Monday 24 November 2008
Friday 21 November 2008
ကျကျန်ခဲ့တဲ့ အိပ်မက်တွေ
အိပ်မက်တွေ
ကျဆုံးရစ်ခဲ့တာ
ဒီလို တိုးရင်း တိုက်ရင်း
ကညင်ဆီတောင် မထွန်းပနိုင်တဲ့
ညနေ ရိုင်းမှာ
သူ ကဆုန်စိုင်းသွားပြီ ….။
အရစ်ရစ် အပတ်ပတ်
သံယောဇဉ် အထပ်ထပ်တွေကို
ပင်စည်က ရိုက်ချိုးခံလိုက်ရ
ဝါးပိုးမျှစ်နဲ့ ချစ်ခြင်းတွေ ၀ဲပျံလာကြ
ခု … ည နှင်းဆီရိုင်းတွေကို လှိုင်းခတ်တယ်။ ။
ချိုစိမ့်
(ရဲဘော် ဂုရု သို့…)
၂၀-၁၁-၂၀၀၈)
Monday 17 November 2008
ဒီနေ့စီးပွားရေးအကြပ်အတည်းနဲ့ အမေရိကန်အင်ပါယာ
(ရဲဘော်ဖိုးသံချောင်း)
အမေရိကန်ဒေါ်လာ ကျဆင်းနေပါတယ်။ ဘာကျဆင်းတာလဲဆိုရင် သူ့ရဲ့တန်ဘိုး၊ သူ့ရဲ့အ ရေးပါမှု၊ သူ့ရဲ့အဆင့်နေရာ၊ အဖက်ဖက်က ကျဆင်းနေတာပါလို့ ပြောရပါမယ်။ မကြာခင်ကမှ အမေရိကန် အစိုးရဘဏ်ဥက္ကဋ္ဌအဖြစ်က အနားယူသွားတဲ့ အယ်လင်ဂရင်းစပင် (Alan Greenspan) က အသုံးပြုလိုက် တဲ့ နိမိတ်ပုံကတော့ အခုအမေရိကန်နိုင်ငံကြုံတွေ့နေရတဲ့ စီးပွားရေးကပ်ဟာ ရာစုနှစ်တခုမှာ တခါလောက် သာကြုံရတဲ့ ငွေရေးကြေးရေးဆူနာမီကြီးဖြစ်ပါသတဲ့။
Saturday 1 November 2008
Subscribe to:
Posts (Atom)