Tuesday, 20 May 2008
Friday, 16 May 2008
Thursday, 15 May 2008
Burma's Non-Political Flood
(Pls forward this poem to the world)
Water, water, all around me
But I am so..so… thirsty.
Here, there, human bodies' everywhere
But none alive accompany me and share.
And I look at myself
Broken hopes and empty handed.
And I look further around
Just like a post heavy-battled ground.
Wild cyclone has wiped all things down.
Where are those kids from innocent playground?
Where are students in the green and white uniform?
Where is my town always singing along country rock songs?
Where are my mates who search for freedom and independent?
Where are those local chicks with new-leaf-color lips?
Where are those parents with a too busy habit?
All my questions disappear,
All my answers whisper…and whisper.
Collaborated disaster of the nature and the dictator!
And I constantly hear voices from my empty stomach
Asking me food, forcing me speak out and stand up.
I silently speak with my loudest, to the entire world
Then mankind's sympathies come and knock my door.
Let me now open my door
'Cause those sympathies will help to fix my wounded floor.
Let me invite them with an open heart
'Cause those sympathies will help my life reconstruct.
Hello Mr. Militarists,
Your guns are currently useless,
My demands are urgently needed,
Here, I'm alive, not a corpse yet,
Neither much time left.
Together, let's work out as a nice diplomat!
(Dedicated To My Mother And People Of Burma Who Lost Lives And Who Are Hardly Survived Under Both Natural And Political Weathers!)
Wednesday, 19 March 2008
Friday, 14 March 2008
ဆန္ဒနဲ့လက်တွေ့
အခုတလော နအဖစစ်အုပ်စုကို တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင် နိုင်ငံရေးအဖွဲ့အစည်းများ အကြား အတော်ကို လှုပ်ခတ်သွားစေတဲ့ နိုင်ငံရေးလေထုတရပ် ဖြစ်ထွန်းနေပါတယ်။ အဖွဲ့အစည်းအလိုက်သော် လည်းကောင်း၊ တသီးပုဂ္ဂလအရသော်လည်းကောင်း လှုပ်ခတ်တာပါ။ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေကြတဲ့ အဖိနှိပ် ခံပြည်သူများအတွက် အရေးတကြီးဆုံးဖြတ်ရမယ့် နိုင်ငံရေး ပြဿနာတခုပါ။
ပြဿနာကို စတင်လိုက်သူကတော့ စစ်အုပ်စု နအဖပါပဲ။
မြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ်ကို သံဃာတော်တွေဦးဆောင်တဲ့ စက်တင်ဘာလူထုအုံကြွမှုကြီးက ပုဒ်မ ဖြတ်ပေးလိုက်ပါတယ်။ ၂၀၀၇ ကုန်ဆုံးသွားပေမယ့် ၂၀၀၈ နိဒါန်းဟာ သံဃာတော်တွေ အပါအ၀င် တိုက်ပွဲဝင် လူထုသွေးတွေနဲ့ တအုံ့နွေးနွေး ဖွင့်လှစ်ခဲ့တာပါ။ စစ်အုပ်စု အတော်အကြပ်ရိုက်သွားခဲ့ပါတယ်။ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားတယ်။ ကုလသမဂ္ဂနဲ့အိပ်ချင်ယောင်ဆောင်နေတဲ့ နိုင်ငံတချို့လည်း အလန့်တကြား ထကြည့်ပြော ဆိုလာရတယ်။ ကုလသမဂ္ဂက သံတမန်နည်းအရ ချဉ်းကပ်ပါတယ်။ ဂမ်ဘာရီလာတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်ရတယ်။ နအဖ ကဗိုလ်အောင်ကြည်ကို ကိုယ်စားလှယ်ခန့်ပြီး နေအိမ်အကျဉ်းကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေတယ်။ ဒိုင်ယာလော့မဟုတ်ပါ။ အဓိကကတော့ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဒေါ်အောင်ဆန်းစုကြည်အား အတင်းအဓမ္မ လက်ခံခိုင်းစေတာပါ။ ချုပ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်း ထွက်လာပါတယ်။ “အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ” ဖြစ်ပါ တယ်။
မြန့်မာ့နိုင်ငံရေးသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီစကားကို ပြောခဲ့ပါတယ်။ အခု ဒေါ်အောင် ဆန်းစုကြည်က ထပ်ပြောပါတယ်။ အခြေအနေခြင်း လုံးဝမတူပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တုန်းက အစစ အရာရာ အသားစီးကပါ။ “ရရင်ရ မရရင်ချ” ပါ။ အဲဒီတုန်းက လွတ်လပ်ရေး “မရ” ရင် “ချ” နိုင်မယ့် အခြေအနေ တွေ အားကောင်းပါတယ်။ ညီညွတ်ရေးအရရော၊ တိုက်ပွဲ(လက်နက်ကိုင်၊လူထု) အရရော အခြေအနေ ကောင်း ပြီးသားပါ။ ဖက်ဆစ်ဂျပန်ကို တော်လှန်နိုင်ခဲ့တာလည်း ဗိုလ်ချုပ်အောင်ဆန်းအတွက် စကားနောက်တရားပါသလို တရားနောက်မှာပါမယ့် အားကလည်း အဆင်သင့်ပါ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက ဗိုလ်ချုပ် အောင်ဆန်းရဲ့ အခြေအနေနဲ့ ကွာတယ်ဆိုရင် မငြင်းကြဖူးလို့ ထင်ပါတယ်။ ဒါ ပကတိ အရှိတရား ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားမှာပါတဲ့ “အကောင်းဆုံးကိုမျှော်လင့်” ဆိုတာမှာ အဆိုး ဆုံးကို ရင်ဆိုင်ကျော်လွှားပြီးမှ သီးပွင့်လာမှာ ဖြစ်ပါတယ်။ No pain, No game (အနာခံမှ အသာစံရမယ်) လို့ ပြောလိုက်တာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ ဆန္ဒစွဲလား၊ ပကတိလက်တွေ့လားဆိုတာတော့ စက်တင်ဘာ အုံကြွမှုကြီးနဲ့ လူထုအရေးတော်ပုံအဆက်ဆက်က သက်သေပြခဲ့ပြီးပါပြီ။ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ကျနော်တို့ ဘာတွေ ဘယ်လို ပြင်ဆင်ထားပါသလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ အသိဆုံးပါ။ ဒီအချိန်မှာ နအဖစစ်အုပ်စုက (၁/၂၀၀၈) နဲ့ (၂/၂၀၀၈) ကြေညာချက်များနဲ့ ပြည်သူလူထုကြီးကို စိမ်ခေါ်လိုက်ပါတယ်။ (၁/၂၀၀၈) က နအဖရဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကို အတည်ပြုဖို့ ဆန္ဒခံယူပွဲလုပ်မယ်။ ၂၀၀၈၊ မေလမှာ ဖြစ်တယ်။ (၂/၂၀၀၈) ကတော့ ရွေးကောက်ပွဲကျင်းပမယ်။ (၂၀၁၀) ခုနှစ်မှာ လုပ်မှာ ဖြစ်ပါတယ်။
ဒီတော့ ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသံတွေ ထွက်လာရပါတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲကို သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲပေးမလား။ အချိန်ကလည်း (၃) လကျော်ကျော်ပဲ ရှိတော့တာ။ မြန်မြန်ဆုံးဖြတ်၊ မြန်မြန်အကောင်အထည်ဖော်လှုပ်ရှား။ အဓိကအကျဆုံးက အဖိနှိပ်ခံ ပြည်သူ လူထုကြီးကို ဘယ်လို မက်ဆေ့ခ်ျပေးပြီး ဘယ်လို နည်းပရိယာယ်နဲ့ တိုက်ပွဲဝင်မလဲဆိုတာပါ။ အရေးကြီးပြီး အမှား မခံပါဘူး။ ဆန္ဒစွဲနဲ့ ပြောလို့မရပါဘူး။ လက်တွေ့နဲ့ ကိုက်ညီရပါမယ်။ လက်တွေ့ဆိုတာမှာ နအဖစစ်အုပ်စုရဲ့ သန္ဓေ နဲ့ လက္ခဏာ၊ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ အစဉ်အလာနဲ့ လက်ရှိမိမိ တို့ရဲ့ ပကတိအနေအထားတို့ ပါရပါမယ်။ ဖြစ်ချင်တာကို အူထဲ၊ အသည်းထဲကနေ ပြောရရင် နအဖစစ်အုပ်စုနဲ့၊ စစ်အာ ဏာရှင်စနစ်ကို တစက္ကန့်မဆိုင်းအမှုန့်ချေ ဖျက်သိမ်းလိုက်ချင်တာပါ။ ဒါဆန္ဒပါ။ ဘဝကတော့ အဲဒီလို ခွင့်ပြု၊ မပြု အများသိပြီး ဖြစ်ပါတယ်။
မြန်မာပြည်စစ်အုပ်စုနဲ့၊ စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံ ပြည်သူလူထုကြီးက မစေ့စပ်စတမ်း တိုက်ပွဲဝင် ခဲ့ပါတယ်။ ဒါသမိုင်းပါ။ အကျိုးစီးပွားအရ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ရန်ဘက်ပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ဒီမိုကရေစီစနစ်နဲ့ အကျိုးစီးပွား မဖြစ်ထွန်းနိုင်ပါ။ ၁၉၈၈ အရေးတော်ပုံကြီးရဲ့ ရလဒ်အဖြစ် ဗိုလ်နေဝင်းစစ်အုပ်စုနဲ့ မဆလ ပြုတ်ကျခဲ့ရပါတယ်။ ဗိုလ်စောမောင် (နဝတ) စစ်အုပ်စုက (၁၉၉၀) ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို မတတ်သာလို့ ကျင်းပပေးရတယ်။ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ရှင်းပါတယ်။ ဘယ်တော့မှ ဒီမိုကရေစီ မပေးပါဘူး။ ဗိုလ်စောမောင်ကို စိတ္တဇဝေဒနာရှင်အရူးအဖြစ်နဲ့ ရာထူးက ဖယ်ရှားပစ်လိုက်ပြီး ကတိအားလုံးကို ဖျက်ပစ်ပါတယ်။ နအဖက အချိန်ဆွဲတဲ့ ဗျူဟာနဲ့ အတုအယောင် အမျိုးသားညီလာခံကို ကျင်းပပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်ဆိုပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည် စေမယ့် အခြေခံဥပဒေကို အဓမ္မရေးဆွဲပါတယ်။ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို အကောင်အထည် ဖော်ပါ တယ်။ တချိန်ထဲမှာ ပြည်သူလူထုနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်သူများရဲ့ တိုက်ပွဲရလဒ်တွေကို ငြင်းပယ်ပါတယ်။ ရှုပ်ထွေးအောင်လုပ်ပါတယ်။ ဝယ်ယူ၊ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်.....စတဲ့ ချေမှုန်းရေးကိုလည်း အစဉ်တစိုက် လုပ်ပါတယ်။ စစ်အာဏာရှင်စနစ်က စစ်အာဏာရှင်အလုပ်ကို လုပ်ပါတယ်။
အဖိနှိပ်ခံပြည်သူလူထုကြီးက နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ပါတယ်။ နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ (၇) ချက်ကို လက်မခံပါဘူး။ စစ်အုပ်စုရဲ့ အခြေခံဥပဒေကိုလည်း လုံးဝလက်မခံပါဘူး။ ဒီမိုကရေစီရေး အဖွဲ့ အစည်း၊ ခေါင်းဆောင်တွေရဲ့ တိုက်ပွဲဝင် ကြွေးကြော်သံတွေကို အသက်နဲ့ရင်းပြီး အုံကြွတိုက်ပွဲဝင်နေတာ ပြည်သူလူထု ဖြစ်ပါတယ်။ အခု နအဖက (၁/၂၀၀၈) ပြည်သူ့ဆန္ဒခံယူပွဲဆိုတဲ့ ကြေညာချက်နဲ့ ပြည်သူလူထုကို စိန်ခေါ်လိုက်ပါပြီ။ ပြည်သူလူထု ဘာလုပ်မလဲ။ သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲသွားပေးမလား။ ဒါကို ဒီမိုကရေစီရေး တိုက်ပွဲဝင် အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်များက လူထုကို ဘယ်လို မက်ဆေ့ခ်ျပေးပြီး ဘယ်လို ကြွေး ကြော်သံနဲ့ ဦးဆောင်တိုက်ပွဲဝင်ကြမယ်ဆိုတာ အရေးကြီးဆုံး ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီ ခေါင်းဆောင်နှစ်ဦးနဲ့ မီဒီယာအင်တာဗျူးထဲက ကောက်နုတ်ချက်တချို့ကို ကိုးကား ဖော်ပြလိုပါတယ်။ သူတို့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်ကပါ။
NLD အမတ် လည်းဖြစ် MPU ရဲ့ တွဲဖက်အတွင်းရေးမှူး လည်းဖြစ်တဲ့ ခွန်မြင့်ထွန်းရဲ့အမြင်ကတော့.....
(“ကျနော်တဦးတည်း အမြင်အရ ပြောရမယ်ဆိုရင်တော့ နအဖရေးတဲ့ ဖွဲ့စည်းပုံအသွင်ကူးပြောင်း ရေးဆိုတဲ့ ကာလဆိုတဲ့ အချက်ထဲမှာ အချက်တချက်က ဘာပါသလဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက် ကျော်မဲနဲ့ အတည်ပြုပြဌာန်းမယ်လို့ ပါတယ်။ ဟို မဲလာပေးတဲ့ လူထက်ဝက်ကျော် မဟုတ်ဘူးနော်၊ မဲပေးပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်လို့ ပြောတဲ့အတွက် ကျနော်တဦးတည်းရဲ့ သဘောထားကတော့ ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပြည်သူလူထုအနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့အတွက်ကို ကျနော့် တဦးတည်းသဘောထား အဲဒီလိုရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကတော့ သူ့ဘဝလက်တွေ့ အခြေအနေမှာ တော့ရင် သေနတ်နဲ့ ထောက်ပြီးတော့ မဲထည့်ခိုင်းရင် သူက ဒါ ဆန့်ကျင်ကန့်ကွက်တဲ့မဲ ပေးသွာမှာပါပဲ။ ဒီအခြေ အနေကို လူထုက ဆုံးဖြတ်သွားမယ်လို့ မြင်ပါတယ်”)။ ဖေဖော်ဝါရီ ၂၃၊ ၂၀၀၈။ BBC (မြန်မာပိုင်းအစီအစဉ်)
နောက်တဦးကတော့ ဒေါက်တာတင့်ဆွေပါ။ Burma Digest မှာ ဖော်ပြထားတဲ့ ဒေါက်တာတင့်ဆွေရဲ့ “အတုအယောင် လူထုဆန္ဒခံယူပွဲ တိုက်ဖျက်ရန်မှာ (ဒိုင်လင်မာ) မဟုတ်” ဆိုသည့် ဆောင်းပါးမှ ကောက်နုတ် ချက်ပါ။
(အကယ်၍ နအဖ၏ ၂၂/၂/၂၀၀၆ နေ့ထုတ် မြန်မာ့အလင်း စာမျက်နှာ ၆-၇ ကပါ။ ကူးပြောင်းရေးကာလ ပြဌာန်းချက်များ အမှတ် (၁) အရ “ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့် နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာ တည်သည်” ဟူသည့်အတိုင်း တကယ်လုပ်မည်ဆိုပါက၊ ဆန္ဒခံယူပွဲအား “သပိတ်မှောက်ရန်” ဆော်ဩရပါမည်။ လို့ ဆိုထားပါတယ်။
ဒီနေရာမှာ ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့ နှစ်ဦးစလုံးရဲ့ အာဘော်(နုတ်ထွက်စကား)ဟာ အရေး ကြီးပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ဒီမိုကရေစီခေါင်းဆောင်တွေလည်းဖြစ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေလည်း ဖြစ်နေလို့ပါပဲ။ ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်က ပြောခဲ့ပါတယ်။ နှစ်ဦးစလုံး ကိုင်တွယ်ပြောဆိုခဲ့တာက နအဖ ရေးဆွဲနေတဲ့ အခြေခံဥပဒေမူကြမ်းပါ အသွင် ကူးပြောင်းရေးကာလ ပြဌာန်းချက်များကို ကိုင်ပြောတာပါ။ ခက်တာက နအဖရဲ့ အခြေခံဥပဒေမူကြမ်းက အတည် မပြုရသေးပါ။ ဆန္ဒခံယူပွဲကို ဖြတ်သန်းရမှာပါ။ အတည်ဖြစ်၊ မဖြစ်ကလည်း ဆန္ဒခံယူပွဲရလဒ်က ဆုံးဖြတ်ရမှာပါ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဝက်ကျော်ရဲ့ ဆန္ဒမဲဖြင့် အတည်ပြု၊ မပြုကိုလည်း နအဖက ရှင်းရှင်းလင်းလင်း မကြေညာပါဘူး။ နအဖ ရဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ” ဆိုတာမှာလည်း ဒီအချက်ကို ဘာမှ ပြောမထားပါဘူး။ ဒါကို ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့က “တကယ်လုပ်မည်ဆိုပါက” ကို အခြေခံပြီး နအဖ အနေနဲ့ ဆန္ဒခံယူပွဲဥပဒေ နောက် ဆက်တွဲထပ်ထုတ်လေဦးမလားဆိုပြီး မျှော်လင့်ချက်နဲ့ ပကတိ အပေါ် အခြေမခံဘဲ ဆန္ဒခံယူပွဲကို သပိတ် မှောက်ရေးတိုက်ပွဲနည်းနာ တင်ပြထားတာကတော့ တာဝန်ခံမှုအပိုင်းအရ ပြောရရင် မလုပ်သင့်ဘူးလို့ ထင်ပါ တယ်။ ဥပဒေမဟုတ်တာကို အဟုတ်လုပ်ကိုးကားတဲ့အတွက် လူထုကို မှားယွင်းတဲ့ မက်ဆေ့ခ်ျ ပေးသလို ဖြစ်နေပါတယ်။ ဆန္ဒခံယူပွဲလုပ်မယ့်အချိန်ကလည်း အတော့ကို နီးကပ်နေပါတယ်။ မီဒီယာတွေရဲ့ စွမ်းဆောင်နိုင်မှုကလည်း အချိန်နဲ့တပြေးညီ လူထုဆီကို ရောက်ရှိနေပါတယ်။ မှန်ကန်တဲ့ တိုက်ပွဲနည်းနာ တွေ လူထုဆီကိုရောက်ဖိုအရေးကြီးပါတယ်။ တဦးချင်းသဘောထားလို့ ဆိုရာမှာလည်း ပြည်သူလူထုကို ကိုယ်စားပြု ခဲ့တဲ့ ကိုယ်စားလှယ်တွေဖြစ်လို့လည်း အရေးပါ၊ အရေးကြီးလွန်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ အကျဉ်းကျအခြေအနေကနေ ရှားရှားပါးပါး ထွက်ပေါ်လာတဲ့ နှုတ်ထွက်စကားတွေလိုမျိုး တန်ဖိုး ကြီးလို့ပါ။
မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေကို နအဖစစ်အုပ်စုနဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးအကြား “ဘောလုံး” စကားနဲ့ပြောကြတာ ကြားရပါတယ်။ ဘောလုံးက သူ့ဘက်မှာလား၊ ကိုယ့်ဘက်မှာလားပေါ့။ “ဂန္ဒီ” ခန်းမပြီး ကတည်း က ဘောလုံးဟာ ကျနော်တို့ ခြေထဲမှာ မရှိတော့ပါ။ ဒါကို ပြည်သူလူထုကြီးက ၁၉၉၆ လှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှု စတာတွေနဲ့ ပြန်ရအောင် မနည်းကို လုပ်နေရတာပါ။ နအဖက အဓမ္မ နည်းနဲ့ ကျနော်တို့ ပြည်သူလူထုကြီးဘက်ကို ပယ်နယ်တီချည်း လှိမ့်ကန်နေတာပါ။ ၁၉၉၀ ရွေးကောက်ပွဲလှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးတွေလို (Counter Offensive) ပြန်လှန်ထိုးစစ် အဆင်ခံရလို့ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားရတာပါ။ စက်တင်ဘာ အုံးကြွမှုမှာ လူထုရဲ့ သမိုင်းတာဝန်ကျေမှုက အံ့မခန်းစရာပါ။ တချို့ဆို ဟုတ်မှဟုတ်ရဲ့လားလို့ မှင်တက်မိနေကြတယ် မဟုတ်ပါလား။ မြန်မာပြည် ပြည်သူလူ ထုကြီးက သမိုင်းတလျှောက်လုံး တာဝန်ကျေခဲ့တာပါ။ စစ်အာဏာရှင်စနစ် သန္ဓေစတည်ဖို့ ကြိုးစားခဲ့တဲ့ အချိန် ကာလကစလို့ ယနေ့ အထိပါပဲ။
ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြသူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် ဖျက်သိမ်း ပစ်ဖို့ သမိုင်းတာဝန် ကျေကြဖို့ပါပဲ။ ပြည်သူလူထုရဲ့ ပကတိ အနေအထား က စစ်အာဏာရှင်စနစ်ရဲ့ ဓားအောက် မှာ အချိန်နှင့်အမျှ နေနေရတာပါ။ စစ်အုပ်စု အကြောက်ဆုံးကလည်း ပြည်သူလူထုကြီးကိုပါ။ အကြောက်ဆုံး ဖြစ်လို့လည်း မလှန်နိုင်အောင် အနိုင်ကျင့် ဖိနှိပ်ထားပါတယ်။ ဒါဟာ နအဖ စစ်အုပ်စုရဲ့ ပင်ကိုယ်လက္ခဏာ လည်းဖြစ်၊ သွေးရူးသွေးတန်း ရူးသွပ်မှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မရပါဘူး။ လူထုကြီးက အုံကြွ တိုက်ပွဲ ၀င်လျက်ပါ။ ဒီမိုကရေစီရေးတိုက်ပွဲ ဦးဆောင်သူတွေက လူထုကို မှန်ကန်တဲ့ ဦးဆောင်မှု ပေးရမှာပါ။ အဲဒီလို ဦးဆောင်မှုပေးဖို့ဆိုရင် လူထုနဲ့ တသားတည်းရှိဖို့ လိုပါတယ်။ ဘယ်လို တသား တည်း ရှိအောင်လုပ် မလဲဆိုတာက ကိုယ့်ပြဿနာပါ။ တော်လှန်ရေးပါတီ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ကြေညာချက်တွေနဲ့ ကန့်ကွက်ဆန္ဒမဲပေးကြဖို့ လူထုကိုရော အဖွဲ့အစည်းအသီးသီးကိုပါ တပ်လှန့် စည်းရုံးလိုက်ပါတယ်။ တကယ်လို့ နအဖရဲ့ အဓမ္မဆန္ဒခံယူပွဲမှာ နအဖ က တဘက်သတ်အနိုင်ယူပြီး ဘယ်သူကမှ လက်မခံတဲ့ ညောင်နှစ်ပင် အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ရင် ဆက်လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်မှုရှိဖို့ကိုလည်း တော်လှန်ရေး သတိ နဲ့ပိုင်းဖြတ်ချက် ရှိရပါမယ်။ လူထုကို လက်တွေ့ကျကျ ရှေ့ကနေ မားမားမတ်မတ်ဦးဆောင်ပြီး တိုက်ပွဲဝင် ချီတက်သွားဖို့က ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင် အဖွဲ့အစည်းများရဲ့ တာဝန်ဖြစ်ပါတယ်။ သမိုင်းက အညှာ အတာကင်းသလို သမိုင်းကိုညာလို့လည်းမရပါဘူး။
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရေးဟာ အဖိနှိပ်ခံပြည်သူတွေရဲ့ သေနင်္ဂဗျူဟာ ဖြစ်ပါတယ်။ ဘယ်လို တိုက်ပွဲဝင်ကြမလဲ ဆိုတာကတော့ နည်းနာပိုင်းပါပဲ။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက် နေတာဖြစ်လို့ နအဖရဲ့ လမ်းပြမြေပုံ၊ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖရဲ့ အခြေခံဥပဒေကိုလည်း လုံးဝလက် မခံနိုင်ပါဘူး။ အဲဒီ လက်မခံနိုင်မှုကို လက်တွေ့ကျကျ အကောင်အထည် ဖေါ်ရမှာပါ။ ဆန္ဒခံယူပွဲကို သပိတ် မှောက်လို့ ဖြစ်နိုင်၊ မဖြစ်နိုင်နဲ့ အောင်မြင်မှု ရှိနိုင်၊ မရှိနိုင်ဆိုတာ အရေးကြီးပြီး အချိန်မီဆုံးဖြတ် အကောင် အထည်ဖေါ်ရမှာပါ။ ဒါကို ပြောရတာဟာ လူထုနဲ့ လူထုတိုက်ပွဲကို ယုံကြည်လွန်းလို့ ပြောရတာပါ။ ကျနော်တို့က လူထုအပေါ် တောင်းဆိုရုံသက်သက်နဲ့ တာဝန်မကျေသေးပါဘူး။ လက်တွေ့ဦးဆောင်ပြရမှာပါ။ တောင်းဆိုရာမှာ လည်း ဆန္ဒစွဲနဲ့ တောင်းဆိုလို့ မရပါဘူး။ အချက်အလက်ခိုင်မာဖို့လိုပါတယ်။ ကျနော်တို့ ဘက်က ရှစ်လေးလုံး အရေးတော်ပုံကြီးလို၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးလို လူထုတိုက်ပွဲမျိုး (၃)လအတွင်းမှာ ဖေါ်ဆောင် နိုင်ပါသလား ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ဒါကလည်း လူထုနဲ့ တသားတည်းဖြစ်နေတဲ့ လူထုလုပ်ငန်းကို စနစ်တကျလုပ်ကိုင်နေတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေက အသိဆုံးပါ။ ဒါ့ကြောင့် လူထုအနေနဲ့ ကန့်ကွက် ဆန္ဒမဲ ပေးပြီး နအဖရဲ့ အခြေခံဥပဒေကို ရိုက်ချိုးပစ်ရပါလိမ့်မယ်။ ဒီလို လူထုအနေနဲ့ မဲရုံသွားပြီး ကန့်ကွက်ဆန္ဒမဲ ပေးတာကို နအဖရဲ့ လမ်းပြမြေပုံကို အသိအမှတ်ပြုသလို ဖြစ်တယ်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုပစ်ပယ် တာဖြစ်တယ်လို့ တကြောင်းဆွဲ တွေးပြီး ယတိပြတ်ပြောလို့မရပါဘူး။ ကန့်ကွက်မဲပေးပြီး လက်တွေ့ကျကျ သပိတ် မှောက်လိုက်တာ ဖြစ်ပါတယ်။ နအဖ စစ်အုပ်စုကလည်း သူ့စစ်အာဏာရှင် အကျိုးစီးပွားဘက်က နည်းပေါင်း စုံသုံးပြီး အဓမ္မ ချေမှုန်းမှာဖြစ်ပါတယ်။ လူထုကလည်း တိုက်ပွဲကို အဆင့်ဆင့်မြှင့်ပြီး တိုက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ကျနော်တို့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အကြားမှာ ညီညွတ်ရေးက အရေးကြီးပါတယ်။ သမိုင်းဝင် နေသူရိန်ခေတ်က ညီညွတ်ရေးမျိုး အထူးလိုအပ်ပါတယ်။ ဒါမှလည်း ဘုံရန်သူ စစ်အာဏာရှင် ကိုတိုက်ဖို့ အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်တရပ် အခိုင်အမာပေါ်လာနိုင်ပါမယ်။ အဲဒီကနေ တဆင့် အဆင့်ဆင့်မြှင့်လို့ တိုက်ပွဲဝင်လူထုကြီးနှင့် အတူ ..............။
ရဲဘော်ကိုပေါက်
၆၊ ၃၊ ၂၀၀၈။
Thursday, 28 February 2008
Friday, 22 February 2008
ဖဒို မန်းရှာ ( သို့ မဟုတ် ) ဧရာဝတီမှ ဒေါန ရေဆန်
(၁)
ဒီ ဖေဖေါ်ဝါရီလထဲမှာက တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရစရာတွေကလဲ များပြားလှပါတယ်။ ကျနော်နဲ့သန်ကောင်စာရင်းတခုတည်း အတူနေဖြစ်ခဲ့တဲ့ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ဆုံးခဲ့တာလဲ ဖေဖေါ်ဝါရီလထဲမှာ ဖြစ်ခဲ့သလို၊
ဆရာမြသန်းတင့် နဲ့ကိုသိန်းတင် (စာရေးဆရာတင်သိန်းမောင်ခေါ် ပထ၀ီမောင်တင်) ဆုံးခဲ့ တာလဲ ဖေဖေါ်ဝါရီထဲမှာပါပဲ။ ဦးမြသန်းတင့်နဲ့ ကိုသိန်းတင်ဆိုရင် - တရက်တည်း တနေ့တည်းတောင်အတူတူ သင်္ဂြိုလ်ခဲ့ရလေသတဲ့။ ဦးမြသန်းတင့်က ဆေးရုံကြီး မှာ ဆုံးခဲ့တာဖြစ်ပြီး ကိုသိန်းတင်က အင်းစိန်ထောင်မှာ ထောင်ချခံနေရရင်း ဆုံးခဲ့ရတာဖြစ်ပေမဲ့၊ သင်္ဂြိုလ်ခဲ့ရတဲ့နေ့ရက်ကတော့ တရက်တည်းဖြစ်ခဲ့ရပါတယ်။ အဲဒီ တုန်းက အမေလူထုဒေါ်အမာကတောင် ‘နှမျောတသ ယူကျုံးမရနဲ့ လွမ်းလောက်တဲ့ရေးဖေါ်တွေ’ လို့ခေါင်းစည်းတပ်ပြီး အမှတ်တရရေးခဲ့ဖူးပါ တယ်။ ကျနော် ကိုယ်တိုင်လဲ ‘ချစ်စွာသော ကိုသိန်းတင်’ လို့ခေါင်းစည်းတပ်ပြီး ပထမဆုံး ‘ခေတ်ပြိုင်’ ကနေ ရေးခဲ့ဖူးပါတယ်။ နောက်တော့ - ‘သံတိုင်ကြား ကြွေသွားရတဲ့ ကြယ် စင်တွေ’ ဆိုပြီး ရုပ်ပုံလွှာပေါင်းချုပ်အဖြစ် (၂၀၀၁) ခုနှစ်ထဲမှာ ထုတ်ဝေတဲ့အခါ ‘ချစ်စွာသော ကိုသိန်းတင်’ လဲ ပါဝင်ခဲ့ပါတယ်။ ပြီးတော့ - ကျနော်အင်မတန် ချစ်ခင်လေးစားတဲ့ ဦးလေးဦးခင်မောင်မြင့် (ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌကြီး ဦးခင်မောင်မြင့်) ထောင်ထဲမှာပဲ သူရဲကောင်းပီသစွာ ကျဆုံးကွယ်လွန်ခဲ့ရတာ ဟာလဲ အခုလို ဖေဖေါ်ဝါရီလထဲမှာပဲ မဟုတ်လား။
ဒီနှစ် ဖေဖေါ်ဝါရီလဆန်းကတည်းကပဲ အမေရိကန်မှာနေတဲ့ မိတ်ဆွေတယောက်က ဦးမြသန်းတင့်နဲ့ပတ်သက်တဲ့ ကဗျာ ဆောင်းပါး ရုပ်ပုံလွှာ တခုခု ရေးထားတာများမရှိဘူးလား၊ ရှိရင်ပေးစမ်းပါလို့ ကျနော့်ဆီ လှမ်းစာရေးခဲ့ပါသေးတယ်။ ဦးမြသန်းတင့်ဆိုတာ ဘယ်လိုစာရေးဆရာကြီးလဲဆိုတာ တော်တော်များ များ သိပြီးဖြစ်ပါတယ်။ ထောင်လဲ ကျဖူး၊ ကျွန်းလဲ အပို့ခံရဖူးရုံမက မြေပေါ်နိုင်ငံရေးပါတီ လှုပ်ရှားမှုတွေမှာ ပြည်သူ့တိုးတက်ရေးပါတီရဲ့ဗဟိုကော် မီတီဝင်အဖြစ်လဲ ဆောင်ရွက်ခဲ့ဖူးသူ မဟုတ်လား။ ထောင်ကို ဘ၀တက္ကသိုလ်လို့ မကြာခဏရေးခဲ့ပြီး၊ ကျွန်းကအပြန်မှာတော့ ကျွန်းကို နောက်ခံကားအဖြစ်ထားတဲ့ သူ့ရဲ့နာမည်ကြီး ၀တ္ထုကြီး ‘ဓါးတောင်’ ကိုရေးခြယ်ခဲ့တယ် မဟုတ်လား။ ပြီးခဲ့တဲ့ပတ်ထဲကပဲ အမေရိကန်မှာပဲနေနေတဲ့ ကျနော့်ရဲ့မိတ်ဆွေကြီးကိုစိုးချိန်ကလဲ ကျနော့်ဆီဖုန်းဆက်ပြီး ကိုနိုင်ဝင်း ( နိုင်ဝင်းဆွေ) ရဲ့ဇာတိရပ်ရွာ နောက်ခံနဲ့မိဘဆွေမျိုးသားချင်းတွေအကြောင်း မှတ်မှတ်ရရမေးလာပြန်ပါတယ်။ ဂျပန်က အာဟာရစာစောင်ကလုပ်မယ့် ဆရာမြသန်းတင့် - နိုင်ဝင်းဆွေ အမှတ်တရနဲ့စာစောင်အထိမ်းအမှတ်အတွက် သိလိုရာရာလေးတွေ အချက်အလက်လေးတွေကို စုဆောင်းပေးဖို့တဆင့် မေးမြန်း ကြည့်တာပါ-တဲ့။ ကျနော့်မှာ တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရစရာတွေချည်း အဆက်မပြတ်ဖြစ်နေခဲ့ရပါတယ်။
အဲဒီလို ဖေဖေါ်ဝါရီလထဲမှာ တိုက်တိုက်ဆိုင်ဆိုင်အမှတ်ရစရာတွေကို တသီတတန်းကြီးသတိရနေမိဆဲမှာပဲ၊ ဟော - - ဖဒိုမန်းရှာတယောက် ကျဆုံး ကွယ်လွန်သွားရပြန်ပြီ - တဲ့ ။
တနေ့ကပဲ ကျနော့်ဇနီးသည်က ပန်းသီး အခွံနွှာဖို့အရိုးဝါ၀ါနဲ့ဓါးလေးကို ထုတ်ယူလာတော့ ‘ဒါ - ဖထီးဖဒို မန်းရှာပေးခဲ့တဲ့ ဓါးလေးကွ - ’ လို့ပြောမိ သေးတယ်။ အခုတော့ ဖဒိုမန်းရှာတယောက်လဲ ဆုံးပါးရပြန်ပြီ။ ဥရောပမှာတော့ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ဟာ ‘ချစ်သူများနေ့’ ပေါ့။ ချစ်သူတွေက ချစ်သူတွေ ကိုချစ်စရာ နှင်းဆီပန်း လှလှလေးတွေပေးကြ၊ မေတ္တာရဲ့အမှတ်အသားတွေကို မွှေးမြတဲ့နှင်းဆီပန်းဖူး ပန်းငုံလေးတွေနဲ့ ဆွတ်ဆွတ်ပျံ့ပျံ့ပို့သ ဖေါ်ပြနေကြတဲ့ အချိန်မှာ၊ ပြည်တွင်းစစ်မီး အရှိန်တငြီးငြီး တောက်လောင်နေရဆဲ ကျနော်တို့နိုင်ငံလို ငြိမ်းချမ်းရေးငတ် ဒီမိုကရေစီငတ် အမျိုးသားသွေးစည်းညီညွတ်မှုငတ် နိုင်ငံ တွေအဖို့မှာတော့၊ မုန်းသူတွေက မုန်းသူတွေကို ကျည်ဆံတွေ သတ်ဖြတ်မှုတွေ လုပ်ကြံမှုတွေနဲ့ပဲ ယုတ်ယုတ်မာမာ ပက်ပက်စက်စက် ပေးဝေဖေါ်ပြ နေကြပါရော့ ကလား။ ဖဒိုမန်းရှာလို ပုဂ္ဂိုလ်တယောက် သွေးမြေကျခဲ့ရတာ ကြေကွဲစရာပါပဲ။
( ၂ )
အကြောင်းအမျိုးမျိုးကြောင့် ၀နယ်ကနေ မာနယ်ပလောဆီ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ကို တာဝန်ယူခေါ်ဆောင်သွားခဲ့သူဟာ ဖဒိုမန်းရှာပါ။ ပြည်တွင်း မှာ ကိုနိုင်ဝင်းနောက်ဆုံး ထုတ်ဝေသွားခဲ့တဲ့ လုံးချင်းဝတ္ထုရှည်စာအုပ်ကြီးဟာ ‘ရေဆန်လမ်း’ ပါ။ ဒီရေဆန်လမ်းဝတ္ထုကြီးကို ကိုနိုင်ဝင်းဟာ ကျနော်နဲ့အတူနေနေ တဲ့ကာလ၊ အင်းစိန်ဖေါ့ကန်က တဲစုတ်သာသာ အိမ်အိုလေးထဲမှာပဲ တကုပ်ကုပ်အထပ်ထပ်ရေးနေခဲ့ပါတယ်။ ကျနော့်ရှေ့မှာပဲ ရေးနေခဲ့တာ ဖြစ်တော့၊ တခါတရံ သူဈာန်ဝင် ရေးသားနေချိန်တွေမှာ ကျနော်ကပဲ ပန်းခူး ရေလောင်းအလုပ်တွေ ၀င်ဝင်လုပ်လိုက်ရတာ ခဏခဏပါပဲ။ တဲသာသာ အိမ်အိုလေးရဲ့ရှေ့မှာက နှင်းဆီနီ ခင်းကြီးဟာ ကျနော်တို့အတွက်ရင်လှိုင်းခုန်ဖွယ် သက်ဝင်ပန်းချီကားတချပ်သာ မဟုတ်၊ ကျနော်တို့ရဲ့ အဓိကထမင်းအိုးကြီးလဲ ဖြစ်နေရတဲ့ကာလမဟုတ်လား။ ကိုနီဟိန်းနဲ့ ကိုကြည်နိုင် ရေးလာခဲ့တဲ့ ‘ရေဆန်လမ်းအတွက်အမှာ’ ကို ကျနော်တို့ဝိုင်းဝန်းဖတ်ရှုဝေဖန်အတည်ပြု ပေးခဲ့ကြပါတယ်။ ကိုနိုင်ဝင်းက တော်လှန်ရေးကို ရေဆန်လမ်းအဖြစ် မြင်ခဲ့ပါတယ်။ ရေဆန်လမ်းအဖြစ် ပမာတင်ခဲ့ပါတယ်။ စာပေအနုပညာယဉ်ကျေးမှု စစ်မျက်နှာမှာလဲ ယဉ်ကျေးမှုဟောင်းကို ဆန့်ကျင်ပြီး ယဉ်ကျေးမှုသစ်ဆီ ရှေ့ရှုရာမှာ၊ တော်လှန်တဲ့စာပေ အနုပညာဟာ ဖောက်ပြန်တဲ့စာပေအနုပညာကို တိုက်ပွဲဆင်ရင်း၊ ဖောက်ပြန်တဲ့ရေပုပ်မြောင်း ရေစီးဟောင်းကို ဆန့်ကျင်ပြီး တွန်းလှန်ဆန်တက် လှော်ခတ်ရတဲ့ ရေဆန်လမ်းအဖြစ် နိမိတ်ပုံယူခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကြိုက်တာ မကြိုက်တာတွေ ခဏထား၊ ဒီစာအုပ်နဲ့ပတ် သက်ပြီး အသံပလံတွေတော့ တော်တော်လေးထွက်ခဲ့ပါတယ်။ ဆရာစွမ်း (မောင်စွမ်းရည်) ကဆိုရင် - သူ့ရဲ့ ‘မြန်မာစာပေဘာလဲ ဘယ်လဲ’ ထဲမှာ ရေဆန်လမ်း ဝေဖန်ရေးထဲမှာ ‘ -- နိုင်ဝင်းဆွေရေ - တွေ့လား တွေ့လား ကျောက်ဆောင်’ လို့တောင် ရေးခဲ့ဖူးပါတယ်။
ဒီနေရာမှာ ထပ်ပြီး တိုက်ဆိုင်လာပြန်တာက၊ ဖဒိုမန်းရှာရဲ့ ကလောင်နာမည်တခုဟာလဲ ‘ရေဆန်’ ဆိုတာပါပဲ။ ရေဆန်လမ်းရဲ့လက်ရာရှင် ကိုနိုင်ဝင်းဆွေကို ၀နယ်ကနေ မာနယ်ပလောဆီ တာဝန်ယူခေါ်ဆောင်လာခဲ့သူဟာဖထီး ဖဒိုမန်းရှာပါ။ ‘ရေဆန်’ ဆိုတဲ့ ကလောင်ရှင် ဖဒိုမန်းရှာပါ။ ကိုနိုင်ဝင်းက သူ့ရဲ့ ‘ရေဆန်လမ်း’ ကို ဘာလို့ရေဆန်လမ်းလို့ နာမည်တပ်ခဲ့တာလဲဆိုတာတော့ ထိုက်သင့်သလောက်သိရှိခဲ့ပြီးဖြစ်ပေမဲ့၊ ဖဒိုမန်းရှာက ဘာလို့ ‘ရေဆန်’ ဆိုတဲ့ ကလောင်နာမည်ကို ခံယူခဲ့သလဲ ဆိုတာကိုတော့ ခုချိန်အထိ ကျနော်မသိပါ။ ‘ရေဆန်’ ဆိုတဲ့ကလောင်ရှင်ရဲ့ဆောင်းပါးတွေ လက်ရာတွေကိုတော့၊ ကရင်ဘာသာ နဲ့ရော ဗမာဘာသာနဲ့ပါ ထုတ်ဝေနေတဲ့ ‘သနူထူ’ ဂျာနယ်မှာ မကြာခဏတွေ့ရ မြင်ရ ဖတ်ရှုရရင်း ထူးထူးခြားခြားသတိမူမိ မှတ်သားမိနေပေမဲ့၊ ‘ရေဆန်’ ဆိုတာ ဖထီးမန်းရှာမှန်း၊ ကွဲကွဲပြားပြားသိရတာတောင် သိပ်မကြာလှသေးပါ။ ကိုနိုင်ဝင်းဆွေ ကွယ်လွန်ခြင်း (၁၀) နှစ်မြောက် ‘မဟူရာမေတ္တာရှင်၏ တော်လှန်ရေးစာပေ မှတ်တိုင်’ ဆိုတဲ့ အထိမ်းအမှတ်စာအုပ် ထွက်လာတဲ့ (၂၀၀၅) ခုနှစ်ထဲကမှ၊ ဆရာရေဆန်ရဲ့ ကိုနိုင်ဝင်းဆွေအမှတ်တရ ‘တောင်ရိုင်းပေါ်က တေးပန်းချီ’ ကို ဖတ်ရ ရင်း ပြက်ပြက်ထင်ထင် သိရှိလာခဲ့ရတာ ဖြစ်ပါတယ်။
ကိုနိုင်ဝင်းတယောက် ၀နယ်ကနေ မာနယ်ပလောကို ဖထီးဖဒိုမန်းရှားတို့နဲ့ လိုက်ပါသွားခဲ့တာဖြစ်တယ် ဆိုတာကိုတော့၊ ကျနော် တရုတ်ပြည်ဖက် ခြမ်း ရောက်စကတည်းက သိပြီးဖြစ်တဲ့အတွက်၊ ကျနော် ပထမဦးဆုံး ဖထီးဖဒိုမန်းရှာနဲ့ လူချင်းစတင်ဆုံဆည်းခွင့်ရစဉ် - ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာ ကာလကတည်းက ကိုနိုင်ဝင်းဆွေဘယ်လို ကျဆုံးသွားခဲ့ရသလဲဆိုတာရဲ့အဖြစ်သနစ်ကိုတော့ ဖထီးဖဒိုမန်းရှာကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းခဲ့ဖူးပါတယ်။ ဖထီး ဖဒိုမန်းရှာကလဲ ကိုနိုင်ဝင်းဆွေရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို ကျနော့်ကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြခဲ့ဖူးပါတယ်။ လေအေးအေးလေးနဲ့ပဲ တလုံးချင်း တချက်ချင်း ဖြေးဖြေးဆေးဆေးရှင်းပြပြောဆိုနေတဲ့ ဖဒိုမန်းရှာရဲ့မျက်နှာပေါ်မှာတော့ ခံစားမှုအရိပ်တွေ သိသိသာသာေ၀၀ဲနေတာ အတိုင်းသားတွေ့နေရပါ တယ်။မာနယ်ပလော လက်လွတ်ခဲ့ရမှုနဲ့ဆက်စပ်ပြီး ပြောဆိုနေရတာဖြစ်တဲ့အတွက် သူ့လေသံဟာ တချက်တချက် ဆို့နစ်ဆိုင်းပျနေသလို၊ အင်မတန် ကရင်ပီသ လှတဲ့ သူ့မျက်နှာပေါ်က ကရင်မေးရိုး ကားကားကြီးဟာလဲ တင်းကနဲတင်းကနဲ ရံဖန်ရံခါ ဖြစ်ဖြစ်သွားတာ သတိထားမိလိုက်ပါတယ်။ အဲဒီတုန်းက ဖထီးဖဒိုမန်းရှာ ဟာ NLD – LA က ဥက္ကဋ္ဌ - ဦးတင်အောင်တို့နဲ့အတူတူ ဂန္ဓာလရာဇ်ဖက်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ သူတို့ရောက်လာနေစဉ် တလျောက်လုံး သူတို့လျှို့ဝှက် တည်းခိုနေရာ တည်းခိုခန်းကို ကျနော်နေ့စဉ် မှန်မှန်ရောက်နေရပါတယ်။ တခါတရံ မနက်အစောကြီးကတည်းက အဖေါ်သွားလုပ်နေရရင်း၊ ညမိုးချုပ်မှ အိမ်ပြန်ရ တဲ့အခါမျိုးတွေလဲ ရှိခဲ့ဖူးပါတယ်။ မနက်စာရော ညစာပါ သူတို့တွေနဲ့ပဲ အတူတူစားဖြစ်ခဲ့ရတာတွေလဲ အကြိမ်ကြိမ်ပါ။ အများအားဖြင့်တော့ တည်းခိုရာဟိုတယ်နဲ့ သိပ်မဝေးလှတဲ့နေရာက ကြုံရာ ရှိရာ စားသောက်ဆိုင်လေးတွေမှာပဲ စားဖြစ်ကြတာ များပါတယ်။ မနက်စောစောစာစားရင် ဦးတင်အောင်နဲ့ ဖထီးဖဒိုမန်းရှာက တိုဟူးပျော့နဲ့ရှမ်းခေါက်ဆွဲကိုပဲ မကြာမကြာ စားတတ်ကြပါတယ်။ နေ့လည်စာ ညနေစာထမင်းစားကြပြီဆိုရင်တော့ ‘ဖထီး ဘာစားမလဲ-ကြည့်လေ-’ လို့ပြောရင် သူက မြစ်ဝကျွန်းပေါ်သား ဇာတိပြလာသလားမသိပါ၊ ငါးဒါမှမဟုတ် ပုစွန်ဆိတ်သေးသေးလေးတွေကို လက်ညှိုးထိုး ပြလေ့ရှိပြီး၊ ပုစွန်ဆိတ်သေးသေးလေးတွေကို နီနေအောင်ကြော်ထားတာကို နှစ်နှစ်သက်သက် စားလေ့ရှိပါတယ်။ တခါတော့ သူကြိုက်တတ်မှန်းသိလို့ တဦးက နောက်တပွဲမှာလိုက်တဲ့အတွက် အဲဒီနေ့ညစာ အပြီးမှာ ပုစွန်ဆိတ်ကြော်လေးတွေက မကုန်ပဲတော်တော်ကို ပိုကျန်နေပါတယ်။ အဲဒါကို ဖထီးကဆိုင်ရှင်ဆီ ကျွတ်ကျွတ်အိတ်လေးတောင်းပြီး အိတ်ထဲအကုန် ထည့်ပါတယ်။ ကျနော်က သူအခန်းထဲရောက်တဲ့အခါ ရေနွေးကြမ်းနဲ့မြည်းဖို့ ယူနေတာနေမှာလို့ တွေးမိလိုက်ပါတယ်။ လတ်စသတ်တော့ - ဘယ်ဟုတ်မလဲ၊ ထုပ်ပြီးတဲ့အခါ ‘ခင်ဗျား - အိမ်ကိုယူသွားပါဗျ၊ နှမြောစရာကြီး ဗျာ - အိမ်မှာ ကလေးတွေ စားရတာပေါ့ - ’ လို့ပြောပြီး ကျနော့်ကို ထိုးပေးတာကိုလဲ အကြောင်း တိုက်ဆိုင်တိုင်း မကြာမကြာသတိရစရာ ဖြစ်နေခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ချိုးခြံချွေတာတတ်မှုကို ကျနော်ဖျတ်ကနဲမြင်လိုက်ရပါတယ်။
ဖထီးနဲ့ထမင်းအတူစားဖြစ်ခဲ့တဲ့ အကြိမ်တော်တော်များများကြုံခဲ့ရရာမှာ ကျနော်သတိထားမိတာတခုက ဖဒိုမန်းရှာ အရက်သောက်လေ့ မရှိတာလဲ ပါ ပါတယ်။ ညစာစားကြတဲ့အချိန်မှာ တော်တော်များများကတော့ အရက်သောက်ကြလေ့ ရှိပါတယ်။ အနိမ့်ဆုံး ဆေးဖြစ်ဝါးဖြစ်တို့ မိတ်ဖြစ်ဆွေဖြစ်တို့၊ လူကြီးလူ ကောင်းသောက်တို့ ဆိုတာတွေလောက်တော့ အများတကာ့အများစုကြီက သောက်ကြစားကြပါတယ်။ အဲဒီထမင်းစားပွဲတွေထဲမှာ ဖထီးသောက်တာ မတွေ့ရပါ။ ထိုင်းဖက်မှာ တခြားနေရာတွေမှာ သောက်မသောက်တော့ ကျနော်မသိပါ၊ ဂန္ဓာလရာဇ်ဖက်မှာ ကျနော်တို့နဲ့အတူဆုံဖူး စားဖူးကြစဉ်တွေတိုင်းမှာတော့ ဖထီးတခါမှ အရက်သောက်လေ့မရှိတာကို ကျနော်သတိထားမိပါတယ်။ သူများတွေ အရက်သောက်နေချိန်မှာ ဖထီးကတော့ ဟင်းချိုပူပူ ဒါမှမဟုတ် ရေနွေးကြမ်းကိုပဲ တဖူးဖူး မှုတ်သောက်နေတတ်ပြီး၊ အသားထက် ဟင်းသီးဟင်းရွက်တွေကိုပဲ ပိုကြိုက်ပိုစားတတ်တာကိုလဲ မြင်လိုက်ရ သတိထားမိလိုက်ရပါတယ်။ အသီးလဲ တော်တော် ကြိုက်တာ တွေ့လိုက်ရပါတယ်။ အခန်းထဲမှာ ပန်းသီး ဒါမှမဟုတ် တရုတ်လို ‘လိဇစ်’ လို့ခေါ်တဲ့ တရုတ်သစ်တော်သီး အရည်ရွှမ်းရွှမ်းတွေကိုတော့၊ ဒီဖက်ရောက်မှ ဟိုတယ်ဘေးက ဆိုင်လေးတဆိုင်က ကောက်ဝယ်လိုက်တဲ့ အရိုးဝါ၀ါ ဓါးလေးတချောင်းနဲ့ အခွံနွှာပြီး အားရပါးရစားနေလေ့ ရှိပါတယ်။ (သူပြန်တော့ - ကျနော့်ကို အဲဒီ ဓါးဝါ၀ါလေးကိုလဲ အိမ်ယူသွားဖို့ပေးထားခဲ့လို့ အဲဒီဓါးဝါ၀ါလေးကိုမြင်တိုင်း ဖျတ်ကနဲ ဖျတ်ကနဲ သတိရမိတတ်တာ၊ ဖထီးမဆုံးခင် တရက်ကျော်ကပဲ တိုက်တိုက်ဆိုင်ဆိုင် ဇနီးသည်ကို ပြောမိသေးတာ ဖြစ်ပါတယ်။)
အဲဒီတုန်းက တည်းခိုရာအခန်းထဲမှာ တရုတ်တီဗွီလဲရှိရာမှာ တီဗွီလိုင်းတော်တော်များများ ဖမ်းယူကြည့်ရှုလို့ရပေမဲ့၊ ဖထီးကတော့ အမြဲတန်းလိုလို ဂန္တ၀င်မြောက် တရုတ်တော်လှန်ရေး ရုပ်ရှင်ကားဟောင်းကြီးတွေကိုပဲ စိတ်ဝင်စားစွာကြည့်နေလေ့ရှိပြီး၊ ပြောက်ကျားတိုက်ပွဲကားတွေ ယူဂျီလှုပ်ရှားမှုနောက်ခံ ရုပ်ရှင်ကားတွေကိုလဲ သဘောတကျကြည့်နေတတ်တာ တွေ့လိုက်ရပါတယ်။ သူ စိတ်ပါဝင်စားစွာ စူးစူးစိုက်စိုက်ကြည့်နေပြီဆိုရင် - သူ့မျက်နှာပေါ်က သိသိသာ သာ ပေါ်လွင်နေတဲ့၊ သူ့ရဲ့ထူထူထဲထဲမျက်ခုံးမွှေး ရှည်ရှည်ကားကားကြီးအစုံအောက်က မျက်လုံးတွေဟာလဲ စူးစူးရှရှဖြစ်နေတတ်တာ တွေ့ရပါတယ်။
တရုတ်တော်လှန်ရေး ရုပ်ရှင်ကားဟောင်းကြီးတွေကို ကြည့်နေရာက၊ အလ္လာပ သလ္လာပစကား ဆက်စပ်ပြောမိကြရာမှာ ကရင့်တော်လှန်ရေး သမိုင်း ကြောင်းထဲက စောဘဦးကြီး၊ မန်းဘဇံနဲ့ မုဆိုးကော်ကဆာအကြောင်းလဲ ဖထီးဆီက တပိုင်းတစ ကြားလိုက်ရပါတယ်။ မုဆိုးကော်ကဆာ ဘာလို့သမိုင်းဇာတ်ခုံ ပေါ်ကနေ ဇာတ်ခုံအောက်ရောက်သွားရသလဲ ဆိုတာရဲ့ပုဂ္ဂိုလ်ရေးသဘောသဘာဝ တစွန်းတစကို အမှတ်မထင်ဖျတ်ကနဲ ကြားလိုက်ရပါတယ်။ သမိုင်းမှာ တာ ထွက်ကောင်းခဲ့ကြပေမဲ့၊ တချို့သော အထင်ကရသမိုင်းဇာတ်ဆောင်ကြီးတွေ၊ ဇာတ်ကောင်ကြီးတွေဟာ လမ်းခုလတ်မှာပဲ သမိုင်းဇာတ်ခုံပေါ်ကနေ ရုပ်ပျက် ဆင်းပျက် ဆင်းပြေးကြရ ပျောက်ကွယ်သွားကြရတာဟာ အဓိကကတော့ နိုင်ငံရေးရပ်တည်ချက်ကြောင့်ဆိုတာ သံဝေဂယူဖွယ် ကြားလိုက်ရပါတယ်။ ဖဒိုမန်းရှာရဲ့ တော်လှန်ရေးစိတ်ဓါတ်နဲ့ခိုင်မာတဲ့ ရပ်တည်ချက်ကို ဖျတ်ကနဲ ကျနော် မြင်လိုက်ရပါတယ်။
( ၃ )
ကျနော့်တဦးချင်းအနေနဲ့ ဖဒိုမန်းရှာနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေထဲမှာ - သူတို့တတွေ ကေအိုင်အိုနဲ့တွေ့ဆုံဖို့ လာကြတဲ့အခေါက်တုန်းက အဖြစ် အပျက်လေးတွေကိုလဲ ရံဖန်ရံခါ သတိရမိနေပါတယ်။ အဲဒီတုန်းကဖဒိုမန်းရှာနဲ့အတူတူ ဂန္ဓာလရာဇ်ဖက် ရောက်လာကြသူတွေကတော့ ဦးခွန်မာကိုဘန်နဲ့ ကိုအောင်စောဦး။
အဲဒီအခေါက်တုန်းက သူတို့က ကျနော်တို့နေတဲ့ မြို့ဖက်ဆီကို ရောက်မလာပဲ၊ ကေအိုင်အိုဌာနချုပ်နဲ့ သိပ်မဝေးလှတဲ့ တရုတ်ဖက်ခြမ်းက မြို့လေးတ မြို့ဆီ တန်းပြီးဝင်လိုက်ကြတော့၊ ကိုမြမောင် (ကိုအောင်ကျော်ဇော) နဲ့ကျနော်ကသူတို့ရောက်နေရာ ‘ယင်ကျန်း’ အထိသွားတွေ့ရတဲ့ အခေါက်ဖြစ်ပါတယ်။ ကေအိုင်အိုနဲ့ ချိန်းဆိုထားကြပြီး သူတို့က တည်းခိုခန်းတခုမှာတည်းရင်း စောင့်နေကြတာ ဖြစ်တဲ့အတွက်၊ ကိုမြမောင်နဲ့ကျနော်ကလဲ သူတို့တည်းတဲ့ တည်းခိုခန်း မှာ သွားမတည်းတော့ပဲ၊ နှစ်ယောက်သား တခြားတည်းခိုခန်းတခုမှာ တည်းလိုက်ကြပါတယ်။ ကိုမြမောင်နဲ့ကျနော်ဟာ နှစ်ယောက်ခန်းတခုကို ယူလိုက်ကြပြီး၊ ပါလာခဲ့ကြတဲ့ ခရီးဆောင်အိတ်သေးသေးလေးနှစ်လုံးကို ကိုယ်တည်းမယ့်အခန်းလေးထဲမှာပဲ ချန်ထားခဲ့ကြကာ ဖထီးတို့ဆီ သွားတွေ့ကြပါတယ်။ ရောက်ရောက် ချင်း မျက်နှာသွားပြနှင့်တဲ့ သဘောပါ။ ဖထီးတို့ သူတို့ကိစ္စတွေနဲ့သူတို့ - လုပ်စရာရှိတာတွေ လုပ်ာကြ၊ ချိန်းထားသူတွေနဲ့တွော့က ဆုံကြပြီးတဲ့နောက်မှ၊ အားတဲ့ အချိန်နဲ့ အခြေအနေကိုကြည့်ပြီး နောက်ထပ်အေးအေးဆေးဆေးသွားတွေ့ကြ ဖို့ရည်ရွယ်ပြီး သွားတွေ့ကြတာပါ။ ထင်ထားတဲ့အတိုင်းပဲ ဖထီးတို့နဲ့ချိန်းထားတဲ့ ဧည့်သည်တွေရဲ့ ကားဝင်ကားထွက်တွေကိုလဲ ဟိုတယ်ဝင်းကြီးထဲ ရောက်ရောက်ချင်း မြင်နေရတဲ့အတွက်၊ သူတို့အားမယ့်အချိန် ညပိုင်းမှပဲထပ်လာတော့မယ်လို့ ပြောပြီး နှစ်ယောက်သား တည်းခိုရာဆီ ပြန်လာကြပါတယ်။ လမ်းမှာ ကိုမြမောင်က ဖထီးကိုမှတ်မှတ်ရရ လက်ဆောင်ပေးဖို့ အင်းင်္ကျီနှစ်ထည်ပါလာခဲ့တာကို ပြောပြပါတယ်။ သူ့မိတ်ဆွေတွေဆီကရထားတဲ့ဒီ အင်းင်္ကျီနှစ်ထည်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖထီး ဒီဖက်ရောက်လာတာနဲ့ကြုံတုန်း၊ လက်ဆောင်ပေးဖို့ အကောင်း ဆုံးဖြစ်သွားရတာကို သူကပြုံးပြုံး ပြုံးပြုံးနဲ့ ပြောပြပါတယ်။ ‘အင်းင်္ကျီတွေက အင်ဒိုနီးရှားပါတိတ်အစစ် အင်းင်္ကျီတွေဗျ -’ လို့ပြောတဲ့အတွက် ကနုတ်ပန်းခွေ ပန်း နွယ်ဒီဇိုင်းလှလှလေးတွေနဲ့ အရောင်စိုစို အင်ဒိုနီရှားပါတိတ်အင်းင်္ကျီတွေကို ၀တ်လေ့ရှိတဲ့ ဆရာတာရာကိုတောင် ကျနော်က ဖျတ်ကနဲ သွားသတိရလိုက်မိပါ သေးတယ်။
ငှါးထားတဲ့ အခန်းလေးထဲ နှစ်ယောက်သားပြန်ရောက်ကြတော့၊ ကိုမြမောင်က ကုတင်ပေါ်တင်ထားခဲ့တဲ့ သူ့ခရီးဆောင်အိတ်လေးကို ဆွဲဖွင့်လှစ်ရင်း ‘ဟာ - သွားပြီ ’ ဆိုတဲ့အသံပါ ထွက်လာပါတော့တယ်။ ကျနော်က ဘာလို့လဲဆိုတဲ့သဘောမျိုးနဲ့သူ့မျက်နှာကို ကြည့်လိုက်တော့၊ ‘ဖထီးအတွက် ယူလာခဲ့တဲ့ ပါတိတ်အင်းကျီ နှစ်ထည်လုံး - ပါသွားဘီ၊ တထည်မှကို မရှိတော့ဘူး၊ နှစ်ထည်လုံးကို အကုန်မသွားတာပဲ တောက်’ ဆိုတဲ့အသံ ထပ်ထွက်လာပါတော့တယ်။ အခန်းတံခါးကို ဂျက်ကောင်းကောင်းကျအောင် ချသွားပိတ်သွားခဲ့ပါလျက်နဲ့ ဒီအခန်းတွေအကြောင်း ကောင်းကောင်းသိထားတဲ့၊ ဒီတည်းခိုခန်းက တာဝန်ကျ အခန်းသော့ကိုင် ကောင်မလေးတွေနဲ့ တစုံတရာဆက်စပ်ပတ်သက်နေတဲ့ အတွင်းသူခိုးတယောက်ယောက်က ကျနော်တို့အပြင်သွားနေတုန်း စိမ်ပြေနပြေ ၀င်ယူ ၀င်ခိုးသွားခဲ့တာ ခံလိုက်ရတာဖြစ်ပါတယ်။ တည်းခိုခန်းပိုင်ရှင်ကို အကျိုးအကြောင်းသွားပြောခဲ့ပေမဲ့၊ ဘာမှအဖြေမထွက်တော့ပါ။ တည်းခိုခန်းပိုင်ရှင်လုပ်သူရဲ့ သူတို့အလျော်ပေးရမှာနဲ့ နာမည်ပျက်မှာစိုးတဲ့အတွက် ‘ဒီတည်းခိုခန်းမှာ ဒါမျိုး ဒီလိုပျောက်တာ ရှတာမျိုးတခါမှ မဖြစ်ဖူးပါဘူး’ ဆိုတဲ့သဘောမျိုး ဘူးပိတ်ပြောဆို ဖြေရှင်းလိုက်တာသာ အောင့်သက်သက်နဲ့ ကြားနာခဲ့ရပါတော့တယ်။ ကိုမြမောင်ရဲ့ဖထီးအတွက် တခုတ်တရယူဆောင်လာခဲ့တဲ့ ပါတိတ်အင်င်္ကျီလက်ဆောင်ဟာ တည်းခိုခန်းက ဓါတ်သိအတွင်းသူခိုးရဲ့ ကြားဝင်ဖျောင်တာ ခံလိုက်ရရင်း၊ စိတ်မကောင်းစရာ အမှတ်တရတခုသဖွယ်သာ ဖြစ်ခဲ့ရပါတော့တယ်။
ညပိုင်းမှာ ဖထီးနဲ့ကျနော်တို့တွေ - အေးအေးဆေးဆေးစကားပြောခွင့်ရပါတယ်။ အဲဒီတုန်းက ‘ပီဒီ’ တောင် မပေါ်သေးပါ။ ဖထီးက ‘ပီဒီ’ ဆိုတဲ့ နိုင်ငံရေးအန်တုမှု လုပ်ငန်းအကြောင်း စပြောတော့၊ ကျနော်က ‘အန်တုမှု’ ဆိုတဲ့ဝေါဟာရအပေါ် ဝေါဟာရအရ သိပ်ဘ၀င်မကျ လှတာကို ပြန်ပြောမိပါသေးတယ်။ အန်တုတယ်ဆိုတာ ကိုယ့်ဖက်က သိပ်အနိမ့်ဆုံးအခြေအနေမှာ ရှိနေပြီး၊ ကိုယ်နဲ့ဘယ်လိုမှ ယှဉ်လို့မရနိုင်အောင် တန်ခိုးသြဇာပါဝါ အပြတ်အသတ်ကြီးလွန်းနေသူ ကိုပြန်ပြီး၊ ယှဉ်ပြိုင်နေတဲ့သဘော ဆောင်တယ်လို့ထင်တယ်။ ဖားတုလို့ ခရုပြိုင်ဆိုတာမျိုး၊ ဆီးစေ့နဲ့ မြင့်မိုရ်တောင်သဘောမျိုး သက်ရောက်နေမှာစိုးတယ်၊ အနက် နိမ့်လွန်းနေမှာ စိုးတယ်လို့ ပြန်ပြောမိခဲ့သေးတယ်။ အဲဒီတုန်းက ဖထီးက ဖွဖွလေးပြုံးနေခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီလိုသာ ဝေါဟာရအပေါ်မှာ ကျနော်မြင်သလို ပြောကြည့်ခဲ့ဖူးပေမဲ့၊ ကျနော်ဟာ ‘ပီဒီ’ နဲ့တခါမှ တရားဝင်မပတ်သက်ခဲ့ဖူးပါ။
အဲဒီတုန်းက ဖထီးတို့ ယင်ကျန်းကနေ ပြန်ထွက်ခါနီးမှာလဲ သတင်းတပုဒ်ဝင်လာတဲ့အတွက်၊ ကိုအောင်စောဦးနဲ့တိုင်ပင်ပြီး၊ ဖထီးတို့လုံခြုံရေးအတွက် ကျနော့်မှာ တတ်နိုင်သလောက် ကြံဖန်စီစဉ်ပေးလိုက်ရပါသေးတယ်။ ဖြစ်ပုံက ဖထီးတို့ ဒီဖက်ရောက်လာနေတယ်လို့ သတင်းအစအနအနံ့ကို ရလိုက်တဲ့သူတဦး က ဖထီးနဲ့တွေ့ချင်လို့ဆိုပြီး အခုဖထီးတို့ရောက်နေတဲ့မြို့ကို တက်လာနေပြီ - ဆိုတဲ့အခိုင်အမာသတင်းတခု ၀င်လာခဲ့တဲ့အတွက် အဲဒီလူနဲ့မတိုးမိအောင်၊ ဖထီးတို့ လဲ လုံလုံခြုံခြုံနဲ့တခြားမြို့တမြို့ကို ရောက်ရှိသွားအောင် ကျနော့်ဟာကျနော်စဉ်းစားပြီး စီစဉ်ပေးလိုက်ရတာဖြစ်ပါတယ်။ ဖထီးနဲ့တွေ့ချင်လို့ တက်လာတယ်ဆိုတဲ့ လူဟာ တချိန်ကဖထီးနဲ့သိကျွမ်းခဲ့တာ အမှန်ပဲဖြစ်ပေမဲ့၊ နောက်ဆုံးအနေအထားက စိတ်မချရတဲ့ အဖွဲ့တဖွဲ့မှာ ရောက်ရှိနေပြီး၊ လူကလဲ နေရာတော်တော်များများ မှာ နာမည်ပျက်နေသူဖြစ်တဲ့အတွက် မတိုးမိ မဆုံဆည်းမိအောင် အဲဒီလိုအရေးပေါ် စီစဉ်ပေးလိုက်ရတာဖြစ်ပါတယ်။ အဲဒီကိစ္စကို ကိုအောင်စောဦးကလဲ ဖထီးကို သေသေချာချာရှင်းပြပြီး၊ နောက်ဆုံးမှာ ခရီးစဉ်ကို အောင်အောင်မြင်မြင် အရွှေ့အပြောင်းအကူးအဆက် လုပ်နိုင်ခဲ့ကြပါတယ်။ ကျနော့်မှာ ဖထီးတို့အေးအေးဆေး ဆေး သွားလိုရာသွား၊ ရောက်လိုရာ ရောက်သွားကြပြီ ဆိုမှ သက်ပြင်းချနိုင်ခဲ့ပါတော့တယ်။
(၄)
တကယ်က ကျနော်ဟာ ဖထီးနဲ့ထဲထဲဝင်ဝင်ရင်းရင်းနှီးနှီးဖြစ်ခွင့် များများစားစား မရှိခဲ့ပါ။ ဒါပေမဲ့ စာဖတ်တာကိုလဲ မွေ့လျော်၊ ကိုယ်တိုင်လဲ ‘ရေဆန်’ ဆိုတဲ့ နာမည်နဲ့စာတွေ ဆောင်းပါးတွေရေးနေတဲ့ ဖထီးဟာ ကျနော့်ကို နိုင်ငံရေးသမားမှန်းလဲသိ၊ စာပေသမားမှန်း ကဗျာသမားမှန်းလဲ သိနေတဲ့အတွက် ‘ဂျူးလိ ယက်ဖူးချစ်’ ရဲ့ ‘ကြိုးစင်ပေါ်က မှတ်တမ်းများ’ကို ရှာပေးဖို့ကိုတော့ တခုတ်တရ မှာဖူးပါတယ်။ ကျနော်ကလဲ သူ့ကို ကျနော့်ရဲ့ ပထမဆုံး လုံးချင်းကဗျာစာအုပ် ကလေး ‘နိုးနေသော လင်္ကာသည်’ ကို စာပေလက်ဆောင်အဖြစ် မှတ်မှတ်ရရပေးခဲ့ဖူးပါတယ်။
အနက်ရောင်နောက်ခံပေါ်မှာ တငုံတည်းသော နှင်းဆီနီဖူးပန်းချီ မျက်နှာဖုံးလေးနဲ့ထုတ်ဝေခဲ့တဲ့ မူရင်းကဗျာစာအုပ်လေးကိုပဲ ရှားရှားပါးပါး လက် ဆောင်အဖြစ် အမှတ်တရ ပေးခဲ့ဖူးတာပါ။ ‘ရေဆန်’ ဆိုတာ ဖဒိုဖန်းရှာမှန်း သိရပြီးတဲ့နောက်ပိုင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖဒိုမန်းရှာအနေနဲ့ စုံစုံစေ့စေ့မပြော နိုင်တဲ့ ဖဒိုမန်းရှာရဲ့နှလုံးသားထဲက ရင်တွင်းစကားတွေကို ‘ရေဆန်’ ကနေတဆင့် ပြည့်ပြည့်စုံစုံ ကြားနာလိုက်ရတာတွေလဲ ရှိပါတယ်။ ဖဒိုမန်းရှာကို ဖဒိုမန်းရှာက နေ အပြင်၊ ရေဆန်ကပါ မြင်လိုက်ရတဲ့ ရုပ်ပုံလွှာဟာ ပိုပြီးပီပီသသ ထင်သာမြင်သာ ရှိခဲ့ပါတယ်။ ‘ရေဆန်’ ရဲ့ ‘ချစ်ရဲဘော်များသို့ ပေးစာ’ တွေကို အလျဉ်းသင့် သလို ကျနော် ဂရုတစိုက်ဖတ်ခဲ့ဖူးပါတယ်။ ကရင်ပီသလှတဲ့၊ ကရင်ပီပီ ကရင်မျိုးချစ်စိတ်ဓါတ် မြင့်မားလှတဲ့ ဖဒိုမန်းရှာဟာ သူ့ရဲ့ ‘ချစ်ရဲဘော်များသို့ ပေးစာ’ တခု ထဲကနေ ‘မျက်မှောက် ကရင်အမျိုးသားများရဲ့ စံတန်ဖိုးဟာ ဘာလဲ’ ဆိုတာကို ဖေါ်ထုတ်ဖွင့်ဆိုရင်း သူ့ရဲ့တိုက်ပွဲဝင်စိတ်ဓါတ်ကို ပြသခဲ့တာ မှတ်မှတ်ထင်ထင် သတိရနေပါတယ်။ သူက ‘ယနေ့လူတွေဟာ စံတန်ဘိုး ဆိုတဲ့စကားလုံးကို အတော်သုံးနှုန်း ပြောဆိုလာကြပါတယ်။ လူသားတွေရဲ့စံတန်ဖိုး၊ ဥရောပရဲ့စံတန်ဖိုး၊ အာရှရဲ့စံတန်ဖိုး - စတာတွေကို ပြောနေကြပါတယ်။ ဒီလိုဆိုရင် ကရင်အမျိုးသားများအတွက်၊ အထူးသဖြင့် လူမျိုးတမျိုးအဖြစ်လုံခြုံစွာ ရပ်တည်သွားကြဖို့ ပိုင်းဖြတ် ထားကြတဲ့ ကရင်မျိုးချစ်များအတွက် မျက်မှောက်ကာလ ကရင်အမျိုးသားများရဲ့စံတန်ဘိုးဟာ ဘာလဲ’ ဆိုတာကို မေးခွန်းအဖြစ်မေးလိုက်ပြီး၊ ‘ကရင် လူမျိုးတွေဟာ သမိုင်းမှာ ဘယ်လူမျိုးကိုမှရန်ပြုခြင်း ကျွန်ပြုခြင်းမရှိခဲ့၊ တခြားအမျိုးသားတွေနဲ့ အေးအေးချမ်းချမ်း သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြတယ်။ ဒါဟာ ကရင်အမျိုးသားတွေရဲ့ စံတန်ဖိုးလား။ ရိုးရိုးအေးအေးနဲ့ ရောင့်ရဲတင်းတိမ် လွယ်တတ်ကြတယ်၊ မာန်မာန မောက်မာထောင်လွှားမှုတွေ နည်းတတ်ကြတယ်၊ ဒါဟာ စံတန်ဖိုးလား။ တာဝန်ကျေတတ်ကြတယ်၊ မိမိလူမျိုးအပေါ် ကျွန်ပြုထားသူများထံမှာ အမှုထမ်းဖြစ်ခဲ့ရင်တောင် ကျိုးနွံသစ္စာမြဲလေ့ ရှိတယ်။ ဒါဟာ စံလား။’ လို့ စသဖြင့် စသဖြင့် - ဖွင့်ဆိုဖေါ်ပြပြီးတဲ့နောက် သူကိုယ်တိုင် အဖြေပေးလိုက်တာကတော့၊ ‘ကရင်အမျိုးသားတွေဟာ မတရားမှုအပေါ် ဘယ်တော့မှ ဦးမညွှတ်ဆိုတဲ့ စိတ်ဓါတ်နဲ့ဇွဲသတ္တိ’ ပါပဲ လို့ဖွင့်ဆို ဟစ်ကြွေးခဲ့ပါတယ်။ဖဒိုမန်းရှာက ရေဆန်နေရာကနေ- ‘ကျနော့်အနေနဲ့ကတော့ တွေဝေခြင်းအလျဉ်းမရှိ ရှင်းလင်းပြတ်သားတဲ့ အဖြေကို ပေးပါတယ်။ ဒါကတော့ မျက်မှောက်ကရင်အမျိုးသားတို့ရဲ့ စံတန်ဘိုးဟာ မတရားမှုအပေါ် ဘယ်သောအခါမျှ ဦးမညွှတ်ဆိုတဲ့ ကရင်အမျိုးသားတို့ရဲ့ စိတ်ဓာတ်နဲ့ဇွဲသတ္တိပါဘဲ။ ဒါကို တိကျရှင်းလင်းစွာ ထင်ဟပ်ပေးနေတာကတော့ ကေအဲန်ယူ ဦးဆောင်တဲ့ ကရင့်အမျိုးသားတော်လှန်ရေးကြီးပါပဲ၊’ လို့ဖော်ကျူးခဲ့ပါ တယ်။ ဖဒိုမန်းရှာရဲ့ ‘ဦးမညွှတ်’ ဆိုတဲ့စိတ်ဓါတ်ကို ရေဆန်ကနေ ပီပီသသ မြင်လိုက်ရပါတယ်။ ကျနော်လေးစားပါတယ်။
(၅)
ဖဒိုမန်းရှာတယောက် ကျဆုံးသွားရပြီ ဆိုတဲ့သတင်းကို ကြားလိုက်ရ ကြားလိုက်ရခြင်း စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပါတယ်။
သူနဲ့ကြုံရ ဆုံရဖူးစဉ်က သူ့ရဲ့ပြောဟန် ဆိုဟန် ရုပ်ပုံမှန်ကို ဖျတ်ကနဲ ဖျတ်ကနဲ တကျော့ပြန် ပြန်လည်မြင်ယောင်မိနေပါတယ်။ ပြီးတော့ - မီဒီယာ အ သီးသီးကနေ ‘ဗျူးသံ’ တွေထဲကနေ - သူ့ရဲ့ခိုင်မာပြတ်သားလှတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ပေါ်ကနေ ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့တဲ့ တိုက်ပွဲခေါ်သံ တုန့်ပြန်သံတွေကိုလဲ လတ်လတ်ဆတ်ဆတ်ကြီးပဲ ပြန်လည်ကြားယောင်နေမိပါတယ်။ ပြီးတော့ - ‘ရေဆန်’ ဆိုတဲ့ ကလောင်တချောင်းဆီကနေ မကြာခဏထွက်ပေါ် ရင့်ကျူးဖော်ထုတ် ပြသလိုက်တဲ့ ကရင့်ဇွဲမာန် ဖားစည်သံတွေကိုလဲ ပဲ့တင်ညံအောင် ပြန်လည်ကြားယောင် မြင်ယောင်နေမိရပါတယ်။ ရေဆန် ဆိုတာ - ရေစုန်မဟုတ်တဲ့အတွက် အားထုတ်ရမှု လုံးပမ်းရမှုတွေ အသင်္ချေနဲ့ဒဏ်ရာဆင့်ရ ဆုံးရှုံးရမှုတွေလဲ တော်တော်ကို များပြားလွန်းလှပါကလား။
တနေ့က (ဖေဖေါ်ဝါရီ - ၁ဂရက်နေ့က) ပဲ သူ့ဈာပနကို ဘယ်လိုကျင်းပတယ်ဆိုတာ မီဒီယာတွေကနေ ပြည့်ပြည့်စုံစုံ ကျနော် နားထောင်နေမိပါ တယ်။ နှင်းဆီပင်လယ်ကြီးထဲမှာပဲ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနဲ့အညီ သရဏဂုံတင်သံ အမျှပေးဝေသံတွေရော၊ ခရစ်ယာန်လို ဓမ္မတေးသံ ဆုတောင်းသံတွေပါ ပေါင်းဆက်စီးမျောနေတာ ကြားလိုက်ရ သိလိုက်ရပါတယ်။ ဒီလို ဘာသာကြီးနှစ်ခုရဲ့ မ္မတေးသံတွေ ပေါင်းဆက်စီးမျောနေတဲ့ ဈာပနတခုကို လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) လောက်က ဆရာဗန်းမော်တင်အောင်ရဲ့ဈာပနမှာ ကျနော်ကိုယ်တိုင် မြင်လိုက်ရ သိလိုက်ရ ကြုံလိုက်ရ လိုက်ပါပို့ဆောင်လိုက်ရ ဖူးပါတယ်။ ဒီတခါတော့- ဖထီးဖဒိုမန်းရှာရဲ့ ဈာပနမှာပေါ့။ လေလှိုင်းသံတွေကနေတဆင့် ကြားလိုက်ရ မြင်လိုက်ရ သိလိုက်ရပါတယ်။
ဈာပနကို ကိုယ်တိုင် လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိခဲ့ပေမဲ့၊ ဖထီးအတွက် ရက်လည်ဆွမ်းသွတ် အမျှအတန်းပေးဝေမှုကိုတော့၊ အဝေးကနေ- ဂန္ဓာလ ရာဇ်ကျေးကနေ - ကနေ့မနက်မှာပဲ ကျနော်တို့တတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် - ဖထီးရေ - အမျှ အမျှ။ ။
(၀င်းတင့်ထွန်း) ၂၀၊ ၂၊ ၂၀၀၈
Thursday, 21 February 2008
နအဖ ၏ ယုတ်မာပက်စက်သော အခိုင်အမာလုပ်ကြံမှု ရေတိမ်နစ်ကျဆုံးရသူ ကရင့်ခေါင်းဆောင် ဖဒိုမန်းရှာ
--------- Forwarded message ----------
From: "S.H.A.N."
To: shan-eu@onlinehome.de
Date: Wed, 20 Feb 2008 14:19:16 +0700
Subject: Karen leadership takes junta to task for killing
No.15 - 2/2008
20 February 2008
Politics
Karen leadership takes junta to task for killing
Saying 22-more of the top and mid level leaders are on the list of the assassins, the beleaguered Karen National Union (KNU) has pointed an accusing finger at the country’s ruling junta for the Valentine’s Day assassination of its secretary general.
According to a radio conversation intercepted by the KNU, Soe Myint aka San Byoke, a former KNU member, had reported to Col Myat Tun Oo, Burma Army, at 18:37, one and a half hours following the killing of Mahn Sha Laphan, that “the mission” had been “accomplished” and two of his members were now back in Myawaddy, opposite Maesod where the shooting took place.
Two men had taken advantage of the slack in security and shot Mahn Sha to death at his rented house. The two then escaped in a black Toyota truck. It was later discovered by the police at the bank of the Moei that bisects the two countries not far from the Thai-Burma Friendship bridge.
22-more, including himself, are on the hit list, according to Brig-Gen Saw Hsar Gay, a KNU Central Committee member, who was interviewed by SHAN on 18 February during the funeral service.
San Byoke had served as a police major at the KNU’s 7th Brigade until 2003 when he defected to the pro-junta Democratic Karen Buddhist Army (DKBA), he added. He is currently an adviser to the group’s 999th Battalion.
The slain leader’s responsibilities are now shared between his two deputies, Tu Tu Lay, 61, and David Tarkabaw, 73, in accordance with the decisions reached at the ad hoc meeting held by the KNU leadership following his killing.
________________________________________
For further information, please contact S.H.A.N. at:
Shan Herald Agency for News
P.O. Box 15
Nonghoi P.O
Chiangmai 50007
Thailand
e-mail:
Ph: 66-81-5312837
Website:
www.shanland.org, www.bnionline.net,
S.H.A.N. is an independent Shan media group. It is not affiliated to any political or armed organization.
News related to Shan & Burma, including other interested news items are collected and posted from time to time for your information.Those interested are requested to write to "Shan Herald Agency for News"
Monday, 18 February 2008
ကြိုးစင်ပေါ်မှမှတ်တမ်းများ ... အခဏ်း (၆)
အခန်း - ၆
၁၉၄၂ - ခုနှစ်၊ မာရှယ်လော
၁၉၄၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့။
လွန်ခဲ့သော တနှစ်တိတိက ဖြစ်လေသည်။
သူတို့သည် စစ်ဆေးမေးမြန်းရာဌာနမှ ကျနော့်အား “ဘိုင်စကုပ်ရုံ” သို့ခေါ်ချသွားကြသည်။ ဤသည်ကား နံပါတ်လေးရာမှလူသိုက်၏ နေ့စဉ်ကျင့်ဝတ် ဖြစ်လေသည်။ မွန်းတည့်တွင် ပန်းကရာ့စ်မှ ယူလာကြသော နေ့လည်စာကို ဆင်း၍စားကြရသည်။ မွန်းလွဲပိုင်းတွင် လေးထပ်ပေါ်သို့ ပြန်တက်ကြရသည်။ သို့သော် ထိုနေ့တွင်ကား ကျနော်တို့သည် အပေါ်ထပ်သို့ ပြန်၍ မတက်ကြရပေ။
ခင်ဗျားသည် တနေရာတွင်ထိုင်၍ အစာစားရသည်။ ဇွန်းများဖြင့်တမျိုး၊ ဝါးမြုံ့ ခြင်းဖြင့်တဖုံ၊ အလုပ်များနေကြသော အကျဉ်းသမားတို့သည် ခုံတန်း ရှည်များပေါ်၌ ပြည့်၍နေသည်။ အတော်ကလေးပင် လူ့လောကဆန်နေသည်။ နံနက်ဖြန်တွင် သေကြတော့မည့် သူအားလုံးသည် အရိုးစုများဘဝသို့ ယခုတမ ဟုတ်ချင်း ကူးပြောင်းသွားမည်ဆိုပါက ဇွန်းသံ မြေပန်းကန်သံများသည် အရိုးခြစ်သံ၊ ခြောက်သွေ့သော မေးရိုးရိုက်သံများအလည်တွင်၊ ပျောက်ကွယ်သွားပေလိမ့် မည်။ သို့သော်ထိုအကြာင်းကို မည်သူမျှမရိပ်မိကြသေး။ လူတိုင်းလူတိုင်းသည် ရက်သတ္တပတ်များ၊ လများ၊ နှစ်များကြာမြင့်စွာနေထိုင်ကြရန် ကိုယ်ခန္ဓာကိုအစာခွန့် ၍ နေကြလေသည်။
စည်းစိမ်ရှိလိုက်တာဟူ၍ပင် ပြောနိုင်လောက်ပေသည်။ ထို့နောက် လေအဟုန်သည်ဗြုံးကနဲ ပြင်းထန်စွာတိုးဝင်လာသည်။ ထို့နောက် တဖန်ငြိမ်သက် သွားပြန်သည်။ ထောင်စောင့်များ၏ မျက်နှာရိပ်မျက်နှာကဲများ အရသာတစုံတခုဖြစ်နေပြီကို ခန့်မှန်း၍ရမည်။ ထို့နောက် ကျနော်တို့အား ခေါ်ထုတ်ကြ၍ ပန်းက ရာ့စ် ပြန်ရန်တန်းစီခိုင်းကြသည့်အတွက်၊ တခုခုဖြစ်နေပြီဆိုသည်မှာ ပို၍ပင်ရှင်းလာတော့သည်။ နေ့လည်မွန်းတည့်ကြီးမှာ ပါကလား။ ဒီလိုတခါမှ မဖြစ်ဖူးဘူး။ နေ့ ဝက်မျှ အစစ်အဆေး မခံရတော့ခြင်းဟူသည်မှာ အဖြေပေးရန်မရှိသော မေးခွန်းများကြောင့် ပင်ပန်းနွမ်းနယ်နေဆဲတွင် ထာဝရသခင်၏ မေတ္တာလက်ဆောင် ရောက်လာ သည်နှင့်ပင် တူနေလေသည်။ ထိုသို့လည်း ထင်လောက်ပေသည်။ အမှန်ကား ထိုသို့မဟုတ်။
စင်္ကြံထဲတွင် ကျနော်တို့သည် ဗိုလ်ချုပ်ကြီး အဲလိယာရှ် ကိုတွေ့ကြသည်။ သူ၏ မျက်လုံးများတွင် တုန်လှုပ်မှုများပေါ်နေသည်။ ကျနော့်ကို မြင်သော အခါ ထောင်စောင့်တအုပ်ကြီး၏ အလည်၌ပင် တီးတိုး၍ပြောဖြစ်အောင်ပြောလိုက်သည်။
အဲလိယာရှ် - ဗိုလ်ချုပ်ကြီး အလောအိစ်၊ အဲလိယာ့ရှ် ဆိုသူမှာ ဂျာမန်များထူထောင်သော ရုပ်သေးအစိုးရတဖွဲ့တွင် ၀န်ကြီးချုပ်လုပ်ခဲ့သည်။ တော်လှန်ရေးသမား များနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သောကြောင့် ၁၉၄၁ ခုနှစ်တွင် အဖမ်းခံရသည်။ နောက် အသတ်ခံရသည်။
- မာရှယ်လော။
အကျဉ်းသမားများသည် အရေးကြီးသော သတင်းများကို ဖောက်သည်ချရန် စက္ကန့်၏ တစိတ်တပိုင်းမျှသာရကြသည်။ သူကား အသံမထွက်သော မေးခွန်းကိုဖြေရန် အခွင့်အရေးမရတော့။
မာရှယ်လော - စစ်အုပ်ချုပ်ရေး။ မာရှယ်လောကြေငြာထားသော အချိန်တွင် သေးငယ်သောအပြစ်များအတွက်ပင် ကြီးမားသော အပြစ်ဒဏ်များခတ်လေ့ရှိသည်။
ပန်းကရာ့စ်ရှိ ထောင်စောင့်များကား အချိန်မကျမီ ကျနော်တို့ပြန်လာကြသဖြင့် အံ့အားသင့်နေကြသည်။ ကျနော့်အား အကျဉ်းခန်းအတွင်းသို့ ပြန် ခေါ်သွားသည့် ထောင်စောင့်သည် ယုံကြည်စိတ်ချစေလောက်သော အမူအရာကိုပြသည်။ သူ မည်သူမည်ဝါဖြစ်မှန်း ယခုထက်ထိမသိသေး။ သို့သော်ကျနော် ကြားခဲ့ရသောသတင်းကို သူ့အားပြောပြလိုက်သည်။ သူက ခေါင်းခါပြသည်။ ဘာမျှမသိ။ ကျနော် နားကြားလွဲသည် ဖြစ်ကောင်းဖြစ်ပေမည်။ ဟုတ်သည်၊ နာကြား လွဲကောင်း လွဲခဲ့မည်။ ဤအယူအဆကား လူကိုစိတ်သက်သာခွင့် ရစေလေသည်။
သို့သော် ထိုနေ့ညနေပိုင်းတွင်ပင် အထက်ပါထောင်စောင့်သည် အကျဉ်းခန်းတွင်းသို့ ပေါက်လာသည်။
ခင်ဗျားကြားတာ ဟုတ်တယ်။ ဟိုင်းဒရစ် ရဲ့ အသက်ကိုလုပ်ကြံဖို့ ကြိုးစားကြတယ်။ အပြင်းအထန် ဒဏ်ရာရသွားတယ်။ ပရာဟာမြို့မှာမာရှယ်လော။
နောက်တနေ့ နံနက်တွင် စစ်ဆေးရေးဌာနသို့ ခေါ်သွာရန် ကျနော်တို့အား အောက်ထပ်စင်္ကြံထဲ၌ တန်းစီခိုင်းကြသည်။ ကျနော်တို့ လူသိုက်ထဲတွင် ရဲဘော် ဗစ်ကတောရ်၊ ဆင်းနက် လည်းပါသည်။ သူကား ၁၉၄၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း အဖမ်းခံရသော ပါတီဗဟိုကော်မတီဝင်များအနက်၊ အသက်နှင့်ခန္ဓာ မြဲ လျက်သား နောက်ဆုံးကျန်ရစ်သောသူဖြစ်သည်။ အက်ဆက်စ် ယူနီဖေါင်းဝတ် ပိန်ပိန်ညှောင်ညှောင် ထောင်မှူးတယောက်သည် သူ၏မျက်လုံးရှေ့တွင် စက္ကူဖြူ တရွက်ကို ဝှေ့ရမ်း၍နေသည်။ စက္ကူပေါ်တွင် “အဲန်တလာဇွန်းဂ်ဂဘဲ့ဖဲလ်” ဟု စာလုံးမဲမဲကြီးများဖြင့် ရိုက်နှိပ်ထားသည်ကို ခင်ဗျားတွေ့နိုင်သည်။
ဟိုင်းဒရစ် - ရိုင်းဟာ့ရ်တ်၊ ဟိုင်းဒရစ်ခ်။ ထင်ရှားသော နာဇီခေါင်းဆောင်တယောက်။ ချက်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် အထူးဖိနှိပ်ညှဉ်းပမ်းခဲ့သူဖြစ်သည်။ မျိုးချစ်များက ၁၉၄၂ ခုနှစ်၊ မေလတွင် ၎င်းအား လုပ်ကြံသုတ်သင်လိုက်ကြသည်။
“အဲန်တလာဇွန်းဂ်ဂဘဲ့ဖဲလ်” - (ဂျာမန်စကား) လွှတ်မိန့်။
ထောင်စောင့်က ရက်စက်စွာရယ်မောနေသည်။
“ဟေ့၊ ဂျူးအကောင်၊ ဒီမှာတွေ့လား။ အချိန်တန်တော့ နွားပိန်ကန်ပြီလေ။ လွှတ်မိန့်တဲ့ကွ...ဖစ်...”
သူသည် ဗစ်ကတောရ်၏ ဦးခေါင်း လွင့်ထွက်သွာရမည့် နေရာဖြစ်သော လည်ချောင်းကို လက်ညှိုးထိုး၍ ပြလေသည်။ ၁၉၄၁ ခုနှစ်၊ မာရှယ်လော ကြေညာစဉ်က ပထမဆုံး သေဒဏ်ပေးခံရသူမှာ အစ်ကိုဖြစ်သူ အောတော၊ ဆင်းနက် ဖြစ်သည်။ ၁၉၄၂ ခုနှစ် မာရှယ်လောတွင် ၎င်း၏ညီ ဗစ်ကထောရ် ပင် ပထမ ဆုံး သေဒဏ်သင့်လေသည်။ သူ့အား မောင်ထောင်ဇင် သို့ခေါ်သွားကြသည်။ သေနတ်နှင့်ပစ်သတ်ရန်ဟု ဆိုကြသည်။ ဤကားစကားအလှသုံးခြင်း ဖြစ်လေ သည်။
မောင်ထောင်ဇင် - သြစတြီးယားပြည်ရှိ နာဇီများ၏ အကျဉ်းစခန်း။
ပန်းကရာ့စ်မှ ပက်ချက်နန်းတော်သို့ သွားကြပြန်ရာ လမ်းတလမ်းလုံးကား ထောင်ပေါင်းများစွာသော အကျဉ်းသမားတို့အတွက် နေ့စဉ်အမျှ ကားစင် တင်၊ လှံချွန်နှင့် ထိုးရာဖြစ်လာသည်။ လော်လီကားများပေါ်တွင် တာဝန်ကျနေကြသော အက်ဆက်စ်တို့သည် “ ဟိုင်းဒရစ်အတွက်လက်စားချေ” နေကြလေသည်။ အကျဉ်းထောင် မော်တော်ကား တမိုင်မျှမောင်းမသွားရသေးမီပင်၊ အကျဉ်းသမား အများအပြားမှာ အထိုးခံသောပါးစပ်များမှ၎င်း၊ ခြောက်လုံးပြူးဒင်များဖြင့် အဆောင့်ခံရသဖြင့် ကွဲသွားသောခေါင်းများမှ၎င်း၊ သွေးများယိုစီး၍ လာကြရတော့သည်။ လော်လီထဲတွင် ကျနော်ပါလာက အခြားအကျဉ်းသားများ အနေဖြင့် သက်သာခွင့်ရကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်၏မေးမှမုတ်ဆိတ်များသည် အက်ဆက်စ်တို့၏ အာရုံစူးစိုက်ရာများ ဖြစ်လာသည်။ ကြံကြီးစီရာ နောက် ကြပြောင်ကြစရာကြီးဖြစ်လာသည်။ သူတို့ အကြိုက်ဆုံး ပျော်ပွဲတခုကား တဂျုံးဂျုံး တဂျိုင်းဂျိုင်းနှင့် ဆောင့်နေသော လော်လီကားထဲတွင် ကိုယ်ကိုထိန်းသည့် ကြိုး ကွင်းကဲ့သို့ ကျနော်၏ မုတ်ဆိတ်ကို အသုံးချကြခြင်းပင် ဖြစ်လေသည်။ ဤသည်ကား ကျနော့်အတွက်လည်း အသုံးကျသည်။ အစစ်ဆေးမခံရမီ ပြင်ဆင်ထားသ ကဲ့သို့ ဖြစ်နေသည်။ စစ်ဆေးခဏ်းများမှာလည်း “ နက်ဖြန်မှ မလိမ္မာသေးဘူးဆိုရင်တော့ မင်းကို သတ်ပစ်မယ်” ဟူသောစကားများဖြင့် မှန်မှန်ကြီး အဆုံးသတ် တတ်လေသည်။ ညနေတိုင်းညနေတိုင်း အောက်ဆုံးအထပ်ရှိ စင်္ကြံများထဲတွင် နာမည်များ ဟစ်အော်ခေါ်ထုတ်နေသည်ကို ခင်ဗျားဆက်တိုက်ကြီးကြားနေရ သည်။ လူငါးဆယ်၊ တရာ၊ နှစ်ရာ၊ တခဏချင်းတွင်ပင် နွားသတ်ရုံသို့ ပို့ရမည့် ကျွဲ,နွားများပမာ၊ ၎င်းတို့အား ကြိုးများဖြင့် တုပ်နှောင်ကြသည်။ နောက်လော်လီကား များဖြင့် တင်ဆောင်ကာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ရန် ကောဘီလီဆီ သို့ခေါ်သွားကြသည်။ ၎င်းတို့၏ အပြစ်ကား အဘယ်နည်း။ ၎င်းတို့၏ အပြစ်ကား အပြစ် မရှိခြင်းတည်း ဟူသော အပြစ်ပင်ဖြစ်လေသည်။ သူတို့ကား အဖမ်းခံထားရသောသူများ ဖြစ်သည်။ ကြီးမားသော အမှုအခင်းတခုနှင့်မျှ မပတ်သတ်။ သူတို့ အားစစ်ဆေးနေရန် လုံးဝမလို။ ထို့ကြောင့်လည်း သူတို့အား သတ်ပစ်ရန် သင့်တော်လာလေတော့သည်။ ရဲဘော်တစ်ယောက်သည် အခြားလူကိုးယောက်အား ကဗျာပြောင်တပုဒ်ကို ဖတ်ပြသည်။ ထို့ကြောင့် ဆယ်ယောက် စလုံးအဖမ်းခံကြရသည်။ ဤအဖြစ်အပျက်ကား ဟိုင်းဒရစ်ကို မလုပ်ကြံမီ နှစ်လကဖြစ်လေသည်။ ယခုသူတို့အား လုပ်ကြံမှုကိုထောက်ခံသောသူများဟု သေဒဏ်ပေးရန် ခေါ်သွားကြလေသည်။ လွန်ခဲ့သော ခြောက်လက ဥပဒေနှင့်ဆန့်ကျင်သော စာတမ်းများကို ဝေငှသည်ဟု သင်္ကာမကင်း ရှိသောကြောင့် အမျိုးသမီး တဦးအဖမ်းခံခဲ့ရသည်။ သူကမဟုတ်ကြောင်း ငြင်းဆိုနေ ခဲ့သည်။ ယခုသူ၏ညီမများ၊ သူ၏မောင်များ၊ သူ့ညီမများ၏ ယောက်ျားများနှင့် သူ့မောင်များ၏ မိန်းမများပါ ဖမ်းဆီး၍ အကုန်သတ်ပစ် လိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် မိသားစုအလိုက် မျိုးရိုးအလိုက် အမျိုးဖြုတ်ခြင်းကား ဤမာရှယ်လော၏ ကြွေးကြော်သံ မဟုတ်ပါလော။ မှား၍အဖမ်းခံခဲ့ရသော စာတိုက်မှမင်းစေတယောက်သည် အောက်ထပ်ထရံဘေးတွင်ရပ် လျက်၊ လွှတ်မိန့်ကို စောင့်၍နေသည်။ နောက် အမည်ခေါ်သံကိုကြားသဖြင့် ရှေ့သို့ထွက်လာသည်။ ဤတွင် သူ့အား သေဒဏ်ပေးမည့်သူများ တန်းစီထားရာသို့ သွတ်သွင်းလိုက်သည်။ နောက်အပြင်သို့ ခေါ်ထုတ်သွားကာ ပစ်သတ်လိုက်လေသည်။ နောက်တနေ့ကျတော့မှ သေဒဏ်ခံရမည့်သူမှာ နာမည်ဆင်တူနှင့် အခြား သူတယောက်ဖြစ်ကြောင်း သိလာကြလေသည်။ ထို့အတွက် ကျန်နေသေးသော သူကိုလည်း ကွပ်မျက် လိုက်ကြလေသည်။ သည်တော့မှ အစစအရာရာမှာ နေသားတကျ ဖြစ်သွာလေသည်။ အသတ်ခံရမည့် သူတို့၏ ပုဂ္ဂိုလ်အမှတ်အသားများကို သေချာစေ့ငုစွာ စစ်ဆေးရန် ဒါမျိုးတွေနဲ့ ဘယ်သူကသွားပြီး အချိန်ဖြုန်း နေနိုင်ပါ့မလဲ။ တမျိုးသားလုံးရဲ့ အသက်တွေကို နှုတ်ယူ ပစ်တော့မဲ့အတူတူ၊ ဒီလိုကိစ္စတွေဟာ အပိုတွေပဲ မဟုတ်လား။
ကောဘီလီဆီ - ပရာဟာမြို့ရှိ ရပ်ကွက်တခု။ ၁၉၄၂ ခုနှစ်၊ မာရှယ်လောအချိန်အတွင်းဝယ် နာဇီတို့သည် ဤနေရာ၌ ချက်အမျိုးသားများအများအပြားကို သတ် ဖြတ်ခဲ့ကြသည်။
ညနေခင်း အတော်မှောင်နေမှကျနော်သည် အစစ်ခံရာမှ ပြန်လာသည်။ အောက်ဘက်ထရံဘေးတွင် ဗလာဂျီစလာ့ဗ်၊ ဗန်ချူးရား သည် သူ့ပစ္စည်း ကလေးများပါသော အထုပ်တထုပ်ကို ခြေထောက်များ အနားတွင်ချထားကာ မတ်တတ်ရပ်နေသည်။ အဓိပ္ပါယ်ကို ကျနော်ကောင်းစွာနားလည်သည်။ သူလည်း နားလည်သည်။ ကျနော်တို့ လက်ချင်းဆွဲ၍ နှုတ်ဆက်ကြသည်။ အပေါ်ထပ်စင်္ကြံပေါ်သို့ရောက်သည်အထိ သူ့အားမြင်နေနိုင်သေးသည်။ သူကား ခေါင်းကိုအနည်း ငယ်ညွှတ်လျက်၊ ဘဝတခုလုံး၏အလွန်၊ အဝေး...အဝေးသို့ အာရုံစိုက်နေလေသည်။ နာရီဝက်မျှကြာသော် သူ၏အမည်ကို ခေါ်ထုတ်လိုက်ကြလေသည်။
ထို့နောက် ရက်အနည်းငယ်အတွင်း ထိုထရံ၌ပင် ရပ်၍နေရသူကား မီးလောရှ်၊ ကရားဆနီ။ သူကားရဲရင့်သော တော်လှန်ရေး စစ်သားတယောက် ဖြစ်သည်။ ယခင်နှစ် အောက်တိုဘာလက အဖမ်းခံရသည်။ ညှဉ်းပန်းခြင်း၊ တိုက်ပိတ်ခြင်းတို့၏ နောက်ပိုင်းတွင်ပင် မာန်မကျိုးခဲ့သူဖြစ်သည်။ ထရံဆီမှကိုယ်ကို တဝက်လှည့်လျက် သူ့နောက်တွင် ရပ်နေသော ထောင်စောင့်အား၊ တစုံတရာကို အေးဆေးစွာရှင်းပြနေလေသည်။ ကျနော့်ကို မြင်သောအခါ တချက်မျှပြုံးလိုက်၍ နောက်ဆုံးနှုတ်ဆက်ခြင်းအနေဖြင့်လည်း ခေါင်းကိုဆက်၍ပြလိုက်သည်။ ပြီးလျှင် ထောင်စောင့်အား ဆက်၍ ပြောပြနေပြန်သည်။
“ ဒီလိုလုပ်လို့ မင်းတို့မှာ ဘာကလေးတခုမှ သက်သာသွားမှာမဟုတ်ဖူး။ ဒို့တတွေထဲကလည်း လူတွေအများကြီး ကျကြလိမ့်အုံးမယ်၊ ဒါပေမယ့်စစ်ရှုံး ကြရမှာကမင်းတို့...”
တဖန်၊ မွန်းတည့်ပိုင်းအချိန်။ ပက်ချက်နန်းတော်အောက်ထပ်တွင် ကျနော်တို့သည် နေ့လည်စာစားရန် ရပ်စောင့်နေကြသည်။ အဲလိယာ့ရှ် အားခေါ် သွင်းလာကြသည်။ သူ၏ချိုင်းအောက်တွင် သတင်းစာတစောင်ပါလာသည်။ သူကပြုံး၍ သတင်းစာကိုညွှန်ပြသည်။ သတင်းစာထဲတွင် ဟိုင်းဒရစ်ကို လုပ်ကြံသူ များနှင့် သူနှင့်အဆက်အသွယ်ရှိကြောင်းကို ယခုပင်ဖတ်ရှုခဲ့ရလေသည်။
- ဖြီးနေတာချည့်ပဲ - သူသည် တိုတိုပဲပြောကာ အစားအသောက်ဘက်သို့ အာရုံစိုက်လေတော့သည်။
ထိုနေ့ညနေ အခြားသူများနှင့် ပန်းကရာ့စ်သို့အပြန်တွင်လဲ ထိုကိစ္စအကြောင်းရယ်မော၍ ပြောဆိုနေခဲ့သေးသည်။ ထောင်သို့ရောက်ပြီး နောက်တ နာရီ အကြာတွင် သူ့အား အကျဉ်းခန်းထဲမှထုတ်၍ ဘောဘီလိဆီသို့ ခေါ်ဆောင်သွားကြလေသည်။
အလောင်းများကား တောင်လိုပုံလာလေသည်။ တခုသော်ကား အလောင်းများကို တဆယ်၊ နှစ်ဆယ်၊ တရာ၊ နှစ်ရာဟု ရေတွက်၍မဖြစ်တော့၊ ထောင်နှင့်ချီ၍ ရေတွက်ရလေပြီ။ အမြဲတမ်းလတ်ဆတ်၍နေသော သွေးနံ့သည် အဟိတ်တိရိစ္ဆာန်တို့၏ နှာဝများကိုဆွနေသည်။ ၎င်းတို့ကား သန်းခေါင်သန်းလွဲအထိ “အလုပ်လုပ်” ကြသည်။ တနင်္ဂနွေနေ့များ၌ပင် “အလုပ်လုပ်” ကြသည်။ ယခုသော် ၎င်းတို့အားလုံးပင် အက်ဆက်စ်ယူနီဖောင်းများကို ၀တ်ဆင်ကြသည်။ ဤသည် ကား သူတို့၏ နေ့ကြီးရက်ကြီး၊ သတ်ဖြတ်ရေးပွဲတော်ကြီး ဖြစ်လေသည်။ အလုပ်သမားများ၊ ကျောင်းဆရာများ၊ လယ်သမားများ၊ စာရေးဆရာများ၊ ရုံးစာရေးများ ကို သေမင်း၏ ခံတွင်းသို့ပို့ကြသည်။ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များကိုပါ သတ်ဖြတ်ပစ်ကြသည်။ အိမ်ထောင်လုံးကျွတ် သတ်ဖြတ်ပစ်ကြသည်။ ရွာလုံး ကျွတ် သတ်ဖြတ်ကြသည်။ မီးတိုက်ပစ်ကြသည်။ ကျည်ဆန္တရကပ်သည် ပလိပ်ရောဂါသဖွယ် တပြည်လုံးတွင် လှည့်ပတ်လျက်ရှိ သည်။ ဘယ်သူဘယ်ဝါဟူ၍ပင် ရွေးချယ်ခြင်း မပြုတော့။
ဤမျှလောက် တုန်လှုပ်ဖွယ်ကောင်းသော အချိန်ကြီးတွင် လူဟူသည်ကား .....
အသက်ရှင်၍ နေလေသည်။
ယုံနိုင်ဖွယ်ရာပင်မရှိ၊ သို့သော် လူသည် အသက်ရှင်နေသည်၊ စားသည်၊ အိပ်သည်၊ ချစ်သည်၊ အလုပ်လုပ်သည်၊ သေခြင်းနှင့် လုံးဝမပတ်သက်သော ကိစ္စပေါင်းတထောင်ကို စဉ်းစားသည်။ သူ၏ ဂုတ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကြီးတခု ဖိစီး၍နေလျှင်နေမည်။ သို့သော် ထိုဝန်ထုပ်ကို သယ်ဆောင်၍ထားသည်၊ ခေါင်းညွှတ်၍မသွား၊ ခွေပျော့၍မသွား။
မာရှယ်လောကျေညာထားသော အချိန်အတွင်းက၊ အရာရှိတယောက်သည် ကျနော့်အား ဘရားညစ်အရပ်သို့ ခေါ်ဆောင်သွားသည်။ လှပသော ဇွန်လသည် သမ္ဘာရာပင်အနံ့များ၊ အချိန်နှောင်းသော နန်းလုံးကြိုင်ပန်းရနံ့များဖြင့် ကြိုင်နေလေသည်။ အချိန်ကား တနင်္ဂနွေနေ့ညနေဖြစ်သည်။ နောက်ဆုံး ဓာတ် ရထားဘူတာရုံအနီးရှိ လမ်းမကြီးမှာ၊ ပျော်ပွဲစားထွက်ရာမှ ပြန်လာကြသော ပျာယီးပျာယာလူအုပ်ကြီးဖြင့် ပြည့်ကြပ်၍နေလေသည်။ နေ၏အကြည်အဖြူ၊ ရေ၏ အယုအယ၊ ချစ်သူတို့၏အပွေ့အပိုက်တို့ကို ခံထားရသူများဖြစ်သည်။ ဆူဆူညံညံ၊ ပျော်ပျော်ရွှင်ရွှင်နှင့် ကြေနပ်စွာပင်၊ ပင်ပန်းနေကြသည် - သူတို့အကြားတွင် လှည့်လည်ကာ သူတို့အတွင်းမှ လူများကိုလဲ ချိန်ရွယ်နေသည့် သေမင်း၊ ထိုသေမင်းကိုသာ သူတို့၏ မျက်နှာများပေါ်တွင် မတွေ့ရ။ သူတို့သည် ယုန်ကလေးများ ကဲ့သို့ ချစ်စဖွယ်တိုးဝှေ့ခုန်ပေါက်နေကြသည်။ ယုန်ကလေးတွေလိုပဲ။ သူတို့တအုပ်ကြီးထဲကို လက်လှမ်းလိုက်ပြီး တကောင်ကို ဟင်းချက်စားဘို့ ဆွဲထုတ်လိုက်စမ်း - သူတို့ဟာ ထောင့်တထောင့်ကို ကပ်သွားလိမ့်မယ်။ ဒါပေမဲ့ တအောင့်လောက် ကြာရင်တော့ သူတို့ရဲ့သောကတွေ၊ ပျော်စရာတွေနဲ့ ဆက်လက်တိုးဝှေ့ယင်း၊ ဘ၀ရဲ့အရသာကို ခံနေကြဦးမှာပါပဲ။
ကျနော်ကား တံတိုင်းခတ်ထားသော ကမ္ဘာအတွင်းမှနေ၍ ယင်းကဲ့သို့ ဟောကနဲ ဟောကနဲ ဆင်းနေသော ရေစီးအတွင်းသို့၊ ဗြုံးကနဲပြောင်းရွေ့ခြင်း ကို ခံလိုက်ရပါသည်။ ထို့ကြောင့်လဲ အစပထမတွင် သူတို့၏ ချိုဆိမ့်သောပျော်ရွှင်မှုကို ခါးခါးသီးသီး အရသာခံမိပါသည်။
မှားလေစွ၊ မှားလေစွ။
ဤနေရာတွင် ကျနော်မြင်ရသည်ကား ဘ၀ပင်ဖြစ်လေသည်။ ကျနော်ပေါက်ဖွားခဲ့ရာဘ၀ပင်ဖြစ်သည်။ ခြုံ၍ကြည့်က ဤသည်ပင်လျှင် ဘ၀ဖြစ်သည်။ ကြောက်မက်စဖွယ် ဖိနှိပ်ထားသည်ကို ခံနေရသော်လဲ ဖျက်ဆီးတိုင်း မပျက်သည့်အသက်။ တခါအသတ်ခံရလျှင် အကြိမ်တရာပြန်၍ တိုးလာသောအသက်။ သေမင်း ထက်ပို၍ အင်အားကောင်းသော အသက်ဖြစ်လေသည်။ ဤဘ၀၊ ဤအသက်ကို ခါးသည်ဟု ဆိုရမည်လော။
ဤမျှသာ မကသေး။ တုန်လှုပ်ဖွယ်ရာများ၏ ဗဟိုတည့်တည့်၊ အကျဉ်းခန်းအတွင်း၌ နေထိုင်ကြရသော ကျနော်တို့ကိုယ်တိုင်လဲ ပြန်၍ကြည့်ကြဦး လော့ - ဒီအသားနဲ့မလုပ်လို့ ဘယ်အသားနဲ့လုပ်ထားတာမို့လို့လဲ။
တခါတရံ အစစ်ခံရာသို့အသွားတွင် ကျနော်သည် ပုလိပ်မော်တော်ကားဖြင့်သွားရသည်။ ထိုကားမှ အစောင့်ပုလိပ်များကား များစွာမချုပ်ချယ်ကြ။ ထို့ကြောင့် ကျနော်လဲ မော်တော်ကား ပြူတင်းပေါက်များမှနေ၍ လမ်းမများ၊ ဆိုင်ရှေ့မျက်နှာစာများ၊ ပန်းဆိုင်ကလေးတဆိုင်၊ လမ်းသွားလမ်းလာ လူစုလူဝေးများ၊ အမျိုးသမီးများကို ကြည့်ရှုနိုင်ပါသည်။ ခြေသလုံး လှလှကလေး ကိုးစုံကိုသာရှာတွေ့ယင်၊ ငါဒီနေ့အသတ်မခံရဘူးဟု ရေတွက်ကာ၊ စစ်ကာဆေးကာ၊ နှိုင်းကာယှဉ် ကာနှင့် ခြေသလုံးတို့၏ မျဉ်းကြောင်းများကို ကျကျနနလေ့လာနေမိသည်။ စိတ်ဝင်စား အလုပ်များနေမိသည်။ ထိုကိစ္စပေါ်၌ ကျနော်၏ အသက်တည်နေသည်ဟူ သော သဘောနှင့်ကားမဟုတ်၊ အသက်နှင့်လုံးဝ မပတ်သက်သကဲ့သို့ပင် ဖြစ်လေသည်။
ကျနော်သည် အကျဉ်းခန်းသို့ အမြဲတမ်းနောက်ကျ၍ ပြန်ရသည်။ ဘ, ပက်ရှက်ကား ပြန်မှပြန်လာပါ့မလားဟူ၍ အမြဲတစေ စိတ်ပူနေတတ်သည်။ ကျနော်ပြန်လာလျှင် ကျနော့်အား ဆီးဖက်၍နှုတ်ဆက်တတ်သည်။ ကျနော်ကလဲ ဘာသတင်းထူးသည်၊ ကောဘီလိဆီတွင် ဘယ်သူဖြင့် ကျဆုံးပြန်ပြီ စသည်တို့ ကို တိုတိုတုပ်တုပ်ပြောပြသည် - နောက်အံချင့်စဖွယ် ဟင်းရွက်ချောက်များကို လွေးကြမြိုကြ၍၊ လန်းဆန်းသော သီချင်းများကို ဆိုသည့်အခါ ဆိုကြသည်။ သို့မ ဟုတ် ဉာဏ်တုန်းလှသော အံစာလှိမ့်ကစားခြင်းတွင် စိတ်တိုစွာဖြင့်ကစားယင်း စိတ်ဝင်စားသွားကြသည်။ ထိုသို့ပင် ညဥ့်ဦးအချိန်တိုင်း လုပ်နေကိုင်နေတတ်ကြ သည်။ သို့သော် ထိုသို့သောအခါ၌ပင် အကျဉ်းခန်းတံခါးလဲ အချိန်မရွေး ပွင့်ထွက်လာနိုင်ကာ၊ ကျနော်တို့နှစ်ယောက်အနက် တယောက်ယောက်အတွက် သေမင်း ခေါ်သံကြီး ပေါ်လာနိုင်ပေသည်။
- မင်း ... ဒါမှမဟုတ် ... မင်း၊ အောက်ကို ဆင်းရမယ်၊ ရှိသမျှပစ္စည်းတွေအကုန်ယူခဲ့။ မြန်မြန်လုပ် ...
ထိုအခါတွင်ကား ကျနော်တို့ကို ခေါ်မထုတ်ကြ။ ကျနော်တို့ကား ထိုတုန်လှုပ်ဖွယ်ရာ အချိန်ကြီးကို ကျော်လွန်နိုင်ခဲ့ကြသည်။ ယနေ့သော် ကျနော်တို့ သည် ထိုကာလကြီးကို ပြန်လည်သတိရကြလျက် မိမိတို့ ထိပုံတွေ့ပုံခံစားပုံတို့ကိုလဲ အံ့သြနေမိကြသည်။ မခံနိုင်လောက်သော အရာတို့ကိုပင် တောင့်ခံနိုင်သည့် မနုဿလူသားကား ထူးထွေဆန်းကျယ်သော တန်ခိုးများဖြင့် ပြည့်ဝပေသည်တကား။
ကျနော်တို့၏ ကိုယ်၊ ကျနော်တို့၏ စိတ်အတွင်းတနေနေရာ၌ကား ဤအချိန်များသည် နက်ရှိုင်းသော အမှတ်အသားများကို ချန်မထားဘဲ နေမည်မ ဟုတ်ပေ။ ဦးဏှောက်ထဲတွင် ဖလင်လိပ်တလိပ်သဖွယ် ခိုအောင်း၍နေကောင်း နေလိမ့်မည်။ တကယ့် ဘ၀၊ အကယ်၍ ကျနော်တို့သာ တကယ့်ဘ၀သို့ ပြန်ရောက် ကြမည်ဆိုလျှင် တနေ့သောအခါတွင် ဖလင်လိပ်သည် ပြန့်ထွက်လာနိုင်သည်။ လူကို ရူးသွပ်သွားလောက်အောင် ပြန့်ထွက်လာနိုင်သည်။ သို့တည်းမဟုတ်၊ ကျနော်တို့သည် ထိုကာလကြီးကို ကြီးမားသော သုဿန်ကြီးအဖြစ်ဖြင့်သာ မြင်ကောင်း မြင်နေကြပေတာ့မည်။ ထိုသုဿန်ကြီးကား စိမ်းလန်းသော ဥယျာဉ်ကြီး ဖြစ်သည်။ ထိုဥယျာဉ်ထဲတွင် အဖိုးမဖြတ်နိုင်သော မျိုးစေ့များကို ပျိုးကျဲ၍ထားသည်။
အဘိုးမဖြတ်နိုင်သော ထိုမျိုးစေ့များကား အညွန့်အတက်များ ပေါက်လာမည့်မျိုးစေ့များဖြစ်ပေသည်။
ကြိုးစင်ပေါ်မှမှတ်တမ်းများ ... အခဏ်း (၅)
လူရုပ်သွင်များနှင့် ရုပ်တုကလေးများ (၁)
ဤခေတ်ကြီးမှ ကျော်ထွက်နိုင်ကြမည့် ခင်ဗျားတို့တတွေအား-တခုဖြင့် ကျနော်တောင်းပန်လိုသည်။ မမေ့ကြပါနဲ့။ အကောင်းကို ရော၊ အဆိုးကိုရော မမေ့ကြပါနှဲ့။ ကိုယ့်အနေနဲ့သာမက၊ ခင်ဗျားတို့ကိုယ်စားပါ အသေခံသွားကြတဲ့ လူတွေအကြောင်း သက်သေအထောက် အထားတွေကို စိတ်ရှည်လက်ရှည် ရှာကြဖွေကြပါ။ တနေ့တွင် ပစ္စုပ္ပန်သည် အတိတ်အဖြစ်သို့ ကူးပြောင်းသွားလိမ့်မည်။ ထိုအခါတွင် ခေတ် ကြီးတခေတ် အကြောင်း၊ သမိုင်းကိုဖန်တီးခဲ့သော အမည်မဲ့သူရဲ ကောင်းများအကြောင်းတို့ကို ပြောစမှတ်ပြုကြပေလိမ့်မည်။ သို့သော် အမည် မရှိသော သူရဲကောင်းဟူ၍မရှိ၊ ထိုသူတို့သည် အမည်များ၊ မျက်နှာများ၊ ဆန္ဒအာသီသများ၊ မြှော်လင့်ချက်များ ရှိခဲ့ကြသော သူများဖြစ်သည်၊ ၎င်းတို့အနက် နောက်ဆုံးပိတ်မှပုဂ္ဂိုလ်၏ ဒုက္ခခံစားရမှုသည် အမည်ကျန်ရစ်သော ရှေ့ဆုံးမှပုဂ္ဂိုလ်၏ ခံစားရမှုထက် မသေးငယ်ကြောင်း စသည်တို့ကို သိကြစေလိုသည်။ ခင်ဗျားတို့ သိကျွမ်းသောသူများ၊ သို့မဟုတ် ခင်ဗျားတို့၏သွေးသားများ၊ သို့မဟုတ် ခင်ဗျားတို့ကိုယ်တိုင်ပင်ဖြစ် ဘိသကဲ့သို့၊ ထိုသူတို့အပေါ် ရင်းနှီးစိတ် အမြဲမပြတ်မွေးကြစေလိုသည်။
သူရဲကောင်းများကား အိမ်ထောင်လုံးကျွတ်အသတ်ခံကြရသည်လည်း ရှိသည်။ ၎င်းတို့အနက်မှ အနည်းဆုံးတယောက်ယောက် အပေါ်ဝယ်၊ သားများသမီးများသဖွယ် ချစ်ခင်ကြပါ။ ထိုသူကား အနာဂတ်အတွက်နေထိုင်ခဲ့သော ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်သည်ဟူ၍ ဂုဏ်ယူ ရစ်ကြပါ။ အနာဂတ်အတွက် သစ္စာရှိစွာနေထိုင်ခဲ့လျက်၊ လှပသောအနာဂတ်အတွက် အသက်ပေးသွားသူတိုင်းကား ကျောက်ဖြင့်ထုထားသော လူရုပ်အသွင်အပြင်များဖြစ်ကြသည်။ အတိတ်မှ ဖုံမှုန့်များကို ရေကာတာပြုလုပ်လျက်၊ တော်လှန်ရေး၏ ဒီရေအ ဟုန်ကို တားဆီးလိုသူတိုင်းကား ယခုအခါတွင် ပခုံးများ၌ရွှေချထားသော ရာထူးအဆင့်အတန်းတို့ကို တပ်ဆင်ထားကြသည့်တိုင်အောင် သစ် ဆွေးဖြင့်ထုလုပ်ထားသော ရုပ်တုအငယ်စားကလေးများသာ ဖြစ်ကြသည်။ သို့သော် ဤရုပ်တုကလေးများကို ကြည့်ရှုသည့်အခါ၌ပင် ၎င်းတို့ ၏ အသုံးမကျမှုနှင့်သေးဖွဲမှု၊ ၎င်းတို့၏ ရက်စက်မှုနှင့်ထုံထိုင်းမှုတို့ကို အသက်ဝင်စွာ မြင်တတ်ရန်လိုပေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ ကား အနာဂတ်တချိန်တခါ၊ လက်ငင်းခေတ်ကို ပြန်လည်သရုပ်ဖော်သည့်အခါတွင် အသုံးဝင်လာမည့် အထောက်အထားများ ဖြစ်သော ကြောင့်တည်း။
ကျနော်ရှေ့ဆက်၍ ပြောပြနိုင်သည်တို့ကား၊ သက်သေတယောက်၏ထွက်ချက်၊ ပစ္စည်းအထောက်အထားမျှသာ ဖြစ်လေသည်။ တနေရာ တစိတ် တပိုင်းကလေးမှ ပြောက်ကျားပြောက်ကျား မြင်ခဲ့ရသောအချက်များဖြစ်၍ ဝေဖန်ပိုင်းခြားခြင်းလည်း ပြုလုပ်ထားသည် မဟုတ်ပါ။ သို့သော် ကြီးသည်ကကြီး၍ ငယ်သည်ကငယ်သော လူရုပ်သွင်များနှင့် ရုပ်တုကလေးများ၏ တကယ့်ပုံတူမျဉ်းကြောင်းများ ဤမှတ်စု များတွင် ပါရှိပါသည်။
ယဲလီနက်တို့ ဇနီးမောင်နှံ
ယိုးဇက်နှင့် မာရိယယ်၊ သူကဓာတ်ရထားမောင်းသမား၊ သူမကအစေခံ။ သူတို့၏အိမ်ခန်းကို ခင်ဗျားသိဖို့လိုသည်။ ရိုးရိုးနှင့် ခေတ် မီသော အိမ်ထောင် ပရိဘောဂအချောစား။ စာအုပ်စင်၊ ကြွေရုပ်ကလေးတရုပ်၊ ထရံပေါ်တွင်ရုပ်ပုံများ၊ သန့်လိုက်သည်မှ ယုံနိုင်ဖွယ်မရှိအောင် သန့်ပြန့်နေသည်။ ထိုအိမ်မှုကိစ္စများတွင်သာ သူမ၏၀ိညာဉ်တခုလုံးပိတ်ဝင်နေ၍ အပြင်လောကကြီးအကြောင်း ဘာကလေး တခုမျှပင်သိမည် မဟုတ်ဟု ခင်ဗျားအနေနှင့် ဆိုကောင်းဆိုဖွယ်ရာ ဖြစ်သည်။ သို့သော် သူမကား ကွန်မြူနစ်ပါတီဝင်အဖြစ် အလုပ်လုပ်နေခဲ့သည်မှာ ကြာပြီ။ ကိုယ့်သဘာဝအလိုက် တရားမျှတမှုအကြောင်း စိတ်ကူးယဉ်ခဲ့သည်မှာကြာပြီ။ နှစ် ယောက်စလုံးပင် သစ္စာရှိရှိ၊ ငြိမ်ငြိမ်သက်သက်နှင့် အလုပ် လုပ်ခဲ့ကြသည်။ နိုင်ငံခြားရန်သူများပို၍ ကြီးမားလာသည့်အခါ၌လည်း တွန့်ဆုတ်ခြင်းမရှိခဲ့ကြပေ။
သုံးနှစ်မျှကြာသောအခါတွင် သူတို့နှစ်ဦး၏ အိမ်ခန်းအတွင်းသို့ ပုလိပ်များဝင်လာကြလေသည်။ သူတို့သည်လက်များကို ခေါင်းပေါ် အထိမြှောက်ထား ယင်း၊ ယှဉ်တွဲ၍ရပ်နေခဲ့ကြလေသည်။
....... ....... ....... ....... ...... ....... ....... ....... ....... ....... ....... .......
၁၉၄၃ ခုနှစ် မေလ ၁၉ ရက်နေ့။
ယနေ့ည သူတို့သည် ကျနော်၏ဂုစတီနာကို “အလုပ်လုပ်ခိုင်းရန်” ပိုလန်ပြည်သို့ ခေါ်သွားကြပေတော့မည်။ အူရောင်ရောဂါဖြင့် သေရန် ဂယ်လေ များသို့ ခေါ်သွားကြပေတော့မည်။ သူ့အနေနှင့် ရက်သတ္တပတ်အနည်းငယ်၊ သို့မဟုတ် နှစ်လ၊ သုံးလလောက်သာ အသက်ရှင်နေကောင်း ရှင်နေလိမ့်မည်။ ကျနော်၏ အမှုတွဲကိုလည်း ရုံးသို့တင်လိုက်ပြီဟု ပြောသံကြားရသည်။ ပန်းကရာ့စ်တွင် နောက်ထပ် လေးပတ်လောက် အစစ်ခံရလျှင် ခံရဦးမည်၊ ထိုမှတဖန် အဆုံးသတ်အထိ နှစ်လ သုံးလမျှသာ ကျန်ပေတော့မည်။ ဤသတင်းမှတ်တမ်းကား အဆုံးသတ်နိုင်တော့မည် မဟုတ်။ ဤရက်အနည်းငယ်ကလေးအတွင်း အကြောင်းသင့်က ဆက်၍ရေးရန် ကြိုးစားဦးမည်။ ယနေ့အဖို့ကား သတင်းမှတ်တမ်းကို ဆက်၍မရေးနိုင်တော့။ ယနေ့အဖို့ ကျနော်၏ ခေါင်းနှင့်နှလုံးသားတို့ သည် ဂုစတီနာဖြင့်သာ ပြည့်လျှံနေသည်။ သူကား ကျက်သရေရှိသူတယောက်၊ နက်နက်ရှိုင်းရှိုင်းကြီး သဘောထားပြည့်သူတယောက်ဖြစ်သည်။ တိုတောင်း၍ ငြိမ်သက်မှုလည်း မရှိခဲ့သော ကျွန်တော့်ဘ၀တွင် ရှာမှရှား၍ အားထားလောက်သော အပေါင်းအဖော်တယောက်လည်း ဖြစ်ခဲ့ပါသည်။
ဂယ်လေ - အကျဉ်းသမားများ အလုပ်ကြမ်းလုပ်မည့်နေရာကို တင်စား၍ ခေါ်ခြင်းဖြစ်သည်။ ဂယ်လေဆိုသည်မှာ ရှေးကာလတွင် ကျွန်များ၊ အကျဉ်းသမားများ ပင် ပန်းစွာ လှော်ခတ်ရသည့် လှေကြီးတမျိုးဖြစ်သည်။
ညနေတိုင်းညနေတိုင်း ကျနော်သည် သူကြိုက်တတ်သော သီချင်းတပုဒ်ကို ဆိုပြနေပါသည်။ စတဲ့ပ်ကွင်းပြင်ကြီးမှ မြက်ခင်းပြာ လဲ့လဲ့များသည် ပြောက်ကျားတိုက်ပွဲများ၏ မော်ကွန်းတို့ဖြင့် အသံမြည်နေကြသည့်အကြောင်း၊ ယောက်ျားများနှင့်ရင်ဘောင်တန်း၍ လွတ်လပ် ရေးအောင်ပန်းကို ဆွတ်လှမ်းခဲ့ သော ကောဇာ့က် အမျိုးသမီးတယောက်အကြောင်း၊ ထိုအမျိုးသမီး၏ သတ္တိရှိပုံ၊ တိုက်ပွဲတပွဲ၌ကား မည်ကဲ့သို့ “ယေး ပေါဒညတ်ဆယာ စဇဲမလီ ည်ပရီရှလော့စ်” ဟူ၍ ဖြစ်သွားသည့်အကြောင်းများလည်း ပါလေသည်။
ကောဇာ့က် - ရှေးဇာဘုရင်များလက်ထက်က မြင်းတပ်သားများအဖြစ် အသုံးချခဲ့သော လူစုတစု။ အောက်တိုဘာ တော်လှန်ရေးနှင့် ပြည်တွင်း စစ်ခေတ်များတွင် အမြင်မှန်ရသော ကောဇာ့က်တို့သည် တော်လှန်ရေးတပ်သားများ ဖြစ်လာကြသည်။
“ယေး ပေါဒညတ်ဆယာ စဇဲမလီ ည်ပရီရှလော့စ်” - (ရုရှစကား) မထနိုင်ဘဲ မြေပေါ်တွင် လဲ၍နေတော့သည်။
ဗော့တ် မာယီ ဒရူဈော့က် ဘောထဲဗောယီ။ မျက်နှာက ပန်းပုလက်ရာလို ဖြောင့်ဖြောင့်ရှင်းရှင်း၊ ကလေးဆန်တဲ့ မျက်လုံးကြီး တွေမှာ ကြင်နာမှုတွေ အပြည့်၊ ဒါပေမယ့် ဒီလက်တဆုပ် ကိုယ်ခန္ဓာကလေးအတွင်းမှာ သတ္တိတွေ ဘယ်လောက်ရှိသလဲလို့။ တိုက်ပွဲကြောင့်၎င်း၊ မကြာခဏခွဲခွါသွားရခြင်းကြောင့်၎င်း၊ ကျနော်တို့နှစ်ဦးမှာ ထာဝရ သမီးရည်းစားများသဖွယ် ဖြစ်နေခဲ့ကြပါသည်။ သမီး ရည်းစားများသဖွယ် တဘ၀အတွင်း၌ ပထမဆုံးသော အပွေ့အပိုက်၊ ပထမဆုံးသော အထိအတွေ့တို့ကို တကြိမ်တည်းသာမဟုတ်၊ အကြိမ် ပေါင်းတရာ ကြုံတွေ့ခံစားခဲ့ကြရပါသည်။ သို့စဉ်လျက် ကျနော်တို့၏ နှလုံးသားများမှ သွေးတိုးချက်များမှာ တချက်တည်း ညီနေသည်။ ပျော်ရွှင် မှု၊ ကျဉ်းကြပ်မှု၊ စိတ်လှုပ်ရှားမှု၊ သို့မဟုတ် ၀မ်းနည်းမှုတို့ဖြင့် ပြည့်နေသော နာရီများတွင်လည်း တလေတည်းကို ရှူရှိုက်ခဲ့ကြပါသည်။
ဗော့တ် မာယီ ဒရူဈော့က် ဘောထဲဗောယီ။ - (ရုရှစကား) ကြည့်လိုက်စမ်း၊ အဲဒါပဲ ကျုပ်ရဲ့ အချစ်၊ ကျုပ်ရဲ့ ရဲဘော် ရဲဘက်။
ကျနော်တို့သည် နှစ်ပေါင်းများစွာ တွဲဖက်၍ အလုပ်လုပ်ခဲ့ကြသည်။ အချင်းချင်းလည်း ရဲဘော်တယောက်ကသာ ရဲဘက် တ ယောက်ကို ကူညီနိုင် သည့်နည်းမျိုးဖြင့် ကူညီခဲ့ကြပါသည်။ နှစ်ပေါင်းကြာမြင့်စွာပင် ကျနော်ရေးသောစာတိုင်းကို ပထမဆုံးဖတ်၍ ပထမဆုံး ဝေဖန်ခဲ့ပါသည်။ ကျနော်၏ကျောဘက် မှနေ၍ ချစ်စနိုးဖြင့် သူကြည့်နေသည်ကို မခံစား မထိတွေ့ရပါက၊ ကျနော့်အတွက် စာအရေးရခက်နေ တတ်ပါသည်။ ကျနော်တို့အဖို့ လုံးဝမခေါင်းပါးခဲ့သော တိုက်ပွဲများတွင်၊ နှစ်ယောက်သား ယှဉ်တွဲလျက် ရပ်တည်နေခဲ့ကြသည်။ ကျနော်တို့နှစ် သက်သော ဒေသအရပ်ရပ်သို့လည်း၊ နှစ်ပေါင်းများစွာ လက်တွဲ၍လည်ပတ်ခဲ့ကြပါသည်။ ကျနော်တို့သည် အခက်အခဲပေါင်းများစွာကို ခံစားခဲ့ ကြလျက်၊ ရွှင်လန်းမှုကြီးများကလည်း မြောက်များစွာကြုံတွေ့ကြရပါသည်။ ထိုရွှင်လန်းမှု ကြီးများ၏ အရသာတို့ကို ခံစားနိုင်သည်မှာ ကျနော် တို့အနေနှင့် လူဆင်းရဲတို့၏ ပစ္စည်းဥစ္စာ၊ ဆိုလိုသည်မှာ ရင်တွင်း၌ရှိသော ပစ္စည်းဥစ္စာအားဖြင့် ကြွယ်ဝကြ သောကြောင့်လည်း ဖြစ်ပါသည်။
ဂုစတီနာလား။ ကြည့်စမ်းပါအုံး ... ဟောဒါပဲ ဂုစတီနာ ...
လွန်ခဲ့သော ဇွန်လအလည်ပိုင်း၊ မာရှယ်လောကြေညာပြီးစအချိန်က ဖြစ်သည်။ ကျနော်အဖမ်းခံရပြီးနောက် ခြောက်ပတ်မျှအကြာ တွင်ဖြစ်သည်။ သူခမြာ ကျနော်သေပြီဟူသော သတင်းများကို ကြားပြီးသည့်နောက်ပိုင်း၊ တမြုံ့မြုံ့ဆွေးနေခဲ့ရသည့်နေ့များ၏ နောက်ပိုင်းတွင် ကျနော့်အား ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ရပါသည်။ ကျနော်စိတ်ပျော့သွားအောင် သူ့အားခေါ်သွင်းလာကြပါသည်။
“ခင်ဗျားယောက်ျားကို နားချစမ်းပါ” ကျနော်တို့နှစ်ဦးအား မျက်နှာချင်းဆိုင်ပေးရင်း၊ ဌာနအကြီးအကဲလုပ်သူက သူ့အားပြောပါ သည်။ “ဉာဏ်ကိုလွှာသုံးဖို့ နားချစမ်းပါ။ ကိုယ့်ကိုယ်ကိုယ်မငဲ့ရင်၊ အနည်းဆုံးခင်ဗျားကိုငဲ့ပါစေ။ ကဲ၊ ခင်ဗျားတို့စဉ်းစားဖို့အချိန်တနာရီပေးမယ်။ ဒီနောက်တောင် သူခေါင်းမာနေအုံး မယ်ဆိုရင်တော့၊ ဒီနေ့ညနေ ခင်ဗျားတို့နှစ်ယောက်စလုံးကို ပစ်သတ်မယ် ... နှစ်ယောက်စလုံး ...”
ဂုစတီနာသည် သူ၏အကြည့်ဖြင့် ကျနော့်အား ယုယနှစ်သိမ့်လိုက်သည်။ ၎င်းနောက် အေးအေးကလေးပင် အဖြေပေးလိုက်သည်။
“အရာရှိကြီးရဲ့ ဒီဟာ ကျွန်မကို ကြောက်သွားအောင် လုပ်နိုင်မယ့်ခြိမ်းချောက်မှုမဟုတ်ပါဘူး။ ဒါဟာကျွန်မရဲ့ နောက်ဆုံးဆန္ဒပါပဲ။ သူ့ကို သတ်မယ်ဆို ရင် ကျွန်မကိုလဲ သတ်ပစ်လိုက်ပါ။”
ကြည့်စမ်း။ ဒါပဲ ဂုစတီနာ။ အချစ်စိတ်နဲ့ တည်ငြိမ်တဲ့စိတ်။ ကိုယ်တို့ကို သူတို့သတ်ချင်သတ်နိုင်ကြတယ်။ ဟုတ်တယ်မဟုတ်လား ဂုစတီနာ။ ဒါပေမဲ့ ကိုယ်တို့ရဲ့ ဣနြေ္ဒနဲ့ ကိုယ်တို့ရဲ့ အချစ်ကိုတော့ ဘယ်တော့မှ ချေမှုန်းလို့ ရမှာမဟုတ်ဘူး။
အို ... လူအပေါင်းတို့ ဒီကွေကွင်းမှုတွေကို ကျော်လွန်ပြီးကြတဲ့နောက် ကျနော်တို့နှစ်ဟာ ပြန်တွေ့ကြမယ်ဆိုရင် ဘယ်လိုများနေကြမယ်ဆိုတာ ခန့်မှန်းနိုင်ကြပါရဲ့လား။ အချုပ်အချယ်ကင်းပြီး ဖန်တီးတည်ထောင်မှုတွေနဲ့ လှပနေမယ့် လွတ်လပ်တဲ့ဘ၀ကြီး မှာ ပြန်တွေ့ကြမယ်ဆိုပါတော့။ ကျနော်တို့ တောင့်တခဲ့ကြတာတွေ၊ မရရအောင် တိုက်ပွဲဝင်ခဲ့တာတွေ၊ အခုလဲ ဒီရည်မှန်းချက်တွေအတွက် အသက်ပေးကြတော့မယ်။ အဲဒီဟာတွေအားလုံး တကယ်ပေါ်ထွန်းလာတဲ့အခါမှာ ပြန်တွေ့ကြမယ်ဆိုပါတော့။ အမှန်အားဖြင့်ဆိုသော် သေပြီး သည့်တိုင်အောင်လဲ ကျနော်တို့သည် ခင်ဗျားတို့၏ ကြီးမားသော ပျော်ရွှင်မှု၏ တနေရာ တစိတ်တပိုင်းကလေးတွင် ဆက်လက်၍ နေထိုင်မြဲ နေထိုင်ကြမည်သာဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့သည် ဤပျော်ရွှင်မှုကြီးအတွင်းသို့ ကျနော်တို့၏အသက်များကို ပေး သွင်းခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုအချက်ကြောင့်လည်း၊ ခွဲခွါသည့်အခိုက်တွင် ၀မ်းနည်းစရာ ဖြစ်နေသော်လည်း ကျနော်တို့အတွက် ၀မ်း သာအားရစိတ်ပေါ်နေခဲ့ပါသည်။
ဂုစတီနာနှင့်ကျနော့်အား နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန်ပင် ခွင့်မပေးကြ။ ပွေ့ပိုက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းတို့ကိုပင် ခွင့်မ ပြုကြ။ ကာရလောဗာ နှင့် ပန်းကရာ့စ် ထောင်နှစ်ထောင်အကြား ဆက်စပ်ထားသော ထောင်တွင်းအစုအပေါင်းကသာ ကျနော်တို့နှစ်ဦးအ တွက် တယောက်၏သတင်း တယောက်ထံသို့ ဆောင်ကျဉ်းပေးကြသည်။
ကိုယ်တို့ တယောက်နဲ့တယောက် ပြန်မတွေ့ကြဖို့က များတယ်ဆိုတာ မင်းလဲသိတယ်၊ ဂုစတီနာ၊ ကိုယ်လဲသိတယ်။ ဒါနဲ့တောင် မင်းအဝေးကနေပြီး လှမ်းပြောနေတာကို ကိုယ်ကြားနေသေးတယ်။ ပြန်ပြီးတွေ့ကြအုံးစို့ ... အချစ်ရေ ... တဲ့။
ပြန်တွေ့ကြသေးတာပေါ့ ... မောင့် ဂုစတီနာရေ။
....... ....... ....... ....... ....... ....... ....... ....... ....... ....... .......
ကျနော်၏ သေတမ်းစာ။
ကျနော့်တွင် ကိုယ်ပိုင်စာကြည့်တိုက်မှတပါး ပစ္စည်းဟူ၍ ဘာတခုမျှမရှိခဲ့။ ထိုစာကြည့်တိုက်ကိုပင် ဂက်စတာပိုက ဖျက်ဆီးပစ်ခဲ့လေပြီ။
ကျနော်သည် ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆောင်းပါးများ၊ သတင်းမှတ်တမ်းများ၊ စာပေနှင့်သဘင်ဆိုင်ရာ လေ့လာစာတမ်း များ နှင့် အစီရင်ခံစာများကို အမြောက်အများရေးခဲ့သည်။ ၎င်းတို့အနက် အများအပြားမှာ ခေတ်နှင့်သာဆိုင်၍ ခေတ်နှင့်ပင် ဘ၀ဆုံးခဲ့သည်။ ၎င်း တို့ကိုကား ရှိပါစေတော့။ သို့သော်အချို့စာများကား ဘ၀သို့ အကြုံးဝင်သည်။ ယခင်ကသော်၊ ဂုစတီနာက ထိုစာများကို စီစဉ်ထုတ်ဝေလိမ့် မည်ဟု မျှော်လင့်နေခဲ့သည်။ သို့သော် ထိုသို့ဖြစ်နိုင်မည့် အလားအလာကား အလွန်နည်းပါးသွားလေပြီ။ ထို့ကြောင့် အဆိုပါစာများမှ ရွေးချယ် ၍ အောက်ပါအတိုင်း စာအုပ် ငါးအုပ်ဖွဲ့ရန်၊ ရိုးသားဖြောင့်မတ်လှသည့် မိတ်ဆွေ လားဂျာ၊ ရှတောလ် အား တောင်းပန်ခဲ့ပါသည်။
(၁) နိုင်ငံရေးဆောင်းပါးများနှင့် အငြင်းအခုန်စာပေများ။
(၂) ပြည်တွင်းရေးရာများနှင့်ပတ်သက်သော လက်ရွေးစဉ်သတင်းမှတ်တမ်းများ။
(၃) ဆိုဗီယက်ယူနီယံအကြောင်း လက်ရွေးစဉ် သတင်းမှတ်တမ်းများ။
(၄) နှင့် (၅) စာပေနှင့် သဘင်ဆိုင်ရာ ဆောင်းပါးများနှင့် လေ့လာချက်များ။
အများအားဖြင့် ထိုစာများကို တဗောရဘာ ဂျာနယ်နှင့် ရူဒဲပရာဗော သတင်းစာများတွင် တွေ့နိုင်သည်။ အချို့ကို ကမဲန်။ ပရာမဲန်။ ပရောလဲတကုလ်တ်။ ဒေါဘာ။ ဆောစီယဲလိစတာ၊ အဗန့်တဂါရ်ဒ် စသည်တို့တွင် တွေ့နိုင်သည်။
ကမဲန်။ ပရာမဲန်။ ပရောလဲတကုလ်တ်။ ဒေါဘာ။ ဆောစီယဲလိစတာ၊ အဗန့်တဂါရ်ဒ် - ဒုတိယ ကမ္ဘာစစ်မဖြစ်မီက ထုတ်ဝေခဲ့သော ဂျာနယ်မဂ္ဂဇင်းများ။
ပုံနှိပ်ထုတ်ဝေသူ ဂီရဂါလ် ထံတွင် (ရန်သူများဝင်ရောက် စိုးမိုးနေသည့်အခါ၌ပင် ကျနော်၏ ဘောဇဲနာ၊ ညဲမစောဗား စာအုပ်ကို မဆုတ်မငြင်း ထုတ် ဝေရဲသော သတ္တိကြောင့် သူ့အား ကျနော်ချစ်ခင်လှပါသည်။)
ဘောဇဲနာ၊ ညဲမစောဗား - ညဲမစောဗား (၁၈၂၀ - ၁၈၆၂) ချက်အမျိုးသမီး စာရေးဆရာ။ ဇဲယဲရ် (၁၈၄၁ - ၁၉၀၁) ချက်ကဗျာဆရာ။ ဆာဘီနာ (၁၈၁၃ - ၁၈၇၇) ချက်သတင်းစာဆရာ၊ စာရေးဆရာ။
ယူးလိယုစ်၊ ဇဲယဲရ်အကြောင်း လေ့လာချက် လက်ရေးစာမူရှိပါသည်။ ယဲလီနက်တို့၊ ဗီဆုရှီလ်တို့၊ ဆူခါးနက်တို့ နေထိုင်ခဲ့ကြသော အိမ်အတွင်း တနေရာရာ၌လည်း ဆာဘီနာအကြောင်း လေ့လာစာနှင့်ယန်၊ နဲရုဒါ အကြောင်းမှတ်ချက်များကို ၀ှက်ထားသည်။ ထိုအိမ်တွင်နေခဲ့သူများ အနက် အများစုကားအနိစ္စရောက်ခဲ့ကြလေပြီ။
ကျနော်သည် ကျနော်တို့၏ခေတ်အကြောင်း ၀တ္ထုရှည်ကြီးတပုဒ်ကို စတင်၍ရေးသားခဲ့သည်။ အခဏ်းနှစ်ခဏ်းမှာ ကျနော်၏ မိဘ များထံတွင်ရှိသည်၊ ကျန်သမျှကား အဖျက်ဆီးခံရပြီဟု ထင်သည်။ ဂက်စတာပို၏ အမှုဖိုင်တွဲများထဲတွင်၊ ကျနော်၏၀တ္ထုတို လက်ရေးစာမူ အချို့ကို တစေ့တစောင်း မြင်မိပါသည်။
ယန်၊ နဲရုဒါအပေါ် ကျနော်ချစ်ခဲ့သမျှတို့ကို နောင်မွေးဖွားလာမည့် စာပေသမိုင်းဆရာအတွက် အမွေပြု၍ထားရစ်ခဲ့ပါသည်။ နဲရုဒါ သည် ကျနော်၏အ ကြီးဆုံးသော ကဗျာဆရာကြီးဖြစ်သည်။ ကျနော်တို့ကိုပင် ဖြတ်ကျော်လျက်၊ အနာဂတ်သို့ဝေးလံစွာ မြင်တတ်ခဲ့သော သူဖြစ်သည်။ သို့စင်လျက်သူ့အား သဘော ပေါက်လျက် သူ့ကိုလဲ တန်ဘိုးထားသော ကျမ်းတစောင်တလေမျှ ထွက်မလာသေး။ နဲရုဒါကို ပစ္စည်းမဲ့အဖြစ်ပြရန်လိုသည်။ ဆရာတို့သည် သူ၏အပေါ်အင်္ကျီ နောက်မြီးတွင် ကြည်နူးစရာ မာလာစတရာနာ ၀တ္ထုတိုများကိုသာ တွယ်ချိတ် ပေးခဲ့ကြသည်။ သို့သော် ရှေးမာလာစတရာနာ ရပ်ကွက်၏ “ကြည်နူးစရာ့” အသိုင်း အ၀ိုင်းတွင်မူ နဲရုဒါမှာ “တေလေဂျပိုးတယောက်ဖြစ်ခဲ့ သည်” ကို မမြင်ကြ။
“တေလေဂျပိုးတယောက်ဖြစ်ခဲ့သည်” - နဲရုဒါက မိမိ၏ကလေးဘ၀ကို ဖော်ပြရေးသားခဲ့သော ၀တ္ထုတိုတပုဒ်၏အမည်။
နဲရုဒါသည် စမီးခေါဗ် ရပ်ကွက်၏ အစွန်အဖျား၊ အလုပ်သမားများနေထိုင်ကြသော ပတ်ဝန်းကျင်၌မွေးဖွားခဲ့သည်။ သူ၏ “သင်္ချိုင်းမှ ပန်းမာလာများ” အတွက် မာ လာစတရာနာသင်္ချိုင်းသို့ သွားရာတွင် ရင်းဂဟောဖဲရ် စက်ရုံကြီးများဘေးမှ ဖြတ်၍သွားရသည်။ ဤသည်တို့ကို မမြင်ကြ။ ဤအချက်တို့ကို မမြင်လျှင် “သင်္ချိုင်းမှ ပန်းမာလာများ” ဟူသော ကဗျာအစုအစ “၁၈၉၀ ခုနှစ် မေလတရက်နေ့” ဟူသော စာညွန့် အဆုံး၊ နဲရုဒါအား ခင်ဗျားသဘောပေါက်နိုင်လိမ့်မည်မဟုတ်။ နဲရုဒါ၏ ကဗျာရေးစပ်ခြင်းများမှာ၊ သူ၏ သတင်းစာဆရာအလုပ်များကြောင့် အရှိန်သေခဲ့ရသည်ဟု မြင်သူက မြင်ကြသည်။ ထိုးထွင်းပေါက်ရောက်စွာမြင်တတ်သော ရှာလဒါ လို ပုဂ္ဂိုလ်မျိုးကပင် ဤသို့ယူဆသည်။
ရှာလဒါ - ရှာလဒါ (၁၈၆၇ - ၁၉၃၇) ချက်စာပေဝေဖန်ရေးဆရာ။
သို့သော် ထိုအယူအဆကား လုံးဝအခြေအမြစ်မရှိ။ သတင်းစာဆရာဖြစ်၍သာလျှင် နဲရုဒါသည် “ရှေးပုံပြင်များနှင့် ဒဏ္ဍာရီများ” ကဲ့သို့ ကောင်းမွန်ခံ့ညားလှသည့် လက်ရာကိုလည်းကောင်း၊ သို့မဟုတ် “သောကြာနေ့သီချင်းများ” ကိုလည်းကောင်း၊ “အကြောင်းအရာရိုးရိုး ကလေးများ” ဟူသော ကဗျာများမှ အများစုကိုလည်းကောင်း၊ ရေးသားနိုင်ခဲ့ခြင်းဖြစ် သည်။ သတင်းစာဂျာနယ်လုပ်ငန်းသည် လူတယောက် တွင်ရှိသော အင်အားဟူသ၍တို့ကို စုပ်ယူတတ်သည်။ စိတ်လေလွင့်ကောင်းပင် လွင့်စေသည်ထင်သည်။ သို့သော်လဲထိုအလုပ်သည် သတင်း စာဆရာအား စာဖတ်သူနှင့်ဆက်စပ်ပေးသည်၊ ကဗျာစပ်ရာတွင်ပင် ဖန်တီးမှုကိုသင်ပေးသည် သို့သော်၊ သတင်းစာဆရာ ဘက်ကလဲနဲရုဒါ ကဲ့သို့ ဖြောင့်မတ်တည်ကြည်ရန် လိုပေလိမ့်မည်။ ခေတ်နှင့်ဆက်စပ်နေသော သတင်းစာများနှင့်သာ မပေါင်းဖက်လျှင်၊ နဲရုဒါသည် ကဗျာစာ အုပ် အမြောက်အများရေးကောင်း ရေးခဲ့မည်။ သို့သော် ထိုစာအုပ်များကား ယခုလက်ရှိ နဲရုဒါ၏စာများကဲ့သို့၊ ရာစုနှစ်အဟောင်းမှ လက်ငင်း အချိန်အထိ သက်ဆိုးရှည်ကြ မည်မဟုတ်ပေ။
ဆာဘီနာအကြောင်း စာတမ်းကိုလဲ တယောက်ယောက်က အဆုံးသတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ လုပ်ထိုက်သော အလုပ်တ ရပ်ပင် ဖြစ်ပါ သည်။
ကျနော်၏မိဘများသည် သူတို့၏အချစ်၊ သူတို့၏ရိုးသားသောကျက်သရေတို့အတွက် နေပွင့်သောဆောင်းဦးရာသီကို မလွဲဧကန်ရ ကြစေရန် ကျနော် ၏လုပ်ငန်းအ၀၀တို့ကို ဦးတည်၍ ထားခဲ့ပါသည်။ သူတို့အတွက်ချည့်လည်း မဟုတ်ပါ။ ကျနော်မရှိတော့သည့် အတွက် ကြောင့် ဤစေတနာအတိုင်း မဖြစ်နိုင်သည် မရှိ ပါစေသတည်း။ “အလုပ်သမားကား အနိစ္စသဘောတရားကို မလွန်ဆန်နိုင်၊ အလုပ်ဟူသည် ကား ဆက်လက်၍အသက်ဝင်နေသည်”။ ထို့ကြောင့် ကျနော့် မိဘများကို ၀န်းရံနေမည့် အနွေးဓာတ်နှင့် အလင်းရောင်ဝယ်၊ ကျနော်လည်း အမြဲမပြတ် လက်ပွန်းတတီး ရှိနေလိမ့်မည်သာတည်း။
ဖေဖေနှင့်မေမေတို့အနေဖြင့် ကျနော်တို့မိသားစုအတွင်း ဟာသွားသောအကွက်ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေရန် မိမိတို့၏ သီချင်းသံများဖြင့် ဖြည့် တင်းပေးကြပါမည့်အကြောင်း၊ နှမဖြစ်သူ လီဘာနှင့်ဗြဲရကာ တို့အား မေတ္တာရပ်ခံခဲ့ပါသည်။ သူတို့နှစ်ယောက်သည် ပက်ချက်နန်းတော်အတွင်းသို့ ထောင်ဝင်စာ ခံလျက် ကျနော်တို့အား လာ၍တွေ့ရာတွင်၊ မျက်ရည်များကို အနိုင်နိုင်မြိုသိပ်ခဲ့ကြရရှာသည်။ သို့သော်လဲသူတို့၏ ကိုယ်တွင်း၌ကား ရွှင်လန်းမှုသည် ရှင်၍နေ သည်။ ထို့အတွက်ကြောင့်လဲ သူတို့အား ကျနော်ချစ်သည်။ ထို့အတွက် ကြောင့်လဲ ကျနော်တို့တယောက်နှင့်တယောက် ချစ်ကြခြင်းဖြစ်သည်။ သူတို့ကား ရွှင်လန်း မှုသည် ပျိုးကြဲသူများဖြစ်ကြသည် - ဤသဘာဝ သည် သူတို့၌ အမြဲမပြတ် တည်မြဲနေပါစေသတည်း။
ဤနောက်ဆုံးတိုက်ပွဲကို ဖောက်ထွက်ကြမည့် ရဲဘော်များနှင့် ကျနော်တို့၏နောက်သို့ လိုက်လာကြမည့် ရဲဘော်တို့အား လှိုက်လှဲ စွာ လက်ဆွဲနှုတ်ဆက် ခဲ့ပါသည်။ ကျနော်တို့ကား ကျရောက်လာသော တာဝန်ကို ကျေပြွန်ခဲ့ကြပါပြီ။
ထပ်လောင်း၍ ဆိုပါဦးမည်။ ကျနော်တို့သည် ရွှင်လန်းမှုအတွက် ဤလောကတွင် နေထိုင်ခဲ့ကြသည်။ ရွှင်လန်းမှုအတွက် တိုက်ပွဲ သို့ဝင်ခဲ့ကြ၍၊ ရွှင် လန်းမှုအတွက်ပင် အသေခံခဲ့ကြပါပြီ။ ထို့ကြောင့်ပင် ကျနော်တို့၏ အမည်များနှင့် ပူဆွေးဝမ်းနည်းခြင်းဟူသည်ကား တွဲ လျက်သားမရှိပါစေသတည်း။
၁၉၊ ၅၊ ၄၃။ ယ၊ ဖ။
၁၉၄၃ ခုနှစ်၊ မေလ ၂၂ ရက်။
အဆုံးသတ်၍ လက်မှတ်ထိုးခဲ့ပြီ။ စစ်ဆေးစုံစမ်းသူတရားသူကြီးနှင့်ကား ယမန်နေ့ကပင်ကိစ္စပြီးခဲ့ပြီ။ ကျနော်တွက်ထားသည် ထက်ပင် ပို၍မြန်နေ သည်။ ကျနော်တို့၏အမှုကို တက်သုတ်ရိုက်နေကြပုံပေါ်သည်။ ကျနော်နှင့်တမှုတည်းစွဲချက် အတင်ခံရသူများကား လီဒါ၊ ပလာခါ နှင့် မီးရက် တို့ဖြစ်သည်။ သူရဲ ဘောကြောင်မှုသည်၊ သည်လူ့အတွက် ဘာကလေးတခုမျှ အကျိုးမထူးခဲ့ပေ။
စစ်ဆေးစုံစမ်းသူ တရားသူကြီး၏ ရုံးတွင်ကား အစစအရာရာမှာ စည်းကမ်းဥပဒေအရ တိကျလှသည်။ အေးစက်လိုက်သည်မှာလဲ ထုံကျင်နေသည်အထိ ဖြစ်သည်။ ဂက်စတာပိုတွင် ကြုံတွေ့ရသမျှတို့ကား ဘ၀၏တစိတ်တပိုင်းဖြစ်နေခဲ့သေးသည်။ ဆိုးဝါးလှသော်လဲ ဘ၀၏ တစွန်းတစပင်ဖြစ်နေသေးသည်။ စိတ်များမာန်များဟူ၍ ရှိနေခဲ့သေးသည်၊ တဘက်တွင် တိုက်ပွဲဝင်နေသူတို့၏ စိတ်မာန်များရှိသည်၊ ဒုတိယ တဘက်တွင် အမဲလိုက်သူများ၊ သားရဲတိရိစ္ဆာန်များ၊ သို့မဟုတ် သာမန်ဓားပြရိုးရိုးတို့၏ စိတ်မာန်များရှိသည်။ အဆိုပါ ဒုတိယတဘက်မှ အချို့ သောသူတို့တွင် ယုံကြည်ချက်ကလေးအစ ဘာကလေးအစပင် ရှိနေခဲ့သေးသည်။ ဤနေရာ စစ်ဆေးစုံစမ်းသူ တရားသူကြီး၏ ရုံးခန်းတွင် ကား ရာထူးဌာနန္တရဟူသည်သာ ရှိသည်။ ကုတ်အင်္ကျီကော်လာများပေါ်မှ စကြာတံဆိပ် ဘိန်း မုန့်ကြီးများက ကိုယ်တွင်း၌မရှိသော ယုံကြည်ချက်ကို ဖော်ပြနေသည်။ ဤဘိန်းမုန့်ကြီးများသည် ဤခေတ်ကြီးအတွင်းမှ ကြံဖန်၍ကျော်ထွက်ရန် အလေ့ကျကြိုး စားနေသော သနားစဖွယ်အရာ ရှိစုတ်ကလေးတယောက်ကို ဒိုင်းသဖွယ်ကာကွယ်ပေးနေသည်။ သူကား တရားခံအပေါ် ဆိုးလဲမဆိုး၊ ကောင်းလဲမကောင်း။ ပြုံးလဲမ ပြုံး၊ မျက်မှောင်လဲမကြုတ်။ ရုံးသာထိုင်တော်မူလေသည်။ သူ၏ကိုယ်တွင်း၌ သွေးဟူ၍မရှိ၊ ဟင်းချို ရေကျဲကလေးသာ ရှိလေသည်။
သွန်၍သာ ရေးကြသည်၊ လက်မှတ်ထိုးကြသည်၊ ဥပဒေပုဒ်များနှင့် ၀င်ဆောင့်မိကြသည်။ စွဲချက်တွင် နိုင်ငံတော်သစ္စာဖောက်ခြင်း ဟူသောစကား ခြောက်ခါလောက် ပါသည်။ ဂျာမန်အင်ပါယာအား လုပ်ကြံခြင်း၊ လက်နက်ကိုင်ပုန်ကန်မှုအတွက် ပြင်ဆင်ခြင်း၊ နောက်ဘာများ လဲ မသိထည့်ထားသေးသည်။ ၎င်း တို့အနက် အချက်တချက်တည်းကပင်လျှင် လိုရင်းသို့ရောက်လောက်ပါပေသည်။
ကျနော်သည် ဆယ့်သုံးလတိုင်တိုင်အခြားသူတို့၏ အသက်များနှင့် မိမိ၏ အသက်အတွက်ပါ လုံးပန်းနေခဲ့သည်။ သတ္တိကိုလဲသုံး သည်။ စဉ်းလဲမှုလဲ သုံးခဲ့သည်။ ရန်သူတို့သည် “ရှေးခေတ်မြောက်ဘက်ဒေသမှ ပင်လယ်ဓားပြတို့၏ ကောက်ကျစ်စဉ်းလဲမှု” ကို အတုယူစရာ တရပ်ဟု မိမိတို့၏ အစီအစဉ်များတွင် ထည့်ထားသည်။ ကျနော်သည်လဲ ဤစဉ်းလဲမှုမျိုးကို သုံးတတ်သည်ဟု ထင်ပါသည်။ သူတို့အနေနှင့် ဤအရည်အချင်းကိုသာမက၊ လက်ထဲ၌ ပုဆိန်ကိုလဲ ကိုင် ထားသောကြောင့်သာ ကျနော်ရှုံးရခြင်းဖြစ်ပါသည်။
သို့ဖြင့် ဤနပမ်းပွဲကား အဆုံးတိုင်လေပြီ။ စောင့်နေရန်သာရှိတော့သည်။ စွဲချက်ရေးဆွဲ၍ မပြီးသေးမီနှစ်ပတ် သုံးပတ်မျှစောင့်၊ နောက် ရိုခ် သို့ ခရီး ထွက်၊ ရုံးချိန်းသည့်ရက်ကိုစောင့်၊ အမိန့်ကျ၊ နောက်ဆုံးတွင် ကွပ်မျက်သည့်နေ့အထိ ရက်ပေါင်း ၁၀၀ စောင့်ဆိုင်းနေရ ပေလိမ့်မည်။
ရိုခ် - အင်ပါယာ။ ဟစ်တလာလက်ထက်က ဂျာမဏီပြည်ကို ရိုခ် ဟု ခေါ်ကြသည်။
ဤကား ရှေ့တွင်မြင်နိုင်သည့် အလားအလာဖြစ်သည်။ နောက်လေးလ သို့မဟုတ် ငါးလကြာလျှင်ကြာမည်။ ဤအချိန်အတွင်း အပြောင်းအလဲ များ၊ များစွာပေါ် ပေါက်လာနိုင်သည်။ ဤအချိန်အတွင်း အစစအရာရာပင် ပြောင်းလဲသွားနိုင်သည်။ ထိုသို့ပြောင်းလဲသွားရန် အခြေအနေများ ရှိကောင်းရှိမည်။ ဤနေရာမှကား ချင့် ချိန်၍မရ။ သို့သော် အပြင်ဘက်မှ အဖြစ်အပျက်များ ခြေသွက်လာခြင်းသည်ပင် ကျနော်တို့၏ အဆုံး သတ်ကို မြန်သည်ထက်မြန်သွားစေနိုင်သည်။ သို့နှင့်ပင် နှစ်ဘက်စလုံး မျှ၍သွားလေသည်။
ဤသည်ကား မျှော်လင့်ချက်နှင့် စစ်တို့၏ အပြေးပြိုင်ပွဲဖြစ်လေသည်။ သေခြင်းနှင့် သေခြင်းတို့၏ အပြေးပြိုင်ပွဲဖြစ်သည်။ မည် သည့်သေခြင်းက အလျင်ရောက်လာမည်နည်း။ ဖက်ဆစ်ဝါဒီတို့၏ သေပွဲလော၊ ကျနော်၏သေပွဲလော။ ဤမေးခွန်းကို မေးနေသည်မှာ ကျနော်တယောက်တည်းသာလော။ ကျနော် တယောက်တည်းကား မဟုတ်၊ သောင်းနှင့်ချီသော အကျဉ်းသမားများကလဲ ဤသို့မေးနေကြ သည်။ ဥရောပတ၀ှမ်းလုံး၊ ကမ္ဘာတ၀ှမ်းလုံးရှိ ကုဋေနှင့်ချီသော လူအ ပေါင်းတို့သည်လည်း ဤသို့မေးနေကြသည်။ အချို့တွင် မျှော်လင့်ချက်ပို ၍ကြီးသည်၊ အချို့တွင် ပို၍ငယ်သည်၊ သို့သော်လဲ ဤသည်ကား ထင်ကြေးမျှသာဖြစ်သည်။ ပုပ်ဆွေးပြိုဆင်းနေသော အရင်းရှင်စနစ်က တ ကမ္ဘာလုံးကို လွှမ်းခြုံလိုက်သည့် အန္တရာယ်ကြီးများသည် လူတိုင်းလူတိုင်းအား ဒင်ပြည့်ကျပ်ပြည့် ခြိမ်းခြောက်လျက် ရှိသည်။ နောက်ထပ် လူ ပေါင်းသိန်းချီ၍ ကျဆုံးကြဦးမည် - ဘယ်လောက် တန်ဘိုးရှိတဲ့လူတွေလဲ - ထို့နောက်ပိုင်းတွင်မှ ကျန်ရစ်သောသူများသည် ကျုပ်တော့ ဖက်ဆစ်ခေတ်ကို ကျော်လွန်နိုင်ခဲ့ပြီဟု ဖြေနိုင် ဆိုနိုင်ကြပေလိမ့်မည်။
ယခုအခါတွင် လပိုင်းလောက်ကသာ အဆုံးအဖြတ် ပေးလိမ့်မည်။ မကြာမီတွင်ပင် ရက်ပိုင်းလောက်ကသာ အဆုံးအဖြတ် ပေးပေ တော့မည်။ ထိုရက် များသည်ပင် အရက်စက်အကြမ်းကြုတ်ဆုံးသော နေ့များဖြစ်ပေလိမ့်မည်။ စစ်ပွဲ၏ နောက်ဆုံးစက္ကန့်တွင်မှ၊ နှလုံးသား အတွင်းသို့ နောက်ဆုံးကျည်ဆံအ၀င်ခံလိုက် ရသော စစ်သား၏အဖြစ်သည် ၀မ်းနည်းဘွယ်ကောင်းလေစွဟူ၍ အစဉ်ပင် တွေးတောမိခဲ့ဘူး သည်။ သို့သော် တယောက်ယောက်သည် ထိုနောက်ဆုံးကျဆုံးသူ၏ နေရာကိုယူမည်သာဖြစ်လေသည်။ ထိုနောက်ဆုံးကျဆုံးသူ၏ နေရာကို ကျနော်ယူနိုင်သည်ဟု သိရလျှင်ကား၊ ယခုချက်ခြင်းပင် ထွက်ခွာသွားလိုလှပါသည်။
....... ....... ....... ....... ....... ...... ....... ....... ....... ....... .......
ပန်းကရာ့စ်တွင် ဆက်လက်နေထိုင်ရမည့်အချိန်ကား တိုတောင်းနေပြီဖြစ်သောကြောင့် ဤသတင်းမှတ်တမ်းကို မူလကြံရွယ်ရိုးရှိ သည့်အတိုင်းရေးနိုင် တော့မည် မဟုတ်ပါ။ ပို၍ အကျဉ်းချုံ့ ရပေတော့မည်။ ခေတ်တခေတ်လုံးအကြောင်း သက်သေခံခြင်းထက် လူများအ ကြောင်းကို သက်သေခံသည်က ပိုလိမ့်မည်။ ဤကိစ္စကား အရေးကြီးဆုံးဖြစ်သည် ထင်သည်။
ကျနော်သည် ဤလူရုပ်သွင်များကို ရေးသားဖော်ပြရာ၌ ယဲလီနက်တို့ ဇနီးမောင်နှံနှင့်အစပြုခဲ့သည်။ သူတို့ကား ရိုးရိုးတန်းတန်း လူများဖြစ်ကြသည်။ သာမန်အခြေအနေများတွင် ခင်ဗျားအနေနှင့် သူတို့နှစ်ဦးအားသူရဲကောင်းများအဖြစ် မြင်တတ်မည်မဟုတ်ပေ။ အဖမ်းခံရ သောအချိန်က သူတို့သည် လက်များကို ခေါင်းပေါ်အထိ မြှောက်ထားယင်း နှစ်ယောက်သားယှဉ်၍ ရပ်နေခဲ့ကြသည်။ သူကား ဖြူပတ်ဖြူရော်၊ သူမကား နားထင်အောက်တွင် တီဘီရောဂါသွေးများ လျှမ်း နေသည်။ သူမ၏ စံပြုလောက်အောင် သန့်ရှင်းသောအိမ်ခန်းကို ဂက်စတာပိုက ငါးမိနစ်အတွင်း ဇောက်ထိုးမိုးမြှော် လုပ်ပစ်လိုက်ကြသည်ကို မြင်ရသောအခါတွင် မျက်လုံးများ၌ ထိတ်လန့်သော အရိပ်အရောင်များ ပေါ်လာ သည်။ နောက်မိမိ၏ ယောက်ျားဘက်သို့ ခေါင်းကိုဖြည်းညှင်းစွာ လှည့်၍မေးလိုက်သည်။
- ပဲပါ ..... ဘာတွေများဖြစ်အုံးမှာလဲဟင် .....
သူကား စကားနည်းသူတယောက်ဖြစ်သည်၊ စကားလုံးရှာရသည်မှာလဲ သူ့အတွက် အတော်ခက်သည်၊ စကားပြောနေရလျှင် သူ့အနေနှင့် စိတ်မငြိမ် မသက်ဖြစ်နေတတ်သည်။ ယခုသော် မပင်မပန်းအေးအေးသက်သာပင် အဖြေပေးလိုက်သည်။
- သွားပြီး သေကြရတော့မှာပေါ့၊ မားညာ။
သူမသည် အော်လဲမအော်၊ ဣနြေ္ဒလဲမပျက်။ သူတို့အား အစဉ်သဖြင့် ချိန်ထားသော ပစ္စတိုပြောင်းဝများရှေ့တွင်ပင် သူမ၏လက်ကိုညွှတ်၍ သူ့ထံသို့ လှမ်းပေးလိုက်သည်။ ထိုသို့ပြုလုပ်သည့်အတွက် သူရောသူပါပထမဆုံးအကြိမ် ပါးအရိုက်ခံကြရလေသည်။ သူမသည်ပါးကိုပွတ်ယင်း ၀င်ရောက်ကျူးကျော်သော သူများအား အနည်းငယ်အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ ပြီးလျှင် လှောင်သလို ပြောင်သလို နီးနီးအသံနေအသံထားနှင့် .....
- ရုပ်ရည်ကလေးတွေက သနားကမားနဲ့ - ဟုပြောလိုက်သည်။ နောက်သူမ၏အသံမှာပို၍ ကျယ်လာသည် - ရုပ်ရည်ကလေးတွေ က သနားကမားနဲ့၊ ဒါပေမဲ့ မိုက်ကန်းလိုက်တဲ့ အကောင်တွေ။
မားညာ။ - ချက်ကိုယ်ပိုင်အမည်များကိုရင်းနှီးသည့်သဘော။ ချစ်စနိုးသည့်သဘောဖြင့် တမျိုးပြင်၍ခေါ်လေ့ရှိကြရာတွင် ယိုးဇက်အစား ပဲပါ။ မာရိယယ်အစား မား ညာ ဟုခေါ်ကြသည်။
သူမသည် ၎င်းတို့အား မှန်ကန်စွာအကဲဖြတ်ခဲ့လေသည်။ နောက်နာရီအနည်းငယ်ကြာသောအခါ သူမအား “အမှုစစ်သူ” အရာရှိ၏ ရုံးခန်းမှခေါ်ထုတ် သွားကြရာတွင် အရိုက်အနှက်များ အပြင်းအထန်ခံရသဖြင့် သတိလစ်နေလေသည်။ သို့သော်သူမထံမှ ဘာတခွန်းမျှမရခဲ့ကြ။ ဤတခါတွင်လဲ မရ၊ နောက်အခါ များတွင်လဲ ဘာကလေးတချက်မျှ မရခဲ့ကြပေ။
အစစ်မခံနိုင်ဘဲ အကျဉ်းခန်းထဲတွင် ကျနော်လဲနေစဉ်တုန်းက သူတို့ဘာတွေ ဖြစ်ခဲ့ကြသည်ကို ကျနော်မသိ။ ထိုတချိန်လုံးတွင် ဘာတခွန်းမျှမဖောက် ကြားခဲ့ကြသည်ကိုကား ကျနော်သိသည်။ ကျနော့်ကို စောင့်နေကြသည်။ ထို့နောက်ပိုင်းတွင်လည်း ပဲပါကို လက်ပြန် ကြိုးဘယ်နှစ်ခါတုတ်၍၊ ဘယ်နှစ်ခါ ရိုက်နှက်၊ ထိုးကြိတ်၊ကန်ကြောက်ခဲ့ကြပြီနည်း။ စစ်ဆေးမေးမြန်းနေသူများ ရေလိုက်လွဲကုန်ကြရန် မည် သည့်အချက်ကိုပြောနိုင်သည် သို့မဟုတ် မည်သို့ဖြေရမည်စသည်ဖြင့် ကျနော်က သူ့အားမပြောနိုင်သမျှ၊ ယုတ်စွအဆုံး မျက်ရိပ်ဖြင့် အချက်မ ပေးနိုင်သမျှ ကာလပတ်လုံး စကားတခွန်းမျှ မပြောခဲ့ပေ။
သူမကား ထိလွယ် နာလွယ်ခဲ့သည်၊ ၀မ်းနည်းစိတ် ကြီးခဲ့ဖူးသည်။ အဖမ်းမခံရမီက ဤသို့လျှင် သူမ၏သဘာဝကို အကဲခတ်မိ သည်။ သို့သော် ဂက်စတာပို၏ လက်တွင်းရှိနေသမျှတချိန်လုံးတွင် သူမ၏ မျက်စိများ၌ မျက်ရည်ကလေးတပေါက်တလေမျှပင် မမြင်မတွေ့ ခဲ့ရ။ သူမသည် မိမိတို့၏အိမ်ခန်းအပေါ် သံယောဇဉ်ကြီးသည်။ သို့သော် အိမ်ထောင်ပရိဘောဂများကို မည်သူခိုးယူသည်ကို သိကြောင်း၊ ထိုသူ အား စောင့်ကြည့်နေကြကြောင်းဖြင့် အပြင်မှရဲဘော်များက သူမစိတ်သက်သာစေရန် သတင်းပေးကြသည့်အခါတွင် ဤသို့ ဖြေခဲ့သည်။
အိမ်ထောင်ပရိဘောဂတွေ ဖြစ်ချင်ရာဖြစ်ပစေ၊ ဒါတွေနဲ့ ပတ်သက်ပြီးအချိန်ကုန် ခံမနေကြပါစေနဲ့။ ဒီထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေရှိနေကြတဲ့ ကြားထဲမှာ အခုလဲ ကျမတို့ကိုယ်စား ပိုပြီးအလုပ်လုပ်ကြမယ်မဟုတ်လား။ အောက်ခြေသိမ်းကနေပြီး ဆေးကြောပစ်ဖို့က ပထမ။ ဒီအတောအတွင်းမသေဘူးဆိုရင် နောက်တော့မှကျမအိမ်ကို ကျမကိုယ်တိုင်ရှင်းမယ်။
တနေ့သော် သူတို့နှစ်ယောက်အား ခေါ်ထုတ်သွားကြသည်။ တယောက်တကွဲ ခေါ်ထုတ်သွားကြသည်။ သူတို့ဘာတွေဖြစ်ကုန်ကြ သည်ကိုသိရှိရန် ကျနော်စုံစမ်းသမျှကား အချည်းအနှီးပင် ဖြစ်ခဲ့သည်။ ဂက်စတာပိုလက်တွင်းသို့ ကျရောက်သွားသော သူများကား၊ လက်ရာ ပျောက်၊ ခြေရာဆုံး စုန်းစုန်းမြှုပ်သွား ကြသည်သာ ဖြစ်သည်။ သုဿာန်ပေါင်းတထောင်ဝယ် ပျိုးကြဲသလို ပြန့်ဆင်းသွားကြသည်။ ဤတုံလှုပ် ဖွယ်ရာသောပျိုးခင်းမှ မည်သို့သောစပါးများ ပေါ်ပေါက်လာ လိမ့်မည်နည်း။
သူမက နောက်ဆုံးစကား ဤသို့မှာကြားသွားသည်။
ဆရာကြီး၊ ကျမဒီလိုဖြစ်သွားတဲ့အတွက် သနားမနေကြနဲ့၊ ကြောက်မသွားကြနဲ့လို့ အပြင်ကိုသတင်းပို့ပေးပါ။ အလုပ်သမားတာဝန် က လမ်းညွှန်တဲ့ အတိုင်း လုပ်စရာရှိတာကိုလုပ်ခဲ့ပြီ၊ ဒီအတိုင်း အသေခံမှာပါပဲ။
သူမကား “အစေခံတယောက်မျှသာ” ဖြစ်လေသည်။ ဂန္ထ၀င်စာပေကို သင်ကြားလေ့လာခဲ့ရသည် မဟုတ်၍လည်း၊ ရှေးယခင်အခါ တရပ်က အောက်ပါ အတိုင်း ဆိုခဲ့ကြဖူးသည်ကို မသိခဲ့ရှာပေ။
အိုဘယ့်ခရီးသည်။ ဥပဒေများက ငါတို့အား ညွှန်ပြခဲ့ကြသည့်အတိုင်း ဤနေရာတွင် ငါတို့တတွေ သေကြ လဲလျောင်းနေကြပြီဟူ၍ လာကယ်ဒါ အိမောန် တို့အား ကြေညာလိုက်ပါတော့။
လာကယ်ဒါအိမောန် - ခရစ်မတိုင်မီ သက္ကရာဇ် ၄၈၀ ပြည့်၌ ကြီးမားသောပါရှားစ်စစ်တပ်များကို ခုခံရင်း အသေခံသွားကြသော စပါရတန်စစ် သည်တော်များအား ဂုဏ်ပြုသည့်ကျောက်တိုင်မှ စာတမ်း။
ဗီဆုရှီလ်တို့ ဇနီးမောင်နှံ
သူတို့ လင်မယားသည် ယဲလီနက်တို့နှင့် တတိုက်တည်းကပ်လျက်သားအိမ်ခန်းတွင် နေထိုင်ခဲ့ကြသည်။ နာမည်များမှာလဲ ယိုးဇက် နှင့် မာရိယယ်ပင် ဖြစ်သည်။ အောက်တန်းစာရေး၏ အိမ်ထောင်ကလေးဖြစ်၍၊ ယဲလီနက်တို့ထက် အနည်းငယ်ပို၍အသက်ကြီးသည်။ ဆယ့် ခုနှစ်နှစ်သားအရွယ်က ဤနုစလယ် အရပ်သား ဒေါင်ရှည်ရှည်ကို၊ စစ်ထဲသို့ ဆွဲသွင်းကြ၍ ပထမကမ္ဘာစစ်ကြီးထဲသို့ ထိုးထည့်လိုက်ကြသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း၌ပင် ဒူးတဖက်ကြေလျက် ပြန်ခေါ်လာကြသည်။ ဒူးမှအနာကား ပြန်၍ကျက်မလာတော့ချေ။ သူမမှာ ဘာရနောမြို့ စစ်တပ်ဆေးရုံတွင် သူနာပြုဆရာမအဖြစ် အလုပ်လုပ်နေခဲ့ရာ၊ ဆေးရုံတွင်ပင် နဖူးစာဆုံကြသည်။ သူမက သူ့ထက်ရှစ်နှစ်မျှ ပို၍ ကြီးသည်။ စည်း၊၀ါး မကိုက်သော အိမ်ထောင်ဟောင်းမှ ဖျက်ထွက်လာသူဖြစ်သည်။ စစ်ပြီးသောအခါ ပဲပီက်နှင့် အိမ်ထောင်ကျသည်။ သူမက သူ့အပေါ်ဆက်ဆံပုံမှာ သူနာပြုဆရာသဘော၊ မိခင်သဘောမပျောက်ဘဲ ကျန်နေလေသည်။ ပစ္စည်းမဲ့အိမ်ထောင်များမှ ဆင်းသက်လာ ကြသူများ မဟုတ်သည်သာမက၊ ကိုယ်တိုင်လဲ ပစ္စည်းမဲ့အိမ်ထောင်ကဲ့သို့ မနေကြ။ ပါတီတွင်းသို့ သူတို့ရောက်လာသောလမ်းမှာ ပို၍ရှုပ်ထွေး သည်၊ ပို၍ ခက်ခဲ သည် - သို့သော် ထိုလမ်းကို ရှာ၍တွေ့ကြလေသည်။ ထိုလမ်းကား - အခြားအခြားသောသူများလဲ အသုံးချခဲ့သလို - ဆိုဗီယက်ယူနီယံမှတဆင့် ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေသောလမ်းဖြစ်လေသည်။ နိုင်ငံတော်ကို ရန်သူများဝင်ရောက်မစီးနင်းမီ ခပ်စောစောပိုင်းကပင် မိမိတို့လိုလားသော အချက်ကို မိမိတို့သဘောပေါက်ခဲ့ကြ၍ ဂျာမန်ရဲဘော်များကို မိမိတို့၏အိမ်ခန်း၌ ၀ှက်ထားခဲ့ဘူး ကြသည်။
ပဲပီက် - ယိုးဇက်။
ဆိုဗီယက်ယူနီယံကို ဂျာမန်များဝင်ရောက်တိုက်ခိုက်သည့်နောက် အခက်အခဲဆုံးသော အချိန်များတွင်လည်းကောင်း၊ ၁၉၄၁ ခုနှစ် ပထမဆုံးအကြိမ်မာရှယ်လော ကြေညာထားသောကာလတွင်လည်းကောင်း၊ သူတို့၏ အိမ်၌ဗဟိုကော်မတီဝင်များ တွေ့ဆုံလေ့ရှိကြသည်။ ထိုအိမ်တွင် ဟောန်းဇာ၊ ဇိကာနှင့်ဟောန်းဇာ၊ ချာရနီ တို့ အိပ်လေ့ရှိကြသည်။ အထူးသဖြင့် ကျနော်သည်ထိုအိမ်၌ အများဆုံးအိပ်ခဲ့ဘူး သည်။ ဤနေရာတွင် ကျနော်တို့သည် ရူးဒဲပရေားဗော သတင်းစာကိုရေးကြသည်။ ဆုံးဖြတ်ချက်အများအပြားကို ပြုလုပ်ကြသည်။ ဤနေရာ၌ပင် “ကားရဲလ်” ဟု အမည်ပေးထားသော ချာရနီကို ပထမဆုံးအကြိမ် သိကျွမ်းခဲ့ရပါသည်။
သူတို့လင်မယားကား အနေအထိုင်ကျဉ်းကြပ်သည်အထိ အချိန်မှန်တတ်သည်။ အလိုက်သိသည်။ မြေအောက်လုပ်ငန်းတွင် တောင်လိုပုံနေတတ် သော ရှောင်တခင်ပြဿနာများကို မည်သို့ကိုင်ရတွယ်ရမည်ဟု အမြဲသိတတ်ကြသည်။ မှင်သေသေ လုပ်တတ်ကြသည်။ အမှန်အားဖြင့် “မီးရထားဘက်မှ” ဤသို့ သော သဘောကောင်းသည့် အောက်တန်းစားစာရေး အရပ်ရှည်ရှည်နှင့် “မမကြီး” ဗီဆုရှီလောဗာ တို့သည် တရားမ၀င်သော ကိစ္စတရပ်နှင့်ပတ်သက် နေကြမည်ဟု မည်သူကမျှ စိတ်ကူးထဲသို့ ထဲ့မိကြမည်မဟုတ်ပေ။
သို့ပင်ဖြစ်စေကာမူ ကျနော်အဖမ်းခံရပြီး များမကြာမီပင် သူလည်းအဖမ်းခံရလေတော့သည်။ သူ့အားမြင်လျှင်မြင်ချင်း ကျနော့်မှာ အထူးတုန်လှုပ်သွားမိ သည်။ သူ့ဆီကများ ပေါက်ကြားသွားမယ်ဆိုရင် ဘယ့်လောက်များဆိုးလိမ့်မလဲလို့။ သို့သော် သူကား ရေငုံ၍နေခဲ့သည်။ သူသည် မိတ်ဆွေတယောက်အား လျှို့ဝှက်စာတမ်းတချို့ကို ဖတ်ရန်ပေးခဲ့သည်။ ထိုစာတမ်းများကြောင့် ဤနေရာသို့ ရောက်လာသည် - ဂက်စတာပိုကလည်း ထိုစာတမ်းကိစ္စထက်လွန်၍ ဘာမျှမသိရ။
လပေါင်းအနည်းငယ်မျှအကြာတွင် ပေါကောရနီနှင့် ပစ်ကဆောဗာ တို့၏ စည်းကမ်းမသေ၀ပ်မှုတို့ကြောင့်၊ ဗီဆုရှီလ်၏ နှမထံတွင် ဟောန်းဇာ၊ ချာရနီ နေထိုင်ကြောင်းကို ဂက်စတာပိုတို့ သိရှိသွားသည်။ ကျနော်တို့ ဗဟိုကော်မတီမှနောက်ဆုံး မောဟိကန် ဖြစ်သူ၏ ခြေရာ များကို ဖော်ထုတ်ရန် ပဲပီက်အား နှစ်ရက် ဆက်၍ ထုံးစံအတိုင်း “စစ်” ကြလေတော့သည်။ တတိယနေ့တွင် နံပါတ်လေးရာသို့ရောက်လာ သည်။ တင်ပါးချ၍ ထိုင်ရမည်ဆိုလျှင် ဒဏ်ရာအစိုများမှာ အကျိုးနည်း နာကျင်စေသည့်အတိုင်း ခုံတန်းလျားပေါ်တွင် ရွရွကလေးထိုင်ချ လိုက် ပါသည်။ ကျနော်သည်သူ့အား စိတ်ပူစွာကြည့်လိုက်သည်။ ထိုအကြည့်တွင် မေးခွန်းလဲပါသည်၊ အားပေးမှုလဲပါသည်။ သူက ရွှန်းရွှန်းစားစား အဖြေပေးသည်။ နုစလယ်အရပ်သားပီပီ တစ်တစ်ခွခွလဲ ပြောလိုက်သည်။
မောဟိကန် - ပြုတ်ပြုတ်ပြုန်းလုပြီဖြစ်သော အမေရိကန်လူနီမျိုးတမျိုးမှ နောက်ဆုံးကျန်ရစ်သောသူဟု တင်စားရေးသားခြင်းဖြစ်သည်။
- ဘူးလို့သာ ခေါင်းကခါလိုက်ရင်၊ ပါးစပ်ပေါက်ကပြောဖို့နေနေသာသာ စအိုကတောင် မတွန်ဘူး။
ဤလင်မယားကို ကျနော်ကောင်းစွာသိကျွမ်းခဲ့ပါသည်။ သူတို့တယောက်နှင့်တယောက် မည်မျှတွယ်တာကြသည်ကိုလဲ သိသည်။ တရက်လေး နှစ် ရက်ကလေးခွဲခွါနေကြရလျှင်ပင် မည်မျှမနေတတ်မထိုင်တတ် ဖြစ်ကြသည်ကို ကျနော်သိပါသည်။ ယခုသော် လပေါင်းများ စွာရွေ့ခဲ့ပြီ - မိခလယ် အရပ်ရှိ ဖေါ်ရွေ လှသောအိမ်အတွင်းမှ အမျိုးသမီးအတွက် မည်မျှစိတ်မချမ်းသာစရာ ကောင်းနေလိမ့်မည်နည်း။ ယခုလိုအရွယ်တွင် အဖော်ကင်းမဲ့ခြင်းသည် သေခြင်းထက်သုံးပြန်ပို၍ အခံရခက်လေသည်။ တယောက်နှင့်တယောက် ဖေဖေလေး၊ မေမေ လေးဟု ကလေးသလို၊ကလားသလို ခေါ်ဝေါ်နေခဲ့ကြသော အေးရိပ်သာကိုပြန်လည် တည်ထောင်ရန်၊ မိမိ၏ယောက်ျားအား မည်သို့အကူ အညီပေးရန် စသည်များကိုအကြိမ်ပေါင်းမည်မျှ အိပ်မက်မက်ခဲ့ရှာပြီနည်း။ သည်တချိန်တွင်လည်း သူမသည်တခုထီးတည်း ကျန်ရစ်သော လမ်းကို ရှာဖွေတွေ့ရှိခဲ့ပြန်သည်။ ထိုလမ်းကား အလုပ်ကိုဆက်လုပ်ရမည်ဟူသည့်လမ်း ဖြစ်လေသည်။ ကိုယ့်အတွက်သာမက ခင်ပွန်း သည် ၏ကိုယ်စားပါ နှစ်ယောက်စာ အလုပ်လုပ်ရန်ဖြစ်လေသည်။
၁၉၄၃ ခုနှစ်သို့ နှစ်ကူးသောညတွင်၊ သူမသည် စားပွဲ၌တယောက်တည်း ထိုင်နေခဲ့သည်။ သူထိုင်လေ့ရှိသောနေရာတွင် သူ၏ ဓာတ်ပုံထောင်ထားသည်။ သန်းခေါင်ယံရိုက်ဆော်၍ နှစ်သစ်ကူးမိသည့်အခါတွင် သူ၏အရက်ဖလ်ခွက်ကို မိမိ၏အရက်ဖလ်ခွက်ဖြင့် ထိခတ် လိုက်ယင်း ကျန်းမာပါစေ၊ ပြန်လာပါစေ၊ လွတ်လပ်သောခေတ်ကို မြင်တွေ့ပါစေဟု မေတ္တာပို့လေသည်။
တလမျှကြာသောအခါ သူမလဲအဖမ်းခံရလေသည်။ နံပါတ်လေးရာရှိ လူအများအပြားပင် တုန်လှုပ်သွားကြသည်။ သူမကား ထောင်တွင်းနှင့်ထောင် ပြင်အဆက်အသွယ်များကို ကိုင်တွယ်နေခဲ့သူတယောက်ဖြစ်လေသည်။ သူမထံမှကား တခွန်းတပါဒမျှ မပေါက်ကြား ခဲ့။
သင်းတို့သည် သူမအား အရိုက်အပုတ်များဖြင့်မညှဉ်းဆဲကြ။ အထူးမမာမကျန်းဖြစ်နေသောကြောင့် သူတို့၏လက်အောက်၌ပင် အသက်ပျောက်သွား နိုင်သည်။ ထို့ကြောင့် ထို့ထက်ဆိုးဝါးသောနည်းဖြင့် ညှဉ်းပန်းကြသည်။ စဉ်းစားခိုင်းကြသည်။
သူမအား မဖမ်းမီရက်အနည်းငယ်ကပင် ခင်ပွန်းသည်အား အလုပ်ကြမ်းလုပ်ခိုင်းရန် ပိုလန်ပြည်သို့ခေါ်သွားကြသည်။ ယခုသူမ အား ဤသို့ဆိုလာကြ သည်။
- စဉ်းစားကြည့်စမ်း၊ ဟိုမှာနေရထိုင်ရတာက အတော်ကြမ်းတာ။ ကျန်းမာတဲ့လူတွေအတွက်တောင် ခပ်ခက်ခက်။ ခင်ဗျား ယောက်ျားက ခြေကျိုးရယ်၊ ဘယ်နည်းနဲ့မှခံနိုင်မှာမဟုတ်ဘူး။ တနေနေရာမှာ ပျက်စီးသွားမှာပဲ၊ ခင်ဗျားလည်း သူ့ကိုဘယ်တော့မှမြင်ရ တော့မှာ မဟုတ်ဘူး။ ခင်ဗျားကကော၊ ခင်ဗျားအရွယ် ရောက်မှ ဘယ့်နဲ့လုပ်ပြီး နောက်တယောက်ရှာနိုင်အုံးမှာလဲ။ ဒီတော့ဉာဏ်ကိုလွှာ သုံးပေါ့။ ခင်ဗျား ဘာတွေသိတယ်ဆိုတာ ကျုပ်တို့ကိုပြော၊ ကျုပ်တို့ကသူ့ကိုခင်ဗျားဆီ အရောက် ပြန်ခေါ်လာခဲ့မယ်။
တနေနေရာမှာ ပျက်စီးသွားမှာပဲတဲ့။ သနားစရာကောင်းလိုက်တဲ့ ပဲပီက် ကလေးရယ်။ ဘယ်လိုအသေဆိုးနဲ့ သေရမှာပါလိမ့်။ ကျမ ရဲ့ ညီမကိုလည်း သတ်ပစ်ခဲ့ကြပြီ၊ ကျမယောက်ျားကိုလည်း သတ်ဖြတ်နေကြပြီ။ ကျမတယောက်တည်းပဲ ကျန်ရစ်တော့မယ်။ တယောက် တည်းမှ တယောက်တည်းရယ်။ ဟုတ်တယ်လေ ... ဒီလိုအရွယ်ကြီးမှာ ... ဘယ်မှာသွားပြီးတော့ နောက်တပင် ထူနိုင်ပါ့မလဲ။ ... တယောက် တည်း ... အိုမင်းပြီးသေတဲ့အထိ အဖော်မပါဘဲနဲ့ နေရတော့မှာ ... ကျမ သူ့ကို ကယ်နိုင်တယ်။ ကျမဆီအရောက် သူ့ကိုပြန်ခေါ်လာကြ လိမ့်မယ် ... ဟုတ်တယ် ... ဒါပေမဲ့ ဒါလောက်ကြီးတဲ့တန်ဖိုးကို ပေးရမှာလား။ ဒီလိုလုပ်လိုက်ရင် ကျမဟာ ကျမ မဟုတ်တော့ဘူး။ သူလည်းပဲ ကျမရဲ့ဖေဖေလေး ဟုတ်တော့မှာ မဟုတ်ဘူး ...
တခွန်းတပါဒမျှ ဖွင့်မပြောခဲ့။
သူမသည် ဂက်စတာပို၏ အမည်မဲ့သော သယ်ယူပို့ဆောင်ရေးယာဉ်များအတွင်းတွင် ကွယ်ပျောက်သွားသည်။ များမကြာမီပင် ပဲပီက်သည်လဲ ပိုလန် ပြည်၌ သေဆုံးသွားပြီဟူသော သတင်းရောက်လာလေသတည်း။
လီဒါ
ကျနော်သည် ဘာ့က်စ်တို့၏အိမ်သို့ တညနေခင်းတွင် ပထမဆုံးအကြိမ်ရောက်လာခဲ့သည်။ အိမ်တွင် ယောဈကာ တယောက် တည်းသာရှိလျက်၊ သူ နှင့်အတူ မျက်လုံးကလေးကလယ်ကလယ်နှင့် သတ္တ၀ါအသေးစားကလေးကို တွေ့ရသည်။ ထိုကလေးမအား လီဒါဟု ခေါ်ကြသည်။ အမှန်အားဖြင့်သူကား ကလေး မျှသာရှိသေးသည်။ ကျနော်၏ မုတ်ဆိတ်များကို စပ်စပ်စုစုနှင့်ခိုးကြည့်ရင်း စိတ်ဝင်စားစရာ အသစ်အဆန်းတခု အိမ်တွင်းသို့ရောက်လာသည့်အတွက် အပျင်းဖြေ ဖော်ရလိမ့်မည်ဟု ကျေနပ်နေလေသည်။
သူနှင့်ကျနော် လျင်မြန်စွာပင် မိတ်ဆွေဖွဲ့မိကြလေသည်။ အဆိုပါ ခလေးသူငယ်ကလေးမှာ ဆယ့်ကိုးနှစ်ပင်ပြည့်တော့မည်ဟူ၍ အံ့သြစရာသိရှိ လာရသည်။ ယောဈကာနှင့်ညီမ၀မ်းကွဲ တော်လျက်၊ အမည်အားဖြင့် ပလာခါ ဟုခေါ်သည်ဟုလဲသိလာရသည်။ ပလာခါဟူ သောစကားလုံးမှာ ရှက်ကြောက်ခြင်းဟု အဓိပ္ပာယ်ရှိသည်။ သို့သော်လဲ သူ့တွင်ကား ထိုကြန်အင်လက္ခဏာ များစွာမရှိ။ ဇာတ်စင်ပေါ်သို့ တခါတရံတက်၍ အပျော်တန်းကပြတတ်သည်။ လောက၌ သူ အတွယ်တာဆုံးမှာ ဇာတ်သဘင်ဖြစ်ကြောင်းသိရှိလာရသည်။
ကျနော်ကားသူ၏ တိုးတိုးဖော်ဘ၀သို့ ရောက်သွားသည်။ ထိုအကြောင်းကြောင့် ကျနော်မှာ အရင်းစစ်လိုက်လျှင် လူကြီးပိုင်း သို့ ရောက်နေပြီဖြစ်ကြောင်း မိမိဘာသာမိမိရိပ်မိလာပါသည်။ သူကသူမ၏ငယ်ရွယ်သည့် သောကများနှင့်နုပျိုသော စိတ်ကူးယဉ်မှုတို့ကို ကျနော်အားဖွင့်ပြောသည်။ သူမ၏အမနှင့် ဖြစ်စေ၊ ခဲအိုနှင့်ဖြစ်စေ၊ သဘောချင်းမတိုက်ဆိုင်သည့်အခါတွင် ကျနော့်ထံသို့ ဒိုင်လူကြီးသဖွယ် ပြေး၍တိုင်တတ်သည်။ သူကား မိန်းကလေးငယ်ငယ်ရွယ်ရွယ်များနည်းတူ စိတ်ဆတ်သည်။ မိဘများအသက်ကြီးမှ မွေးဖွားလာသော ကလေး ပီပီ နွဲ့ဆိုးဆိုးတတ်လေသည်။
အိမ်တွင်း၌ခြောက်လမျှ အောင်းနေပြီးသည့်နောက် ကျနော့်အနေနှင့် ပထမဆုံးအကြိမ် အပြင်သို့လမ်းလျှောက် ထွက်သည့်အခါ ၀ယ် သူသည်ကျနော်၏အဖော်အဖြစ် လိုက်ပါလာခဲ့သည်။ ခြေထော့ကျိုးနှင့်အဘိုးကြီးတယောက်၊ တယောက်တည်း လမ်းသွားသည်ထက် ဘေးတွင်အမျိုးသမီးတယောက် ပါလာက လူများ၏ အာရုံစိုက်ခြင်းမှ ပို၍သက်သာသည်။ လူတိုင်းသည် အဘိုးကြီးကို ကြည့်မည့်အစား မိန်းကလေးကို ပို၍ကြည့်ကြသည်။ ထိုအကြောင်းကြောင့် ဒုတိယအကြိမ်လမ်းလျှောက်ထွက်ရာ၌လဲ သူပါလာခဲ့ပြန်သည်။ ထိုအကြောင်း ကြောင့်လဲ လျှို့ဝှက်စွာချိန်းဆိုထားသော နေရာတနေရာသို့ ပထမဆုံးအကြိမ်သွားရသည့်အခါတွင် ကျနော်နှင့်လိုက်လာခဲ့သည်။ ထို့အ ကြောင်းကြောင့်ပင် မြေအောက်ဂိုဏ်းဝင် အိမ်တအိမ်သို့အသွား၌ သူပါလာခဲ့ပြန်သည်။ သို့နှင့် ယခုစွဲချက်ထဲတွင်ပါ သည့်အတိုင်း ဒုတ်စက် သလို ဆက်သွား၍ သူလဲ ကျနော်၏ဆက်သား ဖြစ်လာခဲ့လေသည်။
သူကား တာဝန်ကိုနှစ်သက်စွာ ထမ်းဆောင်ခဲ့လေသည်။ အလုပ်တွင် မည်သို့အဓိပ္ပာယ်ပါသည်၊ မည်သည့်အကျိုးသို့ သက်ရောက် စေသည် စသည် တို့ဖြင့် ခေါင်းအရှုပ်မခံ။ လုပ်ရသောအလုပ်မှာ အသစ်အဆန်း၊ စိတ်ဝင်စားစရာဖြစ်သည်။ လူတိုင်းလုပ်သော အလုပ်မျိုး လည်းမဟုတ်၊ စွန့်စားခန်းအရသာလဲ ပါ သည်။ ဤအချက်တို့ပင် သူ့အတွက် ဖူလုံလေသည်။
အသေးအဖွဲကိစ္စကလေးများကိုသာ လုပ်နေသမျှကာလပတ်လုံး ကျနော်သည် သူ့အားလိုသည်ထက်ပို၍ ပြောမပြလိုခဲ့။ အဖမ်းခံရ မည်ဆိုလျှင် “အပြစ်” ရှိသည်ဟူသော စိတ်မသိုးမသန့်ဖြစ်မှုသည်မကောင်း၊ မသိနားမလည်ခြင်းသည် သူ့အား အကာအကွယ်ပို၍ ပေးနိုင်ပေ လိမ့်မည်။
သို့သော် လီဒါကား လုပ်သက်ရင့်လာသည်။ လီဒါကား ယဲလီနက်တို့အိမ်သို့ မှာလိုက်သောစကားကလေးတခွန်းကိုဝင်၍ ပြောပေး ရုံသာမက၊ ထို့ထက်ကြီးမားသော တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိလာသည်။ သို့သော် ထိုအချိန်အခါတွင်မူ ဘာလုပ်၍ ဘာကိုင်နေမှန်း သဘောပေါက်ရန်လိုလာလေပြီ။ ကျနော်ကလဲ အစပျိုးပါတော့သည်။ သို့နှင့်သင်တန်း ... တကယ့်ကျောင်းသင်တန်းတရပ်ကို ဖွင့်ရတော့သည်။ လီဒါလည်း ကြိုးစားပမ်းစားနှင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး လေ့လာလေသည်။ အပေါ်ရံကြောအရကား လီဒါသည်ယခင်အတိုင်း ပျော်ပျော်ရွှင်ရွှင်၊ ပေါ့တီးပေါ့ဆနှင့် နေတတ်သော ဂျပမိုးမကလေး ကဲ့သို့ပင် ဆက်လက်နေထိုင်လေသည်။ အတွင်း၌ကား တမူကွဲပြား ခြားနားခဲ့လေပြီ။ တွေးတောလေပြီ။ ကြီးပြင်းလာလေပြီ။
အလုပ်လုပ်ယင်း မီးရက်နှင့်သိကျွမ်းလာသည်။ မီးရက်မှာအလုပ်ဘက်တွင် အတော်ဝါရင့်နေပြီဖြစ်လျက် အလုပ်အကြောင်းလဲ နားဝင်ကောင်းအောင် ပြောတတ်သည်။ လီဒါကား သူ့အပေါ်အထင်ကြီးလာသည်။ မီးရက်၏ အတွင်းအမြုတေအစစ်ကိုကား လီဒါ့အနေနှင့်သေသေချာချာ သရုပ်ဖမ်းမိပုံမပေါ်ပေ၊ သို့သော် ဤနေရာတွင် ကျနော်ကိုယ်တိုင်ပင် အမြင်မှန်ကိုမမြင်ခဲ့။ အရေးကြီးသည်မှာ မီးရက်သည် အလုပ်အရ၊ အပြင်ဘန်း ယုံကြည်ချက်အရ၊ အခြားယောက်ျား ကလေးများထက် ပို၍ လီဒါနှင့်နီးစပ်ခဲ့ခြင်း ဖြစ်လေသည်။
ဤစိတ်ဓာတ်သည် ကလေးမ၏ကိုယ်တွင်း၌ ပေါက်ဖွားလာကာ အမြစ်များလဲ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာလေသည်။
၁၉၄၂ ခုနှစ် အစပိုင်းလောက်တွင် သူသည်ပါတီဝင်ရေးကိစ္စနှင့် ပတ်သက်၍မရဲတရဲ မေးစပြုလာသည်။ ယခင်ကဆိုလျှင် သူဤမျှရှက်ကိုး ရှက်ကန်း ဖြစ်သည်ကို တခါမျှမတွေ့ဘူးခဲ့၊ ယခင်က မည်သည့်ကိစ္စကိုမျှ ဤမျှလောက် လေးလေးနက်နက်မယူဆခဲ့။ ကျနော်ကား ဆိုင်းငံ့၍နေခဲ့သေးသည်။ သူ့အား ဆက် လက်၍ သင်ပြမြဲသင်ပြနေသေးသည်။ သူ့အား စမ်းသပ်၍နေခဲ့သေးသည်။
၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဗဟိုကော်မတီက သူ့အားပါတီဝင်အဖြစ် တိုက်ရိုက်လက်ခံခဲ့လေသည်။ ခိုက်ခိုက်တုန်အေးသော ညဥ့်နက်သန်းခေါင် ၀ယ်၊ ကျနော်တို့နှစ်ဦးသား အိမ်သို့ပြန်လာနေကြသည်။ ခါတိုင်းတွင် သူကား စကားတတွတ်တွတ် ပြောနေတတ်သည်။ ယခုသော် တိတ်ဆိတ်နေသည်။ အိမ်အနီး လယ်ကွင်းပြင်များသို့ရောက်တော့မှ ဗြုံးကနဲရပ်လိုက်သည်။ ခပ်တိုးတိုးပြောလိုက်သော လေသံမှာတိုးလွန်းလှသဖြင့် ဘိနပ်များအောက်မှ နှင်းအပွင့်တိုင်း အပွင့်တိုင်းနိမ့်ဆင်းသွားပုံများကိုပင် ကြားနေနိုင်ပါသည်။
- ကျမတသက်မှာ ဒီနေ့ဟာအရေးအကြီးဆုံးနေ့ ဖြစ်တယ်ဆိုတာကို သိပါတယ်။ အခု ကျမကိုယ်ကို ကျမမပိုင်တော့ဘူး။ ရဲဘော်တို့ကို ကတိပေးပါ တယ်။ ရဲဘော်တို့မျှော်လင့်သမျှကို ဘယ်တော့မှ ယောင်းမမြင်းစီး မဖျက်ဆီးပါဘူး။ ဘာကြီးပဲဖြစ်ဖြစ် ...
အမျိုးမျိုးသော ကိစ္စများလည်း ဖြစ်ပေါ်လာခဲ့သည်။ လီဒါကား မဖောက်ပြားခဲ့။
သူသည် ပါတီခေါင်းဆောင်ပိုင်း အတွင်းအကျဆုံးသော အဆက်အသွယ်တို့ကို ကိုင်တွယ်ခဲ့သည်။ အန္တရာယ်အကြီးဆုံးသော တာဝန်များကိုထမ်းဆောင်ရသည်။ ပြတ်သွားသောအဆက်များကိုပြန်ဆက်၍ အန္တရာယ်ဝိုင်းလာသော အဆက်အသွယ်များကို ကာကွယ်ရ သည်။ အထက်ပိုင်း တနေရာရာတွင်ဖြစ် စေ၊ အိမ်တအိမ်၌ဖြစ်စေ မီးများဝိုင်းလာသည့်အခါတွင် လီဒါသည် ထိုနေရာသို့သွား၍ ငါးရှဥ့်သဖွယ် လျှောကနဲလွတ်ထွက်သွားတတ်သည်။ ယခင်ကကဲ့သို့ပင် လုပ်စရာရှိလျှင်လုပ်၍၊ ပူပင်သောကမပါပျော်ရွှင်စွာပင် လုပ်တတ် ကိုင်တတ်သည်။ သို့သော် ထိုအမူအရာ၏အောက်၌ကား တာဝန်သိတတ်ခြင်း တည်းဟူသော အသိဉာဏ်က ခိုင်ခိုင်မြဲမြဲကြီး ၀င်ရောက်၍နေလေပြီ။
ကျနော်တို့အဖမ်းခံရပြီးသည့်နောက် တလမျှအကြာတွင် သူလဲအဖမ်းခံရသည်။ မီးရက်က တောက်လျှောက်ကြီးဖော်၍ စကားပြော နေခိုက်၊ လီဒါ၏ အမည်မှာ ဂက်စတာပိုထံသို့ ပါသွားလေသည်။ ထို့နောက်ပိုင်းတွင်ကား အစ်မနှင့်ခဲအိုဖြစ်သူတို့ ထွက်ပြေးလွတ်မြောက်ကာ၊ မြေအောက်ခိုသွားရန် လီဒါကပင် အကူအညီပေးလိုက်ကြောင်းကို ဆက်စပ်ကြည့်ရန် မခက်တော့ပေ။ သူကား ခေါင်းကလေးကို ဆတ်ကာ၊ တော့ကာနှင့် မလုပ်သင့်သည်ကို လုပ်မိမှန်းမသိ၊လုပ်မိသမျှသည် မိမိအတွက်မည်သို့ အမှုပတ်လာမည်ကိုမသိသော ပေါ့တီးပေါ့ဆ မိန်းက လေးတယောက်၏ အခဏ်းကနေ၍ မာန်ပါပါ အသုံးတော်ခံလေသည်။
သူသိသမျှကား များပြားလှသည်။ ဘာတခွန်းမျှကား ဖွင့်၍မပြောခဲ့။ ထို့ထက် အရေးကြီးသည်ကား ထောင်ထဲ၌ပင် အလုပ်ကို ဆက်၍လုပ်နေခြင်းဖြစ် လေသည်။ ပတ်ဝန်းကျင်ပြောင်းသွားသည်၊ လုပ်နည်းကိုင်နည်းများ ပြောင်းသွားသည်၊ တာဝန်လုပ်ငန်းများသည်လဲ ပြောင်းလဲသွားသည်။ သို့သော် မည်သည့် အစိတ်အပိုင်းသို့ရောက်စေကာမူ လက်ပိုက်၍ ထိုင်မနေရဟူသော ပါတီဝင်တို့၏ နားလည်မှုကား ပြောင်းမသွား။ ညွှန်ကြားချက်များအတိုင်း လုပ်စရာရှိသည်တို့ကို သစ္စာရှိစွာ၊ လျင်မြန်စွာ တိကျစွာ လုပ်ကိုင်သည်။ အပြင်ဘက်မှ လူတ ယောက်ကို ကာကွယ်ရန် သပွတ်အူလိမ်နေသော အခြေအနေတရပ်မှ ကျော်လွှားရမည် ဆိုလျှင် လီဒါသည် သူ၏အပြစ်ကင်းမဲ့သော မျက်နှာ ကလေးနှင့် အခြားသူတယောက်ယောက်၏ “အပြစ်” ကို မိမိခေါင်းပေါ်သို့ ခံယူလေသည်။ ပန်းကရာ့စ်ထောင်တွင်သူသည် စင်္ကြံဘာယာ တယောက် ဖြစ်လာသည်။ သူကြားက ဆောင်ရွက်ပေးခဲ့သော ကျေးဇူးကြောင့် အပြင်ဘက်ရှိလူအများအပြား အဖမ်းမခံကြရချေ။ သူ ကာကွယ်ခဲ့သော အချို့သူများကား လုံးဝလူစိမ်းများဖြစ်ကြသည်။ တနှစ်နီးပါးကြာလုမှ သူ့ကိုယ်ပေါ်တွင် လျှို့ဝှက်စာတစောင်ကို ဖမ်းမိသွား တော့သည်။ ထိုအခါကျ မှသာ သူ၏ “ဇာတ်မင်းသမီးအလုပ်” လဲ တစခန်းသိမ်းလေတော့သည်။
ယခုသူသည် ကျနော်တို့နှင့်အတူ ရုံးအတင်ခံရန် ရိုခ်သို့ ခရီးထွက်ရပေတော့မည်။ ကျနော်တို့၏ အစုအဝေးကြီးတခုလုံးတွင် လွတ်လပ်ရေးရသည့်အ ချိန်အထိ အသက်ရှင်နေရန်၊ အထောက်အထားနှင့်တကွ မျှော်လင့်နိုင်သူကား သူတယောက်သာရှိလေသည်။ သူကား ငယ်သေးသည်။ ကျနော်တို့မရှိကြတော့ လျှင်၊ သူ့အနေနှင့် လမ်းလွဲမသွားပါစေနှင့်။ သူ့အနေနှင့် လေ့လာ ဖွယ်ရာအများအပြား ရှိ သေးသည်။ သင်ပေးကြပါ။ တုံးမသွားပါစေနှင့်။ သူ့အား ခေါင်းဆောင်မှုပေး ကြပါ။ မာန၀င်၍လုပ်ခဲ့သမျှ တင်းတိမ်မသွားပါစေနှင့်။ အခက်အခဲ ဆုံး အချိန်များတွင် မိမိ၏တန်ဘိုးကိုပြခဲ့သည်။ မီးထဲမှ ဖောက်၍သွားခဲ့သည်။ သတ္ထုမျိုးကောင်း ဖြစ်သည်ကို တွေ့ခဲ့ကြရပါပြီ။
ကျနော်၏ အရာရှိ
ဤသည်ကား လူရုပ်သွင်များအတွင်းသို့ အကြုံးမ၀င်တော့။ သို့သော် ရုပ်တုကလေးအနေနှင့်ဆိုက စိတ်ဝင်စားဖွယ်ဖြစ်သည်။ အရွယ်အစားအရလည်း အခြားရုပ်တုကလေးများထက် သိသိသာသာကြီး ပို၍ ထွားလေသည်။
လွန်ခဲ့သောဆယ်နှစ်က ဗီနောဟရာဒီ ရပ်ကွက်၊ ဖလောရာ ကဖီးတွင် ခင်ဗျားသည် အိတ်တွင်းတွင်မှ အကြွေများကို လှုပ်လိုလျှင် လည်းကောင်း၊ သို့မဟုတ် “ဒီမှာဆရာ ... စာရင်းရှင်းကြစို့” ဟူ၍ ခေါ်လိုသောအခါ၌လည်းကောင်း၊ အ၀တ်စုံအနက်ကိုဝတ်ထားသည့် လူပိန်ပိန်ရှည်ရှည်တယောက်သည် ကုလားထိုင်များအကြားဝယ် ရေငုတ်သင်္ဘောပြောင်းတိုင်ကဲ့သို့ အသံမမြည်ဘဲ လျင်မြန်စွာဖြတ်သန်း လာလျက်၊ ခင်ဗျား၏ ဘီလ်စာရွက်ကို ထိုးပေးပေလိမ့်မည်။ သူ့တွင် သားရဲတိရိစ္ဆာန်ကဲ့သို့ လျင်မြန်လျက်နှင့်တိတ်ဆိတ်သော လှုပ်ရှားမှုလဲရှိ သည်။ အစစအရာရာကို မြင်တတ်သော သားရဲတိရိစ္ဆာန်၏ စူးရှသော မျက်လုံးများလဲ ရှိသည်။ ခင်ဗျားလိုသမျှကို မှာနေရန်ပင် မလို။ သူကိုယ်တိုင်ကပင် လက်အောက်ခံစားပွဲထိုးများအား လှမ်း၍ခန့်ခွဲနှင့်သည်။ “တတိယစားပွဲ၊ နို့နဲ့ကာဖီအကြီးစားတခွက်၊ မလိုင်မထည့်နဲ့”၊ “ဘယ်ဘက်ပြူတင်းပေါက်၊ ကိတ်မုန့်နဲ့ပြည်သူ့သတင်းစာ”။ သူကား ဖောက်သည်များအတွက်လဲ ကောင်းမွန်သောလုပ်ဖော်ကိုင်ဖက် တ ယောက်ဖြစ်သည်။
ထိုအချိန်အခါက သူ့အားကျနော်မသိသေးခဲ့။ နောက်အတော်ကြီးကြာတော့မှ ယဲလီနက်တို့၏အိမ်တွင် သူနှင့်သိကျွမ်းလာရသည်။ ဤအခါတွင်ကား သူသည်လက်ထဲ၌ခဲတံကို မကိုင်ဘဲ ပစ္စတိုတလက်ကို ကိုင်ထားသည်။ ကျနော့်အား ညွှန်ပြရင်းလဲ ...
- ဒီလူ့ကို ငါစိတ်အ၀င်စားဆုံးပဲဟေ့
ဟု ပြောခဲ့လေသည်။ အမှန်ကိုဆိုရလျှင် ကျနော်နှင့်သူကား တဦးနှင့်တဦး အပြန်အလှန်စိတ်ဝင်စားခဲ့ကြပါသည်။
သူသည် ပင်ကိုယ်ဉာဏ်ကောင်းသူတယောက်ဖြစ်၏။ လူ့သဘာဝကို နားလည်တတ်သော အရည်အချင်းကြောင့်လည်း အခြား သော ဂက်စတာပိုများထက် တပန်းသာလေသည်။ ရာဇ၀တ်ဖက်ဆိုင်ရာ ပုလိပ်ဖက်တွင်သာ အလုပ်လုပ်မည်ဆိုလျှင် ထိုအရည်အချင်းကြောင့် ကြီးပွားမည့်လူစား ဖြစ်လေသည်။ သူခိုးကလေးများ သို့မဟုတ် လူသတ်သမားများဟူသည်ကား အောက်သို့လျှောကျ၍ မိမိတို့၏ ဂိုဏ်းဝင် များနှင့်လဲ အဆက်ပြတ်သွားကြပြီဆိုလျှင် ကိုယ့်အသားနာမည်ကိုသာ ပူပင်လေ့ရှိကြသည်၊ ထိုအခါမျိုးတွင် မိမိတို့၏ ရင်တွင်း၌ရှိသမျှတို့ကို သူ့အားဖွင့်ပြောရန် ၀န်လေးကြမည်မဟုတ်ဟု ထင်သည်။ သို့သော် နိုင်ငံရေးပုလိပ်အနေနှင့်သော်ကား၊ ဤသို့သော ကိုယ်ရေးကိုယ်သာ ကြည့်တတ်သည့်လူမျိုးကို လက်တွင်းသို့ရနိုင်ခဲကြသည်။ ဤနေရာမျိုးတွင်ကား ပုလိပ်၏လိမ္မာပါးနပ်မှုနှင့်သာ အစွမ်းပြိုင်ရသည်မဟုတ်ပေ။ ထို့ထက်အဆပေါင်းများစွာ ကြီးမားသော အင်အားများနှင့်ပြိုင်ဆိုင်ရလေသည်။ အဖမ်းခံထားရသူ၏ ယုံကြည်ချက်၊ ထိုသူနှင့်ဆက်စပ်နေ သော အဖွဲ့အစည်းတခုလုံး၏ ဉာဏ်ကြီးမှု၊ ဤသည်တို့နှင့် အားချင်းပြိုင်ရသည်။ ထိုသို့ပြိုင်ရမည်ဆိုလျှင် လိမ်မာပါးနပ်မှုလဲ မလုံလောက်၊ ထိုး ကြိတ် ရိုက်နှက်ချင်းများလဲ မဖူလုံပေ။
“ကျနော်၏အရာရှိ”ထံတွင် ခင်ဗျားရှာကြည့်မည်ဆိုပါက၊ ခိုင်မြဲသောယုံကြည်ချက်ဟူ၍ တွေ့ရလိမ့်မည်မဟုတ်ပေ။ အခြားသူများ ထံတွင် တွေ့နိုင်သော ယုံကြည်ချက်မျိုးကို သူ့ထံ၌တွေ့ရမည်မဟုတ်ပေ။ သို့သော် အခြားသူတယောက်ယောက်ထံတွင် ဤသို့သောယုံကြည် ချက်မျိုးရှိသည်ဟုဆိုပြန်က ထိုယုံကြည်ချက်သည် ဖျင်းအထုံထိုင်းမှုတို့နှင့်သာ ရောယှက်နေလေသည်။ လိမ်မာပါးနပ်ခြင်း၊သဘောတရား များတွင် ကျွမ်းကျင်ခြင်း၊ လူ့သဘာဝကိုနားလည်ခြင်းစသော အရည်အချင်းများဖြင့် ပူးပေါင်းနေလေ့မရှိပေ။ ခြုံကြည့်လိုက်သည့်အခါ သူတို့ ဘက်တွင် အောင်မြင်မှုများ တလေးသာနေသည်ဆိုပါက ထိုသို့ဖြစ်ရခြင်းမှာ ကျနော်တို့သည် အခြားအခြားသော မြေအောက်လှုပ်ရှားမှုများနှင့် မနှိုင်းသာလောက်အောင် ခက်ခဲသောအခြေအနေ၀ယ် ကျဉ်းမြောင်းသော ဒေသတွင်း၌ အလွန်ကြာမြင့်စွာ တိုက်ပွဲဝင်နေရသောကြောင့်ဖြစ် သည်။ မြေအောက်လုပ်ငန်းတွင် နှစ်နှစ်ကြာခံနိုင်သောသူသည် လူတော်တယောက်ဖြစ်သည်ဟု ရုရှဘော်လ်ရှီဗစ်များက ဆိုခဲ့ကြသည်။ သို့သော် ၎င်းတို့အနေနှင့်ဆိုလျှင် မော်စကိုမြို့တွင် မီးများဝိုင်းလာက ပဲတရောဂရဒ် မြို့သို့ကူးသွားနိုင်သည်။ ပဲတရောဂရဒ်မြို့မှတဖန် သြဂျက် ဆာမြို့သို့ပြောင်း၊ လူသန်းပေါင်းများစွာရှိသော မြို့များတွင် မည်သူကမျှလဲ သူတို့အားမသိစေဘဲ ခြေဖျောက်၍နေနိုင်ကြသည်။ ကျနော်တို့ တိုင်းပြည်တွင်ကား ပရာဟာ၊ ပရာဟာနှင့် ပရာဟာ တမြို့တည်းသာ ရှိသည်။ မြို့ပေါ်ရှိ လူတ၀က်ကလဲ ခင်ဗျားကိုသိနေကြသည်။ ရန်သူက လဲ သူလျှိုများကို တအုပ်ကြီးပြုံ၍ ချထားနိုင်သည်။ သို့စဉ်လျက် ကျနော်တို့သည် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံနေခဲ့ကြသည်။ အချို့ရဲဘော်များဆို လျှင် ဂက်စတာပိုက ဖော်မထုတ်နိုင်ဘဲ ငါးနှစ်ကြာသည်အထိ မြေအောက်လျှိုနေခဲ့ကြသည်။ ယင်းသို့နေနိုင်သည်မှာ ကျနော်တို့အနေနှင့် နည်းနာနိသျှအမြောက်အများတို့ကို သင်ကြားခံယူခဲ့ရသောကြောင့်လဲဖြစ်သည်။ ဟုတ်သည်။ တချိန်တည်းတွင်လဲ ရန်သူသည် အင်အားကြီး မားကြမ်းကြုတ်လှသည့်တိုင်အောင်၊ ဖျက်ဆီးခြင်းမှလွဲ၍ အခြားဘာတခုကိုမျှ မလုပ်တတ်သောကြောင့်လဲ ကျနော်တို့ ဤသို့နေနိုင်ကြခြင်း ဖြစ်လေသည်။
ဌာနခွဲ၊ ဒုတိယ - (က) - ၁ - တွင် ကွန်မြူနစ်ဝါဒ အမြစ်ကစ၍ နှုတ်ပစ်ရေးတွင် ထိပ်ထိပ်ကျဲဖြစ်သည်ဟူ၍ လူသုံးယောက် နာမည် ကြီးကြသည်။ ပြည်တွင်းရန်သူအား တိုက်ခိုက်သည့် စစ်မျက်နှာတွင် ရဲရင့်မှုအတွက်ဟူ၍ အနက်၊ အဖြူ၊ အနီရောင်ဖဲပြားကို တင်ဆင်နိုင်ကြ သည်။ ထိုသူတို့ကား ဖရိဒရစ်။ ဇန်ဒဲရ် နှင့်“ကျနော်၏အရာရှိ” ယိုးဇက်၊ ဘဲမ်းတို့ဖြစ်ကြသည်။ သူတို့သည် ဟစ်တလာ ၏ ဓနရှင်ဆိုရှယ်လစ် ၀ါဒအကြောင်းကို များစွာပြောလေ့ပြောမရှိ။ ထိုဝါဒအကြောင်း သူတို့သိသမျှမှာလဲ ထမင်းစားရေသောက်လောက်သာ ဖြစ်သည်။ သူတို့ကား နိုင်ငံရေးသဘောတရားတခုအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ပေ။ ကိုယ်ကျိုးကိုသာ ကိုယ်ရှာနေကြသည်။ ကိုယ်တတ်သလို ကိုယ်လုပ် နေကြသည်။
ဇန်ဒဲရ်ကား သေးသေးနုပ်နုပ်၊ လူပုသလောက်လဲ စိတ်တိုတတ်သည်။ ပုလိပ်နည်းများ၊ လုပ်ဟန်ကိုင်ဟန်များကို အခြားသူများ ထက်ပို၍ တတ်မြောက်သည်။ အထူးသဖြင့် စားပေါက်ထွင်ခြင်း၌ကျွမ်းကျင်သည်။ တခါက ပရာဟာမြို့မှနေ၍ ဘာလင်မြို့သို့ လေးငါးလမျှ နယ်ပြောင်းရသည်တွင်၊ သူတောင်းစား ချွဲ ချွဲကာ ပရာဟာမြို့သို့ ပြန်မရောက်ရောက်အောင်လုပ်ခဲ့သည်။ သူ၏အမြင်အရ ရိုခ်နေပြည်တော် ဘာလင်မြို့တွင် အလုပ်လုပ်ရခြင်းမှာ ရာထူးလျှော့ချသည်နှင့်တူသည်၊ အထူးသဖြင့် ငွေဝင်လမ်းလျော့သွားခြင်း မည်လေသည်။ နက်မှောင် နေသော အာဖရိက တိုက်တွင်လည်းကောင်း၊ ပရာဟာမြို့တွင်၎င်း၊ တာဝန်ထမ်းဆောင်ရသည့် ကိုလိုနီအရာရှိဟူသည်ကား ဧရာမပုဂ္ဂိုလ်ကြီး တယောက်ဖြစ်သည်။ ဘဏ်တိုက်တွင်းသို့ ငွေများသွင်းရန် အလားအလာပို၍ရှိသည်။ ဇန်ဒဲရ်ကား အလုပ်ကြိုးစားသည်။ မိမိဘယ်လောက် ကြိုးစားသည်ကို လူမြင်စေရန် ထမင်းစားယင်းပင် အမှုစစ်တတ်သည်။ ကြိုးစားပုံတို့ကို ထိုသို့လူမြင်ပါမှ၊ တာဝန်၏ အပြင်အပတွင် ထို့ထင်ပင် ကြိုးစားတတ်ကြောင်းကို လူမသိမည်ဖြစ်သည်။ သူ့လက်တွင်းသို့လည်း ရောက်၊ အိမ်တွင်လည်း ငွေစုစာအုပ် သို့မဟုတ် ငွေတန်ဘိုးရှိသော စာချုပ်စာတမ်းများကို ရှိသည့်သူကား နှစ်ထပ်ကွမ်းကံဆိုးလေတော့သည်။ ဤသို့သောသူများကား အမြန်ဆုံးသေရမည်၊ အဘယ့်ကြောင့် ဆို သော် ငွေစုစာအုပ်များနှင့် တန်ဘိုးရှိသော စာချုပ်စာတမ်းများက ဇန်ဒဲရ်တပ်မက်သော အရားများဖြစ်သောကြောင့်တည်း။ သူ့အား အရည်အ ချင်းအရှိဆုံးသော အရာရှိတယောက်ဤသို့သော ကိစ္စမျိုး၌ အရည်အချင်းအရှိဆုံးသော အရာရှိတယောက်ဟု ဟူဆကြလေသည်။ (ဤနေ ရာတွင် သူ၏ကူဖော်လောင်ဖက် စကားပြန်လုပ်သူ ချက်လူမျိုး ဆမောလာ နှင့်ကွာသည်။ ဆမောလာကား လူကြီးလူကောင်းဓားပြ ဖြစ်၍၊ ငွေရလျှင် လူ့အသက်ကို တောင်းဆိုလေ့မရှိပေ။)
ဖရီးဒရစ်ကား ပိန်ပိန်ရှည်ရှည်၊ အသားညိုညို၊ မျက်လုံးများက ခပ်ဆိုးဆိုး၊ ပြုံးလျှင်လဲ ခပ်ဆိုးဆိုးပြုံးတတ်သည်။ ၁၉၃၇ ခုလောက် ကတည်းက ချက်ကိုစလိုဗားကီးယားပြည်သို့ ဂက်စတာပိုသလျှိုအဖြစ် ရောက်လာကာ၊ တကျွန်းတမြေသို့ ထွက်ပြေးတိမ်းရှောင် လာကြသော ဂျာမန်ရဲဘော်များကို လုပ်ကြံသုတ်သင်ရေး၌ အကူအညီပေးခဲ့သည်။ ထိုသို့လုပ်သည်မှာ အဆန်းမဟုတ်၊ အဘယ့်ကြောင့်ဆိုသော် လူသေ များကား သူ၏မက်မောရာဖြစ်သောကြောင့်တည်း။ သူ့အနေနှင့်ဆိုလျှင် အပြစ်မရှိသူဟူ၍ မည်သူမျှမရှိ။ သူ့ရုံးခန်း၏ ခါးပန်းကိုကျော်လိုက်မိ သူတိုင်းကား အပြစ်ရှိသူများဖြစ်သွားကြလေတော့သည်။ မိန်းမများအား ၎င်းတို့၏ခင်ပွန်းသည်များသည် အကျဉ်းစခန်း များ၌သေဆုံးသွားကြ ပြီ၊ သို့မဟုတ် အသတ်ခံကြရပြီဟု ပြောရမည်ဆိုလျှင် အထူးအရသာတွေ့နေတတ်သည်။ သူနှစ်ခြိုက်စွာ လုပ်လေ့ရှိသော ကိစ္စတရပ်မှာလဲ အံဆွဲထဲမှ ပြာအိုးကလေး ခုနှစ်အိုးကို ထုတ်၍အချုပ်ခံထားရသူများအား ပြသခြင်းပင်ဖြစ်လေသည်။
- ဟောဒီ ခုနှစ်ယောက်ဟာ ငါကိုယ်တိုင် ငါ့လက်နဲ့ရိုက်သတ်ပစ်လိုက်တာကွ။ မင်း နံပါတ်ရှစ်ဖြစ်သွားလိမ့်မယ်။
(ယခုသော် ယန်၊ ဈိဈကာ ကို ရိုက်သတ်ခဲ့ပြီဖြစ်၍ ပြာအိုးရှစ်လုံးဖြစ်နေလေပြီ။) သူသည် အမှုတွဲဟောင်းများကို လှန်လှောကြည့် ယင်း “လုပ်ပြီးပြီ၊ လုပ်ပြီးပြီ” ဟုဆိုကာ၊ လူသေစာရင်းများဖြင့် ကျေနပ်၍နေတတ်လေသည်။ အထူးသဖြင့် မိန်းမများကို မြိန်မြိန်ယှက်ယှက်ကြီး ညှဉ်းပန်းတတ်သည်။
သူသည် စည်းစိမ်ကိုမက်သည်။ ထိုတပ်မက်မှုသည်ကား သူ၏ပုလိပ်လုပ်ငန်းကို ဘေးပန်းမှကူညီပေးနေသော စက်ကလေးတလုံး ကဲ့သို့ပင် ဖြစ်နေလေသည်။ ခင်ဗျား၏အိမ်သည် ကောင်းကောင်းမွန်မွန် ပြင်ဆင်မွမ်းမံထားသော အိမ်ဖြစ်က၊ သို့မဟုတ် ခင်ဗျားသည်အထည် ဆိုင်တဆိုင်ကိုပိုင်က - ခင်ဗျား မြန်မြန်သေရမည်။ ဤသည်မှလွဲ၍ အခြားဘာမျှမရှိ။
ချက်လူမျိုး၊ ၎င်း၏ ကူဖော်လောင်ဖက် နဲရဂါ ဆိုသူမျာ သူ့ထက်ခေါင်းတ၀က်သာမျှ နိမ့်သည်။ ဤကား အရပ်အမောင်းနှင့် စပ်ဆိုင် သည်။ ထိုမှတပါး သူတို့နှစ်ဦးအကြားတွင် ကွဲပြားခြားနားမှု ဟူ၍မရှိချေ။
ဘဲမ်းဆိုသော ကျနော်တို့၏အရာရှိကား ငွေကို အငန်းမရတပ်မက်လှသည် မဟုတ်၊ လူသေများကိုလဲ မမက်မောလှ။ စာရင်းတွက် ၍ကြည့်လျှင်မူ ဤနေရာများတွင် အထက်ပါလူနှစ်ယောက်ထက် များစွာညံ့ဖျင်းလိမ့်မည် - မဟုတ်ပေ။ သူကား လူကြီးကြီးကျယ်ကျယ်တ ယောက် ဖြစ်လာလိုသောဆန္ဒနှင့် စွန့်စွန့်စားစားကျဲနေသော သူတယောက်ဖြစ်လေသည်။ သူလည်း ဂက်စတာပိုတွင် လုပ်သက်ရှည်လှပြီ ဖြစ်သည်။ နပိုလီယံရိပ်သာတွင် ပြုလုပ်ခဲ့သော ဘဲရန် ၏ လျှို့ဝှက်ဆွေးနွေးပွဲများတွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့သည်။ ဟစ်တလာကို ဘဲရန်က မပြောဘဲကျန်နေသော အချက်ဟူသ၍ ဘဲမ်းက ဖြည့်စွက်ပြောဆိုခဲ့လေသည်။ သို့သော် ဤကိစ္စမျိုးကား သေးနုပ်နေသေးသည်။ သူတပါးကို အမဲလိုက်သလို လိုက်၍ဖမ်းရခြင်း၊ ၎င်းတို့၏ သေရေးရှင်ရေးတည်းဟူသော ပြဿနာတွင် သက်ဦးဆံပိုင်ဖြစ်ရခြင်း၊ အိမ်ထောင် များ၏ကံကြမ္မာကို သူကသာ အဆုံးအဖြတ်ပေးရခြင်း၊ ဤသို့သော ကိစ္စများသာလျှင် ကျေနပ်ဖွယ်ရာ ကောင်းလေသည်။
ဘဲရန် - ရူးဒေါလ်ဖ်၊ ဘဲရန်။ ဖောက်ပြန်သော ချက်ဓနရှင်များ၏ကိုယ်စားလည်။ အမျိုးသားသစ္စာဖောက်။ ဂျာမန်များဝင်ရောက်အုပ်စိုးစက ရုပ်သေးအစိုးရ ၀န်ကြီးချုပ်အဖြစ် တိုင်းပြည်အကျိုးယုတ်စေခဲ့သည်။
သူ၏ စိတ်ကျေနပ်မှုရရန်အတွက် နေရာတကာတွင် မချိမဆန့်ဇာတ်သိမ်းနေရန်မလိုပေ။ သို့သော် သူ့ဘက်က တနည်းနှင့်မဟုတ် တနည်းနည်းနှင့် လက်မထောင်နိုင်လျှင်၊ အခြေအနေများမှာ ထို့ထက်ပင် ပို၍ဆိုးဝါးသွားနိုင်သည်။ ဟဲရောစတရာတောစ် လိုသာ နာမည်ကြီး ရမည်ဆိုရင်၊ ဘာလဲဟဲ့ အလှ၊ ဘာလဲဟဲ့ အသက်။
ဟဲရောစတရာတောစ် - ရှေးဟောင်းဂရိပြည်တွင်၊ ဟဲရောစတရာတောစ်ဆိုသူသည် နာမည်ကျော်ကြားလိုသောကြောင့် အလှပဆုံးဝတ်သော ၀တ်ကျောင်းကြီးတ ကျောင်းကို မီးတိုက်ဖျက်ဆီးခဲ့လေသည်။
သူအကွက်ရိုက်၍ ဖြန့်ချထားသောသူလျှိုစနစ်မှာ အကြီးကျယ်ဆုံးဖြစ်ကောင်းဖြစ်မည်။ သူကား အမဲလိုက်ခွေးတအုပ်ကြီးကိုသုံး သောမုဆိုးဖြစ်လေသည်။ တကယ်လဲ အမဲလိုက်လေသည်။ မကြာခဏလဲ အမဲလိုက်ရခြင်းအရာသာ သက်သက်ကြောင့်သာ လူများကိုလိုက် လံဖမ်းဆီးသည်။ သူ့အနေနှင့်ဆိုလျှင် အမှုစစ်ခြင်းဟူသည်ကား အများအားဖြင့် ငြီးငွေ့စရာကောင်းသော အလုပ်ကြီးတခုဖြစ်လေသည်။ သူ့အ တွက် အရေးကြီးသည်ကား လူများကိုဖမ်းချုပ်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်လျှင် သူ၏ ရှေ့သို့လူအမြောက်အမြား ရောက်လာကြမည်၊ သူ၏ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေကြပုံကို မြင်ရသည်။ တခါက သူသည်ပရာဟာမြို့ရှိ ဓာတ်ရထား၊ ဘတ်စ်ကားနှင့် တရော်လီဘတ်စ်ကား များမှ ဒရိုင်ဘာနှင့်စပယ်ယာပေါင်းနှစ်ရာခန့်ကို ဖမ်းဆီးခဲ့သည်။ လိုင်းများတလျှောက်လိုက်လံ ဖမ်းဆီးသဖြင့်၊ ယာဉ်များလဲရပ်တန့်ကာ လူများ လဲကျီးလန့်စာစား ဖြစ်ခဲ့သည်။ ထိုအခါတုန်းက၊ သူသည်အထူးပျော်ရွှင်၍နေလေသည်။ ၎င်းနောက်ဖမ်းထားသော လူများအနက်မှ လူတရာ့ ငါးဆယ်ကို လွှတ်ပစ်လိုက်ကာ၊ အိမ်ထောင်ပေါင်း တရာ့ငါးဆယ်တွင် သူ့အား သူတော်ကောင်းကြီးအဖြစ် ပြောဆိုနေကြတော့မည် ဟူ၍လည်း ကျေနပ် နေပြန်သည်။
“ငါ့အမှုတွေထဲမှာ မင်းကိစ္စဟာအကြီးဆုံးပဲ” သူသည်ကျနော့်အား မကြာခဏ၊ ပွင့်ပွင့်လင်းလင်းကြီးပြောလေ့ရှိသည်။ ကျနော့်ကိစ္စကို အမှုရှိသမျှအ နက်အကြီးဆုံးဟူ၍ အထက်မှစာရင်းသွင်းလိုက်ကြသောအခါ သူ့အနေနှင့်သွေးကြွသွားခဲ့လေသည်။ ဤအကြောင်းကြောင့် ပင် ကျနော့်အနေနှင့် သက်ဆိုးရှည်နေရသည် ဖြစ်ကောင်း ဖြစ်ပေမည်။
သူနှင့်ကျနော်သည် တယောက်နှင့်တယောက် ကြိုးစားပမ်းစား မနားမနေလိမ်ကြသည်။ အသားလွတ်တော့ မလုပ်ကြ။ သူလိမ် သမျှကို ကျနော်အ ကုန်သိသည်။ ကျနော်လိမ်နေသမျှကိုကား သူကတခါတလေမျှသာ ရိပ်မိသည်။ သို့သော်လည်ဆယ်နေသော အချက် တချက်ထင်ရှား၍လာသောအခါ၌လဲ ကျနော်တို့သည် တိုင်ပင်မထားသော သဘောတူညီချက်အရ ကိစ္စကိုကျော်၍သာသွားကြသည်။ ကျနော့် အထင်ကို ပြောရမည်ဆိုလျှင်သူသည် အမှန်ကိုပေါ်လာအောင် စစ်ဆေးရမည်ထက် “သူ၏အမှုကြီး” ပေါ်တွင် အစွန်းအထင်းကလေး တ ပြောက်မျှတင်မသွားရန် ပို၍စိတ်ဝင်စားပုံ ပေါ်လေသည်။
ကြိမ်လုံးနှင့် သံဒုတ်တို့မှာ အမှုစစ်ဆေးရာ၌ အသုံးပြုရမည့်တခုတည်းသော နည်းလမ်းများဖြစ်သည်ဟု သူကမယူဆပေ။ သူသည် “မိမိ၏” လူတ ယောက်အပေါ် မည်သို့တန်ဘိုးဖြတ်သနည်း၊ တန်ဘိုးဖြတ်သည့်အတိုင်းလဲ ဖြောင်းဖျသည့်နေရာတွင် ဖြောင်းဖျသည်၊ ခြိမ်းခြောက်သည့်အခါ ခြိမ်းခြောက်သည်။ ဘယ်သောအခါကမျှ ကျနော့်ကိုနှိပ်စက်ညှဉ်းပမ်းခြင်းမပြုခဲ့ - အဖမ်းခံရသည့် ပထမညတုန်းကမူ သူပါကောင်းပါမည်။ သို့သော် လိုအပ်သည်ဟု ယူဆလာသောအခါ၌မူ ကျနော့်အား အခြားတယောက်ယောက်ထံ ခေတ္တထုတ်၍ ချေးငှား တတ်လေသည်။
သူသည် အခြားသူများထက်ပို၍ စိတ်ဝင်စားဖွယ်ရာကောင်းသည်။ ဤအချက်ကိုကား ယုံမှားသံသယရှိစရာ မလိုပေ။ အခြား သူများထက်လဲ ပို၍စိတ် ကူးစိတ်သန်း ကြွယ်ဝသည်။ ကြွယ်ဝသလိုလဲ အသုံးချတတ်သည်။ တခါသော် လူတယောက်အား ထောင်ဖမ်းရန်ဟု လုပ်ဇာတ်ခင်းကာ၊ သူနှင့်ကျနော် ဘရားညစ် အရပ်သို့သွားကြသည်။ နောင်တွင်လဲ ကျနော်တို့သည် ထိုနေရာသို့မကြာခဏသွားကြ၍ ဘီယာ ဆိုင်တဆိုင်၏ ခြံဝင်းထဲတွင်ထိုင်ကာ ဘေးပတ်လည်မှ အမြှင်မ ပြတ်သွားလာနေကြသော လူများကိုကြည့်နေတတ်ကြသည်။
- မင်းကို ငါတို့ကဖမ်းချုပ်လိုက်တယ် - သူသည် လူများကိုကြည့်ယင်း ဤသို့ဆန်းစစ်ပြလေသည် - ဒါပေမဲ့ ကြည့်စမ်း ဘာတွေများ ပြောင်းလဲသွားသ လဲ။ လူတွေဟာအရင်ကလိုပဲ သွားကြလာကြ ရယ်ကြ မောကြ။ အယင်ကလိုပဲ ကိုယ့်သဘောနဲ့ကိုယ်လဲရှိရဲ့။ လောကကြီး ဟာ ဆက်ပြီးရွေ့လျှားနေလိုက်တာ၊ မင်းလိုလူမျိုးတယောက် ကမ္ဘာပေါ်ကိုမရောက်ခဲ့ဘူးသလိုပဲ။ ဒီလူတွေကြားထဲမှာ မင်းရဲ့စာဖတ်ပရိတ် သတ်တချို့တောင် ပါမှာပဲ - မင်းအတွက်ကြောင့် ဒီလူတွေမှာ ပါးရည်ကလေးတချက်ပိုပြီးတွန့်သွားတယ် ထင်သလား။
တခါတွင်လဲ တနေ့လုံးစစ်ဆေးမေးမြန်းနေခဲ့ပြီးနောက်၊ ကျနော့်အားကားတစင်းပေါ်သို့တင်ကာ ပရာဟာ၏ညနေခင်းကိုဖြတ်လျက် နဲရုဒါလမ်း အ ထက် ဟရဒ်ချန်နီ သို့အရောက်မောင်းနှင်ခေါ်ဆောင်သွားပါသည်။
- မင်း ပရာဟာကိုချစ်တယ်ဆိုတာ ငါသိပါတယ်။ ကြည့်စမ်း ဒီမြို့ထဲကို တခါတလေတော့ ပြန်မသွားချင်ဘူးလား၊ ဘယ့်လောက် လှတဲ့မြို့လဲ။ လှတာမှ မင်းမရှိပြီးတဲ့နောက်တောင်မှ ဒီမြို့ဟာ လှမြဲလှနေမှာ ...
သူသည် အကုသိုလ်ဘက်သို့ဆွဲသော နတ်မိစ္ဆာ၏အခန်းကို ကောင်းစွာကပြတတ်သည်။ နွေရာသီ၏ညနေခင်းသည် ဆောင်းဦး ရာသီ၏ ရှေ့တော်ပြေး အငွေ့အသက်များဖြင့် မြို့တော်ကိုပက်ဖြန်းထားသည်။ မြို့တော်မှာ မှည့်နေသောသပျစ်ညိုသီးကဲ့သို့ ပြာလဲ့လဲ့အရောင် ဖြင့် မှိုင်းနေသည်။ အရက်ကဲ့သို့ ယစ်မူးစေသည်။ ကျနော်ကား ထိုအလှများကို ကမ္ဘာဆုံးသည့်အထိ ငေးကြည့်နေလိုလှသော်လည်း ... သူက စကားကို ကြားကဖြတ်၍ ပြောလိုက်သည်။
- ခင်ဗျားတို့မရှိတော့တဲ့နောက်ဆို၊ ဒီထက်တောင်ပိုပြီးလှလာလိမ့်အုံးမယ်။
သူက တချက်မျှရယ်လိုက်လေသည်။ အဆိုးသဘောနှင့်ရယ်သည်ကား မဟုတ် စိတ်မချမ်းသာသည့်အနေနှင့်ဖြစ်လေသည်။ ထို့နောက်
- မင်းက အပျက်ကချည်း လိုက်ကြည့်နေတဲ့အကောင်ပဲ။
ဟု ပြောလေသည်။
သူသည် ထိုညနေခင်းသို့ မကြာမကြာ ပြန်၍လှည့်လာတတ်သည်။
- ဒို့ဒီမှာ မရှိတော့တဲ့နောက် ... ဟုတ်လား ... ဒီလိုဆိုရင် ဒို့နိုင်မယ်ဆိုတာ မင်းမယုံဘူးပေါ့။
သူက ဤကဲ့သို့မေးသည်။ သူကိုယ်တိုင်လဲ မယုံတော့သောကြောင့် ဤသို့မေးခြင်း ဖြစ်လေသည်။ နောက် ကျနော်က ဆိုဗီယက် ယူနီယံ၏ အင်အား၊ ဆိုဗီယက်ယူနီယံကို မည်သူကမျှ မချေမှုန်းနိုင်ပုံ စသည်တို့ကိုပြောပြသောအခါ သူသည် အာရုံစိုက်၍နားထောင်နေခဲ့ သည်။ စကားစပ်မိ၍ပြောရဦးမည်။ ဤသည် ကား ကျနော်၏ နောက်ဆုံး “အစစ်ခံချက်” တချို့တ၀က်ပင် ဖြစ်လေသည်။
- ချက် ကွန်မြူနစ်တယောက်ကို သတ်တိုင်း သတ်တိုင်း၊ ခင်ဗျားတို့ဟာ ဂျာမန်လူမျိုးရဲ့ မျှော်လင့်ချက်တစိတ်တပိုင်းကို သုတ်သင် ပစ်နေကြတာပဲ ဟု ကျနော်ကသူ့အား ပြောပြခဲ့ပါသည် - ဂျာမန်လူမျိုးရဲ့ရှေ့ရေးကို ကယ်တင်နိုင်တာ ကွန်မြူနစ်ဝါဒ တခုတည်းပဲရှိတယ်။
သူသည် ဖြစ်ချင်ရာဖြစ်ပစေ ဟူသော အမူအရာဖြင့် လေကိုလက်နှင့် ရိုက်ပြပါသည်။
- ဒို့ ရှုံးမယ်ဆိုရင်တော့ ဒို့ကိုဒီဝါဒက ကယ်တင်နိုင်မှာ မဟုတ်ပါဘူးကွာ - ဟု ပြောယင်း အိတ်ထဲမှ ပစ္စတိုကိုထုတ်၍ ပြပါသည် - မြင်လား၊ နောက် ဆုံး ကျည်ဆံသုံးတောင့်ကို ကိုယ့်အတွက်ကိုယ်ချန်ထားတယ်။
... သို့သော် ဤသည်ကား ရုပ်တုကလေးတခုကိုသာ ကိုယ်စားပြနေခြင်း မဟုတ်တော့။ ဤသည်ကား အရွယ်နှောင်း၍ ဟောင်းနေ ပြီဖြစ်သော ခေတ်တခုကို သရုပ်ဖော်ခြင်း ဖြစ်လေသည်။
(ပခုံးသိုင်းကြိုးတစုံ - ကြားဖြတ်တူရိယာသံ)
မျက်နှာချင်းဆိုင် အကျဉ်းခန်း၏ တံခါးဘေးတွင် ပခုံးသိုင်းကြိုးတစုံ ချိတ်ဆွဲထားသည်။ ယောက်ျားဘောင်းဘီများကို ထိန်းသည့် သာမန်ပခုံးသိုင်းကြိုး တစုံမျှသာ ဖြစ်သည်။ ကျနော် ဘယ်တုန်းကမျှမနှစ်သက်ခဲ့ဘူးသည့် ပစ္စည်းတခုဖြစ်သည်။ ယခုသော် ကျနော်တို့၏ အကျဉ်းခန်းတံခါးကို ဖွင့်လိုက်ကြတိုင်း အဆိုပါပစ္စည်းကို ၀မ်းမြောက်စွာ ကြည့်မိသည်။ ထိုပခုံးသိုင်းကြိုးများတွင် မြှော်လင့်ချက်ကလေး တပိုင်းတစမျှ မြင်တွေ့နေမိပါသည်။
ခင်ဗျားအား ဖမ်းဆီးသည့်အခါတွင် သူတို့သည် ခင်ဗျားအားသေသည့်အထိ ရိုက်ကောင်းရိုက်ကြမည်။ သို့သော် ခင်ဗျားဖာသာ ခင်ဗျား ကြိုးဆွဲချ၍ မသေနိုင် ရှေးဦးပထမတွင်ခင်ဗျား၏ ကော်လာစည်း၊ ခါးပတ်၊ သို့မဟုတ် ပုခုံးသိုင်းကြိုးများကို ယူသွားကြသည်။ (အိပ်ရာ ခင်းကို သုံးမည်ဆိုလျှင်ကား လှလှကြီး ကြိုးဆွဲချသေနိုင်သည်။) ၎င်းနောက် ဤမျှအန္တရာယ်ကြီးလှသော သေမင်း၏လက်သုံးကိရိယာများကို ထောင်တွင်းရုံးခန်း၌ သိမ်းထားကြသည်။ နောက် ဂက်စတာပိုရှိ ခင်ဗျားမသိသော ကံကြမ္မာတခုက ခင်ဗျားအား အလုပ်ကြမ်းလုပ်ရန်ဖြစ်စေ၊ ထောင်စခန်းတခုခုသို့ဖြစ်စေ၊ သို့မဟုတ် ကြိုးစင်ပေါ်သို့ဖြစ်စေ၊ တနေနေရာသို့ ပို့ရမည်ဟု ဆုံးဖြတ်သောအခါကျမှ ခင်ဗျားအား ခေါ်ကာ ထိုပစ္စည်းများကိုတခန်းတနားပြန်လည် ပေးအပ်ကြလေသည်။ သို့သော် အကျဉ်းခန်းအတွင်းသို့ကား ပြန်လည်ယူသွားခွင့်မပြု။ အပြင်ဘက် တံခါး၏ ဘေးတွင်ဖြစ်စေ၊ တံခါး၏ရှေ့မှ သံတန်းတွင်ဖြစ်စေ ချိတ်ထားရသည်။ အမိန့်ကျသောအချိန်မှစ၍ တကယ်ပင် ထွက်ခွာသွားရသော အချိန်အထိ ထိုနေရာတွင် တွဲလွဲခိုနေကြရသည်။ ထိုသို့သော ပစ္စည်းများကား အကျဉ်းခန်းအတွင်းမှ တစုံတယောက်သောသူသည် မသွားလို သောလမ်းသို့ ခရီးထွက်ရန် အသင့်ဖြစ်နေရပြီဟူသော အထိမ်းအမှတ်ပင်ဖြစ်သတည်း။
ဂုစတီနာ၏ ကံကြမ္မအကြောင်းကို ကြားရသောနေ့၌ပင် ပခုံးသိုင်းကြိုးတစုံသည် ကျနော်တို့နှင့်မျက်နှာချင်းဆိုင် အကျဉ်းခန်းရှေ့ တွင် ပေါ်ပေါက်လာသည်။ မျက်နှာချင်းဆိုင်အကျဉ်းခန်းမှ မိတ်ဆွေတယောက်သည် သူမနှင့်တသုတ်တည်း အလုပ်ကြမ်းလုပ်ရာသို့ ထွက်ခွာ သွားရမည်ဖြစ်သည်။ ထိုလူသိုက်ကား ယခုထက်ထိ ခရီးမထွက်ရသေး။ ဗြုံးကနဲရက်ရွေ့လိုက်ကြသည်။ သူတို့သွားရမည့်အလုပ်ရုံမှာ ဗုံးကြဲ ခံရသဖြင့် ပျက်စီးကုန်သည်ဟု ကြားရသည်။ (ဤသည်ကား တွက်ကိန်းကိုက်သော အဖြစ်အပျက်တရပ်။) မည်သည့်အချိန်တွင် ခရီးထွက်ရ မည်ကို မည်သူမျှမသိ။ ယနေ့ညနေ သို့မဟုတ် မနက်ဖြန်၊ နောက်အပတ် သို့မဟုတ် ဆယ့်လေးရက်အကြာတွင် သွားကောင်းသွားကြရမည်။ ပခုံးသိုင်းကြိုးများကား တွဲလောင်းခိုမြဲခိုနေကြလေသည်။ သို့နှင့်ကျနော်လည်း သိနေရသည်။ ထိုပစ္စည်းကို မြင်နေရသမျှကာလပတ်လုံး ဂုစတီနာတယောက်ဖြင့် ပရာဟာမြို့တွင် ရှိနေပေလိမ့်ဦးမည်။ ထို့ကြောင့် ထိုပုခုံးသိုင်းကြိုးများသည် သူ့အားကူညီနေသာ ပုဂ္ဂိုလ် တယောက် ဖြစ်ဘိသည့်အလား ၎င်းတို့အား ၀မ်းသာမြတ်နိုးစွာ ကြည့်ရှုနေခဲ့ပါသည်။ သူ့အနေနှင့် တရက်မျှ အချိန်ရလာမည်၊ နှစ်ရက် ... သုံးရက် ... ဒီအ ချိန်ဟာ ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ။ ဒီလိုရလိုက်တဲ့ ရက်ကလေးတရက်ကပဲ သူ့အသက်ကိုကယ်ဆယ် ကောင်း ကယ်ဆယ်မိမှာ ...
ကျနော်တို့အားလုံးသည် ဤသို့သာ နေထိုင်ခဲ့ကြသည်။ ယနေ့လဲ ဤသို့ပင် နေကြသည်။ ယခင်လ၊ ယခင်နှစ်ကလဲ ဤသို့ပင်။ မြှော်လင့်ချက်တည်ရှိ ရာ မနက်ဖြန်သို့ အမြဲတန်းမျက်နှာမူနေကြသည်။ ခင်ဗျား၏ ကံကြမ္မာကိုကား ချိတ်တံဆိပ်ခပ်နှိပ်လိုက်ပြီ။ ခင်ဗျားအား သဘက်ခါတွင် သေနတ်နှင့်ပစ်သတ်ရန် ဆုံးဖြတ်လိုက်ကြပြီ - အမယ် ဒါပေမဲ့ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်ပါ့မလဲ။ နက်ဖြန် ခါအထိသာ အသက်ရှင်နေဦးမည်ဆိုလျှင် ... နက်ဖြန်ကျလျှင် အစစအရာရာ ပြောင်းလဲသွားနိုင်သည်။ အစစအရာရာကား မခိုင်မကျည်ရှိ လှစွာသည်။ မှန်သည်၊ နက်ဖြန်ဘာဖြစ်မည်ကို မည်သူသိသနည်း။ သို့နှင့် နက်ဖြန်ပေါင်း များစွာလဲ ရွေ့လျားသွားသည်။ ထောင်ပေါင်းများစွာ သော လူတို့အတွက်ကား မနက်ဖြန်ဟူ၍မရှိတော့။ သို့ရာတွင် ဆက်လက်၍ နေထိုင်နေကြသည် - နက်ဖြန်ခါ၊ နက်ဖြန်ခါ ဘာဖြစ်တော့မယ် ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။
ဤသို့သော တွက်ကိန်းမျိုးမှ အကြောင်ဆုံးသော ကောလာဟလသတင်းများ ပေါက်ဖွားလာခဲ့သည်။ အပတ်တိုင်း အပတ်တိုင်း ဘယ်တော့စစ်ပြီး တော့မည်ဟူသော နှင်းဆီရောင်သတင်းများပေါ်လာတတ်သည်။ ထိုသတင်းများကို လူတိုင်းသည်ပါးစပ်ကို နားနှစ်ဘက် ထိလုနီးနီးဖြဲရင်း အငန်းမရနားထောင်လေ့ ရှိကြသည်။ အပတ်တိုင်း အပတ်တိုင်း ပန်းကရာ့စ်ထောင်သည် ထူးခြားသော ၀မ်းသာစရာသတင်း တရပ်ကို တိုးတိုးကလေး ဖွင့်ပြောတတ်သည်။ ထိုသတင်းမျိုးကို လူတိုင်းကပင် အားတက်သရောလက်ခံလိုကြသည်။ ခင်ဗျားက ဤကိစ္စမျိုးကို တွန်းလှန်တိုက်ခိုက်သည်။ လွဲမှားသော မြှော်လင့်ချက်များကို ခင်ဗျားကတိုက်ဖျက်သည်။ ဤကိစ္စမျိုးကား လူ၏စရိုက်ကို မကြံ့ခိုင်စေသည် သာမက ပျော့ညံ့စေသည်။ အဆုံးသတ်၌ အစစအရာရာသည် ချောချောမောမော ဖြစ်သွားလိမ့်မည်ဟူသော သဘောထားကို လိမ်လည်ချက် ဖြင့် အစာခွန့်ရန် လိုလဲမလို၊ သင့်လဲမသင့်။ ထိုအကောင်းမျှော် စိတ်ဓာတ်သဘောထားကို အမှန်စကားဖြင့်လည်းကောင်း၊ မြေကြီး လက်ခတ် မလွဲ ရရှိမည့်အောင်ပွဲကို ပြတ်ပြတ်သားသား မြင်တတ်ခြင်းဖြင့်လည်းကောင်း၊ ယင်းသို့သာ အားဖြည့်ထားရပေမည် - သို့သော်လည်း အခြေခံ သဘာဝကား ခင်ဗျား၏ ကိုယ်တွင်း၌လည်း ရှိနေသည်။ သည်ရက်ကလေး တရက်သည်ပင် အဆုံးအဖြတ်ပေးမည့်နေ့ ဖြစ်နိုင်သည်။ ခင်ဗျား အချိန်ရလိုက်သော ရက်ကလေးတရက်သည်ပင် ခင်ဗျားအား ခြိမ်းချောက်နေသော သေဘေး၏နယ်စပ်မှ ခင်ဗျားမစွန့်လွှတ်လိုသော ဘ၀၏ နယ်တွင်းသို့ ဖြတ်ကူးမိရန်ကူညီကောင်း ကူညီနိုင်လိမ့်မည်။
လူတို့၏တသက်တာတွင် ရက်ပေါင်းနည်းပါးလှစွာသည်။ သို့စဉ်လျက် ခင်ဗျားသည်ထိုရက်များကို လျင်မြန်စွာရွေ့လျားသွား စေလို သည်။ ပို၍မြန်လေ၊ အတတ်နိုင်ဆုံးမြန်လေလေ၊ ခင်ဗျားအနေနှင့်ပို၍နှစ်သက်သည်။ အချိန်ကား ဖမ်း၍မရ၊ ပြေး၍နေသည်။ ခင်ဗျား၏ သွေး ကြောများမှ မရပ်မဆိုင်းဘဲ တစိမ့်စိမ့်ယို ထွက်နေသောအချိန်ကား ခင်ဗျား၏မိတ်ဆွေပင် ဖြစ်လေသည်။ အံ့ဘွယ်ကောင်းလေစွ။
နက်ဖြန်သည် ယမန်နေ့ဖြစ်သွားသည်။ သဘက်ခါသည် ယနေ့ဖြစ်လာသည်။ ဤသည်လည်း လွန်ခဲ့ပြန်လေပြီ။
မျက်နှာချင်းဆိုင် အကျဉ်းခန်းတံခါးဘေးမှ ပခုံးသိုင်းကြိုးများကား တွဲလွဲခိုမြဲခိုနေကြလေသည်။
