Thursday, 27 September 2007

၂၇ စက်တင်ဘလ ၂၀၀၇




18:07
နတ်စင်လမ်းဘက်တွင်ဆက်လက်ပစ်ခတ်ဆဲ။
18:06
လှည်းတန်းဘက်ကိုမသွားတော့ပဲဘုရင်နောင်ဘက်ကိုဆက်လက်ချီတက်သွား။ရွာမလမ်းဆုံကိုရောက်။ ကြည့်မြင်တိုင်အောက်လမ်းဘက်ကိုလမ်းပိတ်ထား။ သေနတ်များပစ်ခတ်လျက်ရှိ။
18:04
အနော်ရထာဆူးလေပွိုင့်မှာတော့ တပ်တွေ နေရာယူထားသေးတယ်။ ပန်းဆိုးတန်းဘက်မှာနေရာယူထားတဲ့ တပ်တွေလဲ ပြန်ရုပ်နေတယ်။

Read More...

၂၇ စက်တင်ဘလ ၂၀၀၇

Read More...

၂၇ စက်တင်ဘလ ၂၀၀၇

သေတဲ့ နိုင်ငံခြားသားက ဂျပန်နိုင်ငံသား ဓါတ်ပုံဆရာ ဖြစ်တယ်လို့ သတင်းရ။
16:59
တောင်ဥက္ကလာ (၉)ရပ်ကွက်နဲ့(၆)ရပ်ကွက်ကြားစစ်တပ်နဲ့ လူထု တွေ့တယ်။ပစ်တယ်။ ၅ ယောက်သေတယ်။
16:56
တောင်ဥက္ကလာ သစ္စာလမ်းမှာ လက်ရှိစာရင်းရ လူလေးဦး သေဆုံး ... ဒဏ်ရာရရှိသူအများအပြား ရှိ .... စစ်တပ်အင်အားထပ်ဖြည့်ထား
16:48
သတင်းထောက်သေတယ်ဆိုတာမှန်တယ်လို့သေချာတဲ့သတင်းတစ်ခုရပါတယ်၊ မီးသတ်ကားနဲ့ deadbody ကို aa pharmacy ရှေ့မှာ ရေဆေးတယ်ဆိုတာလဲမှန်ပါတယ်

16:48
တာမွေ မှဘုန်းကြီးကျောင်းများ ဒီိည၀င်စီးမည်ဟု သိရ၊ တာမွေ အနီးတ၀ိုက်ရှိလူထုအနေဖြင့် တသက်လုံး ဖုန်းကြီး ၀တ်လာတာ ဒီတိုင်းဘဲနေမည်ဟု သိရ။

16:45
စစ်တပ်က မီးရထားဂုံးပေါကနေရာယူတားးတယ် တစ်ယောက်ပြီးတစ်ယောက်ပစ်တယ် ၃၈လပမ်းထိပ်မှာတောင်မျက်ရည်ယိုဗုံးလေလုံးခွဲလိုက်တယ် မြို့ထဲမှာတင် အကျအဆုံးတစ်ရာကျော်သွားပြီ
16:43
ပန်းဆိုးတန်းမှာ ခုပစ်နေတုန်းပဲ လူသေအလောင်းတွေ ပုံနေပါပြီ ခုပဲ မြင်လာခဲ့ပါတယ်တဲ့ အောက်ကြည့်မြင်တိုင်လမ်းကနေ လူထုကြီးက ဖြတ်ကျော်ချီတက်လာနေပါပြီ

16:40
စစ်ခွေးဘီလူးကြီးသန်းရွှေက အထက်မှပြတ်ပြတ်သားသားကိုင်တွယ်ရန် ၄င်း၏နောက်လိုက်စစ်ခွေးများထံ အမိန့်ထုတ်ပြန်လိုက်သည်ဟု စစ်တပ်နှင့်အနီးစပ်ဆုံးရပ်ကွက်မှ အခိုင်အမာသတင်းရရှိထားပါသည်။
16:40
ငွေကြာယံမှာ အစွမ်းကုန်ရမ်းကားနေတယ် ။ တော်တော် အထိနာနေပြီလို့ သိရပါတယ် ..

16:33
၃ နာရီလောက်မှာ ကျိုက္ကဆံ ကွင်းနားမှာ လူထူတွေလမးတွေက်ုသစ်သားတွေနဲ့ပိတ်ပြီးစစ်တပ်နဲ့ အပြိုင် ထိပ်တိုက် စုဝေးနေပါတယ်..ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ ၊သံဃာတွေကိုအဲဒီ ကျိုက္ကဆံကွင်းထဲမှာ လာလာပို့တယ်လို့ပြောပါတယ်...အဲဒီမှာ..ကျောင်းသားတွေက ခွပ်ဒေါင်းအလံတွေနဲ့ ချီတက်လာပါတယ်..လူတွေစုဝေးနေတုန်းမှာပဲစစ်ကားကြီးက နောက်ကလာပါတယ်..ဒိုင်းကာထားတဲ့ စစ်သားတွေက ရှေ့ကနေလာပါတယ်..လူအုပ်ကြီးကပြေးတော့တာပဲ..စစ်ကားက ၀ုန်းဒိုင်းကျဲပြီး မျက်ရည်ယို ဗုန်းတွေနဲ့ပစ်....နံပါတ်ဒုတ်တွေနဲ့ရိုက်လို့ပြေးကြရပါတယ်..အဲဒီတော့ ကျနော်တို့လည်း တိုက်ပျက်ကြီးကနေ ဖြတ်ပြီး နတ်ချောင်း ဘက်ကနေ ပြေးခဲ့ရပါတယ်..ခဏကြာတော့ စစ်ကားတွေနဲ့ လိုက်ပစ်ပါတယ်..တာမွေဗလီ ထိ..ပြီးတော့သုဝဏ္ဏဘက်သွားကြပါပြီ..အထိနာတဲ့သူတွေတော်တော်များပါတယ်..ကျောင်းသားတွေလဲ ပါပါတယ် ဘုန်းကြီး၃ပါး ပါပါတယ် ...


16:21
စစ်ကားနှစ်စီးကို ပြန်ပြီးတော့ လူထုက လုလိုက်တယ် တောင် ဥက္ကလာမှာ
16:21

လူတွေက ခဲတွေနဲ့ စစ်တပ်ကို ပြန်ပစ်နေကြပါတယ် .. ပစ်ရဲရင် ပစ်ကြည့်လို့ စိန်ခေါ်ပြီးထွက်သွားတဲ့ သူကို ပစ်သတ်လိုက်ကြပါပြီ တောင်ဥက္ကလာ ငွေကြာရံ က အကြီဆုံးဆရာတော်ဘုရားကြီးပျံလွန်တော်မူသွားပြီ အခု စစ်သား ၂၀၀ လောက်ကို ပြည်သူတွေက၀ိုင်းထားတယ် ထိမ်းချုပ်ထားတယ် အခြေအနေကတော့ တော်တော် ဆိုးရွားနေပြီဟု ပြောဆိုသည်။ ယခုတောင်ဥက္ကလာ ဝေဇယန္တာလမ်းမတခုလုံးပိတ်ထား။

( တောင်ဥက္ကလာ)

16:19

စစ်တပ်က ပစ်ခတ်မှုကြောင့် ပန်းဆိုးတန်းဂုံးကျော် တံတားအောက် ကျောင်းသားတယောက် ဝမ်းဗိုက်တွင် သေနတ် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။

မိုးကောင်းဘုရားမှာ စစ်သားတွေက ဘုန်းကြီးတွေကို ၀ိုင်းထားတယ်လူတွေက စစ်သားတွေကို ၀ိုင်းထားတယ်

16:17

ပန်းဆိုးတန်းမှာ မီးခိုးဗုံးတွေနဲ့ပါပစ်ပြီး လူစုခွဲဖို့ကြိုးစားနေတယ် မရသေးဘူး


16:14
တောင်ဥက္ကလာ သစ္စာလမ်းမပေါ် ဘုရားအနီးမှာ ပစ်ခတ်မှုဖြစ်ပွားနေ ... နေအိမ်များအထိ သေနတ်ကျည်ဆံများ ထိမှန်တယ်လို့သိရပါတယ် ။

27 Sep 07, 15:40
တာမွေအ ထ က ၃ ရှေ့မှာ ကျောင်းဆင်းချိန်မှာ တမင်သက်သက်ပစ်တာကြောင့် ကလေးတွေ လာကြိုတဲ့ မိဘတွေ ပါ သေတယ်။

27 Sep 07, 15:39
ကျိုက္ကစံလမ်းမကြီး (၂နာရီ) မှာတော့ မျက်ရည်ယိုဗုံးအရင်ခွဲပြီးတက်လာတယ် ။ဘုန်းကြီး တစ်ပါးကျန်ခဲ့တာကို ၀ိုင်းရိုက်တယ်ဆိုတာပဲသိခဲ့ရတယ်။လူနှစ်ယောက်ကိုလဲ ကျွန်တော်တို့ ပုန်းနေတဲ့နေရာရှေ့မှာတင် ရိုက်နှက်ပြီး ဖမ်းသွားတယ် (မျကိမြင်သက်သေ၏တွကိချက်)

15:31

ပြည်သူတစ်ဦး တာမွေအ၀ိုင်းထိပ်နားမှာ စစ်အစိုးရက ဆန္ဒပြတဲ့ သူတွေကို ကားနဲ့တိုက် ၊ ပြည်သူတွေကို သေနတ်နဲ့ပစ် ကျွန်တော်ကိုယ်တိုင် ဒဏ်ရာတည်းနည်း ရထားပါတယ် ...

15:29

ရန်ကုန်ဘူတာကြီးထဲမှာ သေနတ်သုံးချက် ထပ်ပစ်သွားတယ်။လူတွေက ဘူတာထဲကို ၀င်ပြေးသွားတယ်။ စစ်သားတွေက လိုက်ဖမ်းတယ်။ရန်ကုန်ဘူတာထဲက လူတွေကို အပြင်မထွက်ခိုင်းဘူးကျောင်းသားတစ်ယောက် ကျည်ဆံမှန်လို့ နှုတ်ခမ်းကြီးပြတ်သွားတယ်။၃ နာရီ (၁၀)မိနစ် ကိုယ်တွေ့ )

15:26

ကျိုက္ကဆံမှာ မနေ့ညကဖမ်းထားတဲ့ ဘုန်းကြီး(၅၀၀)ကို ပြန်လွှတ်ပေးရန် တောင်းဆိုဖို့အတွက် လူအုပ်ကြီး ချီတက်သွားတယ်၊ ရဲတွေက သေနတ်နဲ့ပစ်တယ်၊ အလောင်းတွေ မြင်မကောင်းဘူး၊ လူအုပ်ကြီး ပြန်လှည့်လာပြီး တီအီးကားတွေကို မီးရှုံ့ကြတယ်။တောင်ဥက္ကလာမှာ တပ်ကို လူထုက၀ိုင်းတယ်၊ လူထုကို တပ်ကပြန်ဝိုင်းတယ်၊ လူထုတော်တော် နာသွားတယ်၊ တောင်ဥက္ကလာ မြင်သာဘုရားနားမှာဖြစ်တယ်၊

15:26

မင်္ဂလာဒုံဘက်က နေ မြို့ထဲကို စစ်သားအပြည့်နဲ့ စစ်ကား ၁၀ စီး ၀င်သွားပါတယ်...

15:25

တာမွေ အထက ၃ ရှေ့စတင်ပစ်ခတ်ဟု သိရ။

15:24

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းကိုလည်း ဖမ်းဆီးထား တယ်လို့ သိရတယ်၊

15:24

တာမွေ၊ ဥက္ကလာ၊ အလုံ၊ ကြည်မြင်တိုင်၊ စမ်းချောင်း၊ မြေနီကုန်း၊ ပုဇွန်တောင် ဘက်တွေမှာလည်း ဖြစ်နေတယ်။ အပစ်အခတ် တွေလည်း ရှိတယ်လို့ကြားတယ်။ အသေအပျောက်သတင်းတော့မသိရ သေးဘူး။ ညနေစောင်းလေ လူထုအင်အား ပိုကြီးမားလာလေဖြစ်လိုက် မယ်လို့ခန့်မှန်းရတယ်။

15:23

ဒဏ်ရာရသူတွေလည်း အများအပြားပဲ။ လမ်းပေါ်မှာ အတုံးအရုံးလဲနေတဲ့သူတွေကို ကောက်ယူမယ့်သူ မရှိ လမ်းပေါ်မှာ ဒီတိုင်းပစ်ထားတယ်။ အဲဒါကို နိုင်ငံခြားသားတွေက ဓာတ်ပုံရိုက်နေကြတယ်။ အဲဒါက ဆူးလေနဲ့ အနော်ရထာမီးပွိုင့်မှာ ဖြစ်တာ။ အခုလောလောဆယ်တော့ ဆူးလေတစ်ဝိုက်မှာ လူတွေက စုရုံးစုရုံးနဲ့ ထပ်မံချီတက်ဖို့ စိုင်းပြင်းနေကြတယ်။

15:21

တာမွေ ကိစ္စ နောက်ဆုံးအတင်း စစ်တပ်မှာ ကား ၁၄ စီနဲ့ လာကူနေပါတယ် ။ UN ကို မေးလ်ပို့ပေးကြပါ ။

15:21

သတင်းထောက်: အီရတ်လိုမျိုးစစ်သားတွေကို နည်းနည်းလေးလစ်ဒါနဲ့ ၀ိုင်းပြီးသတ် လစ်ဒါနဲ့ မိုင်းခွဲ အဲလိုမှရမယ်ထင်တယ်..

15:20

ကျိုက်ကဆံဘုရားထဲမှာလူတွေကိုစစ်တပ်က၀ိုင်းထား။ စစ်တပ်ကိုသိန်းနဲ့ ချီတဲ့လူတွေကပြန်ဝိုင်းထား။လူ(၁)သိန်းလောက်ရှိတယ်။အရမ်းများ။

15:19

တာမွေ ထ ၃ ရှေ့မှာ ဖုန်းဖုန်းတွေထိုင်ချလိုက်ပြီ။ စစ်တပ်က ၀ိုင်းထား။

15:17

ပန်းဆိုးတန်းမှာပစ်နေတယ်ဗျ လူတွေထဲကိုပစ်တာဆို (ယခုလက်ရှိ.. ) တွေ့သမျှလူတွေ ဆွဲတင်ဖမ်းနေတယ်။

15:08

ဖ.ဆ.ပ.လ ၀င်းအတွင်းသို့ ထွက်ပြေးလွတ်မြောက်လာသောကျောင်းသားများနှင့်ပြည်သူများအား စစ်သားများက ၀င်းအ တွင်းရှိ လူနေအိမ်များအတွင်းထိ သေနတ်များမောင်းတင်ပြီးချိန်ရွယ်ကာ ၀င်ရောက်ရှာဖွေနေကြပါသည်။ အနားကပ်လာသူများနှင့်အော်ဟစ်မောင်းထုတ်သူများကိုလည်း သေနတ်များဖြင့်ချိန်ကာ အနားမကပ်နဲ့ ကပ်ရင်ပစ်မယ်ဟု ခြိမ်းခြောက်နေကြသည်။

07, 15:06

သင်္ဃန်းကျွန်းမှာ ၃ ယောက်သေတယ်လမ်းတွေပိတ်ထားတယ် စစ်တပ်ညပ်နေ တယ်သင်္ဃန်းကျွန်းက အခုဖြစ်တဲ့ထဲမှာ အပြင်းထန်ဆုံးဘဲ

07, 15:03

သင်္ဃန်းကျွန်းမှာ ၃ ယောက်သေတယ်လမ်းတွေပိတ်ထားတယ် စစ်တပ်ညပ်နေ တယ်သင်္ဃန်းကျွန်းက အခုဖြစ်တဲ့ ထဲမှာ အပြင်းထန်ဆုံး

လူတု ၃၀၀၀မှ ငွေကြာရံတွင်ရမ်းကားနေသော.စစ်သား ၂၀၀ကို..၀ိုင်းထား

14:46

ခုလေးတင် စံပြရုပ်ရှင်ရုံရှေ့နေဖြတ်ပြီး မော်တင်ဘက်ထိ အနော်ရထာလမ်းတလျှောက် ဘုန်းကြီး အပါး 20ခန့်နဲ့ လူအင်အား 3000ကျော် လူထုတဖွဲ့ ချီတက်သွားပါတယ်။ စစ်ကားတစ်စီး ဘုန်းကြီးလမ်းတလျှောက်ဖြတ်သွား (မျက်မြင်)ားပေမဲ့ အပစ်အခတ်မရှိပါဘူး

14:45

ဆေးရုံကြီးအရေးပေါ်ကို ဂန်းရှော့နဲ့ ပြည်သူ(၅)ယောက် ဒီနေ့ထပ်ရောက် (၁)ယောက်က အသေနဲ့ရောက်လာ

14:44

အောင်ဆန်းကွင်းရှေ့မှာ အမျိုးသမီးတစ်ယောက်ကို သေနတ်ကိုင်စစ်သား (၃) ယောက်က လိုက်ဖမ်းနေတာမြင်ရတယ်။

ကိုယ်ပိုင်ကားတွေကိုလဲ တားပြီးစစ်နေတယ်ဖဆပလ ရပ်ကွက်ထဲ ၀င်ပြေးတာတောင် အိမ်ထဲ ၀င်ရိုက်တယ်

စစ်သားတွေက ၀ါးရင်းဒုတ်တွေနဲ့ ကားမှတ်တိုင်ကလူတွေကို ပါ ၀င်ရိုက်နေတယ်

14:40

ဆူးလေကို ၀င်လို့ ရသမျှလမ်း အကုန်ပိတ်လိုက်ပီ

14:34

လမ်းပေါ်ကလူတွေ ဖယ်မပေးရင် အပြင်းထန်ဆုံး ကိုင်တွယ်မယ် extreme actionလို့ နအဖက သတင်းထုတ်

14:32

ကြည့်မြင်တိုင် သာဓုကျောင်းမှသေဆူံးသည့် သံဃာတော် ရုပ်ကလပ်အားသယ်ဆောင်ချီတက်ဆန္ဒပြနေကြပါပြီ

Read More...

၂၇ စက်တင်ဘလ ၂၀၀၇

အဓမ္မဒိဌိ

Read More...

၂၇ စက်တင်ဘလ ၂၀၀၇

broken glass and blood stains on the floors of one monastery

မန္တလေးမှာ ဆန္ဒမပြအောင် အာဏာပိုင်များ ကြိုးပမ်း

မြန်မာစံတော်ချိန် ၁၃း၄၅ (သတင်းပေးပို့ချိန်)

မန္တလေးမြို့ ၂၂ သီလမ်းမကြီး၌ လမ်းလျှောက် ဆန္ဒပြ၍ လာသော ဘုန်းကြီးများကို အချိုရည်၊ ရေသန့် များ မလှူရသည့်အပြင်၊ လမ်းမသို့ ထွက်မကြည့်ရန် အာဏာပိုင်များက ကားဖြင့် လှည့်၍ လော်စပီကာဖြင့် လိုက်အော်နေသည်ဟု ဒေသခံ တဦးက ပြောပြသည်။ မဇ္ဈိမ သတင်းဌာန

မဇ္ဈိမ သတင်းဌာနမှ

မေတ္တာပို့နေသူများကို ဝင်ရိုက်
မန်မာစံတော်ချိန် ၁၃း၅၀ (သတင်းလွှင့်တင်ချိန်)

“မျက်ရည်ယိုဗုံးခွဲတော့ ကျနော်တို့ လူတွေအကုန်လုံး ထွက်ပြေးနေရပြီ။ ပြန်ဆုတ်နေရတယ်။ ကျနော်တို့က အားလုံးစုပြီး မေတ္တာပို့နေတဲ့ အချိန်မှာ စစ်ကားက ဝင်လာပြီးတော့ မျက်ရည်ဗုံးတွေ ခွဲလိုက်တယ်လေ။ အလုံးက ၂ဝ လောက် ရှိတယ်။ စစ်တပ် အင်အားက ၃ဝ စီးလောက် ရှိမယ်။ နောက်ထပ် ကား ၅ စီး ထပ်ဝင်တယ်ဗျာ၊ အဲဒီမှာ စွမ်းအားရှင်ကားက နှစ်စီးပါတယ်။ စွမ်းအားရှင် ၂ဝ လောက်ပဲ ရှိမယ်။ ပြည်သူအင်အားက အားလုံး ၅ သောင်းလောက် ရှိမယ်။” ဟု ဆန္ဒပြသူတဦးက ပြောပြသည်။



Wednesday, September 26, 2007

တောင်ဥက္ကလာ ငွေကြာရံ ဘုန်းကြီးကျောင်းအား ၀င်ရောက်ရိုက်နှက်ဖမ်းဆီး (စက်တင်ဘာ ၂၇ ရက် ၂၀၀၇)






http://moemaka.blogspot.com/

Read More...

၂၇ စက်တင်ဘလ ၂၀၀၇ ကာတွန်း

ရက်စက်ပါပေ့ နအဖ ရယ်.............

Read More...

၂၇ စက်တင်ဘလ ၂၀၀၇

အခုဆူလေမှာ အာဏာပိုင်များမှ ပစ်ခတ်နေပီဖြစ်ကြောင်း အမျိုးသမီးတဦးထိသွားကြောင်း။

Read More...

Wednesday, 26 September 2007

၂၇ စက်တင်ဘလ ၂၀၀၇

12:58
တောင်ဥက္ကလာ သစ္စာလမ်းနဲ့ ဗဟိုလမ်းနားမှာ လူတွေနဲ့တပ်နဲ့ထိပ်တိုက်တွေ့ နေကြပြီ။ တပ်ကကြံ့ ဖွံ့ တွေကိုရှေ့တန်းတင်တားသည်။ နောက်မှာတပ်တွေကရှိပြီး လူထုတွေဒေါသထွက်နေ။လမ်းမှာလဲခဲလုံးတွေနဲ့ပျံ့ ကျဲနေကာ အခုမျက်ရည်ယိုဗုံးတွေခွဲနေတယ်။

12:25

သံဃာများအပ်ါအ၀င်လူ ၅၀၀ ခန့့်အနော်ရထာလမ်းအတိုင်းလျှောက်လာနေကြပြီ။

12:22

ကျိုက္ကဆံကွင်းဘက်ကို လူအုပ်ကြီးက သွားနေကြပါသည်

12:21

တောင်ဥက္ကလာမှာ ယခု အပြင်းအထန် ဖြစ်နေပါတယ်။ နေရာအတိအကျ မသိရသေးပါ။

12:15

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အလုပ်အမှုဆောင်တွေဖြစ်တဲ့ (NLD CEC) ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးစိုးမြင့်၊ ဦးညွန့် ဝေနဲ့  ဦးမြင့်သိန်းတို့ ကို ဖမ်းးသွားတယ်လို့  သိရပါတယ်။ ဦးမြင့်သိန်းနှင့် ဦးလှဖေ အဖမ်းခံရမှုမှာ သေချာပြီး ကျန်သူများကို သတင်းအတည်ပြုချက်ယူနေဆဲ ဖြစ်ပါတယ်။ ဦးပူကျင့်ရင်းထန်ကိုလည်း နေအိမ်မှနေ မနက် (၅း၃၀) နာရီမှာ အောင်သပြေစစ်ကြောရေူစခန်းကို ခေါ်ဆောင်သွားပါတယ်။

12:39

နယ်မြို့ ကြီးတစ်မြို့ မှ ထိပ်ပိုင်းအရာရှိကြီးမှ ၄င်းတို့  မြီု့ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ဘုန်းဘုန်းများနှင့် ပြည်သူအား စစ်တပ်မှ ပြစ်ခတ်နှိမ်နင်းမည်ဆိုပါက ၄င်းအနေဖြင့် လုံးဝသဘောတူမည် မဟုတ်ကြောင်း

- ဆူးလေမှာ ပြည်သူအများကြီး ရှေ့ဆောင်ရုံရှေ့ဘက်မှာ လျှောက်နေတယ်.နောက်ကတော့ ပြည်သူတွေကို သတ်ဘို့မဟုတ်ဘူးဆိုတဲ့ဟစ်အော်သံတွေကို ကြားရတယ် ဆူးလေမီးပွိုင့် မှာ ..ဘုန်းကြီးတွေက လူတွေရဲ့အရှေ့ဘက်ကနေကာပြီး မတ်တပ်ရပ်နေတယ်.လူတွေက ဘုန်းကြီးတွေနောက်မှာ အများကြီးဘဲ

10:21

စစ်သားတစ်ယောက်မှတော့မရှိပါဘူး။ ရဲအဖွဲ့တစ်ဖွဲ့ကို အင်အား (၂၀)ရှိတယ်။အလံပြဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်မှာ တစ်ဖွဲ့ ဆူးလေအနီးက မဟာဗန္ဓုလလမ်းပေါ်မှာ တစ်ဖွဲ့ ဆူးလေးမြောက်ဘက်အပေါက်မှာ ရဲများ စောင့်ကြပ်နေပါတယ်။ ဆူးလေအပေါ်တက်တဲ့ အပေါက်ကို ပိတ်ထားပါတယ်။ မြို့တော်ခန်းမအတွင်းမှာ အရာရှိများစီးသည့်ကား (၁၀)စီးရှိတယ်။ အမျိုးအစားမတူပါဘူး ။

10:12

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာ လွန်ခဲ့တဲ့ (၃၀)မိနစ်က ရိုက်နေပြီလို့ မျက်မြင်ကြုံတွေ့ခဲ့သူတစ်ဦးကို ပြောကြားပါတယ်။

10:10

လက်နက်ကြီးများ ကိုင်ဆောင်ထားခြင်းမရှိပါလောလောဆယ်။ ကားအသွားအလာ ခွင့်ပြုထားပါတယ်။

10:08

ဆုလေပေါ်တက်တဲ့အပေါ်က်ကို ပိတ်ထားပါတယမြို့တော်ခန်းမအတွင်းမှာ အရာရှိများစီးသည့်ကား (၁၀)စီးရှိတယ်။်

10:07

နအဖမှ စွမ်းအားရှင်များအား ဘုန်းကြီးအယောင်ဆောင်ခိုင်းပြီး အစ္စလာမ်မော့စ် (Islamic Mosque) များအား ဖျက်ဆီးမည်ဟု သတင်းရထားပါသည်။

27 Sep 07, 10:06

စစ်သားတစ်ယောက်မှတော့မရှိပါဘူး။ရဲအဖွဲ့ တဖွဲ့ အင်အား ၂၀ နဲ့အလံပြဘုရားလမ်းနဲ့ အနော်ရထားလမ်းထောင့်မှာ တဖွဲ့

10:04

စစ်ကား truck ကား ၁၃ စီးရှိတယ်မြို့တော်ခန်းမရှေ့မှာ မီးသတ်ကား ရ စီးရှိတယ်

10:04

ဆူးလေဘုရားထဲလုံခြုံရေး ၈၀၊၁၀၀ လောက် ရှိတယ်။မြောက် ဘက် နဲ့ ပန်းဆိုးတန်းဖက်ကို အင်အား ၁၅ ယောက် စီလောက် ခွဲလွှတ်နေတယ်

09:59

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝန်ထမ်းများကို အရပ်ဝတ်နဲ့ ဆန္ဒပြသူများနှင့်အတူရော၍ လိုက်ခိုင်းထားကြောင်း ခိုင်လုံတဲ့သတင်းရပ်ကွက်မှ ပြောပါသည်။ သတိထားရန်လိုအပ်ပါသညိ

09:43

ယခု ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ရှိ မီးပွိုင့်အား အာဏာပိုင်များမှ ပိတ်ထားကြောင်း သိရှိရသည်။

09:33

ညက စစ်သားများဝင်စီးသော ဘုန်းကြီးကျောင်းများ ငွေကြာရံ(တောင်ဥက္ကလာ)၊ စစ်ကိုင်း (သုဝဏ္ဏ) ၊ မိုးကောင်း(တောင်ဥက္ကလာ)၊ သိပ္ပံ(ရွှေဂုံတိုင်) ၊ မဂ္ဂင်(သင်္ဃန်းကျွန်း)၊ သိမ်ဖြူဂုံးဆင်းက ကျောင်း ကံဘဲ့မိုးကောင်းကျောင်းနှင့် တောင်ဥက္ကလာငွေကြာရံကျောင်းတို့အား စစ်ကားအစီး(၃၀)ခန့်ဖြင့် ၀င်ရောက်စီးနင်း၍ သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြသည်။ ကံဘဲ့မိုးကောင်းကျောင်းတိုက်တွင် စစ်ကားများဖြင့် ကာရံထားသော ၀င်းတံခါးအား ၀င်ရောက်တိုက်ဖျက်၍ သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခဲ့သည်။သံဃာများက တုံးမောင်းခေါက်၍၄င်း၊သံပုံးများတီး၍၄င်း ရပ်ကွက်အတွင်းအကူအညီတောင်းခံခဲ့သော်လည်း စစ်သားများက ထွက်လာသောလူအများအား သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ကျောင်းထိုင်ဆရာတော် ဦးဝိလာသမှ ၀င်ရောက်ဖြန်ဖြေရာ စစ်သားများက ထိုကျောင်းထိုင်ဆရာတော် ဦးဝိလာသအား ကြိုးဖြင့်တုတ် တုတ်ဖြင့်ရိုက်နှက်ကာ ထားခဲ့ကြသည်။ ဒီကိစကိုင်တွယ်နေတာရဲချုပ်ခင်ရီဖြစ်ပါသည်။။ အားလုံးကြိုးတုတ်ခေါ်သွား ခံရကြသော့ပြည်သူ တွေလည်း မကျေမချမိးဖြစ်နေကြပါသည်။

- ကမ္ဘာအေးနှင့် နတ်မောက်လမ်းဆုံအား ယာဉ်ထိန်းရဲများ ပိတ်ထားသည်။ ၇နာရီ ၄၅မိနစ် မနက်)(မျက်မြင်သတင်း)

08:49

- မနေ့ ည ၁၂း၄၅ နာရီမှာ တောင်ဥက္ကလာပ ငွေကြာရံဘုန်းကြီးကျောင်းကို စစ်ကား ၇ စီးနဲ့  ဒိုင်နာကား ၃ စီးက ၀င်စီးပါတယ်။ ဘုန်းဘုန်းတို့ ရဲ့ အော်ဟစ်သံတွေကြားရတယ်လို့  ပြောပါတယ်။


Read More...

၂၆ စက်တင်ဘာ ၂၀၀၇

- ဗားကရာတိုက်၊ ဥယာဉ်တိုက်၊ ရှင်ဥတ္တမတိုက်၊ ဇေယျဝတီကျောင်း၊ အောင်မင်္ဂလာ ကျောင်းများမှ သံဃာတော်များ ချီတက်လာရာ ယနေ့နေ့လည် ၁ နာရီခန့်တွင် စမ်းချောင်း ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့် အမှတ် ၆၁ ဓာတ်ဆီဆိုင် အနီးတွင် လမ်းပိတ်ကာ လုံထိန်းက ဖမ်းဆီးပြီး ကားပေါ်တင်ရာ စမ်းချောင်းလူထုက ရရာလက်နက် ဆွဲကိုင်ပြီး လုံထိန်းများကို ဝင်ရိုက်သဖြင့် လုံထိန်းများ ဗဟိုလမ်းအတိုင်း အာရှတော်ဝင် ဆေးခန်း အထိ ဆုတ်သွားတော့သည်။

Read More...

(စက်တင်ဘာ ၂၆ ရက် ၂၀၀၇)




posted by TTT

Read More...

၂၆ စက်တင်ဘာ ၂၀၀၇

- ဆူးလေကနေ လေးဘက်လေးတန် လမ်းတွေ မြို့တော်ခန်းမရှေ့ လမ်းအပါအ၀င် တစ်ဘလော့ခ်မှာ စစ်သားတွေချထား။ ရဲဝတ်အပြာနဲ့သူတွေက ၁၀ ယောက်အတန်း ဒိုင်းတွေကာထားတယ်။ လမ်းပေါ်မှာလူတွေ သွားရေးလာရေးခက်ခဲနေကြတယ်။ taxi တွေလဲ နေရာရွေးပြီးလိုက်ကြတယ်။ ဒိုင်နာတွေနဲ့ မြို့ပြင်လမ်းကြောတွေကို တစ်ယောက် ၁၀၀၀ နှုံး လုတက်ပြီး အိမ်ပြန်ကြရတယ်။

- သာသနာရေးဝန်ကြီးဌာန၀န်းအတွင်းနှင့်ကမ္ဘာအေးဘုရားအနီးတ၀ိုက်တွင် စစ်သားများစွာစောင့်နေပါတယ်။

- သိမ်ဖြူဈေးပွိုင့်အနီး မီးရထားလမ်းကုန်းတွင်လူထုကိုလမ်းဖွင့်ပေးလိုက်ရပြီ။ -ရွှေတိဂုံ ပစ်ခတ်မှု... ဗိုလ်ချုပ် ကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး)၊ ဗိုလ်မှူး ကြီးတင့်ဆန်း၊ အမှတ် ၁၆ ခြေလျင် တပ်ရင်း ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ရဲဇော်ဇော် တို့ ပါဝင်သည်။

-ရွှေဂုံတိုင်ဘုရားနားမှာ ပစ်ခတ်မှု ဖြစ်တယ်လို့ တယ်ကြားတယ် ၅ ချက်တိတိလို့ပြောပါတယ်။


-သိမ်ဖြူဈေးပွိုင့်အနီး မီးရထားလမ်းကုန်းတွင်လူထုများမြို့တွင်းမှမလာနိုင် စေရန်သံဆူးများချ အသင့်အနေအထားလုပ်နေ။

- မန္တလေးတွင်ဘုန်းဘုန်းများက အသံချဲ့စက်ဖြင့် မနက်ဖြန်မှဆုံမည်ဟု အကြောင်းကြား၍ အေးချမ်းစွာလူစုစခွဲနေ။

-မော်လမြိုင်တွင်ဘုန်းကြီးအင်အား၄၀၀၀ကျော် ချီတက်ကြောင်းသတင်းကြား အတားအဆီးမရှိ။

- City FM ကနေ နအဖက ကြေညာပါတယ် ညနေ (၆) နာရီကနေ မနက် (၆) နာရီအတွင်း အပြင်ထွက်ရင် ပြစ်မယ်လို့ ။ လူထုကတော့ ဆက်ရှိနေဆဲပါ။

-အလုံ ဆင်မင်းဈေး အဆက် ... နောက်ဆုံးရသတင်း ဖုန်းလိုင်းများ ပြတ်တောက်နေ ၊ ကားသုံးစီးနှင့် လူများကို အတင်း အဓ္ဓမ ဆွဲတင်သွား

-မန္တလေး ၈၄ လမ်း ၄၁/၄၂ လမ်းမှာ စတင်ပစ်ခတ်နေတယ်လို့ သိရပါတယ် ...

-အခုအလုံဆင်မင်းဈေးမှာတပ်ကအချက်(၁၀၀)လောက်ပစ်နေ။
-ခိုင်လုံတဲ့သတင်းတစ်ခုအရ ရဲတပ်ရင်းတစ်ခုက စစ်တပ်အတွက် ယူနီဖေါင်း အစုံ (၅၀) -ပို့ပေးရတယ်။ ဒီသတင်းပေါ်အခြေခံကြည့်မယ်ဆိုရင် အခုရန်ကုန်မှာ ရဲ၊ လုံထိန်းယူနီ ဖေါင်းတွေဟာ အားလုံးရဲမ ဖြစ်နိုင်ဘူး။ ရဲယူနီဖေါင်းဝတ်စစ်သားတွေလည်း ရောပါနေလိမ့်မယ်။ ဒီသတင်းကို ကမ္ဘကသိအောင် ပြောပေးကြပါ။

-လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင်လည်း သံဃာအပါး ၁၀၀၀ ကျော်ကို စစ်တပ်က၀ိုင်းထားကြောင်း သိရသည်။

- မန္တလေး လမ်း(၈၀)တွင် ပစ်ခတ်မှုများရှိ။ ထိခိုက်မှုများရှိ။ ဖုန်းဖုန်းတို့မှ ရှေ့မှချီတက်။ ဖုန်းဖုန်းများ လူများ လုံးဝကြောက်ရွံမှုမရှိပါ။

- အလုံသစ်တောလမ်းတွင် စစ်ကား(၆)စီး၊အင်အား(၁၀၀)ခန့်အပါအ၀င် စွမ်းအားရှင်များ ၀ိုင်းဖမ်း။ ရဟန်းများနှင့်လူများအဖမ်းခံရ။၊ ဖမ်းခံရ၊ရာတွင် မိန်းမပျိုလေးများပါပါဝင်။

- မန္တလေး လမ်း(၈၀)နှင့်(၂၇)လမ်းထောင့်တွင် စစ်ကြောင်းတစ်ခုတွေ့နေရပါသည်။တစ်မြို့လုံးတွင်(၅)နေရာထက်မနည်းဖြစ်ပွားနေပါသည်။နန်းရှေ့တွင်လုံခြုံရေးအဖွဲ့နှင့်ထိပ်တိုက်တွေ့နေပါသည်။လူအုပ်မှအသေခံမည်ဆိုကာတိုးဝင်လာသောကြောင့်လုံခြုံရေးများက လမ်းဖွင့်ပေးလိုက်ရပါသည်။
- ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်။
- မန္တလေးမှာ ယနေ့အင်အားအများဆုံးဖြစ်ကြောင်းသိရပါတယ်။

- ကျောင်းသားတွေက အနော်ရထာလမ်းအတိုင်း အမေရိကန်သံရုံးဘက် ဆက်ချီတက်သွားတယ် စစ်ကား ၁၀ စီးလောက် ဆူးလေဘက်မှာအသင့်စောင့်နေတယ် လောင်ချာတွေလဲပါတာတွေ့တယ် ခုထိသူတော့ လူကိုတည့်တည့်စပစ်တာမကြားသေး သူလဲဆူးလေမှာရှိနေ သိမ်ဖြူမှာတော့စပစ်တယ်လို့ကြား

- ဖုန်းကြီး ရှစ်ပါး ပျံလွန်တော်မူကြောင်းကြားရ။

- ပန်းဆိုးတန်းလမ်းပေါ်မှာ သံဃာတွေအပြည့်ဘဲ။

- ဆူးလေမီးပွိုင့်မှာတော့ပိတ်နေဆဲပါ၊ ဆန္ဒပြသူတွေက အနော်ရထာလမ်းပေါ်မှာ ပွိုင့်ဘက်ကိုဦးတည်ပြေးလိုက် ပြန်ဆုတ်လာလိုက်လုပ်နေတာတွေ့ရပါတယ်။

- အနော်ရထာလမ်းပေါ်မှာ ပြေးလွှားလှုပ်ရှားနေသူများကို ဘားလမ်းထဲကနေ လက်ခုတ်တီးအားပေးနေကြတာကိုလဲတွေ့ရပါတယ်။

- မန္တလေးမြတောင်ကျောင်းတိုက်အနီးတွင် လူအင်အား ရဟန်းအင်အားများသဖြင့်တားဆီးထားရာမှဖွင့်ပေးလိုက်ရ ၊ဘုရားကြီးဘက်တွင် ရိုက်နှက်မှုများရှိသော်လည်း (၈၂)လမ်းမှ မြောက်ဖက်သို့ဆက်လက်ချီတက်နေ။

- လူထုရဲ့ လက်ခုပ်သံတွေနဲ့ အတူ အင်အား က တစ်ဖွဲ့ကို ၅၀၀၀၀ လောက်ရှိပါတယ်

- ကည့်မြင်တိုင်ဖက်က လမ်းလျှောက်တက်လာသူတွေကို သခင်မြပန်းခြံရှေ့မှာ စစ်တပ်က ၀ိုင်းလိုက်ပြီ။

Read More...

၂၆ စက်တင်ဘာ ၂၀၀၇






Read More...

၂၆ စက်တင်ဘာ ၂၀၀၇





ယခုဓါတ်ပုံအား ပေးပို့သော... ကို D_r78 အား အထူး ကျေးဇူး.........

Read More...

၂၆ စက်တင်ဘာ ၂၀၀၇

26 Sep 07, 14:52
-မြို့တော် ခန်းမရှေ့မှာ စတင်ပစ်ခတ်ပြီ

ယုဇနပလာဇာနားမှာ လူတသိန်းလောက် စုရောက်နေပြီ ဆူးလေကို စုံရပ်အဖြစ်သွားနေကြပါတယ်။
26 Sep 07, 14:03
ဆာကူရာတာဝါမှာရှိတဲ့ လေယဉ်လက်မှတ်အရောင်းဌာနတစ်ခုကို ဖုံးဆက်တော့ မလာပါနဲ့ ဆာကူရာတာဝါတစ်ခုလုံးပိတ်ထားလိုက်ပါပြီတဲ့.... အပြင်မှာလဲ သေနတ်သံတွေကြားနေရပါတယ်။

Read More...

၂၆ စက်တင်ဘာ ၂၀၀၇

26 Sep 07, 14:00

-ရှေ့ဆောင်ရုံရှေ့ဘက်မှာ လူထုတွေ လျှောက်နေတယ်။ "ပြည်သူတွေကို သတ်ဘို့မဟုတ်ဘူး" မဟုတ်ဘူးလို့  ကြွေးကြော်နေကြပါတယ်။

26 Sep 07, 13:57

-ဆူးလေ AA phermacy ရှေ့မှာ လုံခြုံရေးလုပ်တဲ့ကောင်တွေ ဒိုင်းတွေနဲ့ ကာပြီး ဆူးလေဘုရားပေါ်တက်မရ အောင်လုပ်ထားတယ် လူတွေကတော့အများကြီးဘဲ။ အနော်ရထာလမ်းနဲ့ ဆူးလေမီးပွိုင့် မှာ ပိတ်နေပြီ၊ သေနတ်သံတွေ အတွဲလိုက်ပစ်တယ်၊ အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်။



ရွှေဂုံတိုင်မှာပြစ်ခဲ့တာ ဘုန်းဘုန်းတစ်ပါး (သို့ ) သုံးပါး ပြန်လွန်တော်မူတယ်လို့  ကြားရပါတယ်။ ပိုမိုသေချာအောင် သတင်း ထပ်ပြောပါမည်။
26 Sep 07, 13:51
လှည်းတန်းမှာ လူထုတွေထွက်ဖို့ ပြင်နေပြီ။ ဆူးလေဘက်ကို သွားကြမယ်။
26 Sep 07, 13:50
၃၄ လမ်းဘက်မှာ သေနတ်နဲ့ပစ်တာ ကောင်မလေးတယောက်ထိတယ်။

Read More...

စက်တင်ဘာ ၂၆ ရက် ၂၀၀၇

14:29
ဆူးလေမှာ ပစ်တာ ၂ ယောက်ထိသွားပြီ။

26 Sep 07, 13:42
- ဆူးလေမှာ ပြစ်နေတယ်။ သေနတ်သံတွေ ကြားနေရတယ်လို့  ပြောပါတယ်။

မြန်မာစံတော်ချိန် နေ့လည် ၁း၂၀ နာရီရွေတိဂုံ ကို လမ်းတွေအားလုံးလိုက် ပိတ်နေတယ်။ ဘုန်းကြီတွေရော လူတွေရော မေတ္တာ ပို့ နေတာ ကို ၀င်ရိုက် တာ
တဲ့ .. အဲ ဒီက ပြန်လာ တဲ့ သူ ကပြောသည်။

အလားတူ ရွှေတိဂုံနားတွင် နေထိုင်သူတဦးမှ အပေါ်က ကြည့်တာ မီးခိုးတွေ မြင်ရတယ်.. ဗဟန်း (၃) လမ်းလောက်ပဲ ဖြစ်မယ် .. မီးခိုးတွေက မျက်ရည်ရိုဗုံးက ဖြစ်မယ်ထင်တယ်။

Read More...

26 Sep 07, 13:27
ဗားကရယလူထုစစ်ကြောင်းက တာမွေဘက်မှ လူထုစစ်ကြောင်းနဲ့ ပေါင်းဖို့ အတွက် ဆက်သွယ်နေပါတယ်။ တာမွေစစ်ကြောင်းက လှမ်းဆက်သွယ်ပေးပါ။
26 Sep 07, 13:25
၁ နာရီ ၂၀ မိနစ်က ဆူးလေ မြောက်ဘက်မုဒ်မှာလည်း စစ်သားတွေ စောင့်နေတယ်။ သေနတ်ကိုယ်စီနဲ့ အဲ့ဒီက အင်အားက ၁၅ ယောက်လောက်ပဲရှိမယ်။ ဟိုက်လတ်လို စစ်ကားတစ်စီးရပ်ထားတယ်။ ဒိုင်နာ ၂ စီးရပ်ထားတယ်။ အဲ့ဒီ ဆူးလေ မြောက်ဘက်မှာပဲ ဆူးလေအခြားဘက် ၀င်ပေါက်တွေမှာလည်း စစ်သားတွေရှိတယ်။ ဆူးလေနားမှာတော့ ရဲနဲ့စစ်သားတွေအသင့်အနေအထားနဲ့ရှိနေပြီ။ ဘုန်းကြီးတွေက ရောက်မလာကြသေးဘူး။ လမ်းမှာတော့ ဖြစ်ကုန်ကြပြီပြောတယ်။ ဆူးလေဘုရားပေါ်မှာလည်း စစ်တပ်တွေ တပ်စွဲထားတယ်။ ရဲတွေက ဒိုင်းနဲ့ တုတ်တွေ ကိုင်ပြီး အရှေ့က တန်းစီရပ်နေတယ်။ သူတို့ရဲ့နောက်မှာ စစ်သားတွေက သတ်နတ်ကိုယ်စီနဲ့ တန်းစီရပ်နေတယ်။ သူတို့ရပ်နေတဲ့လမ်းကနေ လူတွေကို ဖြတ်မလျှောက်ခိုင်းတော့ဘူး။ လမ်းက အားလုံးပေါင်းလေးလမ်းရှိတယ်။ အလယ်နှစ်လမ်းကို ဖွင့်ထားတယ်။ ဘေးလမ်းသွယ်နှစ်လမ်းကိုတော့ ဒီကောင်တွေပိတ်ထားတယ်။ တစ်ဖွဲ့ကို အင်အား ၃၀ ကျော် လောက်ပဲရှိတယ်။ လူတွေကတော့ ဘာဖြစ်မလဲဆိုတာ လမ်းဆုံပလက်ဖောင်းတွေကနေ စောင့်ကြည့်နေကြတယ်။ ဒီကောင်တွေအင်အားထက် လူတွေအင်အားက ပိုများတယ်။

Read More...

Tuesday, 25 September 2007

၂၆ စက်တင်ဘာ ၂၀၀၇

26 Sep 07, 14:00

- ရွှေဂုံတိုင် မီးပွိုင့်မှာ ခုပဲ ဘုန်းဘုန်း အပါး ၂၀၀ လောက် လျှောက်သွားကြပါတယ်.. စစ်ကား ၂ စီးက သေနပ်နဲ့ ချိန်ပြီး လိုက်နေပါတယ်.. ဘုရားမှာလည်း စစ်ကားတွေ အများကြီးပါပဲ။

26 Sep 07, 14:00

- သမ္မတရုပ်ရှင်ရုံဝင်းကျင်တွင် လုံထိန်းများအသင့်ပြင်ထားတယ်လို့ သိရတယ်

26 Sep 07, 13:59

- ယခု လက်ရှိ ရဟန်း၊ သံဃာတော်များနှင့် ကျောင်းသား၊ပြည်သူများအား ရိုက်နှက်၊ပစ်ခတ်ရန် - စေခိုင်းသူများအား စိတ်ကြွဆေးများ တိုက်ထားကြောင်း သိရသည်၊

26 Sep 07, 13:59

- ဗားကရာဖက်ကလာတဲ့ လူထုတွေ ပိုများလာနေပါတယ်။

- မြန်မာပြည်မှာ GSM ဖုန်းတွေ အခု ပိတ်လိုက်ပါပြီတဲ့။

- လူတွေအများကြီး မေတ္တာသုတ်ပဲရွတ်တယ် တာမွေဘက်ကိုသွားတယ် လူတော်တော်များတယ်။

26 Sep 07, 12:52

-လူထုစစ်ကြောင်းတစ်ခု ယခုမြေနီကုန်းမီးပွိုင့်ကိုကျော်၍ ဗားဂရာဘက်သို့ ဦးတည်နေပါသည်။ လူအင်အားပိုများ လာပါသည်။

26 Sep 07, 12:50

- ယမန်နေ့ညတွင် ရဲအထူးသတင်းတပ်ဖွဲ့မှ ဒုရဲအုပ် ညိုဝင်း၊ (ရ၀တ)ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် အဖွဲ့ဝင် ၂၀ ခန့်က ကဗျာဆရာ ကိုငြိမ်းသစ်အား ၀င်ရောက်ဖမ်းဆီးခဲ့ရာ ကိုငြိမ်းသစ်အား မတွေ့သည့်အတွက် ဇနီးသည်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

26 Sep 07, 12:50

- အခု ဖြစ်နေတဲ့ ရန်ကုန်သတင်းကို အခြားမြို့ တွေ အမြန် ဖြန့် ပေးပါ။

26 Sep 07, 12:48

-ဆူးလေမှာ စစ်သားတွေနဲ့ လူတွေနဲ့ တွန်းလိုက်တိုးလိုက်တော့စဖြစ်နေပြီ

26 Sep 07, 12:48

- မန္တလေးတွင် အိမ်တော်ယာဘုရားမှ ဘုန်းဘုန်းတို့ စတင်ထွက်လာပါပြီ။ ယခင်နေ့များကထက် အင်အားများပြားပါသည်။

26 Sep 07, 12:47

-အယောက်၂၀၀ ဖမ်းထားတယ်ဆိုပါတယ်

26 Sep 07, 12:43

-မြေနီကုန်းဘက်က ဘုန်းဘုန်းတွေ အာဇာနည်ပန်းခြံကိုကျော်ဖြတ်နေပါပြီ။

26 Sep 07, 12:43

-မှာကြေးသွန်းဘုရားကြီးနားတွင်မျက်ရည်ယိုဘုန်းသူံး အခု မီခိုးများအူနေ ကြားတောရလမ်းကိုပိတ်ထား။

26 Sep 07, 12:41

-မြေနီကုန်းဘက်က ဘုန်းဘုန်းတွေထပ်ထွက်လာပြီ။ ရွှေတိဂုံဘက်ကို သွားနေပါတယ်။

26 Sep 07, 12:39

-ကိုကျော်သူ အိမ်မှ ရှောင်နေပါတယ်။ အဖမ်းမခံရပါ။ ဆက်လုပ်စရာများ ဆက်လုပ်နေမည်ဟု ပြောပါတယ်။

26 Sep 07, 12:34

ရေတာရှည်လမ်းဟောင်းထံကသူငယ်ချင်းကပြောပါတယ်..လူတွေ..အိမ်တွေတည်းဝင်ပြေးလာကြတယ်တဲ့။

26 Sep 07, 12:33

-အရှေ့ဘက်မုခ်က သတင်းများတွေ အမှန်ဖြစ်နေတာပါ။

26 Sep 07, 12:31

-သေနတ် (၆) ချက်ဖောက်တယ်။ ဘုန်းဘုန်းတစ်ပါးထိသွားတယ်။

26 Sep 07, 12:28

-ဗဟန်း(၃)လမ်းမှာကောတခြားနေရာတွေမှာလည်းဖြစ်။ ဘုရားမှာဖမ်းထားတာပိုများ။ မျက်ရည်ယိုဗုံးတွေလည်းသုံး နံပါတ်တုတ်တွေ။ ၀ါးရင်းတုတ်တွေနဲ့ ရိုက်နေကြပါတယ်။



ဗဟန်း အရှေ့ ဘက်မုခ်မှာရိုက်နေကြပြီ။ သံဃာတွေကော။မယ်သီလရှင်တွေကောလူတွေကော အရိုက်ခံနေရတယ်။ အကုန်ထွက်ပြေးနေကြရတယ်။ ဆူးလေမှာလည်း ရောက်နေကြတယ်။ ရွှေတိဂုံတွင်ကြံ့ဖွံ့များက ဘုန်းဘုန်း(၁၅)ပါးခန့်အားဝင်ရောက်ရိုက်နှက်နေကြပါတယ်

Read More...

၂၆ စက်တင်ဘာ ၂၀၀၇

၁၁း၂၇
- ဆူးလေစေတီနားမှာ ဘုန်းဘုန်းနဲ့ ပြည်သူများစတင်ရောက်ရှိနေပြီဖြစ်ကြောင်းသိရ

၁၀း၃၀ နာရီ

မနေ့ည ၁၁နာရီမှာ မိုးကုတ်မြို့မှ လူငယ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းသူ နဲ့ မပွင့်ဖြူတို့ကို နေအိမ်မှာ ရဲတွေနဲ့ စစ်သားတွေက လာရောက်ခေါ်ဆောင်သွားပါတယ်။

ဒီနေ့မနက် ၈နာရီမှာ သူတို့၏ မိသားစုဝင်တွေက မိုးကုတ်ရဲစခန်းမှုးထံ သွားရောက်မေးမြန်းရာမှာ စခန်းမှုးက စစ်ဗျူဟာရုံးကိုသာ သွားရောက်စုံစမ်းဖို့ ပြောကြားပါတယ်။ ဗျူဟာရုံးက တာဝန်ကျ ရဲဘော်တွေက သူတို့ဘာမှ မသိကြောင်းပြန်ပြောပါတယ်။ သူတို့အနေနဲ့ ယခုလို ဖုံးကွယ်နေတာဟာ မြို့လူထုက လာရောက်ဝိုင်းမှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်ကြောင်း သိရပါတယ်။



ပြည်သူ့အချစ်တော် ဇာဂနာ အဖမ်းခံရ

ရုပ်ရင်ြသရုပ်ဆောင် ဒၝရိုက်တာ ဇာဂနာ အဖမ်းခံရ
ဒေၞအောင်ဆန်းစုကည်အား အင်းစိန်ထောင်သိုႛ ပိုႛဆောင်

Read More...

၂၅ စက်တင်ဘာလ၂၀၀၇

မြန်မာနိုင်ငံအတွင်း ဆန္ဒပြသော မြို့နယ်များ

-ကျုံဒိုး

-မော်လမြိုင်

-စစ်တွေ ၅၀၀၀ ရဟန်း လူတွေ အနှောက်အယှက်မရှိ လုံခြုံရေး တင်းကျပ်ထား လောကနန္ဒာ တပ်ခွဲတခွဲထား

-ရန်ကုန် စစ်ကား၁၀စီး ရပ်ထား

-မန္တလေး မီးသတ်ကားများသုံးပြီ ခြင်ဆေးရည်ဖြန်းပြီး ပြည်သူ တွေကိုနှိမ်နင်မည်ဟု မီးသတ်တဦးကပြော

Read More...

၂၅ စက်တင်ဘာ ၂၀၀၇ ညအချိန်

နအဖ တင့်ကားများ ရန်ကုန် မြို့တော်ခန်းမရှေ့သို့ရောက်လာကြောင်း သတင်းရရှိ

Read More...

နေ့လည် ၂ နာရီ ရန်ကုန်အထွေထွေသပိတ် (စက်တင်ဘာ ၂၅ ရက် ၂၀၀၇)





ဆုံဆည်းရာသို့ ယခုပုံများကို တိုက်ရိုက်ပေးပို့သော ကို MTS အား ကျေးဇူးအထူးပါဗျား...

Read More...

၂၅ စက်တင်ဘာ ၂၀၀၇ ညနေပိုင်းရုပ်သံ

Read More...

၂၅ စက်တင်ဘာ ၂၀၀၇ ညနေ






Read More...

Tuesday, 25 September 2007

အပြည့်အစုံသို့...



ယနေ့ ဆူးလေမှ ပုံ ဖြစ်ပါတယ်။


2:05 PM
ထောင်ပေါင်းများစွာသော ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လူပရိတ်သတ် အများအပြား ရွှေတိဂုံ ဘုရားမှသည် ဆူးလေဘုရားသို့ ချီတက်လျှက်ရှိရာ ယခုအချိန်တွင် အလံပြဘုရား လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပုဒ်မ ၁၂၇ ကို ထုတ်ပြီး နှိမ်နင်းဖို့အတွက် ၁၄၁ ကို ကျူးလွန်မှ ထုတ်ခွင့်ရှိပါတယ်။ ပုဒ်မ ၁၄၁ က ဆူပူအကြမ်းဖက် လိုသူများ လူစုလူဝေး ပြုလုပ်ခြင်းစတဲ့ အချက်ပေါင်း ၅ ချက် ရှိရပါ့မယ်
အခု မေတ္တာသုတ်ရွတ်ဖတ်ပြီး လမ်းလျှောက်နေသူများဟာ အင်အား ၁ သိန်း ၂ သိန်းပဲ ဖြစ်ပါစေ ။ အကြမ်းဖက်ဆူပူလိုခြင်းမရှိဘူးဆိုတာ သိသာတဲ့အတွက် ၁၂၇ ထုတ်ရန် အကျုံးမ၀င်ဘူး မလိုအပ်ဘူးဆိုတာ လူအများသိရှိရန် အသိပေးဖြန့် ဝေပေးကြပါ။


မြန်မာစံတော်ချိန် ၁၃း၃၀

ရွှေတိဂုံ ဘုရားဘက်တွင် မနေ့ကလိုပင် များပြားသော လူထုကြီးက စိတ်ဓါတ်တတ်ကြွဖွယ်ရာ စတင် ချီတတ်နေကြပါပြီ။ ပစ်ခတ်သည်ဆိုသော သတင်းများမှာ လုပ်ကြံသတင်းများသာ ဖြစ်ပါသည်။

Read More...

၂၅ စက်တင်ဘာ ၂၀၀၇ ထောက်ကြံ မင်္ဂလာဒုံ

ထောက်ကြံ မင်္ဂလာဒုံ မှ လူမိုက်များကို အာဏာပိုင်များက အဆင်သင့်ပြင်ဆင်ခိုင်ထားကြောင်းသတင်းရရှိ

Read More...

စက်တင်ဘာ ၂၅ ရက် ၂၀၀၇

စက်တင်ဘာ ၂၅ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၂း၁၀ နာရီ

သံဃာ၊ မယ်သီလရှင်၊ ကျောင်းသား၊ ပြည်သူများ ဆန်ဒပြချီတက်လာကြတာ ဆူးလေစေတီကိုရောက်ရှိနေပါပြီ.... အဖမ်းအဆီးအနှောက်အယှက် လုံးဝမရှိပါဘူး... လူဦးရေတော်တော်လေးများပါတယ်.... ငြိမ်းချမ်းစွာ ဆန်ဒပြနေပါတယ်..

ဆုံဆည်းရာ

စက်တင်ဘာ ၂၅ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၁း၄၀ နာရီ

ထာင်ပေါင်းများစွာသော ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လူပရိတ်သတ် အများအပြား ရွှေတိဂုံ ဘုရားမှသည် ဆူးလေဘုရားသို့ ချီတက်လျှက်ရှိရာ ယခုအချိန်တွင် အလံပြဘုရား လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဆုံဆည်းရာ

ရန်ကုန်မြို့တွင် ဒုတိယနေ့မြောက် အထွေထွေသပိတ်တိုက်ပွဲစတင်

စက်တင်ဘာ ၂၅ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၁း၃၀ နာရီ

ရန်ကုန်မြို့တွင် ဒုတိယနေ့မြောက် အထွေထွေသပိတ်တိုက်ပွဲစတင်နေပါပြီ... ရွှေတိဂုံဘုရားမှနေပြီ ဘုန်းကြီးနှင့် ချီတက်ဆန္ဒပြသူများဟာ အခုချီတက်လာတာ တိရိစာန်ရုံနားရောက်နေပါပြီ... လူအင်အားနှင့် ဘုန်းကြီးအင်အား မနေ့ကထက်များပြားကြောင်း ကြားသိရပါတယ်....

ဆုံဆည်းရာ

Read More...

၂၅ ရက်နေ့ကြေးသွန်းဘုရာ့းကြီးတွင်ပြုလုပ်သော ဆွမ်းကပ်လှူပွဲသို့ တက်ရောက်လာသော NLD ပါတီဝင်များ


Align Centre

Read More...

Monday, 24 September 2007

၂၅ စက်တင်ဘာ ၂၀၀၇

ယနေ့မနက် မြန်မာစံတော်ချိန် ၁၀း၀၀ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သက်တော် (၇၆) နှစ်ရှိတဲ့ ဆရာတော်ကြီးတစ်ပါး ဆန္ဒပြလျှက်ရှိပါတယ်။

ဆရာတော်ကြီးဟာ သာမညနိဗ္ဗာန်ကျောင်းတိုက်ကဖြစ်ပြီးဘွဲ့အမည် ဦးတေဇာဘာသ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ကောင်းမွန်တာတွေ မြင်လိုသောဆန္ဒ သူ့မှာ ရှိတယ်လို့ မိန့်ကြားပြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပိုစတာကြီး (၂) ချုပ်ကိုလည်း ဖြန့်ထားပါတယ်။ ရန်ကုန်မြို့ထဲမှာတော့ ဆန္ဒပြရာမှာ ပြည်သူတွေ လိုက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမယ်လို့ အသံချဲ့စက်များနဲ့ လိုက်လံကြေညာနေပါတယ်။

ကြေးသွန်းဘုရားကြီးမှာတော့ ကိုဇာဂနာ၊ ကျော်သူ၊ အောင်ဝေး ဦးဆောင်ပြီး ဒုတိယနေ့အဖြစ် သံဃာတွေကို ဆွမ်းကပ်နေပါတယ်။

http://www.mandalaygazette.com

Read More...

Monk demostration in Rangoon



Read More...

၂၄ စက်တင်ဘာလ ၂၀၀၇ ရန်ကုန်လူထုအခြေအနေရုပ်သံ

Read More...

၂၄ စက်တင်ဘာလ ၂၀၀၇ ဓါတ်ပုံများ

Read More...

မြန်မာနိုင်ငံစာပေနှင့်အနုပညာရှင်များ သဘောထားထုတ်ပြန်

Read More...

၂၄.၉.၀၇ ကိုယ်တော်များအားဆွမ်းကပ်ရန် စောင့်နေသော ဇာဂနာ ၊ ကျော်သူ.....

Read More...

၂၄ စက်တင်ဘာလ ၂၀၀၇




Read More...

 
/* EOT ----------------------------------------- */