက်
(၂၁) ရာစု ငယ်ရွယ်သူအိမ်မက်များ
ပိုးဖလံတွေလို ဟိုတစ ဒီတစ
လိပ်စာမတပ်နိုင်တဲ့စာတွေ
လွမ်းသူတွေအိပ်ယာအောက်
ခေါက်ရိုးကျိုးသေနေကြပြီ။

အနီဆုံးသွေးတွေဟာ
အမှောင်ဆုံး တံခါးတွေနောက်
ရဲရဲတောက်လို့သာ
အသက်ရှုကြပ်နေတဲ့ ငါ
ဒီအမှောင်ဆုံးညကို
အပြင်းဆုံးမီးနဲ့ ထိုးခွဲပစ်ချင်တယ်။ ။


(၂၀-၁၁-၀၇)
ခေတ်ပြိုင်...မှ

Read More...

Message from U Win Tin

This's the poetic message of U Win Tin, the veteran
journalist-cum-politician given through Mr. Paulo Sergio Pinheiro
to all the human beings in the world.
uwintin
မှတ်ချက်။ နိုဝင်ဘာ (၁၅) ၇က်က အင်းစိန်ထောင်တွင်း သွားရောက်လေ့လာခဲ့သော
မစ္စတာပီညဲရိုးကို သတင်းစာဆရာကြီးဦးဝင်းတင်ကရေးပေးလိုက်သည့် ကဗျာဖြစ်သည်။

(၁၉-၁၁-၀၇)
ခေတ်ပြိုင်...မှ

Read More...

အ … ညီလာခံ

(ကမာပုလဲ)

ခေတ်ပျက်ထဲ
ငါ … အနုပညာမြောက်အောင်
ဆက်ထုံးတွေ
စံပယ်ပွင့်တွေလို သီကုံးတုန်းက
ငါ့လက်ထဲ ပါမလာတဲ့
ရေပေါ်ဆီ မျက်နှာပြောင်တိုက်မှုများ …။

ဘုရားကားတခြား၊ မျောက်ကားတခြား
မိတ်ဆွေတခြား၊ ရန်သူတခြား
အနုပညာတခြား၊ ကြေးစားတခြား
အနှစ်သာရတခြား၊ မာယာတခြား
မကွဲပြားတဲ့
ငါတို့ ဘ၀ပတ်ဝန်းကျင်မှာ …။

ဒီနေရာမှာနေ
ဒီအစားအစာကိုစား
ဒီငွေကြေးကိုယူ
ပြီးတော့
ဒီပြဋ္ဌာန်းချက်အတိုင်းပြော
ပြီးရင်
မင်းဟာ မဟာအနုပညာရှင်က၀ိအကျော်ပေါ့ …။

အော်…
တွေးလိုက်တိုင်း အရိုးနာသည်
မဆီမဆိုင်ပေမယ့်
ငါ့လျှာကိုသာ ဖြတ်လိုက်ချင်ရဲ့။ ။

(အချုပ်တန်းဆရာဖေနှင့် ဦးပုညအမှတ်တရ)


(၁၃-၁၁-၀၇)
ခေတ်ပြိုင်...မှ

Read More...

ဓမ္မအောင်ပွဲ

(စိုးနေလင်း)

မြေသားကို ဆုပ်ကိုင်
ပြိုင်တူကြိမ်ဆိုလိုက်ကြ …
အဓမ္မ၀ါဒ ကျဆုံးစေ
အဓမ္မ၀ါဒ ကျဆုံးစေ
အဓမ္မ၀ါဒ ကျဆုံးစေ။

မေတ္တာတရားကို ယုံကြည်စူးနစ်
အမှန်တရားကို ချစ်မက်
ဒီမိုကရေစီအတွက် အသက်ပေးလှူ
သံဃာ၊ ကျောင်းသား၊ ပြည်သူ
ပြိုင်တူညီညာ လမ်းလျှောက်ခဲ့ကြ
အဓမ္မ၀ါဒ ကျဆုံးစေ။

ကမ္ဘာမကြေဘူး
ရွှေဝါရောင်ဓမ္မ သွေးစွန်းခဲ့ရ
ကြွေကျနှလုံးသားတို့ ရဲမြ
ရိုင်းမိုက်လိုက်ကြပလေ …
မြေငလျင်တော်လဲ ကွဲအက်
ဖက်စစ် စစ်အာဏာရှင်တို့ ကျဆုံးစေ။

မြေသားကို ဆုပ်ကိုင်
ပြိုင်တူတိုင်တည်လိုက်ကြ …
ဗုဒ္ဓ ဓမ္မ ဓမ္မစက်က
အရက်စက်ဆုံး အာဏာစက်ကို အောင်ပွဲခံ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ။ ။

(ဤကဗျာဖြင့် ရွှေဝါရောင်တော်လှန်ရေးအတွင်း အသက်၊ ဘ၀၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြ၊ ပေးဆပ်နေဆဲဖြစ်သော ရဟန်း၊ သံဃာ၊ ကျောင်းသား၊ ပြည်သူအပေါင်းအား ဦးညွှတ် ဂုဏ်ပြုပါသည်။)


(၂၄-၁၀-၀၇)
ခေတ်ပြိုင်...မှ

Read More...

ကျကျန်ခဲ့သော ၀ါကျတကြောင်း

(ခင်လွန်း)

ဒီလိုချည်းရွှေ့ရွှေ့ လာလိုက်တာ
စုန်းစုန်းမြုပ်တော့မယ်။

သောင်းတိုက်ကကြားအောင်
အလံတွေဆန်တက်လာကြ။

ကြိုးစကို ဆွဲထားရမလား
သက်ကယ်ဘောကို လေမှုတ်ထားရမလား
လူစုံမှ
ဥသြသံရှည်ဆွဲရမယ်
“ဟလို အက်စ်အိုအက်စ်
အက်စ်အိုအက်စ်”
အသက်မျှင်းမျှင်းရှုကာ
သူလွန်ဆွဲနေတယ်

စုန်းစုန်းမြုပ်တော့မယ်။

မေးခွန်းတွေ …
“တကိုယ်စာဖော့ထားရုံလေးနဲ့
မြုပ်မသွားတော့ဘူးလား”
“ကိုယ့်လူတို့
ရေအောက်မြုပ်သွားရင်တောင်
မာလိန်မှူးဆိုတာ အတူပါသွားရမယ်” တဲ့။

စုန်းစုန်းမြုပ်တော့မယ်။

သမိုင်းကိုဖတ်ရင်
စာမကျစေနဲ့ကလေးရေ
ဒီပွဲမှာ
ဝါကျတကြောင်း လပ်သွားခဲ့။ ။


(၁၉-၁၀-၀၇)
ခေတ်ပြိုင်

Read More...

ရွေှ့ဝါရောင် ဥဒါန်း

(သစ်ကောင်းအိမ်)

သာသနာတော်တောင် သွေးစွန်းခဲ့ရ
ဟော့ဒီ ကာလဟက်တက်ကြီးထဲ
အလွမ်းကိုလည်း တကျွန်းပို့ထားရပေါ့
မောင့်ဂူစတီနာ

မီးသဂြိုဟ်စက်တလုံးလို
ကိုယ့်ကိုယ်ကို လောင်ကျွမ်းကြ
ပက်ပက်စက်စက် လောင်ကျွမ်းကြ

ဒါ နှင်းဆီရောင်အလှတရားလား
စုန်းမအိုရဲ့ မြည်တွန်တောက်တီးသံတွေလား
ဒါမှမဟုတ် သွေးနံ့ရတဲ့ ပင်လယ်လား

ငါတို့ ရေနန်းယာဉ်သာ သင်္ဘောကို မမျှော်နဲ့
ငါတို့ ကောင်းဘွိုင်ကြီး ဂျွန်ဝိန်းကို မမျှော်နဲ့

ဝါးလုံးဆွေးကို အလံထောင်လို့
မိစ္ဆာက ဟားတိုက်ရယ်နေရဲ့

ငါတို့ ဖိနပ်သာ ငါတို့ သေနတ်ဖြစ်တယ်

သွေးကြွေးဆိုတော့
ဆွေးနွေးဖို့ မရှိတော့ပါ။ ။


(၁၆-၁၀-၀၇)
ခေတ်ပြိုင်...မှ

Read More...

အမေ…သို့

(ကမာပုလဲ)

ဘယ်လိုခေတ်ကြီးလဲ
ကိုယ့်ရင်သွေးကို ရင်ထဲထည့် ၀ှက်တာတောင်
မလုံခြုံနိုင်တဲ့အဖြစ်။

အမေ့ကို လွမ်းလွန်းလို့
ကဗျာတပုဒ်ရေးကြည့်တယ်
စာရွက်ပေါ်မှာ မှင်တွေကမပြာဘဲ
သံဃာတော်တွေရဲ့ သွေးတွေသာ နီရဲလို့။

ကျနော်ပြန်အလာကို မစောင့်နိုင်တဲ့အမေ
ဒီကြေကွဲမှုတွေနဲ့ ဒီနိုင်ငံမှာ
အမေအကြွေစောပေမယ့်
မနှမြောတော့ဘူး။ ။


(၁၂-၁၀-၀၇)
ခေတ်ပြိုင်...မှ

Read More...

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ

(ဒေါက်တာလွဏ်းဆွေ)

၈၈-မျိုးဆက်ခေါင်းဆောင်တွေကို ဖမ်းကုန်ပြီတဲ့
ညက ရေဒီယိုမှာ ကြေညာသွားတယ်
ဒီလောက်နဲ့ပဲ ပြီးလိုက်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ပခုက္ကူသံဃာနှစ်ပါးကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ရိုက်သတဲ့
ညက ရေဒီယိုမှာ ကြားလိုက်ရတယ်
ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတော်တွေ ပတ္တနိက္ကုဇ္စန ကံဆောင်နေကြပြီတဲ့
ညက ရေဒီယိုမှာ ပြောသွားတယ်
ဒီလောက်နဲ့ပဲ တင်းတိမ်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတွေနောက်ကို ပြည်သူတွေပါလာပြီတဲ့
ညက ရေဒီယိုမှာ အသံလွှင့်သွားတယ်
ဒီလောက်နဲ့ပဲ ရောင့်ရဲကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဂျပန်သတင်းထောက်ကို စစ်ခွေးတွေ ပစ်သတ်လိုက်တာ
ညက တီဗွီမှာ ကြည့်လိုက်ရတယ်
ဒီလောက်နဲ့ပဲ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

စစ်ခွေးတွေ ပစ်သတ်တာ ပြည်သူတွေသေကုန်ပြီတဲ့
ညက ဘီဘီစီမှာ ကြေညာသွားတယ်
ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဘုန်းကြီးကျောင်းတွေကို ညပိုင်းဝင်စီးတာ
သံဃာတွေ တော်တော်အဖမ်းခံရတယ်တဲ့
ညက အာရ်အက်ဖ်အေမှာ ကြားလိုက်ရတယ်
ကြေကွဲဝမ်းနည်းရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာအလောင်းတလောင်း
ငါးမိုးရိပ်ချောင်းထဲမှာ ပေါ်လာသတဲ့
မနေ့က အင်တာနက်မှာ ကြည့်လိုက်ရတယ်
သံရုံးတွေရှေ့မှာ ဆန္ဒပြရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဂမ်ဘာရီ မနေ့က ပြန်သွားပြီတဲ့
ညက ဗွီအိုအေမှာ ပြောသွားတယ်
ဆင့်ဟိုဒင်း ခွေးမျော်ရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သတင်းမေး သတင်းလွှင့်ရတာလည်း
စိတ်မကောင်းစရာတွေ ချည်းပါကွယ်
စုတ်သပ်ရုံလောက်နဲ့ပဲ နေကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဆန္ဒပြသူတွေကို စစ်ခွေးတွေ ၀ိုင်းရိုက်တာ
စီအန်အန်မှာ ကြည့်လိုက်ရတယ်
စိတ်ဆိုးဒေါသထွက်ရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ခေါင်းဆောင်တွေ ဘယ်ရောက်နေကြလဲ
အဖွဲ့အစည်းတွေ ဘာလုပ်နေကြလဲ
ငါတို့မဲပေးထားတဲ့သူတွေ ဘယ်မှာလဲ
ပြည်သူတွေ မေးနေကြပြီ
အစည်းအဝေးထိုင်ရုံလောက်နဲ့ ပြီးကြတော့မှာလား
စတိတ်မန့်ထုတ်ရုံလောက်နဲ့ ပြီးကြတော့မှာလား
ရေဒီယိုမှာ ဟိုပြောဒီပြောနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတွေ ပြည်သူတွေ သွေးချောင်းစီးနေတာတောင်
အာဖရိက မြင်းကျားတွေလို
မြက်စားမပျက်ကြပါလားကွာလို့
အပြောခံကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

မြန်မာပြည်သားဆိုတာ
ငုံ့ခံတတ်တဲ့ လူစားတွေပါကွာလို့
သမိုင်းအရေးခံကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဒီကဗျာကို
အံချလိုက်ရရင်
သေပျော်ပြီကွာလို့ ယူဆနေသလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

အားလုံး …
အားလုံး …
ဒီမိုကရေစီကို လိုလားတဲ့
မြန်မာပြည်သားအားလုံး
ကြက်သေ သေမနေကြပါနဲ့
ငါတို့ဘာလုပ်ရမလဲဆိုတာကို
ပျံလွန်တော်မူသွားတဲ့ သံဃာတွေက လမ်းပြသွားခဲ့ပြီ
လမ်းမပေါ်မှာ ပစ်သတ်ခံရတဲ့ ပြည်သူတွေက လမ်းပြသွားခဲ့ပြီ
အဖမ်းဆီးခံ သံဃာနဲ့ပြည်သူတွေက လမ်းပြသွားခဲ့ပြီ
အချိန်သိပ်မရှိတော့ဘူး
တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ
တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ
တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ။ ။


(၉-၁၀-၀၇)
ခေတ်ပြိုင်...မှ

Read More...

လမ်းလျှောက်ထွက်ခြင်း

(နန္ဒအိမ်)

လမ်းလျှောက်ခြင်းနေ့တွေက
ရင်ဖွင့်ပြလိမ့်မယ်
ရက်လနှစ်များစွာ
မျိုသိပ်မှုများစွာ ...။

လူတယောက်ရဲ့သားနဲ့လူတယောက်ရဲ့သမီးဟာ
လရောင်ဆမ်းထားတဲ့ ညချမ်းမှာ
စိမ်းလန်းတဲ့ မနက်ခင်းမှာ
ဒါမှမဟုတ် ဇိမ်ခံဟိုတယ်ကြီးတွေမှာ
ရင်တဆတ်ဆတ် တုန်နေချိန်မှာ
လူတယောက်ရဲ့သားနဲ့လူတယောက်ရဲ့သမီးဟာ
လူယုတ်တွေရဲ့ ညှင်းပန်းရေးဇာတ်ထုတ်ထဲမှာ
ကျဉ်းမြောင်းပိတ်လျောင်ထားတဲ့ အမှောင်ခန်းထဲမှာ
ဒါမှမဟုတ် သားသတ်သမားတို့ရဲ့ စစ်ကြောရေးညတွေမှာ
ရှည်လျားခါးသီးလွန်းလှတယ် ...။

အို မြန်မာပြည်
ငါ ပျံသန်းခဲ့
ခရီးသွားခဲ့
တေးဆိုခဲ့
ရက်ပေါင်းများစွာ စကားပြောခဲ့
အဲဒီမှာ ဆန်နဲ့ ဓာတ်ငွေ့ဟာ
လူရဲ့လက်ထဲက
ဘီးလူးသဘက်တွေရဲ့ လုယက်ခြင်းခံရ
ညဟာ မီးမလာ
ဆာလောင်ငတ်မွတ်နေတာ
လွတ်လပ်မှုကို ကာကွယ်ဖို့ မဟုတ်တဲ့
စစ်ဘီလူးများကို ကူညီမစနေရဲ့ ...။

ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိ
အဲဒီတရားဥပဒေဟာ
သွေးစွန်းတဲ့လူမိုက်တွေက
ဥာဏ်ပညာရှိသူကို သတ်တဲ့တရားဥပဒေသာဖြစ်တယ်။

ဘာမှလုပ်ပိုင်ခွင့်မရှိ
အဲဒီစီးပွားရေးဟာ
ရိုင်းစိုင်းတဲ့ စစ်ဗိုလ်များအတွက်
ဓာတ်ငွေ့နဲ့ရေနံကိုစိန်တုံးများအဖြစ်
ပြောင်းလဲပေးတဲ့ စီးပွားရေးသာဖြစ်တယ် ...။

ဘာမှပြောပိုင်ခွင့်မရှိ
အဲဒီနိုင်ငံရေးဟာ
လူတယောက်က လူများစွာကိုသတ်တဲ့
သွေးတွေ စွဲဆိုနေတဲ့လက်နဲ့
ပါးစပ်ကိုပိတ်
တိတ်တိတ်နေခိုင်းတဲ့ နိုင်ငံရေးသာဖြစ်တယ် ...။

လူများစွာအိမ်ကိုတော့ပြန်လာပါရဲ့
ဒါပေမယ့်
သန်းပေါင်းများစွာရဲ့ မှတ်ဥာဏ်ထဲမှာ
သူတို့ရဲ့ခေါင်းဆောင်အတွက်
ကမ္ဘာမကြေဘူးသီချင်းကို သွေးနဲ့ဆိုခဲ့ရတယ် ...။

ဒေါင်းပျိုလေးတို့ရေ
လမ်းတွေကို မြန်မြန်လျှောက်ကြ
နှစ်အလီအလီသေနတ်ပြောင်းအောက်က
အလှပျက်သွားတဲ့ အပျိုမတွေအတွက်
ငတ်မွတ်ဆာလောင်သူတို့အတွက်
လျှပ်စစ်ကြိုးတွေရဲ့ အတို့ခံရသူတို့အတွက်
ယုံကြည်ချက်အကျဉ်းသားတို့အတွက်
သင်တို့တောင်ပံတွေရဲ့အရိပ်တွေနဲ့
လွှမ်းခြုံပေးဖို့ ...။

ရိုးအီနေတာမဟုတ်တဲ့
ဖြစ်ပေါ်လာတဲ့အမှန်တရားဟာ
လှပခမ်းနားနေရဲ့
ထွက်လာခဲ့
တယောက်မကျန်ထွက်လာခဲ့
အဲဒီနေ့ရဲ့လမ်းလျှောက်ထွက်ခြင်းမှာ
လက်ဖမိုးတွေကိုမြှောက်ချီလို့
သင်တို့ရဲ့မျိုးဆက်များနဲ့လမ်းလျှောက်ထွက်ဖို့ ... ... ...။


(၅-၁၀-၀၇)
ခေတ်ပြိုင်...မှ

Read More...

တကယ့်ရွှေဖြစ်စို့

(ရဲဝင့်သူ)

တို့သမိုင်း တို့ရေးမယ့်လမ်းတွေပေါ်
တို့တွေ ခြေသံပြင်းပြင်းလျှောက်
ရင်ဘတ်တွေ လှိုက်ဖိုသွားတဲ့အထိ
သံပြိုင်ဆိုကြဖို့သီချင်းက သမိုင်းရဲ့
ဟော့ဒီ သီချင်း `ကမ္ဘာမကြေ´။

လာကြဟေ့ တို့ခေတ်ရောက်လာပြီ
ပြေးသူပြေး တွေးသူတွေး
ငေးသူငေး ရေးသူရေး
ကိုယ့်သမိုင်းနဲ့ကိုယ်
ဟောဟိုကရောင်နီကို ရဲရဲမော့ကြည့်
ခြေထောက်တွေ အားယူပြီး
တချက်ပဲ ကုန်းထလိုက်
အနာဂတ်ကို တို့ပိုင်ရမယ်လို့
အတောင်တွေကို လွတ်လပ်လှပဖို့
ဟော့ဟိုကောင်းကင်ကို အဆုံးအစမဲ့တဲ့
အပြာရောင် ချယ်ရအောင်။

ရှိရှိသမျှ အညစ်အကြေးအားလုံးကို
ငါတို့ခေတ်မှာ တို့လက်နဲ့ကြုံးပြီး
နာတာရှည် ငိုနေရှာတဲ့
တို့ချစ်တဲ့ဧရာဝတီမြစ်ထဲ မျှောပစ်ရအောင်
နေထွက်နဲ့ နေ၀င်လေးမှာတင်
တို့ကြမ္မာတို့ ဖန်တီးနိုင်ကြောင်း
နောက်မျိုးဆက်တွေ သိစေရမယ်လေ။

တို့ရွှေတွေ တကယ်ရွှေဖြစ်ဖို့
သမိုင်းသစ်တံခါးကို စုံကန်ဖွင့်ကြစို့။ ။


(၂၆-၉-၀၇)
ခေတ်ပြိုင်...မှ

Read More...

လွတ်မြောက်ရာ ဘဝ

(ငြိမ်းလူ)

ဒီညတော့
သူတို့ပုံရိပ်တွေပဲ
အထပ်ထပ်အခါခါ
ပြူးကြောင်ကြောင်မျက်လုံးတစုံက
အဖုံးမရှိတော့သလို…

သြဂတ်လမိုးစက်ထဲမှာ
ခန္ဓာကိုယ်ကရွှဲနစ်ပေါ့ …။

လူနှစ်ဆယ် ဖမ်းလိုက်တာနဲ့
နှစ်ထောင်လောက်ဖြစ်လာတဲ့
လမ်းမကို
အငမ်းမရနမ်းပစ်လိုက်တယ်။

သူတို့တွေသေမှ မသေသေးပဲနော်
ရဲဝံ့လိုက်ပုံများ
နှစ်ပေါင်း နှစ်ဆယ်နား… ကွာသွားတာတောင်
ချစ်သူတို့ရဲ့… ရဲဘော်တွေ
ကိုယ်ထင်ပြလိုက်ပုံများ
မောင်းပြန်ကို ဒေါင်းအလံနဲ့တိုက်မတဲ့။

ညမှ အပေါင်ဆိုင်ကပြန်ရွေးရတဲ့
စောင်ကလေးဘဝ
လွတ်မြောက်ရတော့မယ်ထင်ပါရဲ့…
ရောင်နီကလည်း သန်းလာလိုက်တာ
အိမ်ရှေ့လမ်းမှာ
မိုးစက်တွေကိုနမ်းလို့။ ။


(၁၈-၉-၀၇)
ခေတ်ပြိုင်...မှ

Read More...

အမှောင်လွှမ်းတဲ့ စက်တင်ဘာ

(စိုးနေလင်း)

တကယ်ဆို
စက်တင်ဘာကို ငါတကယ်မုန်းခဲ့တယ်။

တောင်စွယ်နေမကွယ်ခင်
ကြယ်စင်တွေ တဖြုတ်ဖြုတ်ကြွေလွင့်သွားရဲ့
အမျှဝေသံတွေတောင် အမှောင်ရိပ်ချ
မိစ္ဆာညက ဖုံးလွှမ်းသွားခဲ့ပြီ။

သဲ့သဲ့ပျပျမျှသာ
ပင်လယ်လှိုင်းပုတ်သံကို ငါရှုရှိုက်နိုင်ခဲ့
မြစ်ရဲ့ရေစီးမှာ ဗေဒါပင်တို့ပိတ်ဆီး
ခရီးမတွင်နိုင်သောကာလ
မြားကလည်း တောင်ပံကိုဖောက်စူးထားခဲ့ပြီ။

ခဏနေကြပါဦး
ကြယ်ရောင်မှ လုံးလုံးမပျောက်သေးဘဲ
(နည်းနည်းဖြစ်ဖြစ်)
လမ်းကိုဆက်လျှောက်ကြည့်ကြပါ
ခြေရာတွေကို မြင်နိုင်သေးသမျှ။

ဆူးကြမ်းကန္တာရ
အဝေးဆုံးခရီးဖြစ်ပစေ
နှလုံးသားခုန်လှုပ်နေသေးသမျှ။ ။

(စက်တင်ဘာ (၁၈) စစ်အာဏာရှင်တို့ ပြည်သူလူထုကို ကျွန်ပြုခဲ့ခြင်း အမှတ်တရ)


(၁၄-၉-၀၇)
ခေတ်ပြိုင်

Read More...

မြန်မာပြည်မှ သင့်ကိုအလိုရှိသည်

(အေကေ ၄၇)

လူတွေက ငါးတွေကိုဖမ်းတိုင်းသာ
ငါးတွေကုန်မယ်ဆိုရင် ပင်လယ်မှာ
ငါးမရှိနိုင်ဘူး။

တောမီးတွေ လောင်တိုင်းသာ
သစ်ပင်တွေ သေရမယ်ဆိုရင်
ဒီကမ္ဘာမှာ သစ်ပင်ဘယ်မှာရှိတော့မလဲ။


လေတိုက်တိုင်းသာ သစ်ရွက်တွေ ကြွေရမယ်ဆိုရင်
သစ်ပင်မှာသစ်ရွက်တွေ
ရှိပါ့တော့မလား။

ဆင်းရဲတာကို ကံကြမ္မာလို့ ရိုးမယ်ဖွဲ့ရင်
အဲဒီကံကြမ္မာဆိုတာကြီးကိုဖွဲ့ဖို့
စာရွက်တွေ မရှိတော့ဘူးထင်တယ်။

ဒီလိုပါပဲ
တော်လှန်ရေးဆိုတာ
စခန်းတခုကို ရန်သူကသိမ်းတိုင်း သိမ်းတိုင်း
ငါတို့လူတွေ စိတ်ဓာတ်ကျလို့ နိုင်ငံခြားသွား၊ ဘေးထွက်ထိုင်ရင်
ငါတို့နဲ့အတူ ဒီကမ္ဘာပေါ်ကလူတွေဟာ
မီးကိုမသုံးတတ်ဘူး
အ၀တ်မ၀တ်တတ်တော့ဘူး
နေစရာအိမ် လုပ်တတ်တော့မှာမဟုတ်ဘူး
နောက်ပြီး ကမ္ဘာမှာ
မြန်မာဆိုတာ ဂျိုနဲ့လားလို့မေးစရာဖြစ်လာမယ်။

အသစ်ကိုလိုချင်ရင်တော့
အဟောင်းကို စွန့်ပစ်ရဲတဲ့သတ္တိတော့ရှိရမယ်။ ။


(၇-၉-၀၇)
ခေတ်ပြိုင်...မှ

Read More...

ပြတ်လတ်နေတဲ့ ကုန်

(ငြိမ်းလူ)

သဘာဝက လူတွေကိုမလှည့်စားဘူး
လူတွေက သဘာဝနဲ့ လတ်တလောကြုံတွေ့နေတာတွေကို
ခုတုံးလုပ်ခဲ့ကြတာ

ရေကြီးတာလား
လေဆင်နှာမောင်းလား
ပရိုပိုဆယ်ကောင်းကောင်းပြင်ကြ။


ခေတ်ကြီးကိုက
စတော့ရှယ်ယာဆန်တယ်
ကုန်ဈေးနှုန်းက
ကျောမွဲတွေပုခုံးကို နာရီမပြတ်
နင်းဖြတ်နေတာပဲကြည့်ပေါ့။

ဘန်ကီမွန်းဆိုတာက တမျိုး
ဂန်ဘာရီပြောတာက တခြား
တို့အမျိုးကို လှည့်စားနေတာများ
အချင်းပွားနေလိုက်ပုံက
ညံ့လှတယ်။

အကျိုးစီးပွားက ဇာတ်ရှုတ်နေတာ
ရှင်းနေတဲ့ကိစ္စ
အာဏာရှင်ကိုတိုက်ဖို့
ပုတီးစိတ်ဖို့မလိုအပ်တော့တာအမှန်လို့
သိနေရက်သားနဲ့…။

လယ်ယာတွေ အသိမ်းခံရတာထက်
ဂန်ဘာရီတယောက်
မြန်ပြည်ကိုရောက်မယ့်ရက်
မျှော်သူကမျှော်

မဲပြာအိုးထဲ ကျသွားတဲ့
မြေခွေးဆိုးတွေက တမှောင့်
ရောက်လေရာအရပ်
ခြေရာချင်းထပ်လို့…။

ကန်ပြင်အဖြတ်မှာ
ရောင်ပြန်ဟပ်တာကိုပျော်လို့…။

လူတွေကိုက
ဂိုက်ကျ ဆိုက်ကျနဲ့ပါ…။
နှိုက်သမျှ ပါလာတဲ့အထဲ
နိုင်ငံရေးက မွဲတေပါ့…။

ဒီကြားထဲ
တရုတ်ပြည်ကို မဝေဖန်ရသလားလို့
ဒိုနာများက ဆူလိုဆူ….။
ဒါနဲ့ပဲ
လွတ်လပ်တဲ့ မီဒီယာအစွဲတဲ့…။

ဒီမိုကရေစီဆိုတာ
လူထုကိုပေးစရာမရှိတော့ဘဲ
သူ့တို့သုံးစွဲတာနဲ့
မွဲ………။
ပြတ်လတ်သွားတဲ့
ကုန်စည်ထဲမှာ…….။ ။


(၃-၉-၀၇)
ခေတ်ပြိုင်...မှ

Read More...

သိုက်စာ

(သစ်ကောင်းအိမ်)

ပြီးခဲ့တဲ့နှစ်ကလည်း
ပြီးခဲ့တဲ့အဖြစ်အပျက်ပဲ။

မြွေပွေးပဲ ခါးပိုက်ပိုက်မိသလို
မာဖီးယားဂိုဏ်းထဲ လိုက်မိသလို
အမိဝမ်းကျွတ်ခဲ့ကြပုံက …

သန်းခေါင်လွန်ခဲ့ပြီ
ကျီးပြိုညများ မဆုံးသေးပါ
ခွေးအူသံတွေ ထပ်ကြားနေပြန်ရ …

ကိုယ်တည်မိတဲ့ဘုရားပျက်အောက်
ဥစ္စာသိုက်၊
ကိုယ်ပြန်စောင့်နေရ
ငါကိုယ်တိုင်လည်း အစိမ်းသရဲတယောက်ပဲ။

အော်သံများ …
သွေးပျက်ဖွယ်
တမလွန်တွေခြားခဲ့
အော်သံများ …

အော်သံများ …
ရတနာမြေပုံအညွှန်းက
ပင်လယ်ဓားပြသင်္ဘောနဲ့
အော်သံများ …

အော်သံများ …
ရင်ခေါင်းနက်နက်ထဲ
ငရဲအဆက်ဆက်
အော်သံများ …

အရက်ပုလင်းခွံလွတ်တလုံးနဲ့
ထည့်၊…
ဒီရာစုထဲမျောခဲ့။ ။


(၃၀-၈-၀၇)
ခေတ်ပြိုင်...မှ

Read More...

မှတ်ကျောက်ရာသီ

(ကမာပုလဲ)

ဘ၀မှာ
ပွဲကြည့်သူမရှိ။
(ဂျူးလိယက်ဖူးချစ်)

ကိုယ်ပိုင်နှင်းတွေ အကြောင်းကို
တူတူတန်တန် ပြောချင်လွန်းလို့
ဥရောပသွား တောလားကို
ဧည့်သွားဧည့်လာ
သူစိမ်းဝတ်စုံ ငှားပြီးရေးတယ်
ခေါင်းထဲမှာ
ဂျပန်ချယ်ရီတွေနဲ့ ရှုပ်ကုန်ပါရော။

တရွေ့ရွေ့ ပဲ့ပဲ့ကျနေတဲ့ ကမ်းပေါ်မှာ
အဓမ္မနဲ့ အပေးအယူ ဧကစာကျင့်
ဘ၀ကို မရိုးသားမှုနဲ့ ရွက်လွှင့်ရင်း
တိုက်ပွဲဝင် စီးဆင်းနေတဲ့မြစ်ကို
ဝန်တိုပျက်ရယ်ပြုလို့။

ရာဇ၀င်သမိုင်းရဲ့
အနာဂတ်ဆီသွား
သမိုင်းခေတ် ရထားကို
ဘယ်အရာကမှ တားလို့မရဘူး
မလိုက်ရဲ မလိုက်ချင်လို့
ချန်ရစ်တဲ့ ခရီးသည်တွေဆိုတာ
စောင့်ကြည့်ဘူတာရုံ အတွက်တော့
အမှိုက်ပဲ။

နည်းနည်းလေးမှ
တိမ်းလို့ယိမ်းလို့ မရတဲ့အဖြစ်
ဆိုကရေးတီးရဲ့ သစ္စာလမ်းဟာ
တွေဝေအညံ့ခံချင်သူတွေအတွက်တော့
ကျယ်နေလျက်နဲ့ကျဉ်းသွားတယ့့် ။ ။


(၂၄-၈-၀၇)
ခေတ်ပြိုင်...မှ

Read More...

အစိမ်းသေည… အမှတ်တရ

(ချိုစိမ့်)

စိမ်းမြ…သစ်ရွက်တို့
ကြွေနေဆဲ…
ဝုန်းကနဲ… ဒီ ဂီတလှိုင်းအကြွ
ခုန်နှုန်း တလိမ့်လိမ့် ထ
ဟောဒီ နှလုံးအိမ်တွေ ပွက်ထခဲ့ကြပေါ့…..။

မဟူရာ မြွေတကောင်ပေါ်က
လက်သီးဆုပ်များ…
ရိုးမ မိုးမခ မိုး နွေ ဆောင်း အချစ်သည်းခဲ့မှုများ…
တောင်ယာစိမ်းလေးနံဘေး
ငါတို့ ပေးခဲ့ကြတယ်
ကျော ရင် ၀မ်း ခန္ဓာ
အဲဒီ အရင်းတွေဟာ
သေချာတယ်
တောင်ကုန်း ကမ်းပါးနဲ့ မြေပြန့်တွေမှာ
ရိက္ခာ ရှာမယ်
တော်လှန် ကဗျာ တပုဒ်အတွက်
အမိုးရေ
ရေ တခွက်အတွက်
ငါ့မှာ
သွေးတစက် ရှိတယ် တဲ့…..။

ဟောဒီ့
ရဲဘော်တွေ ဆီမှာ
ရေ မပါခဲ့ ရှာကြဘူး
အမိုးရေ
သူတို့ လက်ထဲမှာ
ပြာ ၈၈ ပြာ
အရိုးပြာ
သူတို့ ရင်ထဲမှာ
အပြာ
ရေ တခွက်လောက် ပေးပါ အမိုးရာ…..။ ။


(၇-၈-၀၇)
ခေတ်ပြိုင်...မှ

Read More...

၅၀ သံခိပ်

(ခင်လွန်း)

နောက်ခံကာလ
ရောင်စုံမီးတောက်မီးလျှံများ
ငြိမ်းချမ်းရေတေးသံများ

ဇာတိ
လူသိနည်း ရေတို့ခဲတတ်ရာ
အရှေ့မြောက် တောင်တန်းတနေရာ

ဆယ်စုနှစ်များ
၁၀ နှစ်သား
မျက်လုံးပေမှေး
ဖဝေးကောင်လေးတယောက်
မြို့တော်၏ ဆန်းကျယ်စွာကြိတ်ဝါးစိန်ခေါ်သံများ
ရထားဈေးသည်

၂၀ …
ရုပ်ဝါဒဖတ်စာ
ဥပစ္ဆေဒက ချစ်သူဈာပန
ငယ်သူ့အလွမ်း
အမေ့ဆိပ်ကမ်းမှ ပထမဆုံးရွက်လွှင့်
ဂျုံခင်းထဲမှာ လိုက်ဖမ်းသူ
(Catcher in the Rye)
ဟိုလ်ဒင်ကော့ပါးဖီးရဲ့လိပ်ပြာ
ရသစာပေတပ်မက်မှု

၃၀ လူထုဆင်ဖိုနီ
နွေဦးကြိုဂီတ ဟိန်းထခေါ်သံ
တောများ တောင်များ
(ဆရာကြည်အောင်ပြောတဲ့)
ကျားဆိုးပေါရာ
မျှစ်ချိုးထွက်ခဲ့သူ

၄၀
အချို့သော တောင်တန်းတောင်ထွဋ်များသည်
ပင်လယ်သမုဒ္ဒရာတို့အောက်
ငုပ်လျှိုးပုန်းအောင်းနေခဲ့ကြရာ၏

၅၀
ကိုယ်ရေးကိုယ်တာ ၀ါကျတကြောင်း
စာလုံးပေါင်းသင် သဒ္ဒါသင်ဆဲ စာပြင်ဆဲ။ ။


(၃၀-၇-၀၇)
ခေတ်ပြိုင်...မှ

Read More...

ပန်းကြွေနဲ့မြေပြင်

(စိုးနေလင်း)

(ဖြောင့်မတ်သူ၏ အလင်းသည် ရွှင်လန်း၏။
မတရားသောသူ၏ မီးခွက်မူကား သေရလိမ့်မည်။
သုတ္တံကျမ်း- ၁၃း၉)

အလှပဆုံးပွင့်လွ
မွှေးမြတော့မယ့် ပန်းခင်းကိုမှ
ခြွေချနင်းခြေပစ်ရက်ပလေ။
ဘယ်သူဖြေဆည်နိုင်မှာလဲ
ကျားကုတ်ကျားခဲ ဇွဲမာန်မြဲခဲ့သူတို့ရင်ဘတ်ထဲ
ကျည်စကြဲပစ်
မြစ်ရေကြည်မြကို နှောက်ပစ်ခဲ့ကြပြီ။

နေခြည်ဖြာလည်းမနွေး
တစစ အေးခဲကျုံလှီလာခဲ့ကြ
အမှောင်ညပြီး… အမှောင်ည… အမှောင်ည
ညဥ့်ကနက်ဆဲ မိုးမလင်းနိုင်
(စကတည်းက)
မခိုင်ခဲ့တဲ့ ပေါင်းကူးတံတားနဲ့နဲ့ပေါ်မှာ
အနာဂတ်တို့ မှုံဝါးဆဲ
သဲထဲရေသွန်ဖြစ်ခဲ့ရပြီ။

ပျံသန်းရင်း မြားစူးလွင့်ကြွေ
မြေခသူရဲကောင်းတို့ သင်္ချိုင်းရာကိုတောင်မှ
လွတ်လွတ်လပ်လပ် ဦးညွှတ်ခွင့်မရ
အဲသည်အမိုက်မည်းဆုံးညကို
လင်းအရုဏ်ဦး ဆွတ်ခူးမပေးနိုင်ခင်
မြေပြင်ပေါ်မှာ ရှင်သန်နေချင်သေးတယ်။ ။

(ဤကဗျာဖြင့် ၁၉-၇-၁၉၄၇ နေ့က ကျဆုံးသွားခဲ့ကြသော
အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွတ်ဂုဏ်ပြုပါသည်)


(၁၈-၇-၀၇)
ခေတ်ပြိုင်...မှ

Read More...

လိပ်တကောင်ရဲ့ အိပ်ရာထအတွေး

(မောင်ကြီးပြည်စိုး)

ထုံးစံအတိုင်းမနက်လို
ယောင်ချာချာ
တကယ်လုပ်ရမှာကအများကြီး
ချိန်းထားတဲ့လူတွေရှိ
စကားတခွန်းပြောရမယ်
မေးခွန်းတခုမေးရမယ်
ဟင့်အင်း သို့မဟုတ်
အင်း လုပ်ရလိမ့်မယ်
မသိသလိုနေလိုက်ရမယ့်
နည်းဗျူဟာဖြစ်ဖြစ်သုံးရမယ်
ကိုယ့်စိတ်ကို မမြင်စေရဘူး။


လူဟာ
ကိုယ့်အတွက်ကိုယ်စဉ်းစားကာ နိုးလာတာဖြစ်တယ်
မဟုတ်မှလွဲရော
ဒါ ငါမှမဟုတ်ပါဘူးလို့
တန်းညှိမိသေး
နောက်တကြိမ်လူဖြစ်ဖို့ဆိုတာက
ပိုပြီး ဒုလ္လဘဆန်သွားတယ်လို့တွေး။

ကိုယ့်ဖို့ချန်ထားပြီးမှဝေပါ
ကိုယ့်ဖို့ပါ ထည့်ဝေပါ
အညီအမျှလို့ထင်စားခံလိုက်ရချိန်မှာ ဣနြေ္ဒမပျက်နေပါ
လူဟာအထင်တလုံးနဲ့နေရဖို့ထက်
အထင်ကြီးခံလိုက်ရတာ ပိုကောင်းတယ်
မျက်နှာမသစ်ခင်အထိ။

ပုထုဇနော ဥမ္မတကောတဲ့
လိပ်တကောင်က
ဘယ်တော့မှ မျက်နှာမသစ်ဘူးလေ။ ။


(၁၃-၇-၀၇)
ခေတ်ပြိုင်...မှ

Read More...

ခွပ်ဒေါင်းသွေးနှင့် လင်းပွင့်ကောင်းကင်

(စိုးနေလင်း)

ဖက်ဆစ် စစ်အာဏာရှင်က
လက်ညှိုးတကွေး လက်အားတဖိနဲ့
ခွပ်ဒေါင်းတို့သွေး နီစွေးပွက်ပွက်
အဓိပတိလမ်းနဲ့ မြက်ခင်းစွန်းကွက်
အမျိုးသားကျက်သရေဆောင်သမဂ္ဂကြီးပြိုပျက်
ရက်စက်ရိုင်းမိုက်လိုက်ပလေ…။


ကမ္ဘာကျေလည်း ဥဒါန်းမကျေ
မျိုးဆက်သစ် ခွပ်ဒေါင်းတို့
ကောင်းကင်သစ်ကို ချစ်မက်
ဖက်ဆစ်သံခွာအောက်က ရုန်းထွက်
သွေးတစက်တည်းကျန်လည်း အလံစွဲဖက်
ဆက်လက်တိုက်ပွဲဝင်မည်လေ…။ ။

(ဤကဗျာဖြင့် (၇၊ ၇၊ ၆၂) နေ့မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲအဆက်ဆက် အသက်၊ ဘ၀၊ သွေးချွေး ပေးဆပ်ခဲ့သော ကျောင်းသားသူရဲကောင်းအပေါင်းတို့အား ဦးညွတ်ဂုဏ်ပြုပါသည်။)


(၆-၇-၀၇)
ခေတ်ပြိုင်...မှ

Read More...

သားချော့တေး

(သစ်ကောင်းအိမ်)

ကိုယ့်ကလောင်ကို
ချိုးဖြူငှက်အတောင်လုပ်လို့
ပျံသန်းလိုက်စမ်းပါ ငါ့သား…

မင်းသင်ရတဲ့ ပထ၀ီဝင်ထဲ
တို့နိုင်ငံရဲ့
မြေပုံချပ်ကိုဖြန့်ခင်း
နှစ်ခြောက်ဆယ်စစ်တလင်းကိုတွေ့လိမ့်မယ်


ကိုယ့်ကလောင်ကို
ချိုးဖြူငှက်အတောင်လုပ်လို့
ပျံသန်းလိုက်စမ်းပါ ငါ့သား…

မင်းသင်ရတဲ့သမိုင်းကတော့
ကမ္ဗည်းမတင်ရသေးတဲ့
သူရဲကောင်းတွေရဲ့သွေးသမိုင်းနဲ့
ရိုင်းစိုင်းနေလိမ့်မယ်

ကိုယ့်ကလောင်ကို
ချိုးဖြူငှက်အတောင်လုပ်လို့
ပျံသန်းလိုက်စမ်းပါ ငါ့သား…

မင်းသင်ရမယ့်ကမ္ဘာ့မြေပုံမှာ
သံလွင်ခက်ပေါ်ဓားစိုက်
ကမ္ဘာကျော်လူမိုက်တို့
မိုက်ကြေးခွဲကြ
ကမ္ဘာ့တိုက်ကြီး (၇) တိုက်ဟာ (ကမ္ဘာ့တိုက်ကြီး (၇) တိုက်ဟာ)
မှောင်မိုက်နေလိမ့်မယ်

ပျံသန်းလိုက်စမ်းပါ ငါ့သား…။ ။


(၃-၇-၀၇)
ခေတ်ပြိုင်

Read More...

တောနက်တဲ့မြို့

(ကိုလတ်)

တနင်္ဂနွေဆို
မျက်ကွင်းညိုညို ပိုးဟပ်ဖြူများ
ဈေးထဲမှာ တိုးကြိတ်ရွေ့လျား။

“တမျိုး ငါးဘတ်
ငါးမျိုး နှစ်ဆယ်
ရွေးမယ် ၀ယ်မယ်
ချက်မယ် ပြုတ်မယ်
ချွေတာစားရင်
တပတ်စာတော့ ဖူလုံတယ်” တဲ့။


အဖေအမေအတွက် ဆေးဖိုးဝါးခ
မောင်ညီမလေးတွေအတွက် ကျောင်းလခ
အကိုအမတွေအတွက် ၀တ်ကောင်းစားလှ
ဘတ်နဲ့ကျပ်တွေ လဲလှယ်ကြ။

ရေကြည်ရာလား
မြက်နုရာလား မစဉ်းစားအား
လက်မှတ်ပါလား
ရွှေခေါင်းတွေ ပတ်နေလား
ဒါကိုပဲ သူတို့စဉ်းစား
သိမ်ငယ်ညှိုးချုံး မျက်နှာများ
ကျီးလန့်စာစား အကြည့်များ။

အခြေအနေပေးရင်
ဘန်ကောက်အထိ လျှောက်သူလျှောက်
ကံမကောင်းရင်
နှစ်ထပ်အချုပ် ရောက်သူရောက်
မိုးမှောင်ကျပြီဆိုရင်တော့
အရှက်နဲ့သိက္ခာ မှောက်သူမှောက်
အသက်နဲ့လိပ်ပြာ ပျောက်သူပျောက်။

“ကျနော့် မိန်းမ
ဟိုတည အလုပ်ကအပြန်
လမ်းမှာ ရုတ်တရက် ဆုံးပါးသွားလို့
ရက်လည် ဆွမ်းသွတ်
လာဖြစ်အောင်လာခဲ့ပေးပါ”
အကျိုးအကြောင်း မမေးသာ
မျက်ရည်မဲ့မဲ့ ဖိတ်ကြားစာ။

တယောက်ကို တယောက်
(တကယ့်ကို)
မရှုနိုင် မကယ်နိုင်
ပုရွက်ဆိတ်တွေလို
လက်တဖျစ်စာ ဘ၀တွေ။ ။


(၂၆-၆-၀၇)
ခေတ်ပြိုင်...မှ

Read More...

မှိုကျင်းလမ်း

ခင်လွန်း


ဒီအသိုက်နဲ့
သူ့တောင်ပံတွေ မဆန့်တော့ဘူး

အချက်ပြမီးအရ
ဘီးချလိုက်ရမှာလည်း
ပြေးလမ်းက တိုတောင်းလွန်းနေ…


ခြေမန်းကွင်းကို ထိုးဖြုတ်
လောကထဲခုန်ချလိုက်ဖို့ဆိုတော့လည်း
ခမျာ့မှာ
ပျံသန်းခြင်းအတတ်တောင်မေ့လို့။

လေဥ ဥထားတဲ့နေ့တွေကို
ကိုယ်ငွေ့လေး ပေးနေရသူမှာ
သူ့အတိတ်သူ တသသ
စားမြုံ့ပြန်ကြည့်ရတာနဲ့
လေချဉ်တက်ကြည့်ရတာနဲ့
တနေ့တနေ့
ပြန်ပြန်ပွတ်သပ်နေခဲ့ရ။

မနက်ဖြန် ဘာဖြစ်လာမှာလဲ
မနက်ဖြန် ဘာဖြစ်လာမှာလဲ
မနက်ဖြန် ……..

သူကတော့
မနေ့ကတွေ့တဲ့မှိုကျင်းရှိရာ
ကောက်ကောက်ပါအောင် ထွက်ခဲ့ပြီ။ ။


(၁၉-၆-၀၇)
ခေတ်ပြိုင်...မှ

Read More...

NI – 063328/C

(ပုရစ်)

ဒုက္ခရွာထဲ
ဆူးတွေက ဖူးလိုဖူး
ဖရုံပင် ပဲပင်
အညွန့်ဖြတ်ကြ
ဘူးသီးနုနု
အမွှေးသတ်ခံရ
ညနေအေးတချို့ 
အကြွေးမှတ်ပြန်ရ
သြော်…
ဘာသာစကားတချို့တောင်
အတော်တတ်လာရ။

ဒုက္ခရွာထဲ
အယ်လ်ဇိုင်းမားကို
ခုတုံးလုပ်ကြ
မီးညောင့်ရိုးငုတ်တိုကို
ဖုထုံး ထုံးကြ
သိက္ခာအတွက်
ရိက္ခာနဲ့
ကုထုံးလုပ်ရ။

ဒုက္ခရွာထဲ
ဒုက္ခသည်ကို
ဒုက္ခညစ်ကြ
ဒီလိုနဲ့
အလုပ်ဖြစ်ကြ
ဘုရားစာအုပ်
ခေါင်းအုံးလုပ်ကြ
တချို့ကြတော့
ပေါင်မုန့်မရှိလို့တဲ့
ကိတ်မုန့်စားရ။

ဒုက္ခရွာထဲ
ဗေါ်လံတီယာတချို့ရဲ့ 
အိတ်ကပ်ထဲက ကွန်းပတ်စ်
ပရိုပိုဇယ်က မြောက်အရပ်တဲ့
တခါတခါ
ငါ- UN နံပါတ်နောက်မှာ
မျဉ်းစောင်းစီသာ
ကပ်လိုက်ချင်တော့တယ်။ ။

မျဉ်းစောင်းစီ - /C= ထောင်နံပါတ်နောက်ဆက်တွဲထောင်ကျသင်္ကေတ


(၁၃-၆-၀၇)
ခေတ်ပြိုင်...မှ

Read More...

မီးခြစ်တဆံ

မောင်သော်က

အနှစ် ၂၀ ဆိုပါလားဟေ့…။
အမြင်ကပ်လောက်အောင်
ကိုယ့်ကိုယ်ကို တပ်မက်စိတ်ရှိသူများက
ကြောင်သူတော် သောကနဲ့လေ…။

အနှစ် ၂၀ ဆိုပါလားဟေ့…။
ကောက်ကျစ်သော
အမြင်တိုသော
ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့
လူလားမြောက်လာတဲ့
အာဏာပါးကွက်သားတို့က
ကိုယ့်ကိုယ်ကို လေးစားခြင်းငှာ
မတတ်စွမ်းနိုင်တဲ့
ကောက်ရိုးမျှင် ဥပဒေနဲ့လေ…။

အနှစ် ၂၀ ဆိုပါလားဟေ့…။
အကောင်းအဆိုးအပေါ်မှာ
ရှက်ဖွယ်လိလိ ဥပက္ခာပြုနိုင်သူများက
ယုတ်ညံ့သိမ်ဖျင်းမှုနဲ့
မသန့်စင်သောအရာ မှန်သမျှရဲ့
မုသားပုဒ်မနဲ့လေ…။

အနှစ် ၂၀ ဆိုပါလားဟေ့…။
ရုပ်မှာအာဏာနဲ့ ကျည်ဆန်
နာမ်မှာဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့
ခုံရုံးအမိန့်နဲ့လေ…။

မီးပွားကလေးက နေပြီး
မီးတောက်ကြီး ဖြစ်လာတဲ့အခါမှာ
ကမ္ဘာမြေပေါ်မှာရှိတဲ့
အညစ်အကြေးဟူသမျှနဲ့
လူလေလူလွင့် ဂျပိုးတေလေတွေကို
လောင်စားသွားလိမ့်မယ်(ဂေါ်ကီ)
မောင်သော်ကရဲ့ မီးခြစ်တဆံဟာ
နောင်…အနှစ် ၂၀ ကြာသောအခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင်ဖြစ်လာလိမ့်မယ်။ ။

(အင်းစိန်အကျဉ်းထောင်တွင်းတွင် ရေးစပ်သည်)

Read More...

နေညိုချိန် ညနေခင်းများအကြောင်း

နန္ဒအိမ်

အလွမ်းကိုသီကုံးမယ်
လွမ်းတယ်…
တမ်းတမ်းတတ လွမ်းတယ်။

ဒါမှမဟုတ်
ထောင်စုနှစ်အကူးမှာ
နျူးကလီးယားထိပ်ဖူးနဲ့
ဟိုနိုင်ငံ ဒီကူး
ဒီနိုင်ငံ ဟိုကူး
နိုင်ငံရေးစိတ်ကူးများနဲ့
ငါတို့အားလုံး
နေညိုချိန်ညနေခင်းမှာ
တော်လ်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေးလို
ဘာကြောင့်တေးသီနေမှာလဲ။


ဒါမှမဟုတ်
အတွေးအခေါ်အရ အငြင်းပွားကြ
မူဝါဒအရ တိုက်ခိုက်ကြ
လူထုကို သူနိုင်ကိုယ်နိုင်ဦးဆောင်ကြ
အပြောင်းအလဲများကြ
ငါတို့အားလုံး
နေညိုချိန်ညနေခင်းမှာ
အာသာငမ်းငမ်း ဘုန်းတန်ခိုးတော်ဝတ္ထုများလို
ဘာကြောင့် အတ္တတကြီးရေးဖွဲ့နေရမှာလဲ။

ဒါမှမဟုတ်
ရာသီစာ ဦးနှောက်များနဲ့
အချိန်အခါအလိုက်ဟစ်ကြွေး
သူ့အရေးလည်း ကိုယ့်အရေး
ကိုယ့်အရေးလည်း သူ့အရေး
ခပ်ရေးရေးအတွေးများနဲ့
ငါတို့အားလုံး
နေညိုချိန်ညနေခင်းမှာ
ရှောင်တခင်သီအိုရီလို
ဗီဒိုအာဏာကို
ဘာကြောင့်အခါခါ သုံးနေရမှာလဲ။

ဒါမှမဟုတ်
အရေးတကြီးဘ၀အတွက်
ဆရာကတပည့်မွေး
တပည့်ကဆရာမွေး
ကိုယ်လိုရာဆွဲတွေးကြတဲ့
ဗျူရိုကရက်လက်သစ်ထဲ
အကြမ်းထည် ပဋိပက္ခများနဲ့
ငါတို့အားလုံး
နေညိုချိန်ညနေခင်းမှာ
အရေးပေါ်ကာလရဲ့တင်ကြိုဇာတ်ညွှန်းလို
ဘာကြောင့် ပြသခွင့်ပေးနေရမှာလဲ။

ဒါမှမဟုတ်
ဟိုအကြောင်း ဒီပြော
ဒီအကြောင်း ဟိုပြော
ဟိုဒီဟိုပြော
အမနာပပြောလုံးများနဲ့
ငါတို့အားလုံး
နေညိုချိန် ညနေခင်းမှာ
မြသန်းတင့်ရဲ့မာယာဘုံလို
ဘာကြောင့် နောက်ကျောဓါးထိုးနေရမှာလဲ။

ဒါမှမဟုတ်
ပစ္စက္ခပျက်လုံးများနဲ့
ငါတို့အားလုံး
နေညိုချိန်ညနေခင်းမှာ
မင်းလူရဲ့ ယမကာလုလင်လို
ဘာကြောင့်စားသုံးနေရမှာလဲ။

ဒါမှမဟုတ်
….. ….. ။
ဒါမှမဟုတ်
…..။

အလွမ်းကိုသီကုံးမယ်
လွမ်းတယ်…
အဖိနှိပ်ခံ လူထုကြီးကိုလွမ်းတယ်
အမေအိုကို လွမ်းတယ်
ညီမလေးကို လွမ်းတယ်
ချစ်သူကို လွမ်းတယ်
သူငယ်ချင်းကို လွမ်းတယ်
ငါတို့အားလုံး
နေညိုချိန်ညနေခင်းမှာ
ရင်ထဲက အနာတွေကိုထုဆစ်ပြီး
တမ်းတမ်းတတကို လွမ်းတယ်။

(အမှတ်မထင်တွေ့ဆုံခဲ့ရသော
ညနေခင်းများအား ပုံဖော်ရေးဖွဲ့သည်။)


(၇-၆-၀၇)
ခေတ်ပြိုင်...မှ

Read More...

၁ / ၂၇ / ၃၀ .. မေလ

ကမာပုလဲ

ခုနှစ်စင်အလွမ်းတွေလည်း
စခန်းသိမ်းခွင့် မကြုံသေးဘူး။

ချစ်သူစစ်စစ်တွေနဲ့
မှတ်မထင် ဆုံကြတဲ့အခါ
သူစိမ်းဆံဆံ နေကြရ
ဒါလည်း
ဒို့ခေတ်ရဲ့ပြဋ္ဌာန်းချက်ပဲလေ။


ဘ၀ကို တန်ဖိုးရှိစွာဖွဲ့နွဲ့ဖို့
ယုံကြည်ခံယူချက်တွေသာ
ငါတို့ရဲ့ တဘ၀စာ အိပ်မက်
ချစ်လျက်နဲ့ ဆွံ့အသင့်သော အမူအရာများ
ဒါအရေးကြီးတဲ့ ဘာသာစကားပဲ။

ပါရီကျဆုံးခန်းမှာ
ဂျူးလိယက်ဖူးချစ်ရဲ့ အမေ
ဘယ်တော့မှ မသေ။ ။


(၂၅-၅-၀၇)
ခေတ်ပြိုင်...မှ

Read More...

`လာလိုက် သွားလိုက်´

ပုရစ်

အသက်တွေက
ငယ်ငယ်လာလိုက်
ကြီးကြီးသွားလိုက်
ဆံပင်တွေက
တိုတိုသွားလိုက်
ရှည်ရှည်လာလိုက်
ဖြူဖြူလာလိုက်
မည်းမည်းသွားလိုက်။


မြက်ခင်းတွေက
စိမ်းစိမ်းလာလိုက်
ရော်ရော်သွားလိုက်
တောင်တွေက
ပေါ်ပေါ်လာလိုက်
ပျောက်ပျောက်သွားလိုက်။

ဘာထူးလဲ
မြို့တော်ကြီးလည်း
ဒီလိုပါပဲ
ပုလင်းခွံတွေ ပုံပုံလာတယ်
အချိုရည်တွေသာ
ကုန်ကုန်သွားတယ်။ ။


(၁၅-၅-၀၇)
ခေတ်ပြိုင်...မှ

Read More...

လူဘွန်ဆိုင်း

တင်မိုးမြိုင်

ဘွန်ဆိုင်းဥယျာဉ်ထဲ
ငါရောက်သွားခဲ့။

အသက် ၄၀၊ ၅၀
အရွယ်မျိုးစုံ၊ အပင်မျိုးစုံ
ဘွန်ဆိုင်းပင်များ

သက်ကြီးပင်ပု
ဘွန်ဆိုင်းပင်များကိုကြည့်ရင်း
ငါကိုယ်တိုင်ဘွန်ဆိုင်းပင်ဖြစ်သွား။

ဘွန်ဆိုင်းဆိုတာ
အခက်အလက်မကြီးထွားရေး
ကိုင်းကိုဖြတ်တောက်
ကြီးထွားမှုကို ကြိုးသိုင်း
အသက်ရှင်ရုံလေး
ရေကိုအကန့်အသတ်နဲ့ပေး။

ငါတို့ဘ၀တွေ
အသက်မသေရုံ
ကြုံလှီကြီးရင့်
ဘွန်ဆိုင်းပင်တွေပဲမဟုတ်လား။ ။

ဘွန်ဆိုင်း (Bonsai)- အိုးငယ်နှင့်(အလှ)စိုက်သည့်သက်ကြီးပင်ပု။


(၁၁-၅-၀၇)
ခောတ်ပြိုင်...မှ

Read More...

တစ္ဆေခေါ်သံ

နှင်းခါးမိုး

၁။
ရဲရဲတောက်ကြတုန်းကတော့
တခြိမ်းခြိမ်းနဲ့၊
ဂျုံးဂျုံးကျတော့လည်း
ကြူကြူကိုပါလို့။

တော်ပါတော့
နိဗာနတေးတွေ
သံဝေဂလင်္ကာတွေ
တကိုယ်တော်ထွက်ပြေးရေးကဗျာတွေ
ထွက်ပေါက်မဲ့အဘိဓမ္မာတွေ။

၂။
လမ်းဆုံးပြီထင်ရင်လည်း
တိုက်ပေါ်ကခုန်ချလိုက်ကြ
ရေထဲဆင်းသေကြ၊
စိတ်ကျရောဂါကိုတော့
နောက်ဆုံးပေါ်ဖက်ရှင်လိုလို
ပွဲနေပွဲထိုင်မလုပ်ကြနဲ့။

၃။
လူသာလဲတယ်
လက်ကအလံကမလဲဘူး၊
အထကကျောင်းသူလေး
ညညတံခါးလာလာခေါက်တယ်။ ။



(၈-၅-၀၇)
ခေတ်ပြိုင်...မှ

Read More...

အိပ်ပျက်ညများ

စိုးနေလင်း


အားလုံးနေမကောင်းကြဘူး
ဆူးဘယ်လောက် နက်နက်စူးခဲ့ကြပြီလဲ
ကြေကွဲပြီးရင်းကြေကွဲ
လဲနေသူ ထူမပေးနိုင်ကြတော့။

အပျော့ညံ့ဆုံး လှိုင်းလုံးတလုံးအတွက်တောင်
ဖောင်ကိုမဖျက်ရဲခဲ့ကြ
နေ့ရောညပါ ကျဆုံးသွားခဲ့ရပြီ။

ဒါကို … ဒဏ္ဍာရီတပုဒ်အဖြစ်
နှစ်မြှုပ်ပစ်လိုက်ကြတော့မှာလား
ပစ်လွှတ်ခဲ့တဲ့ မြားအစင်းပေါင်းများစွာမှာ
ဘ၀ကို လောင်စာထိုးပစ်ခဲ့ကြရ။

တကယ်တော့
ပါးနပ်လိမ္မာတယ်ဆိုပြီး
စည်းရိုးပေါ်လဲလျောင်း
ရာသီကောင်းကိုစောင့်စား
နဖားကြိုးမှာ မာနတက်နေသူတွေကြောင့်သာ။

ဒါနဲ့ပဲ
အိပ်မရခဲ့တာ
အနှစ်လေးဆယ်ကျော်ကြာခဲ့ပေါ့။ ။


(၁-၅-၀၇)
ခေတ်ပြိုင်...မှ

Read More...

အချဉ်ဖောက်ထားတဲ့ကဗျာ

ရဲဝင့်သူ

“ဒါတကယ့် ပြဿနာ”
ငါမမွေးတဲ့ ငါ့ကိုယ်ငါ
ဘယ်မှာထားရမှန်းမသိ
ငါမပိုင်တဲ့ မနက်ဖြန်ကို
ဘယ်လိုကြိုရမှန်းမသိ
ငါထိန်းမရတဲ့ နှလုံးသားကို
ဘာကြွေးရမှန်းမသိ
ငါမမြင်ရတဲ့ လမ်းမပေါ်
ဘယ်ခြေလှမ်းရမှန်းမသိ
မသိ … လုံးဝမသိ
ဘယ်သူမှကို မသိ။


Black & White လောကထဲ
သူ့ကာလာငါရှာ၊ ငါ့ကာလာသူရှာ
ကာလာအကြောင်းငြင်းကြရင်း
Global Warming ကိစ္စကို
မီနီစကတ်တွေနဲ့ပဲ
လတ်တလောဖြေရှင်းလိုက်ရပြီ။

“မီးလောင်နေပြီ”
မီးတွေလောင်နေပြီ …
ရင်ဘတ်တွေထဲမှာ မျက်လုံးတွေထဲမှာ
ဟော့ဒီ ကမ္ဘာမြေကြီးထဲမှာ၊ ထမင်းပန်းကန်တွေထဲမှာ
နေရာတကာမှာ …
သမိုင်းအဆက်ဆက်ရှာနေကြတဲ့ကာလာတွေ
အဲ့ဒီမီးတွေထဲမှာ ….
ဘယ်တော့မှ မငြိမ်းတော့တဲ့ မီးတွေထဲမှာ
ကာလာစစ်စစ်တွေလေ။ ။


(၂၇-၄-၀၇)
ခေတ်ပြိုင်...မှ

Read More...

တော်လှန်ရေးနေ့ တို့မမေ့

တင်မိုး


ပြည်သူတွေ အပေါင်း
လှည်းနေ လှေအောင်း
မြင်းဇောင်း မကျန်
ဖက်ဆစ်ရန် ဖက်ဆစ်အန္တရာယ်ကို
ဘယ်နည်းနဲ့ပဲ တော်လှန်ရ တော်လှန်ရ
ကျရာတာဝန် ညွှန်ရာအရပ်မှာ
စိတ်ဓာတ်ညီညီ လူညီညီနဲ့
ကြယ်နီရောင် အရုဏ်တက်မှာ
တခဲနက်တော်လှန်ခဲ့ကြတယ်။
တော်လှန်ရေးနေ့ကို
သွေးနဲ့မော်ကွန်းထိုးခဲ့ကြတယ်။


တော်လှန်ရေးနေ့ရဲ့
လေးနက်တဲ့ အဓိပ္ပာယ်ကို
ပျက်ပြယ်ရအောင်
ကြံဆောင် သရုပ်ဖော်ပြီး
ဖက်ဆစ်သံ စစ်မာန်ပေါက်အောင်
ကောက်ကျစ်ယုတ်မာစွာ လွှဲပြောင်း
သူရဲကောင်းစစ်ဝါဒကို
လက်နက်ပြ ရိုက်သွင်း
စစ်မင်းနဲ့ စစ်မြင်းတွေကို ဇာတ်လိုက်လုပ်
ပွဲထုတ် သရုပ်ဖျက်ခဲ့တယ်။

တော်လှန်ရေးနေ့ တို့မမေ့နိုင်
တပ်မတော်နေ့ ပြောင်းရွှေ့မခံနိုင်။

သမိုင်းမှာ နေရာလု
ပြည်သူ့အခန်းကို ပယ်ဖျောက်ဖို့
စစ်ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အကြံဆိုးကို
ရိုက်ချိုးပစ်ရမယ်။

တပ်မတော်နေ့
တို့မေ့ … တို့မေ့ …။

တော်လှန်ရေးနေ့
တို့နေ့ … တို့နေ့…။ ။
(ကဗျာဆရာကြီးတင်မိုး၏ကဗျာကို “တော်လှန်ရေးနေ့” အမှတ်တရအဖြစ် ပြန်လည်ဖော်ပြပါသည်။)


(၂၇-၃-၀၇)
ခေတ်ပြိုင်

Read More...

ကြိုးစားခြင်း

ငြိမ်းလူ


ခါးဆစ်ရိုးဖောင်းပွပွနဲ့
ကလေးတသိုက် …
ငိုက်မြည်းနေချိန်မတော့
သူတို့က မြို့ပြကို
တခုပ်တရ
ရှူကြ ရှိုက်ကြ

ဘလက်ကာယပြုခံရတဲ့
အလုပ်သမတဦးရဲ့
ဈာပနက
ကျေးကျွန်ပြုသူတွေရဲ့
အာဟာရဖြစ်လေတော့

အရည်ပျော်စ
တိမ်တိုက်တွေက
နွေအကူးမှာ
ပုရစ်ဖူးတွေကို
ချွေချခဲ့တယ်။

သဘောတူညီချက်
စာချုပ်တွေရဲ့မျက်နှာဟာ
ဈေးပေါင်ကျ ငါးသည်နဲ့တူတယ်

ပုဇွန်ကိုငါးစားတော့
ပုဇွန်ငါးဖြစ်တယ်
အဲ့ဒီငါး လူစားတော့
လူပုဇွန်ငါးတဲ့။

သင်္ချာတွေလွယ်သလိုပဲ
နိုင်ငံရေးလည်းလွယ်လာတယ်
မြက်စားနေတဲ့နွားချိုဖျားမှာ
နားနေတဲ့ယင်ကောင်က
မြက်ပင်စိမ်းတွေကို
တိမ်းမူးအောင်ပြောတယ်
သူနားတာနဲ့ပဲ

ချိုသွေးထားတဲ့နွား
ဦးညွတ်သွားတယ်တဲ့

ဒါနဲ့ပဲ သနားပြီးပြန်အထမှာ
ညွှတ်သွားတဲ့ ခေါင်းဟာပြန်ကြွ။

ခပ်စုတ်စုတ်ပါမုန့်တချပ်နဲ့
ထမင်းကြမ်းခဲဟာ
လမ်းသရဲလို့အမည်တပ်တဲ့
ငယ်ငယ်က ကျော်ဟိန်းနဲ့တူလာတယ်။

မြက်စားတဲ့နွားတကောင်က
တွန်တဲ့အခါ
မင်းနားတာလည်းငါမသိ
ပြန်သွားတာလည်းငါမသိ
မင်းနဲ့တူတာရှိတယ်တဲ့

စီးပွားရေးပိတ်ဆို့မှုမှာ
သဘောတူ၏ မတူ၏တဲ့။ ။


(၂၇-၃-၀၇)
ခေတ်ပြိုင်...မှ

Read More...

ကြားလူ

ငြိမ်းလူ

အပြာရောင်သံတံခါးတွေရဲ့
ဟိုဘက်မှာ
မီးခိုးမထွက်တဲ့
အပ်ချုပ်စက်တွေတန်းစီထားတယ်

ခြေလှုပ်လက်လှုပ်
ထမင်းတလုပ်ဟာ
စပ်ကြောင်းနှစ်ခုကြားက အပ်သွားလိုပဲ မြန်တယ်

တရားရုံးတက်တဲ့
လျော်ကြေးငွေရရေးမှာ
တချို့အသက်တွေပေးရ

ကွေးတရို့ရောင်းတဲ့လူလည်း
သူဌေးခေါ်ရ
မနက်ခင်းပင်လယ်ပြင်အလှကို
အမှောင်တွေပဲကြီးစိုးစေတယ်။

ဒါနဲ့များ
အိုင်အယ်အိုရုံးတံခါးကို
စစ်သုံးဓားတွေနဲ့ထုဆစ်ခဲ့တာ
ကျုပ်ဖြင့်ဗျာ
တရားတွေအပ်နှံဖို့
ပုတ်သင်ညိုလောက်ရှိတဲ့
ကမ္ဘာ့မြေပုံထဲကမြို့မှာ
ကိုးရိုးကားရားနိုင်လှတဲ့
ကဗျာတပုဒ်ကို
လက်ဝါးအုပ်ရွတ်ဆိုခဲ့တာများလား။

ကုလားနဲ့တရုတ်ကြားက
စစ်အုပ်စုတန်းလျားမှာ
အာရေဗျပုံပြင်ထဲက
ကုလားအုပ် ခေါင်းလျှိုနေတာလား။

ဟိုမှာလည်း
သူကယ်နိုးနိုးနဲ့
ရယ်ပွဲတွေဆင်ခဲ့ကြ
ရာစုထက်ဝက်မကပါ

လှိုင်းကမောင်
သောင်ကကျမနဲ့
ကျန်နေခဲ့
ခရုတွေကိုပဲ
အဆင်တန်ဆာအဖြစ်
လည်မှာဆွဲကြပေလိမ့်မယ်။ ။

ကွေးတရို့ - ထိုင်းရိုးရာအစားအစာ
အိုင်အယ်အို (ILO) - အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချူပ်


(၁၃-၃-၀၇)
ခေတ်ပြိုင်...မှ

Read More...

ဆိုခဲသောစကားတို့ဖြင့် သီဖွဲ့မြဲစေအပ်သော …..

ကမာပုလဲ

အလွဲမယူပါနဲ့
ဒါ …
အရွယ်နဲ့မမျှအောင် မျိုသိပ်ထိန်းချုပ်ထားတဲ့
လှလှပပ နေရာဒေသဖြစ်တယ်။

စမ်းချောင်းကလေးတွေကို ချစ်တယ်
ပန်းကလေးတွေကို အလေ့ကျ မွေးဖွားတယ်
သစ်ရွက်သေတွေကို တယုတယမြှုပ်နှံတယ်
သူတို့လက်ကြမ်းကြီးတွေနဲ့ ထက်မြ၀င်းပဓားတွေက
သူတို့အမျိုးရဲ့
ဇာတိ၊ ဓလေ့နဲ့ အစဉ်အလာကိုထိန်းသိမ်းတယ်
အသားမာတက်ခြေဖ၀ါးတွေက
သူတို့အမိမြေပေါ်မှာ နုရွကြွကြွ
သူတို့မရောက်တဲ့နေရာ မရှိသမျှပါဘဲ
ရေရှာပေးတဲ့ငါးကလေးတွေကို မစားဘူး
ရန်သူလာ အသံပေးတတ်တဲ့ ငှက်ကလေးတွေအတွက်လုံခြုံရာ
ဘ၀ကို အိပ်မက်နဲ့လက်ထပ်ထားတဲ့
ရိုးမြေကျ ချစ်သူ့နယ်မြေလည်းဖြစ်တယ် …။

အကြိမ်ကြိမ်အခါခါ ငိုကြွေးနေရပေမယ့်
လူရှေ့ သူရှေ့မှာ မျက်ရည်ကျမပြတတ်ဘူး
အခါခါဖန်တရာ မျက်ရည်ကျရပေမယ့်
အသနားခံမျက်နှာမျိုး မဖော်ပြတတ်ဘူး
ထိုအရပ်၌ မာရ်နတ်သည်
အပြစ်မဲ့သူတို့ နှလုံးသွေးနဲ့
ခြေဆေးပျော်ပါးနေသော်ငြား
ကျမ်းစာလာ ထာဝရဘုရားသခင်ရဲ့မေတ္တာတော်မျိုးဟာ
(ဘုရားသခင်ဆိုတာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ
ဒါမှမဟုတ်
ကိုယ်တော်ကိုယ်တိုင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ)
သူတို့နှလုံးသားထဲမှာ ထာဝရကိန်းဝပ်နေတယ် …။

ချစ်သူတွေအကျိုးအတွက်
မိမိအသက်ကိုစွန့်သော မေတ္တာတရားထက်
သာ၍မြတ်သော မေတ္တာတရားသည်မရှိ … တဲ့
ရှင်ယောဟန် ခရစ်ဝင်ကျမ်းရဲ့အဆို
သူတို့ဆီမှာ မျက်မြင်ဒိဋ္ဌတွေ့လိုက်ရတဲ့အခါ
သည့်ထက်လှတဲ့အလှ
ဘ၀မှာ ရှာမတွေ့နိုင်ခဲ့ဘူး
ဒီလိုနဲ့
ကျွန်းတွေအခါခါပွင့်ခဲ့
မြစ်ချောင်းကလေးရဲ့ မိုးမခပင်တွေကတောင်
မတွေ့ရမမြင်နိုင်အောင်ဖြစ်ရတဲ့အဖြစ်
…………. ချစ်တယ်။

နှစ်နှစ်ကာကာချစ်ရခြင်းတွေနဲ့
တောင်ပေါ်မိုးစက်ပွင့်ကလေးတွေက
သူတို့ဘ၀ကို တခန်းရပ်သွားရတဲ့အခါ
ယဉ်ယဉ်ကျေးကျေးလှပလာတဲ့ မြစ်ချောင်းကလေးတွေက
ခရုကလေးတွေကို လက်ဆောင်အဖြစ်ပေးတယ်
မျှစ်ပြန်ကလေးတွေကို အမောတကောချိုးပြီး
တောင်ယာဆန် တာလပေါဟင်းနဲ့
ငါးပိစိမ်းစားထောင်းကို လွေးလိုက်ရတဲ့အခါ
ဇာတိမြေနဲ့ အမေ့ကိုသတိရ
နှစ်တွေ ကမ္ဘာချီအမှတ်ရနေတော့မှာပဲ …။

ဖီးနစ်လို့ခေါ်တဲ့
ပြာကျပြီးမှရှင်ရတဲ့ ဒဏ္ဍာရီငှက်တွေလို
ဟောဒီတောင်တန်းကြီးတွေရဲ့အသက်ဟာ
နွေရာသီတောမီးတွေရဲ့ ၀ါးမျိုမှုအောက်
မျိုးစေ့ကလေးတွေ အညှောင့်ပေါက်လာတယ်
ပြီးတော့
ပုတတ်စာတွေပွင့်ပြတယ်
ရွက်နုကလေးတွေဆို စိမ်းလို့မြလို့
သူတို့ရင်မှာ နားခိုရင်း
သူတို့ကို စိမ်းကားဥပေက္ခာပြုသွားတဲ့
မမြဲခြင်းတိမ်တိုက်တွေကို ခွင့်လွှတ်ပြနိုင်ခဲ့တယ် …။

သူတို့ဟာ
ကျေးဇူးတရားကို
(ဖြစ်နိုင်ရင်)
အချိန်နဲ့အမျှပွားများတယ်
ဟန်ဆောင်ပန်ဆောင် နှုတ်ခမ်းကလေးတွေလှုပ်ပြနေတာမဟုတ်
ရင်ထဲအသည်းထဲကဆိုတာ
လက်ကလေးတွေက ဖော်ပြတယ်
ခြေလှမ်းတိုင်းမှာ မြင်နိုင်တယ်
မျက်ဝန်းမှာ မှတ်ကျောက်တင်ထားတယ်
တကယ်လို့
ရိုးသားမှုဟာ စစ်မှန်ခဲ့ရင်
ဧည့်သည်တယောက်ရဲ့မျက်လုံးအမှိတ်မှာ
နှစ်နှစ်ခြိုက်ခြိုက် သူအိပ်နိုင်တယ်
နံနက်ခင်းဟာ
သူတို့စေတနာ၊ သူတို့တာဝန်သိမှုတွေနဲ့
နိုးထရှင်သန်နေကြမြဲ …။

အစော်ကားခံရသော လူသားတို့၏အောင်ပွဲကို
လူ့သမိုင်းက စိတ်ရှည်စွာစောင့်ဆိုင်းနေရ၏။
(ရာဘင်ဒြာနတ်တဂိုး၏ ငှက်တေလေ)
မိခင်က ရင်သွေးကို
မပီကလာ ပီကလာအရွယ်မှစလို့
ဈာပနသီချင်းကိုဆိုပြ
လရောင်အောက်က အပျို၊ လူပျို ခေါင်ရည်ချိုမြ၀ိုင်းတွေမှာ
တောင်ယာကောက်သစ်စားပွဲမှာ
နွေနေအောက်မှာ ကျွန်းခွေတဲ့အခါ
စပါးမျိုးစေ့ကို စုပေါင်းဆူးထိုး စိုက်ပျိုးချိန်မှာ
နေ့နေ့ညည ဂစ်တာတီးဝိုင်းကလေးတွေမှာ
အဲဒီသီချင်းဟာ ထာဝရဖြစ်လာတယ်
မြင်ယောင်တယ်
သေခြင်းတရားခမျာ
သူတို့တေးသွားတွေရဲ့ ရှင်သန်နေမှုအောက်
ချောက်ချောက်ချားချား ကျဆုံးနေပုံကို …။

ရင့်ရော်ပြောင်းလဲနေတဲ့ရာသီတွေနဲ့
မလွဲမသွေရင်ဆိုင်လာရတဲ့ ဆုံစည်းမှုသင်္ခါရတရားအတိုင်း
ချစ်သူတွေနဲ့ ကွေကွင်းသွားရတဲ့အခါ ခံစားရတဲ့ဒုက္ခ
သူတို့လည်းထပ်တူကြေကွဲနေကြမှာပါ …
တစိတ်တပိုင်းကနေ ဆုတ်ခွာလာရတိုင်း
တစုံလုံးအပေါ်မှာ ကျေးဇူးမမဲ့သင့်ဘူး
သခင်ယေရှုအတွက်တောင် ယုဒရှိခဲ့ရင်
သူတို့မှာလည်း သစ္စာဖောက်ဆိုတာရှိမှာပဲ
သေချာတာက
မနက်ဖြန်ဆိုတာ သစ္စာမဲ့သူတွေရဲ့ခေတ် မဟုတ်ဘူး …။

မင်းသားကြီး ကိုမြတ်လေးရဲ့
ပန်းတိုင်းပွင့်ပါစေ သီချင်းထဲကလို
မညီညာမပြေပြစ်တဲ့ဘ၀တွေ
တနေ့မှာတသားတည်း ဖြစ်လာမယ်
စက်ရုံတွေထဲကလက်နဲ့ စိုက်ခင်းပျိုးခင်းတွေထဲကလက်
ပေါင်းယှက်သွေးစည်းညီညွတ်သွားကြတဲ့အခါ
အရာရာဟာ
ဆရာဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးရုပ်ပုံလွှာကို
မွေးဖွားသန့်စင်လာလိမ့်မယ်
ခုတော့ … တောင်တန်းဒေသရဲ့
မောင့်ဂန္ထ၀င်နှင်းဆီမရေ
ဦးမညွှတ်သော တိုက်ပွဲတွေနဲ့အတူ …. လွမ်းရစ်နေဦးတော့။ ။


(၂-၃-၀၇)
ခေတ်ပြိုင်...မှ

Read More...

လူမဟုတ်တဲ့ လူ

ဒီလက်မျိုး

တခါတခါ
ကောင်းကင်ကိုမော့ကြည့်မိတော့
အလွမ်းချည်းပဲ ရွာချတယ်။
လူဖြစ်ခဲ့ရတဲ့ ၃၄ နှစ်မှာ
ဘ၀ကကြမ်းတယ်။
လက်ဖက်ရည်တခွက်ထက် မချိုမြိန်သောလွတ်လပ်ခြင်းမှာ
သေခြင်းတရားကို ခေါင်းအုံးအိပ်တယ်။
မာရာဒိုနာကန်တဲ့
ဘောလုံးကန်ဖိနပ်တစုံကို
ဒေါ်လာသန်း (၅၀) လောက်တန်နေချိန်မှာ
မြန်မာပြည်မှာ
လူပေါင်းသန်း (၅၀) ငတ်နေခဲ့တယ်။
ကလေးတွေလည်း မပျော်ရွှင်ဘူး
လူကြီးတွေလည်း မချမ်းမြေ့ဘူး
သံဃာတွေလည်း သီလမမြဲဘူး။
တကယ်တမ်းပြန်တွေးကြည့်တော့
ဒီလိုခေတ်မှာ
လူလာဖြစ်ရတာလည်း
လူမဟုတ်တော့ဘူး။ ။


(၂၇-၂-၀၇)
ခေတ်ပြိုင်

Read More...

ဝတ်ဖြည့်ကဗျာ

ခွန်ဆိုင်း

ရင်ကွဲနာဆိုတာ ဆေးပညာမပေါ်ခင်ကတည်းက
ရှိနှင့်ခဲ့တဲ့ကိစ္စပဲ
ဆရာဝန်ဆိုတာက ရင်ဘတ်အောင့်ရင်
စိုးရိမ်မယ်၊ အမည်တပ်ဖို့ကြိုးစားမယ်
ကဗျာဆရာကျတော့ ရင်ဘတ်အောင့်ရင်
ကဗျာပင်တွေကိုစိုက်တယ်
ပွင့်လာတဲ့ပန်းကလေးတွေကို ကြဲဖြန့်တယ်လေ။

ဒီလိုနဲ့ ဒီလမ်းကြောင်းပေါ်မှာ
နှလုံးသားတွေချခင်း
နှလုံးသားဒဏ်ရာတွေ အကြိမ်ကြိမ်ရကြရင်းက
ရင်တွေလည်း အခါခါကွဲ လဲကျလဲကျသွားခဲ့ကြရတာ
အဘသော်၊ အဘတော်
ဗိုလ်စက်ရောင်၊ အောင်မေသုမှသည်
ကဗျာဆရာကြည်တင်ဦး
အေဘီတပ်ဦးက ကဗျာဓားတလက် ကိုထက်မိုး
သမဂ္ဂကြယ်စင်တစင်း ကိုသက်ဝင်းအောင်
နောင်တော်တွေ နောင်တော်တွေ
ညီတော်တွေ ညီတော်တွေများစွာ
ရင်နာနာနဲ့ အလေးပြုခဲ့ကြရ
ဒီတခါတော့
ဆရာပေါ့နော်။

ကျနော်သိပါတယ်ဆရာ
ထီးကလေးနဲ့မနီ
ဖန်မီးအိမ်အောက်က ကလေးတွေကိုမှ
အချစ်ပိုတတ်တဲ့ဆရာဟာ
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အမွေကိုမှ
ရိုသေမြတ်နိုး တန်ဖိုးထားချစ်တတ်တဲ့ဆရာဟာ
ထာဝရရိုးရှင်း
ပုန်းရည်ဟင်းနဲ့ပဲနှပ်
အညာဓာတ် အညာဓလေ့ အညာငွေ့တွေကိုမှ
အောက်မေ့တမ်းတတတ်တဲ့ဆရာဟာ
သူများမြေမှာ ဘယ်လာခေါင်းချချင်ပါ့မလဲ။

ရင်ထဲကလာတဲ့အတိုင်း ကဗျာတွေကိုရေး
ရန်သူကပေးတဲ့ပြစ်ဒဏ်ခံရဲခဲ့တာ
လေးစားရမှာပါဆရာ
ဦးညွှတ်လိုက်ပါတယ်ဆရာ
စေတနာဟာ ကံပဲ
ဆရာလည်း ဗုဒ္ဓဘာသာ၊ ကျနော်တို့လည်း ဗုဒ္ဓဘာသာ
ကောင်းမှုကံတွေရဲ့ ကတိက မြဲပြီးသားဆိုတာ
ကံမြဲရွာသား ဆရာတယောက်သိခဲ့ပြီးသားပါ။

ဟောဒီရွာ ဟောဒီအညာ ဟောဒီကမ္ဘာမှာ
ဆရာချခဲ့တဲ့မျိုးစေ့တွေက ကွင်းလုံးပြည့်လို့
ရောင်စုံပန်းတွေက ရနံ့စုံထုံသင်းလို့
ဝင်းလို့ လင်းလို့ ၀င့်လို့ တင့်လို့ နေတော့မှာ
ဒီကဗျာနဲ့ ၀တ်ဖြည့်လိုက်ပါတယ်ဆရာ။ ။


(၂၃-၂-၀၇)
ခေတ်ပြိုင်...မှ

Read More...

ဆယ်စုလွန်စစ်တမ်း

YMO

ငါတို့တတွေ လေထဲမှာ
အိမ်ဆောက်မိခဲ့ပြီလား

ပုံပြင်ထဲက တရုတ်လက်သမားလို
တံတွေးဆွတ်မှတ်ခဲ့မိလို့
ဆယ်စုလွန်အိပ်မက်ထဲမှာ
ဆားမပါတဲ့ ဟင်းချိုသောက်တာ
များလွန်းခဲ့ပြီ

နွေဦးလေအဝှေ့မှာ
နှင်းဆီကြွေတချို့လည်း
ကြွေမွလွင့်စင်

တချို့ပစ္စုပ္ပန်တွေပျောက်
တချို့သံတိုင်အုတ်တံတိုင်းတွေနောက်မှာ
အနာဂတ်တွေ တောင်ရောက်မြောက်ရောက်

တချို့အတ္တတွေပွေ့ဖက်ရင်း
တတိယနိုင်ငံအိပ်မက်မက်ကြ

တချို့အကြောက်တရားတွေပွေ့ဖက်ရင်း
လှောင်အိမ်ထဲက မိခင်ကို
ဧရာဝတီလိုစီးဆင်းစေချင်ကြတယ်။

နယူတန်ရဲ့ နိယာမကို
သတိတရရှိနေမယ်ဆိုရင်
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်သတဲ့
အဲ့ဒီလိုပဲ
ဘ၀ဆိုတာကိုပေးမှ
ဘ၀ဆိုတာရမယ်။ ။


(၂၀-၂-၀၇)
ခေတ်ပြိုင်...မှ

Read More...

ရိုးပြတ်မွေးနေ့

AMT

ခြုံစောင်ပါးပါး
ဆောင်းညထူထူ
ကမ္ဘာကြီး ပူနွေးလာတယ်ဆိုတာ
ရေဒီယိုလေးက ယုံတယ်
ဒုက္ခသည်စခန်းက မယုံဘူး
ညားခါစ ငါ့သူငယ်ချင်းစုံတွဲက ပိုမယုံဘူး ….

“သောမတ်စ် ဖရိုက်မင်း” ရဲ့အပြောအရ
ကမ္ဘာပြားပြီတဲ့
မြန်မာ့အရေးမှာ
ကမ္ဘာကြီးမကျော်နိုင်ခဲ့တဲ့တောင်တွေက
အမျိုးသားအကျိုးစီးပွားကိုပြောကြရဲ့ ….

ပြောကြသလို
ကမ္ဘာကြီးက ရွာကြီးတရွာလား
ဒါဆို ….
ဒုက္ခသည်စခန်းဆုံးရင် ရွာတွေ့မယ်ထင်ပ …..

အားနာနေတယ် ကမ္ဘာလောက
ဂိုးပေါက်ကသိပ်ကျယ်နေတော့
လောကဓံရဲ့ သွင်းဂိုးတိုင်း မလှမပ ….

နွေသုံးဆယ်
မိုးသုံးဆယ်
စိုက်ထူလိုသမျှကပဲ
တွင်းဝင်မဖြောင့်ခဲ့သလား
ဆောင်းညမွန်းတည့်ကြီးကပဲ
စောင်းရွဲ့နေရော့သလား
အနှစ် (၃၀) ပြည့်မြစ်ကျဉ်းတနေရာမှာ
ငါ့အရိုးအိုး မျောလို့နေရဲ့……..။


(၁၆-၂-၀၇)
ခောတ်ပြိုင်

Read More...

သက်ပြင်းချပြီးရေးတဲ့ကဗျာ

ရဲဝင့်သူ

ဒီအစိမ်းပုပ်ရောင် မြစ်သေထဲ
အနက်ရောင် အတ္တဆီချေးတွေ
ဟန်ပါပါပေါလောပေါ်နေရဲ့
ကယ်သူမဲ့လက်တွေ မြုပ်လိုက်ပေါ်လိုက်
ကြောက်ရွံ့အော်သံတွေသက်သက်နဲ့
ခပ်ညံ့ညံ့ယိမ်းကနေသလို
ခေါင်းငုံ့လက်အုပ်မိုးပြီး
မြက်တဆုပ်ကိုင်ရရေး

ဟုတ်ကဲ့ … မင်္ဂလာပါ…

ရွှေကြယ်ပွင့်ပိုင်ရှင်အတ္တပေါများ
နှလုံးသားတွေပေါ် ပြောင်လက်ရှူးဖိနပ်နဲ့
ကုလားထိုင်များဆီ နင်းလျှောက်သွားနေကြ
Coke သောက် ဟမ်ဘာဂါစားသူနေသူများ
Hiphop သီချင်းနဲ့ လီဘာပုတ်ပြီး
“အားလုံးကောင်းပါတယ်”

ကြယ်မမြင်လမ်းမကြီးထက်
မီးကြီးထိုးသူထိုး မီးသေးထိုးသူထိုး
ကိုယ့်မီးနဲ့ကိုယ် …
မီးအိမ်သာရှိသူအများ
အမှောင် တောင်မှန်းမြောက်မှန်းမသိ
တလမ်း သွားလမ်းမကြီးထက်
တောနိယမနဲ့ ခရီးဆက်
အမည်းတွေဖြူ အဖြူတွေမည်း
ဒီခေတ်ကြီးထဲ ငါတခုပဲတောင့်တ
အနားသတ်မရှိတဲ့ခြေလှမ်းတွေ …။ ။


(၆-၂-၀၇)
ခေတ်ပြိုင်...မှ

Read More...

အဇ္ဈတ္တအစီရင်ခံစာ

လူမွှေး

အလွမ်းတွေပေါင်းထူလွန်းတဲ့ ယာခင်းပါကွဲ့။
အမုန်းတွေ ဒဏ်ရာတွေကိုသာ
တသက်တာ စားသုံးခဲ့ရသူဖြစ်လို့မို့
ကိုယ့်ဝတ်စုံဟာ အနီရောင်ဖြစ်ခဲ့တယ်။
(ဒါပေမယ့် အနီရောင်ဟာ
ကိုယ့်ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့ သွေးတွေပါကွယ်။)
အချစ်ရယ် …
တကယ့် တကယ် ကိုယ်ချစ်တာက … အပြာ။
အရှေ့အလယ်ပိုင်းက သေနတ်သံတွေကြားယောင်
ကိုယ့်နိုင်ငံ တောင်ယာထဲက သွေးတွေကိုမြင်ယောင်
ကိုယ့်ရင်ထဲက အမှန်တကယ်အတ္တတွေကို
ယောင်လို့တောင် ဖော်ပြခွင့်မရခဲ့။
နေစကြ၀ဠာအဖွဲ့အစည်းထဲက
သက်ရှိတွေနေတဲ့ ကမ္ဘာဂြိုဟ်တဲ့လား
မီးခိုးမဆုံး၊ မိုးမဆုံး၊ ယမ်းငွေ့တွေဖုံးလွှမ်း
စိတ်ငြိမ်းချမ်းရာ ငတ်မွတ်ခေါင်းပါးရပ်ဝန်း။
တိရစ္ဆာန်က တိရစ္ဆာန်ကိုသတ်
တိရစ္ဆာန်က လူကိုသတ်
လူက တိရစ္ဆာန်ကိုသတ်
လူက လူကိုသတ်
ကမ္ဘာကြီးလုံးတယ်ဆိုတာ
ဒါကိုများ ပြောတာလား။
လတ္တီတွဒ်၊ လောင်ဂျီတွဒ်တွေနဲ့
ထိန်းခတ်ခံထားရတဲ့ အကျဉ်းသားတွေပါကွယ်။
ကိုယ်တိုင်မှာကလည်း
အနေမှန် အရေပြားတွေအောက်က
ဧကန်တရားတွေ ထူးခတ်ခံထားရတဲ့ အကျဉ်းသား
အခိုးအငွေ့တွေ များလွန်းလို့ထင်ရဲ့
အိုဇုံးလွှာ ပေါက်ပြဲသွားရတယ်တဲ့
ကူးစက်ရောဂါတွေ ထင်တာထက်များပြားနေတယ်။
နှစ်ဆယ့်တစ်ရာစုမှာ
ရေရှားပါးမှုအန္တရာယ်ရှိသတဲ့
ရင်တွေပူလိုက်တာ။
အလွမ်းတွေပေါင်းထူလွန်းတဲ့ယာခင်းပါ
ဗုံးပေါက်ကွဲသံတွေနဲ့ ခြားနားစွာ
ချစ်ရသူတွေရဲ့ ရင်ခုန်သံကို ကြားနာချင်တယ်။
အချစ်ရယ် …
တကယ့် တကယ် ကိုယ်ချစ်တာက … အပြာ။ ။


(၂-၂-၀၇)
ခေတ်ပြိုင်...မှ

Read More...

Sunday 5 July 2009

တင်မိုးအမှတ်တရ

ကမာပုလဲ (ကျောင်းသားတပ်မတော်)

ကိုဘဂျမ်းသေတယ်
(သူမပျော်တဲ့ အမေရိကားမှာ)
ခေတ်ကိုက မကောင်းတာပါ
အိုကြီးအိုမနဲ့ လူထုဒေါ်အမာကလွမ်းတယ်
သူ့ကို ပို့ချင်၊ မြင်ချင်၊ သဂြုင်္ိဟ်ချင်လို့
သူချစ်တဲ့ဇာတိမြေမှာပဲ သေစေချင်သတဲ့
ဖိုးသံကလည်း သူရှစ်တန်းကျောင်းသားဘဝ
ကိုတင်မိုးနဲ့ကြုံတွေ့ရပုံကိုလွမ်းတယ်။
ဖိုးသံရဲ့ Auto (အမှတ်တရ) စာအုပ်ထဲမှာ
သူ (ဦးဘဂျမ်း) က ဒီလိုရေးခဲ့တယ်
“ရိုးသားမှုသာ ချစ်စရာ” တဲ့
တိုက်ဆိုင်တာလား ဘာလားတော့မသိဘူး
သူ့သူငယ်ချင်း မောင်စွမ်းရည်ရဲ့ “ဘာလဲဟဲ့” စာအုပ်ထွက်တယ်
အဲဒီညက ဆောင်းတွင်း၊ ဇန်န၀ါရီလ မိုးအကြီးအကျယ်ရွာတယ်
အိပ်မက်တွေမကောင်းဘူး
နိမိတ်တွေလည်း မလှဘူး
ထင်တယ်
အင်းစိန်ရဲ့မင်းကြီးလမ်းဟာ အသေအချာကြေကွဲနေမှာပဲ
အညာကျေးလက် ကန်မြဲဒေသမှာ
ထီးကလေးနဲ့ မနီကျောင်းတက်နိုင်ပါ့မလား
သူ (ကိုဘဂျမ်း) ရော
နှင်းဆီနီနီပွင့်ပေါ်
စိတ်ချလက်ချ အိပ်ပျော်နိုင်ပါ့လား။ ။


(၃၀-၁-၀၇)
ခေတ်ပြိုင်...မှ

Read More...

မော်ကွန်းများ

ညိုထက် (လမ်းသစ်ဦး)

စနေရဲ့ကျောကုန်းမှာ ပစ်တင်ထားတဲ့ ကဗျာကိုပဲ
လွမ်းနေမိတော့တယ်။

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်တောင်
ဒီတိုင်းပြည်က ဘ၀တွေရဲ့တိုက်ပွဲဟာ
တိုက်ပွဲပူ။


ဂုဏ်ယူစရာချည်းပဲ။

ပြောရဦးမယ်
ရှင်ကြီးဂေါတမလည်း ဖြစ်ဖို့အတွက် ဖြတ်ခဲ့ရတာပဲ။

အရှိအတိုင်းပါပဲ
ဖြတ်သူတွေရှိမယ်
ရပ်သူတွေရှိမယ်။

ဘ၀တခုလုံးအတွက်
ဂုဏ်သိက္ခာသရဖူ ပြန်တိုက်ယူရမယ့်ကိစ္စမှာ
စဉ်းစားကြည့်စမ်းပါ
ဘယ်ဟာတွေကို အလကားရဖူးသလဲ။

သင်္ခါရဓမ္မကို သိတယ်
ရှင်ကြီးဂေါတမသာ
ဒုက္ခစရိယာကျင့်တုန်း
ငါအရေးနိမ့်ပြီလို့ တွေးခဲ့မိရင် …။

တံခါးကို ခေါက်လော့ ပွင့်လိမ့်မယ်
သမ္မာကျမ်းစာကဆိုတယ်။
*ဂျေးဇက်ဟာ
တဦးချင်းသေပေမယ့်
တပွဲလုံးနိုင်ခဲ့တယ်။

တကယ့်အဖြစ်အပျက်ပါပဲ
လမ်းမလျှောက်သူ ဘယ်ကိုမှမရောက်ဘူး။ ။
* Jesus Christ
(၂၆-၁-၀၇)
ခေတ်ပြိုင်..မှ

Read More...

သိက္ခာ

ငြိမ်းလူ


ဆယ်စုနှစ်က
နှစ်ခါတူးဆွ
အမှန်တရားဆိုတာ
ဘ၀ထဲမှာ
လက်ကျန်မရှိသလောက်ဘဲ ...

မနက်ဖြန်ကို
မှားဖို့ထပ်ကြိုးစားတော့
ကိုးကားဖို့စာအုပ်က
မေ့ကျန်ခဲ့
ချစ်သူတွေအတွက်ပါ …

ရရာလက်နက်ဆွဲပြီး
ခရီးပြင်းချီတက်ကြည့်တော့မှ
အတွေးအခေါ်နဲ့ လက်တွေ့ကို
ယမ်းမစပ်ဖြစ်ခဲ့ဘူး …

ဒီလိုနဲ့ပဲ
နှစ်သစ်ကိုကူးခတ်ခါစ
ကျကျနနစီစဉ်ထားတဲ့
ဝိုင်ပုလင်းထဲကိုမှ
ယင်ကောင်တအုပ်ခုန်ချလိုက်တာ
မျှော်လင့်ချက်ကိုက
ဗလာ …

အရေခွံခွာလဲဖို့
မြွေတကောင်မဟုတ်လေတော့
ရုပ်ကိုက ဘုရားပေးခဲ့တဲ့အတိုင်းပါပဲ …

ဒါပေမယ့်
တချို့လည်း
ရာသီစာစားသုံး
ကြီးထွားနှုန်းမြင့်မားကြဦးမှာလား …

အမှန်တရားကိုက
အနှံ့အပြားမှာ
လက်ကျန်မရှိတော့တာဖြစ်မယ်။ ။
(၂၃-၁-၀၇)
ခေတ်ပြိုင် မှ

Read More...

လေးနဲ့မြားနဲ့မီးအိမ်ရှင်


စိုးနေလင်း

ဆရာဟာ …
မြန်မာပြည်အမှောင်တွင်းနက်ရဲ့
မနက်ဖြန်အတွက်
ဖန်မီးအိမ်ကို လင်းလက်စေခဲ့။

ပြည်သူတွေချစ်မက်တဲ့
တရားမျှတမှု လူ့အခွင့်အရေး
ဒီမိုကရေစီရေး ငြိမ်းချမ်းရေးအတွက်
ရင်နဲ့ကဗျာရေးဖွဲ့
ထက်မြက်တဲ့ကလောင်သွား
မြားအစင်းစင်းရဲ့ပိုင်ရှင်
ပြည်သူတွေရင်ထဲရဲမြ
ထာဝရရှင်သန်နေပေလိမ့်မယ်။ ။
(ဤကဗျာဖြင့် ၂၂-၁-၂၀၀၇ နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ကွယ်လွန်သွားခဲ့သော
ဒီမိုကရေစီတိုက်ပွဲဝင် ကဗျာဆရာကြီးတင်မိုးအား ဦးညွှတ်ဂုဏ်ပြုပါသည်။)
ခေတ်ပြိုင်မှ
(၂၃-၁-၀၇)

Read More...

ကောင်းကင်တော်သို့ ရှိုက်သံများ

ချိုစိမ့်
(၁၂-၁-၀၇)

choseint
ဖယောင်းတိုင်တွေ
ကိုယ်စီကိုင်လို့
အမှောင်တ၀က် ကိုယ်စီလင်းလက်ကြ …

ဟော …
ခန်းမ ၀ရံတာမှာ
သူထွက်လာနေပြီ
သူလက်ယမ်းနှုတ်ဆက်
Fredpris* ဆိုတာ
သူနဲ့ သူ့ပြည်သူရင်ဗဟိုမှာ ရောက်ခဲ့ပေါ့
ကမ္ဘာ့ရင်ဗဟိုမှာ ရောက်ခဲ့ပေါ့
ငတို့ရင်ဗဟိုမှာ ရောက်ခဲ့ပေါ့ …

အလင်းတိုင်တွေ မြှောက်ချီကြ
သူ့နာမကို ရွတ်ဆို ဟစ်ကြွေးကြ
“ယူနွတ်စ် ယူနွတ်စ်”
သူ့နှလုံးသားကို ကောင်းချီးပေးကြ
ဒီည
နှင်းမကျနိုင်တော့
ကောင်းကင်ဘုံက နှင်းကိုတားပြီ
“အပြစ်ကင်းသူတွေ
အချစ်ကြီးသူတွေ
နှင်းမခစေနဲ့
နွေးထွေးစေလော့” …။

ဒီမှာ
ရှိုက်သံ
ငါကြားရတယ် ရှိုက်သံ
ဒီညမှာကြားရတယ်
ရှိုက်သံ
ဟုတ်ပ
ရှိုက်သံ
ပြီးတော့
အမေး
ဟုတ်တယ် မေးခွန်း
နှစ်မျိုး နှစ်မျိုး
ရှိုက်သံတခုက
ရက်ရောသူ စွန့်သူ
ဘင်္ဂလားဒေ့ရှ် ပြည်သူတွေရဲ့ ချစ်သူအတွက်
ချမ်းမြေ့စရာ
ပန်းအစုံညွတ်ကျ
ကြည်နူးလွန်းလို့ ဆွတ်ပျံ့ရှိုက်သံ
ဆာရီဝတ်ရုံအောက်က တိုးထွက်လာခဲ့တာ …

နောက် …
ရှိုက်သံ
မှောင်ညို့အခန်းကျဉ်းထဲကသူတွေနဲ့
အိမ်အိုတွင်းက သူမ
အခုလို ခန်းမ၀ရံတာက သူ့ချစ်သူတွေကို
လက်ပြခွင့်မရသေးတဲ့ သူမနဲ့အတူ
တမန်တော်ငှက်ရဲ့ ၀ဲပျံမှုအောက်
မရောက်ရသေးတဲ့
ငတို့ချစ်သူတွေအတွက် ရှိုက်သံ …

ပြီးတော့ အမေး
ဘယ်မှာလဲ သူမ
ဘယ်မှာလဲ သီဂွန်ဒုံး**
ဘယ်မှာလဲ ဘယ်မှာလဲ
အဲဒီည
ကောင်းကင်တော်က
နှင်းမကျပေမယ့်
ကြည်နူး ၀မ်းနည်းတို့ပေါင်းစည်း
ငိုညည်းရှိုက်သံတွေလွှမ်းမိုး
ကောင်းကင်ယံအထိ ထိုးတက်သွားတယ် …။ ။

(၂၀၀၆ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရင် မစ္စတာယူနွတ်စ်အား ဆုပေးပွဲအပြီး ရေးဖွဲ့ပါသည်။)
* Fredpris = ငြိမ်းချမ်းရေးဆု (နော်ဝေဘာသာဖြင့်)
** သီဂွန်ဒုံး = ဗီယက်နမ် ရက်ဖ်တို နော်ဝေလူ့အခွင့်အရေးဆုရှင် (၂၀၀၆)

Read More...

ဆောင်းများ

(သစ်ကောင်းအိမ်)
(၉-၁-၀၇)

မြောက်ပြန်လေတွေ ပြန်လာတဲ့နေ့က
ဘယ်သူမှမပို့တဲ့
အီးမေးလ်လိပ်စာကို
ဖွင့်ဖတ်မိတယ်

စစ်ပွဲကြီးတခုပဲ စတင်တော့မလိုလို
စစ်ပွဲကြီးတခုပဲ ပြီးဆုံးသွားခဲ့ပြီလိုလို
လမ်းတွေဟာ ဟာလာဟင်းလင်း
ဓာတ်ကြိုးတန်းတွေ အဝေးမှာနိမ့်ဆင်းသွား
ဘယ်တဆီများလဲ …
မပြောမဆို
တမြည့်မြည့်တိမ်တွေ

ခုချိန်သာဆို
ကန်သုံးဆင့်မြက်ခင်းပြင်ထဲမှာ
မြေ၀ပ်ငှက်ကလေးတွေ

အိမ်ပြန်ချိန်တဲ့
သွေးညှီနံ့ရလို့
ညနေခင်းကို ရှိုက်သွင်းမိတော့
သစ်သားမီးကျွမ်းရနံ့ဟာ
အပြာရောင်သေတမ်းစာ
သိုက်ဆရာရဲ့ကြိမ်လုံးလို
အဝေးကခေါ်သံများ …

ဘ၀ဟောင်းရဲ့
ရေပြင်အောက်အမှောင်ထုမှာ
သိုက်ကြိုးမဖြတ်ရသေးတဲ့ငါးမန်းတွေ
လန့်နိုးကူးခတ်ကြ

အိမ်နောက်ဖေးတောအုပ်ထဲက
ချိုးကူသံသဲ့သဲ့ကြားရ
တူးပို့ဒိုးသံတွေနဲ့
သပြေခက်တွေနဲ့ အမေထိုးတဲ့
အတာရေအိုးလေးကိုလည်း
သတိတရပေါ့

လေထဲ မင်းနာမည်
ငါရေးခဲ့တယ်။ ။

ကန်သုံးဆင့် - ပုသိမ်မြို့မှ ကန်ညီနောင်သုံးဖော်


ခေတ်ပြိုင်...မှ

Read More...


(၁)
အဲဒီ
အထွတ်အမြတ်
အထိမ်းအမှတ်ကျောက်တိုင်ကြီးက
'နယ်ချဲ့လက်အောက်ခံ ကျွန်ဘ၀က
ငါတို့လွတ်မြောက်ကြပြီ' တဲ့
ယုံကြည်ပြုံးပျော်
အောင်စည်တော်ယွန်းခဲ့ကြ။

(၂)
ဒီမိုကရေစီသန္ဓေတည်ဦးစ
သက်မ မဆုံးသေးခင်မှာပင်
အမျိုးသားစစ်အာဏာရှင်ကျွန်ဘဝ
ပိပြားခဲ့ကြရ တို့ပြည်သူ …။

(၃)
လူမဆန်အောင်နှိပ်စက်ခံရ
လူမဆန်အောင် ရက်စက်ခံရသော်ငြား
အကြောက်တရားအောက်ကရုန်းထ
'စစ်အာဏာရှင်စနစ်ကျဆုံးရမည်'
'ငါတို့လုံးဝလွတ်မြောက်ရမည်'။

ယုံကြည်ကြလော့
ပြည်တော်သိမ်းခန်းရောက်တော့မည်။ ။

(မြန်မာပြည်လွတ်လပ်ရေးအတွက် အသက်၊ ဘ၀၊ သွေးချွေးတို့ဖြင့် ရင်းနှီးရယူပေးခဲ့ကြသော သူရဲကောင်းတို့အား ဤကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုပါသည်။)

(၃-၁-၀၇)

Read More...

အနောက်ဘက်ကမ်းက ယာယီအိမ်

ငြိမ်းလူ (၃-၁-၀၇)
ခေတ်ပြိုင်...မှ


(၁)
၂၀၀၆
ဟင်းလင်းပြင်မရှိတဲ့
ဘန်ကောက်ည
ယမ်းစိမ်းသုတ်ထားတဲ့
အသားစတွေ ... မြိုချခဲ့ရ


ညက မပီမသနဲ့
ကာဗွန်မှုန့်တွေကဖြင့်
နီယွန်မီးကြား
နှင်းယောင်ဆောင်လို့ ...

(၂)
ယေရှုဖွားတဲ့ဆောင်းလ
ညီမျှခြင်းကင်းပလို့
ဓမ္မတေးက
ယဉ်ကျေးမှုကူးချတဲ့
မြို့ပြထဲ
ဟုမ်းလက်(စ်)* တွေနား
ပုန်းဝှက်လို့ ...

(၃)
၁၉၉၂
အစ္ဇျတ္တနှင့်
မြစ်အရှေ့မှာအိပ်လို့
မျက်လွှာချထားတဲ့
ယွမ်းချောင်းလေပြည်
အနောက်ဘက်
စစ်တောင်း ... မြေပျိုမှာ

(၄)
ဂစ်တာအိုနဲ့
ဓမ္မတေးကို
မီးပုံဖိုလို့ ... ကြိုဆိုခဲ့ကြ
ဘုရားသခင်
မဖွားမီ ... ညက
ယွမ်းစလင်းရေသောက်
မြက်ဖျားက
နှင်းရည်သောက်လို့ ...

(၅)
တချို့ကပုခက်ကိုစီး
တချို့ဖြင့် ... ပုခက်ကစီးလို့
မီးပုံလေးနဲ့ ... မနီးမဝေးမှာ
ဓမ္မတေးကို
အေကေ** တလက် ... ပွေ့ဖက်ရင်း
ညည်းဆိုခဲ့ကြ ...
“ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ
ရောက်စေသော်”

(၆)
အကြိမ်ကြိမ်ပြိုခဲ့တဲ့
ထာဝရအိမ်တွေ ... အတွက်
အနောက်ဘက်က ...
ယာယီအိမ်မှာ
ဆုတောင်းခြင်းနဲ့
တောင်းဆုပန်ခြင်းတွေ ... ထွေးယှက်
မြက်ဖျားနှင်းစက်က
လင်းလက်လို့ ...

(၇)
ခုချိန်ထိ
အစ္ဇျတ္တက
ရှေ့ဘက်မှာအိပ်စက်ခဲ့ ...
သိုးမည်းတွေကို
အောင်ပွဲခံတဲ့
ညီမျှခြင်း ... နေ့ရက်တွေဆီ
ပြန်ချင်တယ် ...။ ။

(၁၉၉၂ ခုနှစ် မကဒတ၏ စစ်တောင်းမြစ်အနောက်ဘက်
စစ်ဆင်ရေးနေ့များသို့)
*Homeless (အိမ်ခြေမဲ့)
** AK 47 မောင်းပြန်ရိုင်ဖယ်

Read More...

ကမ္ဘာလည်မယ့် … နေ့

(ပုရစ်) (၃-၁-၀၇)
ခောတ်ပြိုင်...မှ

နေညိုညနေအခါခါ
ငါ … အိမ်ပြန်မရသေးဘူး
ကြယ်စုံညပေါ့
တကယ်ကို ပြန်မရောက်သေးပါလား …

ကြာတော့
အိမ်ကို အိပ်မက်မမက်တော့ဘူး
ကျပ် (kyat) ကို အိပ်မက်မမက်တော့ဘူး
ဘတ် (baht) ကို အိပ်မက်မက်ရတာလည်း
မသက်သာလှဘူး
တတိယရေခဲပြင်အိပ်မက်တွေကကော (ရော)
မောစရာတွေများလား …

အိမ်ပြန်မရောက်ခြင်းလေးတွေ
လူလားမြောက်လာ
အိပ်မက်တော်တွေမက်တယ်
ဘုရင်မင်းမြတ်ရဲ့ ဘုန်းတန်ခိုးတော်
ဘုရင်မကြီးရဲ့ ကျေးဇူးတော်
NGOs ရဲ့ ကျေးဇူးတော်
ကျေးဇူးတော်တွေရဲ့ကြား …

ကြည့် … ကလေးရေ
ဒုက္ခသည်စခန်းထဲ လရောင်အောက်
ဆန်ကွဲစေ့လေးတွေ
ပေါလောမျောနေတုန်းပဲကွဲ့ …..။ ။

Read More...

ကျမတို့တိုင်းပြည်မှာ

ခွာညို (၁၆-၈-၀၇)
ခေတ်ပြိုင်...မှ

ကျမတို့တိုင်းပြည်မှာ…
စစ်အုပ်စုက တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတာကို အော်ရသူတွေ ရင်ကွဲမတတ်။ ကြားရသူအပေါင်းလည်း နားကွဲမတတ် ထုတ်လွှင့်နေသည်။ တကယ်တော့ အဲသည်လို အော်ချည်း နေဖို့မလိုပါ။ အလုပ်နှင့်သက်သေပြရန်သာဖြစ်ပါသည်။


ကျမတို့တိုင်းပြည်မှာ…
ပြည်သူတွေက အစိုးရအပေါ် မယုံကြည်တော့သည့်စိတ်၊ အားမကိုးကြတော့သည့်စိတ် နာကျည်း မုန်းတီးသည့်စိတ်၊ ရွံရှာစက်ဆုပ်သည့်စိတ်များ တနေ့တခြားတိုးပွားများပြားလာနေသည်။ နှစ်ဦး နှစ်ဘက်လုံးအတွက် ဤမနှစ်မြို့ဖွယ်ရာ စိတ်ခံစားမှုကို ဖျောက်ဖျက် ဆေးကြောနိုင်ရန် စစ်အုပ်စုမှ သက်သေပြရန် အချိန်ကောင်း၊ အခွင့်ကောင်းတခုကို အသုံးချသင့်နေပြီဖြစ်သည်။

ကျမတို့တိုင်းပြည်မှာ…
တိုင်းရင်းသားအချင်းချင်း အမှန်ပင် ချစ်ခင်စည်းလုံးစေချင်လျှင် ရွာပုန်းရွာရှောင်ဘ၀နှင့် တဘ၀လုံး (တချို့ဆိုလျှင် မျိုးရိုးစဉ်ဆက်) ပြေးလွှားနေရသည့် တောင်ပေါ်သားများအား အခြေတကျ မြေသတ် မှတ်ပေးသင့်နေပါပြီ။ သူတို့ရိုးရာ တောင်ယာလုပ်ငန်းများကို မြေအတည်တကျနှင့် စိုက်ပျိုးရာတွင် ခေတ်မီနည်းစနစ်များနှင့် ထောက်ပံ့ကူညီသင့်နေပါပြီ။ သည်လိုဆိုလျှင် တိုင်းပြည်အတွက် စားစရိတ် မြင့်တက်မှုများလျှော့ပါးစေလျှက် ကမ္ဘာ့သတင်းရပ်ကွက်မှာ မြန်မာ့သတင်းများနှင့် ပတ်သက် ရေးသားတိုင်း အလွန်အကျည်းတန်သည့် ထိုရွာပုန်းရွာရှောင်ဆိုသောစကားလုံးတို့ ပျောက်ကွယ် သွားပါလိမ့်မည်။

ကျမတို့တိုင်းပြည်မှာ…
ဘယ်အခါမှာ တိုင်းရင်းသားလူမျိုးစုငယ်လေးများ၏ တန်းတူအခွင့်အရေး တောင်းဆိုမှုများ ဆိတ်ငြိမ်သွားစေလိုလျှင် တောင်းဆိုသံများကို ကျည်ဆံနှင့် ဟန့်တား ပိတ်ဆို့နေမည့်အစား ကျောသားရင်သားမခွဲခြားသော စိတ်ထားမျိုးကို ပြသင့်ပါသည်။

ကျမတို့တိုင်းပြည်မှာ…
စိုက်ပျိုးရေးကောင်းမွန်စေမည့် မြေဆီလွှာတွေနှင့်တကွ ရေချိုလည်းအလျှံပယ်ပေါများသည့်အတွက် ထမင်းငတ် သေသောမသာဟူ၍ မရှိနိုင်ဟု ကျမအခိုင်အမာတွေးထင်ခဲ့မှုသည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုအတွင်းသို့ ရောက်လာသည့် လူနာတဦးကို သွားကြည့်မိစဉ်ခဏမှာ ထိုအတွေး မှားယွင်းကြောင်း သိလိုက်ရပါသည်။

အသက်သုံးဆယ်ကျော် ကရင်တိုင်းရင်းသူအမျိုးသမီးတယောက် သူ့အသက်ကိုသာမသိရလျှင် အသက်ခြောက်ဆယ်ခန့်ဟုသာ လူတိုင်းထင်နေကြလေသည်။ သူ့အရည်အသားများက မွဲပြာ မဲခြောက်လျှက်။ ဖျားနေသည်မှာ နှစ်နှစ်ရှိပြီး လမ်းမလျှောက်နိုင်တော့တာ (၃) လကျော်ပြီဟု သိရသည်။ သူမသည် ကြာအင်း၊ ၀င်းရေးစသည့် စစ်ရင်ပြင်ဖြစ်နေသည့် ကရင့်မြေမှ တောင်ကို ကျော်ကာ ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းတွင်း ဆေးခန်းသို့ အခမဲ့ဆေးကုသမှု ခံယူနိုင် ရန်ရောက်လာခဲ့ခြင်းဖြစ်သည်။

ကျမတို့အိမ်တန်းနား အရောက်တွင် သူမ ဆက်မလျှောက်နိုင်တော့ဘဲ လဲကျသွားခဲ့သည်။ သူမ နောက်က အဖော်လိုက်လာသူဟူ၍ လူမမည်ကလေးတယောက်ကို ကျောပိုးထားသည့် ဗမာ စကားမပြောတတ်သော သူမသမီးတဦးသာလျှင်ရှိသည်။ ထို့ကြောင့် ယခင်ကျောင်းသား
တပ်မတော်မှ တပ်မှူးဟောင်းတယောက်နှင့် အခြားအဖော်တယောက်တို့က စောင်ဖြင့်ထမ်းကာ ဆေးရုံသို့ လိုက်ပို့လိုက်ရသည်။

ရက်အနည်းငယ်အတွင်း နောက်ထပ်နှစ်ယောက် ထပ်ရောက်လာသည်မှာလည်း သူမနှင့် ထူးမခြား နားသည့် အာဟာရပြတ်လပ်နေသည့် အမျိုးသမီးများသာဖြစ်လျှက် ဆေးရုံက သူမတို့သုံးယောက်
အား “သရီးလေဒီးစ်” ဟုခေါ်သည်။ သူတို့သုံးယောက်ပေါင်းမှ အမျိုးသမီးတယောက်၏ ပုံမှန် အလေးချိန်မျှသာရှိသောကြောင့်ဖြစ်သည်။

သူတို့အား ဆေးရုံမှ နွားနို့တိုက်သောအခါ သူတို့မသောက်တတ်ကြဘူးဆိုသည့်စကားက ကြားရသူ အပေါင်း၏ ရင်ကို နာကျင်စေခဲ့တာ ကျမတို့တိုင်းပြည်က လူမျိုးစုများ၏ ဖြစ်ရပ်မှန်များအနက်က တခုမျှသာဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ကိတ်မုန့်ကိုဘာမှန်းမသိသော တခါကြားယုံမျှဖြင့် ကိတ်မုန့် ဟူသောအမည်နာမကို နောက်တခါ ပြန်မပြောတတ်သော ချင်းမလေးတယောက်ကို မှတ်မိ နေသည့်နာကျင်မှုမျိုးဖြင့် ထိုသရီးလေဒီးစ်ကိုလည်း ကျမ မေ့နိုင်တော့မည်မဟုတ်ပါ။

အာဖရိကမှ သဘာဝဘေးဒဏ်ကြောင့် ငတ်မွတ်ခေါင်းပါးဒဏ်ကိုခံနေရသည့် တိုင်းပြည်များမှ နိုင်ငံခေါင်းဆောင်တို့သည် မိမိတိုင်းသူ ပြည်သားများအတွက် နိုင်ငံတကာအကူအညီများကို မရှက်မကြောက် တောင်းခံလျှက် ပြည်သူတို့၏၀မ်းကို ပြည့်အောင်တတ်နိုင်သမျှဖြည့်စွမ်းခဲ့ပါသည်။

ကျမတို့တိုင်းပြည်မှာ …
နိုင်ငံတကာက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ အကူအညီပေးလိုသည့် အစိုးရမဟုတ်
သော အဖွဲ့အစည်းများ အဆင်သင့်ရှိနေသည့်တိုင် အုပ်ချုပ်မင်းမူနေသည့်အစိုးရ၏ မယုံသင်္ကာ ဖြစ်မှုများ။ အကျင့်ပျက်လာဘ်စားမှုများကြောင့် ပြည်သူများ၏ ရပိုင်ခွင့်များ ဆုံးရှုံးနစ်နာနေလျှက် တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အန္တရာယ်ကြီးလှသော အခြေအနေ မျိုးတွင် ရောက်နေပါသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အာဏာလွှဲပြောင်းသိမ်းပိုက်ခဲ့သည့် စစ်အစိုးရ၏ စကားအတိုင်း ဆိုရပါသော်- ကျမတို့တိုင်းပြည်၏ ကံကြမ္မာမှာ ချောက်ထဲကျရန် အမှန်ပင် လက်နှစ်လုံးမျှသာ လိုတော့ပါသည်။

ကျမတို့တိုင်းပြည်မှာ…
အသက်အရွယ်ကြီးမြင့်သည့်တိုင်အောင် အနားမရသောလက်များ သန်းပေါင်းများစွာရှိနေပါသည်။ အထက်တန်း ကျောင်းအုပ်ဘ၀တွင် စစ်အုပ်စုမှ ပင်စင်ပေးခြင်းခံခဲ့ရသည့် ကျမအဖေသည် ကျောင်း ဆရာဘ၀က လူငယ်များအား ဆေးလိပ်မသောက်၊ ကွမ်းမစားရန် တင်းကျပ်သော အမိန့်များထုတ်
ကာ ပိတ်ပင်ခဲ့သော်လည်း အလုပ်မှ ရပ်စဲခံရပြီးသည့်နောက်တွင် သူကိုယ်တိုင်ပင် ဆေးလိပ်နှင့် ကွမ်းယာကို ၀မ်းရေးအတွက် လူငယ်လေးများအား သူကိုယ်တိုင်ရောင်းချပေးနေခဲ့ရပါသည်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းထဲတွင် ဒုက္ခသည်များအား ဆန်၊ ဆီ၊ ဆား၊ သကြား၊ ပဲ၊ လောင်စာ မီးသွေးတောင့် စသည်ဖြင့် ကုန်မာများကို လစဉ်ထုတ်ပေးနေပါသည်။ သို့သော် ဆောင်းနံနက်ခင်းတခု၏ နေရောင်အောက်ဝယ် နေစာလှုံရင်း မီးသွေးမှုန့်များကို ထမင်းရည် ပျစ်ပျစ်နှင့်ရောဆုပ်ကာ လောင်စာ ဖန်တီးနေရသေးသော အသက်ရှစ်ဆယ်နီးပါး ကရင် အဖွားအိုများကို ကျမတွေ့ခဲ့ရသောအခါ ဆရာကြီး ဦးတင်မိုး ကျမတို့မိုးကြိုးသတင်းဌာနသို့ လာရောက်လည်ပတ်စဉ် ပြောခဲ့သောစကားများကို တလုံးမကျန်သတိရလာပြီး စိတ်မကောင်း ဖြစ်ရပြန်ပါသည်။

“သူတို့တိုင်းပြည် (အမေရိကန်) က လူထုကိုစောင့်ရှောက်တာ တာဝန်ကျေလွန်းအားကြီးလို့ ဆဲတောင်ဆဲချင်လာတယ်။ အသက် ခြောက်ဆယ်ကျော်တယ်ဆိုတာနဲ့ ပိုက်ဆံ (၂၀၀) လည်း တန်းပေးတယ်။ အဘ အသက်ကြီးနေပြီ။ အဘကိုစောင့်ရှောက်ဖို့ နာ့စ်တယောက် အဘအတွက် ထားပေးမယ်လို့လည်းပြောသေးတယ်။ ငါ့အတွက် လူအကူမလိုသေးပါဘူး။ ငါ သွားနိုင်လာနိုင် ပါသေးတယ်ဆိုတာ ငါကိုယ်တိုင်ပြောနေတာတောင်မှ သူတို့က ငါ့အတွက်စိတ်ပူပေးနေလို့
သူတို့ကို ငါဆဲချင်တယ်”

ထိုစကားများကို ဆရာကြီးက ပြီးပြည့်စုံနေသော ကျေနပ်နှစ်သက်မှုတို့ဖြင့် ပါးစုံ့ကြီးများ ထွက်လာ သည်အထိ ပြုံးလျှက် ပြောသွားခဲ့တာဖြစ်ပါသည်။

ကျမတို့တိုင်းပြည်က ကျမတို့၏ စစ်အစိုးရကိုလည်း ကျမတို့ပြည်သူလူထုက ထိုသို့သော
အပြုံးမျိုးဖြင့် ၀ိုင်း၍ ဆဲလိုက်ချင်စမ်းလှသည်။

Read More...

နုမှည့်

ကမာပုလဲ (၂-၃-၀၇)
ခေတ်ပြိုင်...မှ

သစ်သီးကလေးတလုံး ကြွေကျလာသည်။ မြေကမ္ဘာ ပေါ်သို့ သစ်သီးကလေးတလုံး ကြွေကျလာသည်။ နောက်ထပ် သစ်သီးကလေးတလုံး ကြွေကျလာသည်။ မြေကမ္ဘာပေါ်သို့ သစ်သီးကလေးတလုံး ကြွေကျ လာပြန်သည်။ နောက်ထပ် …… ပြီးတော့ နောက်ထပ် … မြေကမ္ဘာပေါ်သို့ သစ်သီးကလေးတွေ ကြွေနေကြသည်။
သစ်သီးတို့ ရင့်မှည့်လာလျှင် မိခင်ပင်စည်မှဖြစ်စေ၊

ရိုးတံညှာမှဖြစ်စေ စွန့်ခွာကြွေသက်ရသည်မှာ လောကဓမ္မတာပင်ဖြစ်သည်။ ဆွဲငင်အားရှိသော မြေကမ္ဘာပေါ်သို့ ရင့်မှည့်သစ်သီးတို့ ကြွေကျဆင်းသက် လျက်ရှိသည်။ သစ်သီးကလေးတို့၏မိခင်သည် သစ်ပင်ဖြစ်လျှင် သစ်ပင်၏မိခင်သည် ကမ္ဘာမြေဖြစ်သည်။ ပင်စည်၊ ရိုးတံ၊ အရွက်၊ အပွင့် အသီးတို့၏ အမေသည် မြေကမ္ဘာပင်ဖြစ်သည်။ ရင့်မှည့်ကုန်ကြသော သစ်သီးကလေးတွေ မိခင်မြေကမ္ဘာပေါ် ကြွေနေကြသည်။

ဟာလာဟင်းလင်းဖြစ်နေသော၊ ဗလာဖြစ်နေသော၊ အရောင်မဲ့နေသော ပိတ်ကား သို့မဟုတ် ကင်းဗတ်စပေါ်သို့ ပန်းချီဆရာ၏ဆေးစက်တစက်၊ စုတ်ချက်တချက် ကျလာသကဲ့သို့ မြေကမ္ဘာပေါ်သို့ သစ်သီးကလေးတလုံး ကြွေကျလာသည်။ နို့နှစ်ရောင်ခလုပ်ကလေးများပေါ်သို့ တို့ထိလိုက်သော စန္ဒယားဆရာ၏ လက်ချောင်းများမှ ပေါ်ထွက်လာသည့် ဂီတသံကလေးပမာ သစ်သီးကလေးတလုံး ကမ္ဘာမြေပေါ်သို့ ကြွေကျလာသည်။

ကြွေသောသစ်သီးကလေးများမှ အမြုတေသစ်စေ့ကလေးများကို မိခင်မြေကမ္ဘာက သူ့ရင်ထဲထည့်၍ လက်ခံ သိုမှီးလိုက်သည်။ မကြာမီ သစ်စေ့ကလေးသည် စိမ်းမြနုကြွသောအဆင်းသို့ ပြောင်းလဲခြင်း ဖြစ်စဉ်အရ သစ်ပင်တပင်အဖြစ် မွေးဖွားဖြစ်တည်ရှင်သန် ထိုမှတဖန် အခက်အလက်၊ အရိုးအရွက်၊ အငုံ၊ အပွင့်၊ အသီး အဆင့်ဆင့်ဖြစ်တည်ကာ ရင့်မှည့်လာကုန်သော သစ်သီးတို့ မိခင်မြေကမ္ဘာပေါ် ကြွေကျသက်ဆင်းကြပြန်သည်။

ငယ်ဘ၀ အမေ့အိမ်၏ ပုဏ္ဍရိပ်စည်းရိုးကလေးအတွင်း မာလကာပင်ကလေးတပင်ရှိခဲ့သည်။ မာလကာပင်ကလေးသည် ကျနော်တို့ ကလေးများအဖို့ ဆော့ကစားဘက်၊ အရိပ်ခိုသောနေရာ၊ အသီးစားရသော အဆွေခင်ပွန်းအဖြစ် နှစ်ကာလများကို ရင်းနှီးခင်မင်ဖြတ်သန်းခဲ့ကြသည်။ တခါတလေ အမေသည် မာလကာ ရွက်နုကလေးများကို ခူးဆွတ်ကာ လက်ချောင်းဖြင့်ပွတ်ချေရင်း ရှူနေတတ်သည်ကို တွေ့မြင်ခဲ့ဖူးသည်။

မူးမူးမော်မော်ဖြစ်လျှင် အမေသည် မာလကာရွက်နုများကို ခူး၍ရှူတတ်သည်။ ကျနော်တို့ကလေးများ ကလည်း အတုခိုးကာ မာလကာရွက်နုကလေးများကို လူကြီးများအလစ်တွင် ခိုး၍ရှူကြသည်။ အနံ့မှာ မွှေးမြမြ၊ အသီးကိုမူ သွားရေစာအဖြစ် ခူးဆွတ်စားကြသည်။ အမေနှင့်လူကြီးများက ကျနော်တို့ မာလကာသီး ခူးစားနေသည်ကို တွေ့လျှင် အသီးများကို လက်နှင့်ဆိတ်ကြည့်သည်။ ပွသောအသီး (သို့မဟုတ်) မှည့်သောအသီးဖြစ်နေမှ စားခိုင်းသည်။ စား၍မသင့်သော အသီးနုနုများဆိုလျှင် မစားသင့်ကြောင်း၊ ရင်ကြပ်တတ်ကြောင်းပြော၍ လွှင့်ပစ်သည်။ တကြိမ်တွင် လူကြီးများမသိအောင် ငတ်ငတ်နှင့် မာလကာသီးနုနုများကိုခိုးပြီး ခူးစားမိသည်။ အအေးဓာတ် ၀င်လာသော ညအချိန်တွင် ချောင်းတဟွတ်ဟွတ်ဆိုးကာ ရင်ကြပ်တော့သည်။ တညလုံးအိပ်မရ။ အမေက ဆူသည်။ နောက်တော့ မာလကာသီးနုနုများကို မစားရဲတော့၊ တခါတည်းမှတ်သွားသည်။ တနေ့တွင် မာလကာသီးတလုံးကို အမှည့်ထင်၍ ခူးလိုက်သည်။ အရောင်က ၀ါဖန့်ဖန့်နှင့် အခွံမှာပျော့နေသည်။ ထို့ကြောင့် မှည့်ပြီ အထင်နှင့် စားမိလိုက်သည်။ ပထမတကိုက်တွင် ဘာမှအရသာမရှိ။ ချိုဖို့ဆိုသည်ကား ဝေလာဝေး။ အမေ့ကိုသွားပြတော့ မစားသင့်ကြောင်းပြောကာ လွှင့်ပစ်လိုက်သည်။ ဘာလို့မစားသင့်ကြောင်း အမေးအမြန်းထူသောအခါ အမေက “မှတ်ထား… အဲဒါ နုမှည့်လို့ခေါ်တယ်။ အရသာမရှိဘူး။ စားရင် အန္တရာယ်ဖြစ်တတ်တယ်” ဟုပြောသည်။ ထိုစဉ်က နုမှည့်ဆိုသည်ကို ကျနော်အသေအချာ နားမလည်နိုင်ခဲ့ပါ။

ဘ၀၏အတွေ့အကြုံများစွာကို ဖြတ်သန်းရင်း နုမှည့်ဆိုသည်ကို တစစနှင့် နားလည်လာခဲ့သည်။ စင်စစ် နုမှည့်ဆိုသည်မှာ ရှင်သယောင်နှင့် သေသောအသီးဖြစ်သည်။ လိုအပ်သောအချက်အလက်တို့ကို ပြည့်စုံစွာသိုမှီးရင်း တဆင့်ချင်း တရစ်ချင်း ဖြစ်ပေါ်ပြောင်းလဲကာ အသစ်အသစ်သို့ အရည်အချင်းအရ တော်လှန်ပြောင်းလဲရသော သဘာဝတ္တ တရားနှင့် ကင်းလွတ်ပြီး အရှင်မွေး နေ့ချင်းကြီးသဘော ဖြစ်သည်။ ရင့်မှည့်ယောင်နှင့် နုပျက်ဖြစ်ရသည်။ နုမှည့်မှည့်သစ်သီးသည် မျိုးဆက်လည်းမပျံ့ပွား၊ စားသုံးလျှင်လည်း ဘေးဥပါဒ်ဖြစ်နိုင်သောအရာဖြစ်သည်။

နုမှည့်သည် သစ်သီးတွင်သာရှိသည်မဟုတ်၊ လူ့အဖွဲ့အစည်း၏ ကဏ္ဍစုံတွင်လည်း နုမှည့်များရှိနိုင်သည်၊ ရှိနေကြသည်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အနုပညာ၊ လောကဓာတ်ပညာရှင်များ စသည်ဖြင့် နေရာစုံ၊ အဖွဲ့အစည်းစုံတွင် လူနုမှည့်များရှိနိုင်သည်။ နုမှည့်သည် အသက်ငယ်ခြင်း၊ အသက်ကြီးခြင်းနှင့် မဆိုင်၊ အရွယ်မရွေး နုမှည့်ဖြစ်နိုင်သည်။ တချို့အသက်ကြီးလို့သွားသည်၊ အတွေးအခေါ် အကျင့် အကြံမှာ လူငယ်မကျ၊ လူကြီးမမည် ဖြစ်နေကြသည်။ အများအကျိုးမပြောနှင့် မိမိအနာဂတ်ကိုပါ နာမည်ဆိုးဖြင့် မြှုပ်နှံသင်္ဂြိုဟ်နေကြသည်။ လက်တွေ့မရှိဘဲ စာတွေ့အကဲဒမစ်ဖြစ်ကာ အလုံးစုံသိသော ပညာရှင်ဟန်ဆောင်ကြသည်။ ယုတ္တိဗေဒကို ဆန္ဒစွဲဖြင့် ရေလဲသုံးကာ နတ်နေကိုင်းပါမချန် အနှစ်မဲ့
ဝေဖန်ရေးဓားဖြင့်ချိုင်သည်။ ထိုရောအခါ နိုင်ငံတော်ပလ္လင်ထက်မှ အနှစ်မဲ့စစ်ခွေးတို့ နှလုံးပီတိ ဂွမ်းဆီထိကာ ၀မ်းမြောက်ဝမ်းသာဖြစ်ကြသည်။ နုမှည့်များလေ သူတို့၏ အာဏာသက်ရှည်နိုင်လေဟု ထင်မှတ်နေသည်မဟုတ်လား။

မီးလောင်တောင်ယာမြေမှ တမျှော်တခေါ် အလေ့ကျ ပုတက်စာပင်ကလေးများမှာ ကြည့်ရသူအဖို့ မျက်စိပသာဒလည်းဖြစ် ဟင်းလျာအဖြစ်လည်း စားသုံးနိုင်သည်။ သို့သော် နုမှည့်သစ်သီးသည်ကား စားမရ၊ စိုက်မရ၊ ပျိုးမရ၊ ထိန်းသိမ်းသိုမှီးထားသော်ငြား သူ့အနာဂတ်သည်မလှ။

သစ်သီးကလေးတွေကြွေနေသည်။ ရင့်မှည့်နေသော သစ်သီးကလေးတို့သည် မြေကမ္ဘာ၏ရင်ခွင်ထဲသို့ ကြွေကျ ဆင်းသက်ရင်း အသစ်အသစ်သော သစ်ပင်တွေအဖြစ် မွေးဖွားဖြစ်တည်နေကြသည်။ မြေကမ္ဘာပေါ်သို့ ရင့်မှည့်နေသော သစ်သီးကလေးတို့ ကြွေနေကြသည်။ ထို့အတူ နုမှည့်သစ်သီး တို့လည်း ရော၍ကြွေနေကြသည်။ သို့သော် နုမှည့်သစ်သီးတို့သည်ကား ….။ ။

Read More...

ဆရာဂျမ်းသို့ လွမ်းလို့ရေးတဲ့စာ

စိုးနေလင်း(၂၆-၁-၀၇)
ခေတ်ပြိုင်...မှ

အချိန်က - လူဝတ်လဲထားတဲ့ စစ်အာဏာရှင် လက်အောက် ကျနော်တို့ ကျရောက်နေတဲ့ အချိန်
နေရာက - ၃၃ လမ်း၊ ရွှေကြည်အေး လက်ဖက်ရည်ဆိုင်၊ ရန်ကုန်

ဆရာ့ကို မိတ်ဆွေကဗျာဆရာ စာရေးဆရာ ကြီးငယ်တွေနဲ့ စကားစမြည်ပြောဆိုနေတာ ကို မကြာခဏ တွေ့တွေ့နေရတယ်နော် ဆရာ၊ ဆရာတို့က တ၀ိုင်း ကျနော်တို့လူငယ် ကဗျာရေးသမားတွေကတ၀ိုင်း ခပ်လှမ်း လှမ်းက လှမ်းပြီး လေးစားကြည်ညိုအားကျ ခဲ့တဲ့အချိန်၊ “ဲဒါ ဆရာတင်မိုးလေ” ဆိုပြီး ကိုယ့်ထက်ပိုပြီး စာပေနယ်နဲ့ရင်းနှီးထိစပ်တဲ့ မိတ်ဆွေတယောက်က ခပ်တိုးတိုး အသိပေးလိုက်တယ်ဆိုရင်ပဲ “သြ ဆရာတင်မိုး ကိုး” ဆိုပြီး တငေးတမော ကြည့်လို့အားမရနိုင်ခဲ့တဲ့အချိန်။

ဆရာက တကယ့်ပီဘိ တောသူတောင်သား လူရိုးလူကောင်းကြီးတယောက်ဆိုတာ ထင်းခနဲလင်းခနဲ မြင်သာထင်ရှားပါတယ်။ တိုးတိုးတချို့ ကျယ်ကျယ်တချို့ ပြောလိုက် တဟားဟားရယ်မောလိုက်နဲ့ ဆရာဟာ သိပ်ပြီး ပေါ့ပါးလန်းဆန်းနေပုံပါပဲ။
ကျနော်ဆရာ့ကိုသိတယ်၊ လေးစားချစ်ခင်တယ်။ ကျနော့်ကိုတော့ ဆရာမသိနိုင်ဘူးပေါ့ဆရာရယ်။
ဒီလိုနဲ့ပဲ…

“ဖက်ဆစ်အောင်ပွဲ”
၁၉၄၅ မတ်လ
ပြည်သူတွေကတော်လှန်
ဖက်ဆစ်စနစ်ဆိုးနဲ့ဂျပန်
ဖက်ဆစ်တွေကျဆုံး
ပြည်သူတွေအားလုံးအောင်ပွဲခံ။

၁၉၈၉ မတ်လ
ပြည်သူတွေရင်ဝမှာ
သွေးစတွေပေကျံ
မြန်မာမျိုးချစ်ဆိုတဲ့
ဖက်ဆစ်စစ်တပ်ကဖိနှိပ်
တိရစ္ဆာန်လိုသဘောထား
ပြည်သူအများက အညှဉ်းဆဲခံ
ဖက်ဆစ်အားလုံး
လက်ရုံးဆန့်တန်း
အခမ်းအနားနဲ့အောင်ပွဲခံ
စစ်သံ စစ်မာန် စစ်အလံ
အဲဒါ မြန်မာနိုင်ငံ။ ။
တင်မိုး
(၂၇-မတ်-၁၉၉၉)

အချိန်က - ဆရာတို့ ကျနော်တို့နဲ့ ကျနော်တို့ပြည်သူတွေအားလုံး အမျိုးသားဖက်ဆစ်စနစ်အောက် ကျရောက်ခဲ့တဲ့အချိန်ပေါ့ဆရာရယ်။
နေရာက - ကန်တော်လေး (၁၀၁) လမ်း၊ အိပ်မက်ဖူးမဂ္ဂဇင်းတိုက်၊ ရန်ကုန်

ဆရာနဲ့ ကျနော်တို့ကို အိပ်မက်ဖူးမဂ္ဂဇင်းအယ်ဒီတာတွေဖြစ်တဲ့ မောင်သာချိုနဲ့ ခင်လွန်းတို့က မိတ်ဆက် ပေးတော့ ဆရာက ပြုံးပြုံးကြီးနဲ့ အားရ၀မ်းသာ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့အချိန်မှာ ကျနော်ဝမ်းသာဂုဏ်ယူ ရပါတယ် ဆရာရယ်။ ကျနော်တို့ငယ်ငယ်က ကြိုက်နှစ်သက်ခဲ့တဲ့ကဗျာလေးတွေ ရေးစပ်ခဲ့တဲ့ ကဗျာ ဆရာကြီး၊ ကျနော်လေးစားကြည်ညို ခင်မင်ချစ်ခင်တဲ့ ကဗျာဆရာကြီးနဲ့ သိကျွမ်းခင်မင်ရပြီမဟုတ်လား ဆရာ။
အဲဒီတုန်းက ဆရာနဲ့ အခြားဆရာကြီးတချို့ ပါလာသေးပေမယ့် ကွယ်လွန်သူ ဆရာလင်းယုန်မောင်မောင် တယောက်ကိုပဲ ကျနော်အမှတ်ရတော့တယ်ဆရာ။ အဲဒီအချိန်က ကျနော့်မှာလည်း ကျနော့်အရေးနဲ့ ကျနော်၊ ကျနော့်သောကနဲ့ ကျနော် ဖြစ်နေခဲ့ရတယ်လေ။ ဆရာနဲ့ ပထမဦးဆုံးသိကျွမ်းမိတ်ဆွေဖြစ်ခဲ့ရတဲ့ အဲဒီအချိန်မှာ အမှတ်ရစရာလေးတခုလည်း ဖြစ်ခဲ့ရတယ်နော် ဆရာ။ အဲဒီအချိန်မှာ အိပ်မက်ဖူးမဂ္ဂဇင်းမှာ နေ့ရောညပါလာပြီး ကူညီလုပ်ကိုင်ပေးနေတဲ့ ကဗျာဆရာ နေဇော်နိုင်ကလေးလည်း ရှိနေတယ်လေဆရာ။ ဆရာတို့တိုက်ပေါ်မှာရှိနေတုန်း သူက အောက်ထပ်ကပြေးတက်လာပြီး ကျနော့်ကို မျက်ရိပ်မျက်ခြည်ပြ တိုက်ခန်းနောက်ဘက်ခေါ်ပြီး “ဆရာဂျမ်းကိုပဲလား အစ်ကိုတို့ကိုပဲလားတော့ မသိဘူး၊ အောက်မှာတော့
MI တွေလာပြီး စောင့်ကြည့်နေပြီအစ်ကို” လို့ လာပြီး အထိတ်တလန့် သတိပေးခဲ့တယ် ဆရာ။ သူက စစ်သားလူထွက်ဆိုတော့ လူတွေရဲ့ပုံပန်းကိုကြည့်လိုက်တာနဲ့ သိနေတာပေါ့ဆရာရယ်။ ဆရာတို့လူကြီး တွေကတော့ ပြောလားဆိုလား ရယ်လားမောလားဆိုတော့ သတိတောင်ထားမိပုံမရပါဘူး။ နောက်ဘာမှ သိပ်မကြာခင်မှာဘဲ ကျနော်က ဆိပ်ဖလူးနံ့သင်းပျံတဲ့ ဘ၀တက္ကသိုလ်ကို ရောက်သွားခဲ့ရတော့ ဆရာနဲ့ နောက်ထပ်ဆုံစည်းခွင့်မရခဲ့တော့ဘဲ ဆရာ့ရဲ့တက်ကြွတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုသတင်းတွေ၊ ကဗျာ သီချင်းတွေနဲ့ လူထုကြားဆင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်ပွဲရရေးအတွက် စည်းရုံးလှုံ့ဆော် မှုတွေကိုပဲ တဆင့်စကား တဆင့်နားနဲ့ပဲ ကြားသိခွင့်ရခဲ့တော့တယ်ဆရာ။ ဆရာနဲ့ ရဲဘော်ရဲဘက် ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ မှန်ကန်ရဲရင့်တဲ့ရပ်တည်ချက်နဲ့ အရည်အချင်းပြည့်ဝတဲ့ စည်းရုံးရေး ခရီးစဉ်တွေရဲ့ အောင်မြင်မှုတွေအတွက် ကျနော်တို့ မမြင်ကွယ်ရာကဘဲ ၀မ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ကျနော် ဆရာ့ရဲ့ ကဗျာရွတ်သံကို စိတ်ထဲကကြားယောင်ရင်း တကယ်ပဲလွမ်းခဲ့ရပါတယ် ဆရာ။

အချိန်က - ၂၀၀၆ ခု၊ စစ်အာဏာရှင်စနစ်အောက် မြန်မာပြည်ကျရောက်နေဆဲ
နေရာက - ခေတ်ပြိုင်ဂျာနယ်တိုက်၊ ဘင်းခင်း၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

ကျနော်ထင်တာထက် ဆရာပိုပြီး ၀ဖြိုးလာသလို လှုပ်ရှားမှုတွေလေးလံနေသလိုပဲ၊ ကျနော့်ကိုလည်း ပြန်ပြောမှ တစွန်းတစပြန်အမှတ်ရသွားပြီး ပြုံးနေကျအပြုံးနဲ့ လက်ဆွဲနှုတ်ဆက်ပြီး “၀မ်းသာတယ်ဗျာ၊
ဝမ်းသာတယ်” လို့ တဖွဖွပြောနေခဲ့တယ်။ ဆရာက ကျနော်တို့တွေ့ဆုံပြီးနောက်ပိုင်း ဖြစ်ပုံတွေကိုပြန်ပြောပြ။ နောက် သူ့ရဲ့ ဆိပ်ဖလူးရနံ့ကာလနဲ့ ကျနော့်ရဲ့ဆိပ်ဖလူးရနံ့ကာလ အတွေ့အကြုံတွေ ဆုံခဲ့ရသူ တွေကို အပြန်အလှန် ကြေကွဲဆွတ်ပျံ့ကြ၊ နောက် ဆရာ့ရဲ့ နိုင်ငံရပ်ခြားအတွေ့အကြုံ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ စာပေဟောပြောပွဲတွေအကြောင်း၊ တော်လှန်တိုးတက်သူတွေ ဖောက်ပြန်သူတွေအကြောင်း၊ နယ်စပ်ဒေသ ဒီမိုကရေစီအင်အားစုတွေအပေါ်ထားရှိတဲ့ ဆရာ့ရဲ့သံယောဇဉ်နဲ့ အတွေ့အကြုံတွေကို စီးကရက်တွေ တလိပ်ပြီးတလိပ်ဖွာရှိုက်ရင်း အားပါးတရပြန်ပြောပြနေတဲ့ ဆရာ့ရဲ့ပုံရိပ်လွှာဟာ ကျနော့် မျက်စိထဲမှာ ထင်ထင်ရှားရှား စွဲမြဲနေတုန်းပါပဲ ဆရာရယ်။

“လှည်းကျိုးစီးတဲ့ခရီး”
သက္ကရာဇ်အပုပ်အသိုးတွေကို
လှည်းကျိုးအောင်ထမ်းတင်ပြီး
ခယောင်းပြင်မှာ မောင်းနှင်ခဲ့တဲ့
မဟာခရီးကြမ်းကြီးမှာ။

နေရာကလေးတခုအတွက်
အလုအယက် အကန်အကျောက်
အိပ်ပေါက်နဲ့ ဖားကောက်ရသလို
ဟိုကယို သည်ကဖိတ်နဲ့
စိတ္တဇလူနာတွေ ပြည့်သိပ်လျက်နေ၏။

စမြိန်စာကလဲ
မြိန်စရာမရှိ။

သဲချောင်းလမ်းမှာ
လှည်းမောင်းတမ်းကစားနေရသလိုရှိ၏။

လှမ်းသာလှမ်းခဲ့ရ
ပန်းတိုင်ကဘယ်မှာမှန်းမသိ။

မသိခရီးမှာ
သတိကြီးကြီးထားဖို့လို၏။

ဖူးငုံလဲရှိ ဆူးချုံလဲရှိ။ ။
တင်မိုး
(၁၁၊ ဧပြီ၊ ၁၉၉၉)

မှန်ပါတယ်ဆရာ။ ဆရာ့ရဲ့ကဗျာလေးက ပီပီသသ၊ ထိထိရှရှ ရှိလှပါရဲ့။ ကျနော်ကတော့ ဆရာ့ရဲ့လှည်း ထဲမှာ ခရီးသည်အဖြစ် ဆက်ပြီးစီးနင်းလို့ နေတုန်းပေါ့ဆရာ။ ဒါပေမယ့် တနေ့နေ့မှာတော့ အမိနိုင်ငံပြန်ရ မယ်လို့ ဆရာယုံကြည်ခဲ့တယ်နော်။

“အမေ့ထံပြန်လာမည်”
တနေ့နေ့မှာ
အမေ့နိုင်ငံ အမေ့ထံသို့
ငါပြန်လာမည် ပြန်ခဲ့မည်။

အမေ့ကိုနှိပ်စက်၊ လက်ကိုရိုက်ချိုး
ကြိုးဖြေပြီးမှ၊ ပြန်ခွင့်ရမည်
ပထမ အမေ လွတ်လပ်ရမည်။

အမေ့ရင်ခွင် သားခိုဝင်ဖို့
နေ့စဉ်ကြိုးပမ်းပါမည်အမေ။

အမေ့လက်များ တုတ်နှောင်ထားပြီး
အားရပါးရ နှိပ်စက်ကြသည်ကို
သားမကြည့်ရက်နိုင်ပါ။

အမေ့အိမ်ကို
လိမ်လည်သိမ်းပိုက်၊ ဓားပြတိုက်၍
ရိုက်လားနှက်လား သေနတ်များနှင့်
နားကိုဆို့ပိတ်၊ မျက်စိပိတ်လျက်
နှိပ်စက်ဗိုလ်ကျ မင်းမူကြပြီး
မထနိုင်တော့ဘူးလား အမေရယ်။

အမေ့ဖြစ်ချက်၊ မကြည့်ရက်ပါ
လက်နက်အပိုင် ကလောင်ကိုင်၍
အနိုင်တိုက်ပွဲ ရင်ဆိုင်နွှဲဖို့
ငါလဲ ဆုံးဖြတ်ခဲ့ပါပြီ။

အမေ့သားတွေ သမီးတွေလဲ
အောင်မြေနင်းရေး အသက်သွေးတွေ
ပေးဆပ်ခဲ့ကြရပါပြီ။

အမေမုချ လွတ်မြောက်ရမည်
အမေ့ဘ၀ လှပရမည်။

အမေ့သားကောင်း ဒို့ခွပ်ဒေါင်းလည်း
ဇာတ်ပေါင်းခန်းမှာ
ချီတက်လာပြီး
မာစေ သာစေ တို့အမေဟု
မိုးမြေတုန်အောင် ကြွေးကြော်မည်။

တနေ့နေ့မှာ
အမေ့နိုင်ငံ ဒို့နိုင်ငံသို့
ပြန်လာခဲ့မည် ပြန်ခဲ့မည်ဟု
ယုံကြည်ပါလေ အမေရေ …။ ။
တင်မိုး
(၁၁၊ စက်တင်ဘာ၊၁၉၉၉၊ ဥရောပ တလပြည့်)

ဆရာရေ အခုတော့ ဆရာသိပ်ချစ်ခဲ့တဲ့ အမိနိုင်ငံကို ဆရာမပြန်နိုင်ဘဲ ရေခြားမြေခြားမှာ ဆရာကြွေလွင့် ခဲ့ရပြီ။ လူဆိုတာသေမျိုးမို့ မဆန်းလှပေမယ့် ဆရာ့လို တိုင်းပြည်သားကောင်းရတနာ ကဗျာစာဆို တော်လှန်ရဲဝံ့သူတယောက်ကို မသေစေချင်သေးဘူးဆရာ။ နှမြောတသကြေကွဲရ လွမ်းရပါတယ်ဆရာ။ ဒါပေမယ့် …

“မျက်နှာပြောင်တဲ့ရှင်သေမင်း”

ကံကြမ္မာကို မင်းတို့ကနိုင်တော့
ပြိုင်သမျှရှုံးရတဲ့ဒို့ဘဝ
ဒုက္ခတွေပင်လယ်ဝေပြီပေါ့။

မကောင်းသမျှဥသျှောင်
မင်းတို့ရဲ့ခေါင်းဆောင်တွေ
ဒေါင်ဒေါင်မည်ကျန်းမာ
ဘီလူးပြိတ္တာ အသက်ရှည်ပါဘိခြင်း။

လူကောင်း လူလိမ္မာ
ပညာရှိ ပညာရှင်
စိတ်နေ ယဉ်သူတို့ကို
သေမင်းငင်ခေါ်ဆောင်
မျက်နှာပြောင်လှတဲ့ ကံကြမ္မာပါလား။

မကျေမနပ်တောက်ခေါက်
မျက်ရည်ပေါက်ကြီးငယ်ကျရတဲ့
သောကတွေသာ မီးတောက်ဖြစ်ခဲ့ရင်
ခေတ်ကြီးတခုလုံး
မီးဟုန်းဟုန်းကျွမ်းချေရဲ့။ ။
တင်မိုး
(၂၇၊ မတ်၊ ၁၉၉၉)

ဆရာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း မစ္စတာမိုက်ကယ်အဲရစ် ကွယ်လွန်တဲ့ အကြောင်းကြားပြီး ဒေါမနဿနဲ့ရေးခဲ့တဲ့ ကဗျာလေးလေဆရာ။ ခု ဆရာရဲ့ အဲဒီကဗျာလေးကိုဖတ်ပြီး ကျနော်လည်း ဒေါမနဿ ဖြစ်ရပြန်ပါပြီဆရာ။ ကျနော်တို့အားလုံးဟာ ဆရာပြောတဲ့ မီးဟုန်းဟုန်း ကျွမ်းနေတဲ့ ခေတ်ကြီးထဲကနေ ဖီးနစ်ငှက်တွေလို ရှင်သန်ပျံတက်ဖို့ ကြိုးစားရင်း ဆရာ့ကို ထာဝရ လွမ်းနေကြမှာပါ။ ။

(ဤစာဖြင့် ကွယ်လွန်သူ တော်လှန်ကဗျာစာဆိုကြီး တင်မိုး (ဦးဘဂျမ်း) အား ဦးညွှတ်ဂုဏ်ပြုနှုတ်ဆက်ပါသည်)

Read More...

မလွတ်လပ်ရေးနေ့အကြောင်း

ဂါမဏိ (၃-၁-၀၇)
ခေတ်ပြိုင်...မှ

ကျနော် ကလေးဘ၀ သိတတ်စအချိန်တွင် လွတ်လပ်ရေးနေ့ကို စတင်တွေ့ထိခဲ့ရပါသည်။ မုန့်စားပြေးပြိုင်ပွဲ၊ ဂုန်အိပ်စွပ်ပြေးပြိုင်ပွဲများကို
ဝင်ရောက်ယှဉ်ပြိုင်ကစားရသည်၊ ကျနော့်ထက်ကြီးသော ကိုကို၊ မမတို့ကတော့ ရေအိုးရွက်ပြေးပြိုင်ပွဲ၊ မျက်စိအ၀တ်စည်း သံပုံးရိုက်ပြိုင်ပွဲ စသည်တို့ကို ဆင်နွှဲရပါသည်၊ ကျနော်လည်း ကိုကိုတို့ အရွယ်ရောက်သောအခါ ထိုကစားပွဲများ၌ ရယ်မောပျော်ရွှင် ပါဝင်ခွင့် ရလာပါသည်။ အစ်ကိုကြီးများ၊ ဦးလေးများက တော့ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများ ကို တပျော်တပါး ဆင်နွှဲကြပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့ဆိုသည်မှာ ကစားနည်းမျိုးစုံကစားရ၊ မုန့်မျိုးစုံစားရပြီး လွတ်လပ်စွာရယ်မော ပျော်ရွှင်သော နေ့တနေ့အဖြစ်သာ စွဲမှတ်ခဲ့မိပါသည်၊ ထိုရက်ကို လွန်မြောက်သွားသောအခါ ကလေးတို့ထုံးစံအတိုင်း အခြားအရေးကြီး သို့မဟုတ် ဦးစားပေး ကစားခုန်စားမှုများတွင် နစ်မျောသွားခဲ့ပြန်ပါသည်။ ထို့အပြင် စိတ်ညပစ်စရာကောင်းလှသော စားသင်ရခြင်းနှင့် စာကျက်ရခြင်းတို့ကိုလည်း မပျော်ရွှင်စွာ ဖြတ်သန်းရပါသေးသည်၊ အဆော့လွန်၍ မိဘများ၏ ဆဲဆိုငေါက်ငန်းမှုမှသည် ရိုက်နှက်ကန်ကျောက်မှုအဆုံး မျက်ရည်နှင့် ရင်ဆိုင်ရခြင်းမှာလည်း မဆန်းလှ။ စင်စစ် ကလေးဘ၀သည် သီချင်းထဲကလို လုံးဝအပူအပင်ကင်းတဲ့ဘ၀တော့ မဟုတ်ဟု ယူဆမိပါသည်။

ဤသို့ဖြင့် လွတ်လပ်ရေးနေ့များကို နှစ်စဉ်နှစ်စဉ် ဖြတ်သန်းလာရင်း ထိုတနှစ် တနှစ်စီ၌ မလွတ်လပ်သောနေ့များ ကလည်း အမှတ်ထင်ထင်ဖြစ်လာခဲ့ပါသည်၊ ထိုမှသည် လက်တွေ့လူမှုစီးပွားနယ်ပယ်၌ ကူးခတ်နေရသော ဘ၀များနှင့် တရွေ့ရွေ့ နီးကပ်ယှက်ဖြတ်လာရသလို ရှောင်လွှဲမရသော အထွေထွေသုတအသိပညာတို့ကလည်း ကျနော်၏အတွေးအခေါ်များအပေါ် အရိပ်ထိုးလာခဲ့ပါသည်။

စစ်အာဏာရှင်စနစ်အောက် စီးပွားရေးအဆိုးဆုံးသံသရာတွင်းမှ မိဘများ၏မွန်းကြပ်မှု၊ ရပ်ရွာ
ပတ်ဝန်းကျင်မှ ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ အသိအကျွမ်းအရပ်သားများတို့၏ မောဟိုက်မှုများသည် ကလေးဘ၀မှ မလွတ်လပ်ရေးနေ့များကို အရည်အချင်းအရလည်းကောင်း၊ အရေအတွက်အရလည်းကောင်း ပြောင်းလဲ အရောင်ဆိုးပစ်လိုက်ပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့၏ အရိပ်ကို ကျနော့်နှလုံးသားထဲမှ အပြီးအပိုင် ပျောက်ကွယ်သွားစေခဲ့သော (ကျနော့်အတွက်) ပထမဆုံး မလွတ်လပ်ရေးနေ့မှာ ၁၉၇၄ ဇွန် (၆) ရက်နေ့ဖြစ်ပါသည်။ ဆင်းရဲပင်ပန်းစွာ ခွန်အားစိုက်ထုတ် အလုပ်လုပ်ရသော အလုပ်သမားကြီးများ စားစရာမရှိ၍ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည်ကို အစုလိုက်အပြုံလိုက် ပစ်သတ်လိုက်ခြင်းအား ကျနော်ကြုံတွေ့ရသည့်အခါ ကျနော့်ဘ၀၌ လွတ်လပ်ရေးနေ့ ပျောက်ဆုံးသွားပါတော့သည်၊ ဇန်န၀ါရီ (၄) ရက်နေ့သည် မလွတ်လပ်သော လွတ်လပ်ရေးနေ့ ဖြစ်သွားရပါသည်။

ထိုမှတဖန် နောက်ခြောက်လအကြာ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်၏ဈာပနကို ငြိမ်းချမ်းစွာစုဝေးလျက် စီစဉ်ခင်းကျင်းနေသော ကျောင်းသားများ၊ သံဃာတော်များနှင့် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ပြီး ထောင်သွင်းအကျဉ်းချ၊ ပစ်ခတ်သတ်ဖြတ်ပြန်သောအခါ ကျနော့်အတွက် ဒုတိယမြောက် မလွတ်လပ်ရေးနေ့ကို တွေ့ရှိခဲ့ရပြန်သည်။ ဤသို့ဖြင့် နောက်ထပ်ခြောက်လအကြာ ၁၉၇၅ ဇွန် (၁၁) ရက်နေ့သည်လည်းကောင်း၊ ၁၉၇၆ ခု မတ်လ (၂၃) ရက်သည်လည်းကောင်း နောက်ထပ်နောက်ထပ် မလွတ်လပ်ရေးနေ့များဖြစ်ခဲ့ရပါသည်၊
စင်စစ်အားဖြင့် ကျနော်တဦးတည်းအနေဖြင့် မစဉ်းစားမခံစားဘဲ မြန်မာနိုင်ငံလူ့အဖွဲ့အစည်းအရ ကြည့်လျှင်မူ ၁၉၆၂ ခု မတ်လ (၂) ရက်နေ့သည် ပထမဦးဆုံးသော မူလလက်ဟောင်း မလွတ်လပ်ရေးနေ့ဖြစ်သည်ကို နောက်ပိုင်းတွင် ကျနော်သိလာခဲ့ရပါသည်။ တနည်းအားဖြင့် ဘ၀များနှင့် ဆက်နွယ်ပြီး လောကအမြင်များ ရရှိလာသလို ထိုဘ၀များကို ထင်ဟပ်နေသည့် စာပေ၊ စာနယ်ဇင်းတို့မှလည်း လောကအသိတရားများ ရရှိလာခဲ့ပါသည်။

၁၉၇၄ ဇွန် (၆) ရက်၊ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်၊ ၁၉၇၅ ဇွန် (၁၁) ရက်၊ ၁၉၇၆ မတ် (၂၃) ရက်တို့သည် ၁၉၆၂ မတ်လ (၂) ရက်နေ့မှစတင်ခဲ့သော မလွတ်လပ်ရေးနေ့ရှည်ကြီးအတွင်းမှ ၁၉၆၂ ခု ဇူလိုင် (၇) ရက်လို မလွတ်လပ်ရေးနေ့၊ ကစားခုန်စားပွဲများသာ ဖြစ်နေသည်ကို တုန်လှုပ်ချောက်ချားစွာ တွေ့ရှိသွားမိပါသည်။ ဤသို့ဖြင့် ၁၉၈၈ ခု မတ်လ (၁၃) ရက်သည်လည်းကောင်း၊ ၁၉၈၈ ခု ဇွန်လ (၂၁) ရက်သည်လည်းကောင်း၊ ၁၉၈၈ သြဂုတ် (၈) ရက်သည်လည်းကောင်း၊ မလွတ်လပ်ရေးနေ့ မပျော်ပွဲမရွှင်ပွဲများ အထူးဝှဲချီးကျင်းပရာကာလများ ဖြစ်သွားပါတော့သည်။

၁၉၈၈ ခု သြဂုတ် (၁၂) ရက် ဖက်ဆစ်လက်ရုံး လူသတ်သမ္မတ ရာထူးကျပြီးနောက် သြဂုတ် (၂၆) ရက် ရွှေတိဂုံ အနောက်မုခ်၌ ဒေါ်အောင်ဆန်းစုကြည် ထူထုရင်ထဲသို့ လွတ်လပ်ရေးပန်း မျိုးစေ့ချလိုက်သည့်အခါ ပျောက်ဆုံးနေခဲ့သော လွတ်လပ်ရေးနေ့၏ ရနံ့များကို ဝေ့ခနဲ ရှူလိုက်ရပါသည်၊ သို့သော် လွပ်လပ်ရေးနေ့၏ ရနံ့မွှေးမြမြလေးမှာ တလမကြာမီ လွင့်ပြယ်သွားခဲ့သည်။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်သည် ရိုင်းစိုင်းညစ်ထေးလှသော မလွတ်လပ်ရေးနေ့သစ်အဖြစ် ယမ်းငွေ့ တလူလူလွင့်ကာ မပျော်ပွဲမရွှင်ပွဲ အကြီးအကျယ်ပွဲခံခဲ့ပါသည်။

မလွတ်လပ်ရေးနေ့သည် ၁၉၆၂ ခု မတ်လ (၂) ရက် သို့မဟုတ် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တို့တွင်သာ မြစ်ဖျားခံခဲ့သည်မဟုတ်ပါ။ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးစုများအတွက် သီးသန့်မလွတ်လပ်ရေးနေ့များ စောစွာကတည်းက ရှိခဲ့သည်ကို ကြည့်သောသူ မြင်တွေ့သိမှတ်လာရပါသည်။

၁၇၅၇ ခု မေလ (၆) ရက်သည် မွန်အမျိုးသားတို့၏ လွတ်လပ်သော ဟံသာဝတီနိုင်ငံကို မုဆိုးဘိုရွာသူကြီး တဖြစ်လဲ ရွှေဘိုဘုရင် ဦးအောင်ဇေယျက သိမ်းပိုက်ဖျက်ဆီးလိုက်သော မလွတ်လပ်ရေးနေ့ တနေ့ဖြစ်ပါသည်။ မွန်တို့မှာ ၁၇၄၀ ခုနှစ်စ၍ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို စတင်တော်လှန်ခဲ့သော်လည်း ၁၇၅၁ ခုနှစ်ကျမှ လွတ်လပ်သော တတိယမွန်နိုင်ငံ ပြန်လည်ထူထောင်နိုင်ခဲ့သည်ဖြစ်၍ လွတ်လပ်ရေးနေ့ကို (၆) နှစ်သာ ခံစားလိုက်ရပါသည်။ သည့်အရင်ကမူ ၁၀၅၇ ခု အနော်ရထာဘုရင် သထုံမသိမ်းမီ ပထမမွန်နိုင်ငံ နှစ်ပေါင်း (၅၀၀) ခန့်၊ ပုဂံပျက်ပြီးနောက်ပိုင်း ၀ါရီရူမင်း၏ အဆက်အနွယ်များ ယိုးဒယားမင်းသြဇာခံဘ၀မှ ရုန်းထွက်နိုင်ခဲ့သည့် ၁၃၄၀ ခုနှစ်နှင့် တောင်ငူဘုရင်တပင်ရွှေထီး ဟံသာဝတီသိမ်းသည့် ၁၅၃၆ ခုကြား ဒုတိယမွန်နိုင်ငံ နှစ်ပေါင်း (၂၀၀) နီးပါး စသည်ဖြင့် လွတ်လပ်ရေးနေ့များကို ခံစားခဲ့ရပါသည်။ ပထမဦးဆုံးသော မွန်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည့် ၁၀၈၃ ခု ငရမန်ကန်း၏တော်လှန်ရေးကို ကျန်စစ်သားက ချေမှုန်းပစ်ခဲ့သလို နောက်ဆုံး မွန်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည့် ၁၈၂၇ ခုနှစ်ဆန်း သမိန်ဗရူးခေါင်းဆောင်သော မွန်နှင့်ကရင်တို့၏ တော်လှန်ရေးကိုလည်း ဘကြီးတော်မင်းက နှိမ်နင်းပစ်ခဲ့ပါသည်။

အလောင်းဘုရားခေါ် ဦးအောင်ဇေယျနှင့် ဗမာအမျိုးသားတို့မှာ ၁၇၅၂ ခု မတ်လ (၁၁) ရက်တွင် အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိအား ဟံသာဝတီနိုင်ငံက လက်ရဖမ်းဆီးပြီး အင်းဝတနိုင်ငံလုံးကို သိမ်းပိုက်လိုက်ချိန်မှ ၁၇၅၄ ခု ဇန်န၀ါရီ (၃) ရက်တွင် အင်းဝမြို့တော်ကို မွန်တို့လက်လွှတ်လိုက်ရချိန်အထိ မလွတ်လပ်ရေးနေ့ကို ခံစားခဲ့ရသည်။ ယင်း၏အကျိုးဆက်အဖြစ် ဦးအောင်ဇေယျက မွန်အမျိုးသားတို့ကို ၁၇၅၇ ခု၌ မလွတ်လပ်ရေးနေ့ တန်ပြန်သက်ရောက်စေခဲ့ပါသည်။ သို့ရာတွင် လူမျိုးရေးအရ လက်စားချေသန့်စင်ပစ်မှုကြောင့် မွန်အမျိုးသားတို့ ခံစားရသော မလွတ်လပ်ရေးနေ့မှာ ပို၍ပြင်းထန်ခါးသီးခဲ့ပါသည်။ တချိန်က မွန်အမျိုးသားတို့ ပျံ့နှံ့ပွားစီးရာ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသကြီးတခုလုံးတွင် မွန်များ ပြောင်တလင်းခါသွားခဲ့ပါသည်။

၁၇၈၄ ခု ဒီဇင်ဘာ (၂၈) ရက်မှာမူ ရခိုင်အမျိုးသားတို့၏ မလွတ်လပ်ရေးနေ့ဖြစ်ခဲ့ပါသည်။ ယင်းနေ့တွင် အင်းဝဘုရင် ဘိုးတော်ဘုရားခေါ် မောင်ဝိုင်းက လွတ်လပ်သော မြောက်ဦးနိုင်ငံကို သိမ်းပိုက်ခဲ့ပါသည်။ ယခင်က ပုဂံမင်း၊ အင်းဝမင်း ဟံသာဝတီမင်းတို့ထံ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းများ ရှိသော်လည်း ယခုနောက်ပိုင်းအကြိမ်လို ကြာရှည်ခြင်းမရှိခဲ့။

ရှမ်းတို့၏ မလွတ်လပ်ရေးမှာမူ ၁၅၅၈ ခုကပင် စတင်ခဲ့ပါသည်။ ယင်းနှစ်တွင် တောင်ငူ-ဟံသာဝတီဘုရင် ဘုရင့်နောင်က ယခုအထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်ရှိ လွတ်လပ်သော ရှမ်းစော်ဘွားနယ်အားလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်ခြင်းဖြင့် ရှမ်းတို့၏မလွတ်လပ်ရေးနေ့များ စတင်ခဲ့ပါသည်။ သည့်အရင်က ရှမ်းတို့သည် ၁၄၅၀ ခုအထိ ရွှေလီကို ဗဟိုပြုသော လွတ်လပ်သည့် မောရှမ်း ဘုရင့်နိုင်ငံကြီးကို တည်ထောင်စိုးစံခဲ့ဖူးပါသည်။ ထိုမျှမက ပုဂံပြည်ကို မွန်ဂိုတို့ သိမ်းပိုက်ဖျက်ဆီးပြီးနောက် ရှမ်းတို့က လွတ်လပ်သော အင်းဝနိုင်ငံ ထူထောင်ခဲ့ရာ ၁၅၅၅ ခု အင်းဝကို တောင်ငူဘုရင် တပင်ရွှေထီး သိမ်းပိုက်သည့်အချိန်ထိ ရှမ်းမင်းများ၊ ဗမာမင်းများ သို့မဟုတ် ရှမ်းဗမာကပြားမင်းများက ရှမ်း-ဗမာပူးတွဲနိုင်ငံဖြစ်သော အင်းဝထီးနန်းကို အုပ်စိုးခဲ့ကြပါသည်။

ကရင်နီတို့၏ မလွတ်လပ်ရေးနေ့မှာ ၁၉၄၈ ခု သြဂုတ်လ (၉) ရက်ဖြစ်ပါသည်၊ ၁၈၇၅ ခု အင်္ဂလိပ်-မြန်မာ စာချုပ်အရ အနောက်ပိုင်းတခြမ်း လွတ်လပ်ရေးရထားသော ကရင်နီပြည်ကို ဖဆပလဦးနု၏တပ်များက ထိုနေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် မလွတ်လပ်သွားခြင်းဖြစ်ပါသည်။

လက်နက်အားကိုး စုစည်းထားသော ရှေးဟောင်းမြန်မာနိုင်ငံအဖို့ ကမ္ဘာ့နယ်ချဲ့စနစ်ဟူသော ပထမဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကြုံရသည့်အခါ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးအတွက် မလွတ်လပ်ရေးနေ့များပေါင်းဆုံသွားခဲ့ပါသည်။ ရန္တပိုစာချုပ် ချုပ်ပြီး ပထမအင်္ဂလိပ်-မြန်မာစစ် အဆုံးသတ်သွားသော ၁၈၂၆ ခု ဖေဖေါ်ဝါရီ (၂၄) ရက်သည်လည်းကောင်း၊ ဒုတိယစစ်အပြီး အောက်မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းပိုက်ကြောင်း ကြေညာသည့် ၁၈၅၂ ခု ဒီဇင်ဘာ (၁၇) ရက်သည်လည်းကောင်း၊ တတိယစစ်အပြီး မြန်မာ့အချုပ်အခြာပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု နိုဝင်ဘာ (၂၉) ရက်သည် လည်းကောင်း၊ တတိယစစ်အပြီး မြန်မာ့အချုပ်အခြာ၏ပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု
နိုဝင်ဘာ (၂၉) ရက်သည်လည်းကောင်း၊ မြန်မာတနိုင်ငံလုံးအား ဗြိတိသျှအင်ပါယာတွင်း
တရားဝင်သွတ်သွင်းလိုက်သည့် ၁၈၈၆ ခု ဇန်န၀ါရီ (၁) ရက်နေ့သည်လည်းကောင်း ထပ်ဆင့်မလွတ်လပ်ရေးနေ့များ ဖြစ်ခဲ့ပါသည်။

ဤသို့သော မလွတ်လပ်ရေးနေ့များသည် ၁၉၄၇ ခု ဖေဖေါ်ဝါရီ (၁၂) ရက်၌ တခုတည်းသော လွတ်လပ်ရေးနေ့အဖြစ်သို့ လှပစွာ ပေါင်းစည်းသွားနိုင်မည့် အခွင့်အလမ်း ရရှိခဲ့ပါသည်။ အမြော်အမြင်ကြီးမားပြီး စိတ်ရင်းစေတနာ ပြည့်ဝလှသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အလားတူ ဉာဏ်ပညာကြီးမားသော တိုင်းရင်းသားခေါင်းဆောင်တို့နှင့်အတူ၊ ပင်လုံစာချုပ်အားဖြင့် မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံးအတွက် လွတ်လပ်ရေးနေ့ကို ဆောင်ကြဉ်းနိုင်ရန် လုံ့လစိုက်ထုတ်ခဲ့ပါသည်။

သို့ရာတွင် ယင်းတိုင်းရင်းသားအားလုံး၏ လွတ်လပ်ရေးနေ့အလင်းစသည် ဗိုလ်ချုပ်ကျဆုံးခြင်းနှင့်အတူ ပိတ်ဖုံးသွားခဲ့ရပါသည်။ ၁၉၄၈ ခု ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့သည် အနော်ရထာ-ကျန်စစ်သား၊ တပင်ရွှေထီး-ဘုရင့်နောင်၊ ဦးအောင်ဇေယျ-ဘိုးတော်မောင်ဝိုင်းတို့၏ မျိုးဆက်သစ် ဖဆပလ-ဆိုရှယ်လစ်ခေါင်းဆောင်များက တိုင်းရင်းသားတို့အပေါ် မလွတ်လပ်ရေးပေးသောနေ့ ဖြစ်သွားခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးစုများသာမကဘဲ ကျောမွဲနင်းပြားလူတန်းစားများအတွက်လည်း မလွတ်လပ်ရေးနေ့ဖြစ်နေခဲ့ရပါသည်။

ဤမလွတ်လပ်ရေးနေ့များသည် ၁၉၆၂ ခု မတ်လ (၂) ရက်တွင် အဆင့်သစ်တခုဆီ ပေါင်းဆုံတိုးတက်သွားခဲ့သည်။ လက်တဆုပ်စာ စစ်အုပ်စုမှအပဖြစ်သော လူမျိုးအားလုံး၊ လူ့အလွှာအားလုံး၊ လူတန်းစားအားလုံး၏ မလွတ်လပ်ရေးနေ့များသည် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တွင် နောက်ထပ်တဖန် တဆင့်မြင့်ပေါင်းစည်းသွားခဲ့ပြီး၊ ၁၉၉၀ မေ (၂၇) ရက်နေ့တွင်မူ မလွတ်လပ်ရေးနေ့အောက်မှ ပျော်ပွဲရွှင်ပွဲကို ထူးထူးခြားခြားကျင်းပနိုင်ခဲ့ပါသည်။ သို့ရာတွင် ထုံးစံအတိုင်း ဤပျော်ပွဲရွှင်ပွဲသည် မကြာမီခဏတိုအတွင်း မပျော်မရွှင်ပွဲအဖြစ်သို့၊ မလွတ်လပ်ရေးနေ့စစ်စစ် အဖြစ်သို့ ကြေကွဲနာကျင်စွာပြောင်းလဲသွားရပါသည်။

ကျနော်တို့အားလုံး၏ မလွတ်လပ်ရေးနေ့များကို သာယာပျော်ရွှင်ဖွယ်ကောင်းသော၊ တခုတည်းသော လွတ်လပ်ရေးနေ့အဖြစ် တပျော်တပါးဝိုင်းဖွဲ့ဆင်နွှဲ ခံစားနိုင်ဖို့ အားလုံးမှာ အိပ်မက်များရှိနေပါသည်။ ။

Read More...

ရှားပါးမှု၊ တောင်ကျချောင်းနှင့် ရေသတ္တ၀ါများ

ပွင့်သစ် (ကရိန်ကန်)(၂၇-၄-၀၇)
ခေတ်ပြိုင်... မှ

ချောင်းရေသည် တိတ်ဆိတ်မှုနှင့် ကျနော်တို့အား စောင့်ကြိုနေသည်။ ကျနော်တို့ရောက်ခဲ့ကြပြီ။ မည်သူမျှ အခါမလင့်ကြ။ ကျနော်တို့နေထိုင်ရာ
ဒေသသည် မိမိ၏ စိတ်ဆန္ဒတွင်တည်ရှိသော
စားသောက်ဖွယ်ရာများကို လွယ်လင့်တကူ ရရှိနိုင်သည်မဟုတ်။ အခွင့်အခါကြုံမှသာ တွေ့မြင် ထိတွေ့ခွင့်ရသည် မဟုတ်လော။ ထို့အတွက် ဤမနက်ခင်းတွင် ယမန်နေ့ညတုန်းက မည်မျှပင် ခေါင်သောက်များသည်ဖြစ်စေ၊ အိပ်ရေးပျက် သည်ဖြစ်စေ၊ မည်သူမျှ နောက်ကျမခံကြ။
အိပ်ရေးပျက်နေသည့်၊ အမူးလွန်နေသည့် မျက်လုံးနီရဲရဲများဖြင့်၊ အိမ်မှ ဘုစုခရုများ၊

ချစ်လှစွာသောဇနီးများ၊ တောလိုက်ရာတွင်အသုံးကျသည့် သတ္တ၀ါများ (အထူးသဖြင့် ခွေးများ) ကို တစုတစည်းတည်း ပေါင်းစုခေါ်ဆောင်ကာ သုံးနှစ်ကြာမျှ စောင့်မျှော်ခဲ့ရသည့် စားကျက်ဆီသို့ ချီတက်လာခဲ့ကြသည်။ နှင်းအကြွင်းအကျန်အချို့၏ ဖွဲ့တည်မှုကြောင့် တောင်ယာဖုန်းဆိုးများပေါ်တွင် ရေစက်များထိကပ် နေသော မြက်ရိုင်းပင်များကို တရှဲရှဲတိုး၍ မပွင့်တပွင့် အရုဏ်အောက်၌ ကျနော် အပါအ၀င် ရွာသူ ရွာသားတပ်ပေါင်းစုကြီး၏ အုတ်အုတ်ကျက်ကျက် အသံများကြောင့် ချောင်း၊ တောတောင်တို့သည် ထိတ်လန့်တကြား လန့်နိုးထလာခဲ့သည်။ ကျနော်တို့ “ဟုန်း” ထုရန် လာခဲ့ကြလေပြီ။

ဤအခွင့်အရေးသည် လွယ်ကူလှသည်တော့မဟုတ်။ အချိန်ကာလများကို စောင့်မျှော်ရသည်။ အကြိမ်ကြိမ်မကသော ဆွေးနွေးညှိနှိုင်းမှုများကို နေ့ရောညပါ ကျင်းပခဲ့ရသည်။ ခြေမြန်တပ်သား များကို နီးစပ်ရာရွာများဆီသို့ စေလွှတ်ရသည်။ အသိပေးရန်ရှိသည့် အနီးဝန်းကျင်ရွာများအား ဤဟုန်းထုပွဲတွင် ပူးပေါင်းပါဝင်မည်လောဆိုသည်ကို ဆွေးနွေးရသည်။ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက မည်သည့်နေ့ရက်ဆိုသည်ကို ညှိကြရသည်။ ထိုကဲ့သို့သော လုပ်ငန်းဆိုင်ရာများကို သေချာစေရန် စီမံဆောင်ရွက်မှုများဖြင့် ဖန်တီးခဲ့ရသည်။

ထိုသို့သောလုပ်ငန်းစဉ်များ ပြုမူဆောင်ရွက်နေဆဲကာလအတွင်း ကျနော့်ထံ ကျေးရွာအုပ်ချုပ်မှု ကော်မတီမှ စေလွှတ်လိုက်သည့် ဆက်သားတဦး ရောက်ရှိလာသည်။ သူ့တွင် အလုပ်ခန့်အပ်စာ တစောင် ပါလာသည်။ ကျနော် “ဟုန်း” ကော်မတီဖြစ်သည့်စာ။ ဟုန်းဆိုသည့်စကားလုံးမှာ ကျနော်နှင့်မရင်းနှီးသည့် အသုံးအနှုံး။ သို့သော် ကျနော်မှလွဲ၍ ကျန်သော ကျေးရွာသူရွာသား
များက ရင်းနှီးကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်က ဒေသခံမဟုတ်။ လက်နက်ကိုင် တော်လှန်ရေးသမားတဖြစ်လည်း ကျောင်းဆရာတဦး သို့တည်းမဟုတ် အပစ်ရပ်နယ်မြေတခု၏ မြို့နယ်နှင့်သက်ဆိုင်သည့် တရားရေးဌာနမှ။

ကျနော်ရပ်တည်နေရသည့်ဒေသသည် ရေထွက်ပစ္စည်းများ အရောက်အပေါက်နည်းသည်။ သို့အတွက် ရေထွက်သတ္တ၀ါအခြောက်အခြမ်းများသည်ပင် ဒေသခံတို့၏အလိုဆန္ဒကို မဖြည့်
တင်းနိုင်။ ထိုအလိုဆန္ဒအား ဖြေဖျောက်နိုင်ရန် ဟုန်းဆိုသည့်အရာကို အားကိုးအားထားပြုရသည်။ ဟုန်းဆိုသည်က ရေတွင်မှီတင်းနေထိုင်သော ရေသတ္တ၀ါများကို မူးမိုက်စေသည့် အစေးခပ်ပျစ်ပျစ် များထွက်သည့် နွယ်ဆန်ဆန်အမြစ်များ။ ထိုအမြစ်များကို အသုံးပြု၍ သူတို့၏ ဒေသအတွင်းရှိ ချောင်းများတွင် မှီတင်းနေထိုင်သည့် ငါးများကို ရှာဖွေစားသုံးကြရသည်။ သူတို့အနာဂတ်ဖြစ်သော ဆန်စပါးများရရှိရေးအတွက် တောင်ယာဆူးထိုးသောအခါ ရေသတ္တ၀ါများ၏အရသာသည် မရှိမဖြစ် လိုအပ်လာသည်။ အကြောင်းမူ သူတို့၏ဘ၀တူများက လာရောက်၍ သူတို့အားကူညီသောအခါ ကျွေးမွေးရန်အလို့ငှာဖြစ်သည်။

ဤနေရာတွင် တခုပြောရန်ရှိသည်မှာ ဟုန်းကော်မတီဝင်များသည် အခြားသော ရွာသူရွာသား များထက် အခွင့်သာမှုတခုရှိသည်။ ကော်မတီဝင်တိုင်းသည် ရွာသူရွာသားများအား သတ်မှတ် ထားသော ဟုန်းမြစ်အရေအတွက်ကို ပေးဆောင်ရန်မလိုပါချေ။ သို့အတွက် ကျနော့်ကို ဟုန်း ကော်မတီအဖွဲ့ဝင်ခန့်သည်မှာ အားနာသည်ကတကြောင်း၊ ဟုန်းမြစ်အား မည်သို့ရှာရမည်ကို မသိသည်ကတကြောင်းကြောင့် ဖြစ်သည်။ လိုအပ်လျှင်ကား လက်လီဝယ်၍ရသည့် ဟုန်းမြစ်
ရှာသူများရှိသည်။ သို့သော် ကျနော်ဝယ်လျှင် မည်သူမျှရောင်းမည်မဟုတ်သည့်အပြင် အလကား ပေးရမည်ဖြစ်ခြင်းကြောင့် ဟုန်းကော်မတီဝင်အဖြစ် နားအေးပါးအေး ခန့်လိုက်ဟန်ရှိသည်။

ကျနော်တို့ ဟုန်းထုရန်သတ်မှတ်ထားသောနေရာ ရောက်သောအချိန်တွင် နေခြည်သည် အရှေ့ ဘက်အရုဏ်ဦးမှ ပေါ်လာ၍ ချောင်းအတွင်းသို့ မရောက်တရောက်အချိန်သာဖြစ်သည်။ ဟုန်း
ကော်မတီဝင်တဦး၏တာဝန်ကို တွေးကြည့်ပါက စိတ်ညစ်ညူးဖွယ်ကောင်းလှသည်။ သို့သော် မတတ်သာ။ တာဝန်သည် တာဝန်သာဖြစ်သည်။ အလုပ်သည် အလုပ်သာဖြစ်သည်။ ကျနော်က
တာဝန်ယူခဲ့ပြီးဖြစ်သည်။ ထို့အတွက် ကိုယ့်ကိုယ်ကို အားပေးသည်။ ရဲဘော် …. ဆက်လုပ်ဟူ၍။

စစခြင်း ကျနော်တို့ အပ်ချည်တလုံးဖြင့် ကြိုးတားရသည်။ ထိုနေရာသည် ဟုန်းမြစ်များအား စတင်ထုရန်၊ ဟုန်းအမြစ်မှ ခပ်ပျစ်ပျစ်အစေးများအား စတင်၍ ရေစီးထဲတွင် မျောရမည့်နေရာ ဖြစ်သည်။

ထို့နောက် မိသားစုတစုချင်းသည် ကျနော်တို့ ဟုန်းကော်မတီအခြေစိုက်သောနေရာသို့ မိမိတို့ မိသားစုတွင်ပါလာသည့် ဟုန်းမြစ်များကို သယ်ပိုး၍ရောက်ရှိလာသည်။ ထိုအခါ ကော်မတီက ချိန်ခွင်တလက်ဖြင့် ချိန်တွယ်ပေးရသည်။ ဟုန်းမြစ်တူးရာတွင် သတ်မှတ်ချက်ရှိသည်။ လူကြီး ငါးပိဿာ၊ ကလေး သုံးပိဿာ စသဖြင့်။ သို့သော် နားလည်မှုသည် နေရာတိုင်းတွင် ထွန်းကား
သည်။ ဟုန်းပြည့်ချင်း မပြည့်ခြင်းသည် ဆွေမျိုးညာတိစိတ်ဓာတ်နှင့် မကင်းမကွာ။ သွေးရင်း သားရင်းစိတ်ရှိကြသည်။ ပြုံးကြ၊ ရယ်မောကြသည်။ နောက်ကြပြောင်ကြသည်။ သို့သော်
မည်သူမျှ အလေးချိန်မပြည့်ဟုဆိုပြီး ဟုန်းပွဲမှ မထွက်ခွာသွားစေရ။ ဘ၀ဒဏ်ကြောင့် မပျော်ရွှင် နိုင်သော ဒေသအတွက် ဤကဲ့သို့ ရွာလုံးကျွတ်စု၍ ငါးဖမ်းရခြင်းသည်ပင် ပင်ပန်းသော်ငြား ပွဲတော်တခုပင် မဟုတ်ပါလား။

ထိုအချိန်တွင် ချောင်းနံဘေး၌ သစ်ခုတ် ၀ါးခုတ်သံ ပွက်ညံနေသည်။ ငါးဘူးနှင့် ထမင်းဖုတ်သည့်
အနံ့ ပျံ့လွင့်နေသည်။ ရယ်မောကြည်စယ်သံများ သောသောအုတ်အုတ်ရှိသည်။ ခေါင်ဖောက်သူ ဖောက်၊ သောက်သူသောက်နှင့် ငိုသည့်ကလေးကငို၊ ဆူသည့်အမိုးကဆူကြ။ ချောင်းရေက ထိုအချိန်တွင် ကြည်လင်စွာစီးဆင်းနေဆဲ။

ဖျတ်ခနဲ ခြေသံကြား၍ လှည့်ကြည့်လိုက်တော့ ကျနော်၏တောင်ပေါ်သူ၊ “ထမင်းစားမယ်လေ၊ အမိုးကခေါ်ခိုင်းလိုက်တယ်” ဆိုတော့ ကျနော့်ခြေလှမ်းများက သူ့နောက်ပါသွားခဲ့သည်။ ဖောက် ခေါင်ပြင်းပြင်းကို ၀ါးခွက်နှင့် နှစ်ခွက်လောက်သောက်မိပြီး ထမင်းစားရင်း စကားပြောတော့ စကားသံများက ချောင်းရေစီးသံနှင့်အပြိုင်။ ချောင်းနံဘေး တဖက်တချက်ဆီမှာတော့ ဟုန်း မြစ်များကို ပေါ်နေသည့်ကျောက်တုန်းများအပေါ်တင်၍ ထုနေသည့်အသံများက ရီဝေနေသည့် နားများထဲသို့ စူးစူးရဲရဲတိုးဝင်လာသည်။

နေလည်းမြင့်လှပြီ။ လူများလည်း သွေးကြွနေကြပေပြီ။ သူတို့၏မျက်ဝန်းများတွင် မိသားစုအတွက် စားကောင်းသောက်ဖွယ်ဖြစ်သည့် ရေသတ္တ၀ါများအား တွေ့နေရပြီဖြစ်သည်။ သူတို့၏လက်မောင်း များသည် အိမ်နီးနားချင်းများအား ဟင်းကောင်းတခွက်ပေးရန်အတွက် ရေသတ္တ၀ါများအား ဖမ်းဆီး ရန် အသင့်ဖြစ်နေလေပြီ။ သူတို့၏ခြေလှမ်းများသည်လည်း ထို့အတူပင် တောင်ပေါ်ဒေသမှ မြေပြန့် ဒေသသို့ ရေသတ္တ၀ါများကို မရောက်ရှိသွားစေရန်အတွက် အပြေးလှမ်းရန် အသင့်ဖြစ်နေလေပြီ။ ထိုအရာများကို မည်သူမျှ သင်ပေးသည်မဟုတ်။ သူတို့၏ဘ၀က သူတို့၏အသက်ရှင်နေထိုင်မှုကို ပြဋ္ဌာန်းခဲ့သည်မဟုတ်လော။

လူအုပ်တအုပ်၏ စိတ်မရှည်သည်းမခံနိုင်မှုကို မည်သူမျှ တားဆီးနိုင်မည်မဟုတ်ချေ။ ကော်မတီဖွဲ့၍ တားခဲ့လျှင်လည်း အချိန်သည် တဒင်္ဂမျှသာ ရရှိနိုင်မည်ဖြစ်သည်။ သို့အတွက် ပေါက်ကွဲလုဆဲဆဲ အချိန်တွင် ကျနော်တို့ ဟုန်းကော်မတီသည် သတ်မှတ်ထားသည့် အချိန်မတိုင်မီ အနည်းငယ်စောစွာ တူမီးသေနတ်ကို ဖောက်လိုက်နိုင်လေသည်။ ထိုအခါ လူအုပ်ကြီးသည် ရေထဲတွင်ရှိသည့် အရာ အားလုံးသည် မိမိတို့တဦးချင်းစီနှင့်သာ သက်ဆိုင်သည်ဆိုသည့် အမူအရာမျိုးနှင့် ချောင်း၏ ရေအလျင်နှင့်အတူ ပြေးလွှားသွားကြသည်။ ငါးမိနစ်ခန့်ကြာသောအခါ နောက်ကျိနေသည့်
ချောင်းရေပြင်အလယ်တွင် ကျနော်တဦးတည်းသာ ကျန်ခဲ့သည်။ ငါးများစတင်၍ မူးဝေမှုကြောင့် ရေမျက်နှာပြင်အပေါ်သို့ တက်လာကြပြီဖြစ်သည်။ ကျနော်နှင့် ရှေ့ကိုက်တရာအကွာတွင် ရွာမှ ကျနော်နှင့်ခင်မင်သော အဖွားကြီးများ။ ကျနော် အမီလိုက်ရသည်။ သူတို့က ယက်သဲ့နှင့် ချောင်း နံဘေးတလျှောက် ငါးမှုန် ငါးမွှားများ ထိုးနေခြင်းဖြစ်သည်။ သို့သော် ထိုငါးများသည်ပင် မူးယစ် နေကြပြီ။ အသက်ကုန်နေကြလေပြီ။ သူတို့နှင့်အပြိုင်လု၍ ယက်သဲ့ထိုးသော်လည်း ဘ၀အတွေ့
အကြုံက လက်တွေ့ကိုပြဋ္ဌာန်းသည် မဟုတ်လော။ သို့အတွက် ကျနော်သည် သူတို့လောက် မကျွမ်းကျင်၍ သူလို့လောက်မရချေ။

ကျနော်ဆက်၍ လျှောက်သွားသည်။ ချောင်းသည် တဖြည်းဖြည်းကျဉ်းလာသည်။ တခါတရံ နက်သွားသည်။ နေခြည်သည်လည်း အနောက်ဘက်စွန်းစွန်းသို့ မျက်စပစ်နေသည်။ ချောင်း အောက်ပိုင်းရောက်လာသည်နှင့်အမျှ အခြားရွာ၏ ရေပိုင်နက်နှင့် နီးသောနေရာ ရောက်လေလေ၊ အရှေ့မှဆင်းသွားသောလူများကို မီလာလေလေ ဖြစ်လာသည်။ ဖြစ်ချင်တော့ ချောင်း၏ ရေနက် ပိုင်းတနေရာတွင် ရွာသားများက ရေငုပ်၍ ငါးဆယ်နေကြသည်။ ထိုနေရာ ရောက်သောအခါ ကျနော်လည်း စတန့်ပြချင်သည့်သဘောလား၊ ငါးရချင်သည့် ဆန္ဒကြောင့်လားမသိ၊ ချောင်းထဲသို့ ရေငုပ်လိုက်မိသည်။ ထိုအခါ ဘေးပတ်ဝန်းကျင်တွင်ရှိ ကျနော်၏ချစ်သောရွာသားများက ၀ါးခနဲ
ရယ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျနော် ရေသာငုပ်လိုက်သည်၊ ငါးတကောင်ရသည်ကား မှန်ပါသည်။ ကျနော်ရေငုပ်စဉ် ယခင်ငါးဖမ်းစဉ်က လွယ်ခဲ့သော ပလိုင်းအား ချွတ်ရန်မေ့ခဲ့သည့် အတွက် ပလိုင်းထဲရှိငါးများအားလုံး ရေထဲသို့ ပါသွားခဲ့၍ဖြစ်သည်။

ညနေစောင်းပြီဖြစ်၍ တဖြည်းဖြည်းနှင့် ချမ်းစပြုချေပြီ။ အဖော်အဖြစ်ရှိနေသည့် အမိုးများထံမှ ခေါင်အိုးတောင်း၍ သောက်ပြီး ဆေးရွက်ကြီးကို မြုံ့လိုက်သည်။ နည်းနည်းတော့ နွေးသွား
သလိုပင်။ ဆက်၍ နည်းနည်းလျှောက်တော့ ရွာနယ်နိမိတ်သတ်မှတ်ထားသော တောင်တက်
လမ်းအား မြင်နေရပြီ။ ငါးက ဘာမှမရသေး။

ဘေးရေထဲသို့ ခဲတလုံးကျသံကြားရသည်။ မော့ကြည့်တော့ ချောင်းကမ်းပါးစပ်မှာ တောင်ပေါ်သူ။ တက်ခဲ့ရန် အချက်ပြသည်။ အမိန့် မလွန်ဆန်နိုင်ပါ။ တက်သွားတော့ သူနှင့် သူ့မောင်လေးငယ်ငယ်။ “ပြန်ကြရအောင်” ဆိုသည်။ ဘာမှမပြောမိ။ သူက အရှေ့က ပလိုင်းနှင့်တရွေ့ရွေ့။ နေရောင်က ရွာပြန်သည့် တောင်ကုန်းအမြင့်ပေါ်ရောက်လေလေ သူ့ခန္ဓာကိုယ်မှာ စူးစူးရဲရဲ။ လမ်းတ၀က် ရောက်လုဆဲမှ “ပြကြည့်ပါဦး၊ ငါးဘယ်လောက်ရလဲ” မေးသည်။ “မကြည့်ပါနဲ့၊ ဘာမှမရဘူး” “မဟုတ်ဘူးလေ၊ ကြည့်တယ်ဆိုတာ မရဘူးဆိုတာတော့ သိတာပေါ့။ ဒါမှ ကျန်တဲ့ ဆေးမှူးတို့၊
ရဲဘော်တို့ကို စားဖို့ထည့်ပေးဖို့အတွက် ချိန်လို့ရတာပေါ့”။ အဲဒီကျတော့လည်း ကျေးဇူးတင်ပါ တယ်ပေါ့။ ရွာအ၀င် ဘုရားကျောင်းနံဘေးရောက်တော့ လမ်းခွဲရတော့မယ်။ သူကတလမ်း၊ ကျနော်ကတလမ်း။ လမ်းခွဲရောက်လုနီးကာမှ သူ့မောင်လေးကို လက်ဆွဲခေါ်ပြီး ပြောသည်။ “ညကျရင် အိမ်မှာခေါင်လာသောက်ပြီး ထမင်းစား၊ ပြီးတော့ ဟုန်းကော်မတီလည်း ဘယ်တော့မှ မလုပ်နဲ့၊ ရှက်စရာကြီး၊ ငါးက ဘာမှလည်းရတာမဟုတ်ဘူး။” သူကျီစယ်မှုမှန်းတော့ သိပါသည်။ သို့သော် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အတွေ့အကြုံဆိုသည်မှာ ဤကဲ့သို့သာ သင်သွားရသည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် ထိုညကတော့ ကျနော် သူ့အိမ်သွားပြီး ငါးဟင်းမြည်းလို့၊ ခေါင်ရည်တွေသောက် လုပ်ခဲ့သေးသည်။ ကဲ နောက်တခါလုပ်မယ့် ဟုန်းပွဲတော်က နောက်သုံးနှစ်ကြာမှတဲ့။ ဘယ်သူ
တွေက အဝေးရောက်၍ ဘယ်သူတွေကျန်ခဲ့မလဲ။ မည်သူမျှ မှန်းဆနိုင်တော့မည်မဟုတ်။ အဝေး ရောက်သူတွေကတော့ ဝေးဝေးကသာ သတိရနေရပေမည်။ ကျန်ခဲ့သူတွေကတော့ ပင်ပန်းတကြီး ဟုန်းပဲဆက်ထုနေရမှာလား၊ အပစ်ရပ်ခြင်းရဲ့ အကျိုးဆက်အရ ရေသတ္တ၀ါများကို ဖောသီစွာ စားသုံးနေနိုင်မည်လား။ အခုတော့ အိမ်တိုင်းတွင် ငါးကျပ်တင်သည့် ရနံ့က ရွာလေထုအတွင်း ပျံ့နှံ့နေဆဲ။ ။

Read More...

 
/* EOT ----------------------------------------- */