Wednesday, 14 November 2007

အ … ညီလာခံ

ကမာပုလဲ

ခေတ်ပျက်ထဲ
ငါ … အနုပညာမြောက်အောင်
ဆက်ထုံးတွေ
စံပယ်ပွင့်တွေလို သီကုံးတုန်းက
ငါ့လက်ထဲ ပါမလာတဲ့
ရေပေါ်ဆီ မျက်နှာပြောင်တိုက်မှုများ …။

ဘုရားကားတခြား၊ မျောက်ကားတခြား
မိတ်ဆွေတခြား၊ ရန်သူတခြား
အနုပညာတခြား၊ ကြေးစားတခြား
အနှစ်သာရတခြား၊ မာယာတခြား
မကွဲပြားတဲ့
ငါတို့ ဘ၀ပတ်ဝန်းကျင်မှာ …။

ဒီနေရာမှာနေ
ဒီအစားအစာကိုစား
ဒီငွေကြေးကိုယူ
ပြီးတော့
ဒီပြဋ္ဌာန်းချက်အတိုင်းပြော
ပြီးရင်
မင်းဟာ မဟာအနုပညာရှင်က၀ိအကျော်ပေါ့ …။

အော်…
တွေးလိုက်တိုင်း အရိုးနာသည်
မဆီမဆိုင်ပေမယ့်
ငါ့လျှာကိုသာ ဖြတ်လိုက်ချင်ရဲ့။ ။

(အချုပ်တန်းဆရာဖေနှင့် ဦးပုညအမှတ်တရ)

ခေတ်ပြိုင်မှ

Read More...

ကြိုးစင်ပေါ်မှ မှတ်တမ်းများ ... အခဏ်း (၁)

အမှာ
ချက်အမျိုးသား အာဇာနည်သူရဲကောင်း ဖူးချစ်ရေးသားသော “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ကား ယုံကြည်ချက်ကြောင့် သေမင်းကိုပြုံးပြုံးကလေး ရင်ဆိုင်သွားခဲ့သော နာဇီဆန့် ကျင်ရေးသူရဲကောင်း မှတ်တမ်းအဖြစ်၎င်း၊ ဂန္တ၀င်မြောက်သောစာပေအဖြစ်၎င်း ကမ္ဘာတွင် မော်ကွန်းတင် ကျန်ရစ်လောက်အောင် အစွမ်းထက်လှသော စာအုပ်ဖြစ်ပေသည်၊ ကမ္ဘာ အရပ်ရပ်မှ ပြည်သူများသည် ထွန်းပြောင်သော သတင်းစာဆရာတစ်ဦး၏ စာဖတ်သူအသဲ နှလုံးကို ဆွဲကိုင်နိုင်သော ပြောင်မြောက်သည့် အရေးအသားများကို၎င်း၊ သူမတူအောင် ရက်စက်ကြမ်းကြုတ်လှသော ရန်သူများကိုရင်ဆိုင်ရသည့် အချိန်အခါမျိုးတွင် အင်အားတက် ကြွကြံ့ခိုင်စေပြီး တော်လှန်ရေးစိတ်ဓာတ် မြင်မားလာအောင် ဖန်တီးပေးနိုင်စွမ်းရှိသော ထက် မြက်သည့် တော်လှန်ရေးစွမ်းရည်များကို၎င်း၊ တခဲနက်အသိ အမှတ်ပြုကြပေသည်။
“ကြိုးစင် ပေါ်မှ မှတ်တမ်းများ” သည် ဤမျှအစွမ်းထက်လှပေသည်။ နာဇီဆန့်ကျင်ရေး ကာလ၏ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ”ကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အလုပ်သမား လယ်သမား အာဏာပိုင်နိုင်ငံတည်ဆောက်နေသော ယခုလိုအချိန်အခါမျိုး၌ ဘာကြောင့်ထုတ်ဝေရသ နည်းဟု စာဖတ်သူများစိတ်တွင် မေးခွန်းထုတ်ကောင်း ထုတ်လိုကြပေလိမ့်မည်။ အားလုံးသိ ရှိကြပြီးဖြစ်သည့်အတိုင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်သည် “ကြိုးစင်ပေါ်မှမှတ်တမ်း များ” ကို ရေးသားခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော်ပြီဖြစ်သည်။ ထိုအနှစ် (၂၀) အတောအ တွင်း၌ ကမ္ဘာ့အခြေအနေ အရပ်ရပ်သည် အခြေအမြစ်မှ ပြောင်းလဲခဲ့ပြီဖြစ်သည်။ ဆိုရှယ် လစ်စနစ်သည် လွန်ခဲ့သောနှစ်ပေါင်း(၂၀)တုံးကလို နယ်ချဲ့နာဇီအရင်းရှင်များ၏ တိုက်ခိုက်မှု ကိုအလူးအလဲခံနေရသည့် အနေအထားမျိုးမဟုတ်တော့ဘဲ၊ ကမ္ဘာ့နိုင်ငံရေးလမ်းကြောင်းကြီး ၏ ကံကြမ္မာကိုဆုံးဖြတ် ဖန်တီးနိုင်စွမ်းရှိလာပြီဖြစ်သည်။ ဤသို့ချီတက်လာသော ခရီး ကြမ်းကို ပြန်လှန်သုံးသပ်ရှုမြင်ခြင်းအားဖြင့် အခြေအနေအသစ်များ ပေါ်ထွန်းပြောင်းလဲနေသည့် ရုပ် ၀တ္ထုအခြေအနေများကို တအံ့တသြမြင်နိုင်စွမ်းရှိပြီး၊ ထိုအခြေသစ်အနေသစ်များ၊ ကမ္ဘာ့လုပ် သားပြည်သူတရပ်လုံး၏ အောင်မြင်မှု အသီးအပွင့်များကို ခိုင်မာအောင်ထိန်းသိမ်းပြီး ဆက် လက်ကြီးထွားတိုးပွားအောင် ပြုလုပ်ရမည်ဖြစ်သော လုပ်ငန်းတာဝန်များကို ကြည်ကြည်လင် လင် သိမြင်နိုင်ကြမည်သာဖြစ်သည်။ အခြေသစ်အနေသစ်များ၊ ကမ္ဘာ့လုပ်သား ပြည်သူများ၏ အောင်မြင်မှုအသီးအပွင့်များ၏ အရှိန်သြဇာနှင့် မြန်မာပြည်သူများ၏ ရုန်းကန်တိုက်ပွဲဝင်မှုများ ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုလျှင် အရင်းရှင်မြေရှင်နိုင်ငံရေးဖြစ် ပေါ်တိုးတက်မှု လမ်း ကြောင်းကို မပြန်လမ်းသို့ပို့ဆောင်ပြီး မြန်မာ့ဆှိုရှယ်လစ်လမ်းစဉ်ဖြင့် အလုပ်သမားလယ် သမား အာဏာပိုင်နိုင်ငံ ထူထောင်ရေးအတွက် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နိုင်နေလေပြီ။ ဤသို့သော ကမ္ဘာ့အခြေအနေနှင့် မြန်မာ့အခြေအနေ တိုးတက်ပြောင်းလဲမှုများကို မြင်နိုင်စွမ်း မရှိသူများအား ချက်အမျိုးသား အာဇာနည်ဖူးချစ်တို့ ကမ္ဘာ့လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို မည်သို့မည်ပုံ ရင်ဆိုင်ခဲ့ကြသည်ဟူသော ဆိုးဝါး ပြင်းထန်သည့် အလွန်တရာခက်ခဲလှသော အခြေအနေများကို “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” တွင် ပြန်လည်တွေ့ မြင်နိုင်ကြပြီး ယနေ့ အခြေအနေသစ်များနှင့် အခြေခံကျသော အပြောင်းအလဲများကိုလည်း ချိန်ထိုးအကဲဖြတ်နိုင် ကြရန် ဤစာအုပ်အား ထုတ်ဝေလိုက်ရခြင်းဖြစ်ပေသည်။ ဖူးချစ်ကို သူရဲကောင်းများ ထွန်းညှိညွှန်ပြရာ မီးရှူးတန်ဆောင်အတိုင်း နိုင်ငံအားလုံးမှ လုပ်သားပြည်သူအင်အား စုများ လိုက်ပါချီတက် တိုက်ခိုက်ခဲ့ကြခြင်း၏ရလဒ်အဖြစ် ကမ္ဘာကြီးပြောင်းလဲကာ အခြေသစ်အနေ သစ်များ ပေါ် ပေါက်လာရခြင်းဖြစ်သည်ကို နှလုံးသွင်းမိကြဖို့လိုအပ်သည်။ ဖက်ဆစ်နာဇီများကို ချေမှုန်းတိုက်ခိုက်ရာတွင် အမာခံဖြစ်သော ဆိုဗီယက်ပြည်သူများနှင့် နိုင်ငံတကာရှိ ဖူးချစ်လို နာဇီဖက်ဆစ် ဆန့်ကျင်ရေးသူရဲကောင်းများ၏ အနိုင်မခံအရှုံးမပေးသော တိုက်ပွဲဝင်စိတ်ဓာတ် များ၊ နယ်ချဲ့ အရင်းရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့်တိုက်ပွဲတွင် အသဲနှင့်ယှဉ်ပြီး အသက်နှင့်ကိုယ်ခန္ဓာကို စတေးခဲ့ကြသော ဆိုရှယ်လစ်ဘက်တော်များ၏ ကျေးဇူး တရားကို လည်း သိတတ်ကြဘို့လိုအပ်ပေသည်။ ဤကျေးဇူးတရားများကို ရင်ဝယ်ပိုက်ထွေးရင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်ကို မွေးထုတ်ခဲ့သော ချက်ကို စလိုဗက်ပြည်သူများနှင့် ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့ကြသည့် မြန်မာပြည်သူများသည် အခြေသစ် အနေသစ်များပေါ်တွင် မိတ်ဆွေဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် နှစ်ပြည်ထောင်ပူးပေါင်းဆောင် ရွက် ရေး၏ အမှတ် အသားအဖြစ်လည်းရည်စူးပြီး ဤစာအုပ်ကိုထုတ်ဝေခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၎င်းရည်စူးချက်နှင့်တပါတည်း မြန်မာ့အာဇာနည်သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းအား ချက်ပြည်သူများက ကြည်ညိုချစ်ခင်လေးစားကြသလို ချက်သူရဲကောင်းဖူးချစ်အား မြန်မာ ပြည်သူများက ပိုမိုသိနားလည်ပြီး ပိုမိုကြည်ညိုလေးစားကြစေရန် ရည်သန် ချက် အောင်မြင်ပြည့်မြောက်မည်ဆိုလျှင် ဤ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ထုတ်ဝေရကျိုး ပိုနပ်လိမ့်မည်သာဖြစ်သည်။
(အားသစ်စာပေကော်မတီ)

ကြိုးစင်ပေါ်မှမှတ်တမ်းများ

ပန်းကရာ့စ်၊ ဂတ်စတာပို အကျဉ်းထောင်၌ ၁၉၄၃ ခုနှစ်၊ နွေဦးရာသီတွင် ရေးသားသည်။

သတိအနေအထားနှင့်ထိုင်၊ ကိုယ်ကိုမတ်မတ်တောင့်၊ ဒူးများပေါ်တွင် လက်များကပ်ထား၊ မျက် လုံးများကလည်း ပက်ချက် နန်းတော်ရှိ “အိမ်တွင်းထောင်” မှ ၀ါကျင့်ကျင့်ထရံကို စူးစူးစိုက် စိုက်ကြည့် နေရမည်ဆိုလျှင် ဤသည်ကား အမှန်အားဖြင့်၊ အတွေးနယ်ချဲ့ရန် သက်တောင့် သက်သာရှိလှသော အနေအထားမျိုးမဟုတ်ပါပေ။ ဒါပေမယ့် စိတ်ဆိုတာမျိုးကိုတော့ သတိ အနေအထားနဲ့ ထိုင်နေလို့ဘယ်သူက အာဏာပြနိုင်မှာလဲ။ တစုံတယောက်ကမည်သူမည် ၀ါက မည်သည့်အခါတွင် ပြောခဲ့သည်ကိုကား အသေအချာစုံစမ်း၍ ရကောင်းမှ ရတော့မည် ဤပက်ချက်နန်းတော်တွင်းမှ “အိမ်တွင်းထောင်” ကို “ဘိုင်စကုတ်ရုံ” ဟု အမည်ပေးခဲ့လေ သည်။ ထက်သန်သော ပကတိဥာဏ်ပါပေ။ ကျယ်ပြန့်လှသော အခန်းကြီးအတွင်းဝယ် ခုံတန်း ရှည်ကြီးခြောက်လုံးကို တလုံးနောက်တလုံးစီချထားသည်။ ၎င်းခုံများပေါ်၌ကား အစစ်ဆေးခံ အကျဉ်းသမားများသည် ကျောများတောင့်၍ ထိုင်နေကြရသည်။ ရှေ့တည့်တည့်မှ ဗလာဟင်း လင်းဖြစ်နေသော ထရံကြီးသည်ကား ရုပ်ရှင်ရုံထဲမှ ပိတ်ကားသဘွယ် ဖြစ်နေလေသည်။ တခါ ထပ်၍ အစစ်ဆေးခံရလျက်၊ အညှင်းခံလိုခံ၊ သေလိုသေကြရမည့် အကျဥ်းသမားတို့၏ မျက်စိ များက ဤထရံပေါ်တွင် ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားတို့ကား များပြားလှချေသည်။ တကမ္ဘာ လုံးရှိ ရုပ်ရှင်စတူဒီယိုများသည်ပင် ထိုမျှလောက်များမြောင်သော ဇာတ်လမ်းများကို မရိုက်ကူး ခဲ့ကြရသေးပေ။ မိမိတို့၏ တသက်ပတ်လုံး ဖြစ်စေ၊ ထိုတသက်တာမှ အသေးစိတ်တကဏ္ဍ ကလေးများကိုဖြစ်စေ ဖော်ပြသည့် ရုပ်ရှင်ကားများ။ မိခင်၏အကြောင်း၊ ဇနီးအကြောင်း၊ ကလေးများအကြောင်း၊ အဖျက်ဆီးခံရသော အိမ်၏အကြောင်း၊ ဆုံးရှုံးရသောအလုပ်အကိုင် အကြောင်း စသည်တို့ကိုပြသည့် ရုပ်ရှင်ကားများ။ ရဲရင့်သော ရဲဘော်တယောက်အကြောင်းနှင့် သစ္စာဖောက်မှုတမှုအကြာင်း၊ ထိုစာတမ်းတစောင်ကို ကျွန်တော်ကပေးခဲ့သော လူတယောက် ၏အကြောင်း၊ ထပ်လောင်း၍ စီးဆင်းဦးမည့် ရစ်ပတ်မိလောက်အောင် တင်းတင်းကြပ်ကြပ် လက်ချင်းညှစ်၍ နှုတ်ဆက်ပုံအကြောင်း စသည်တို့ကို ဖော်ပြသည့် ရုပ်ရှင်ကားများ။ တုန်လှုပ် ခြင်းနှင့်သန္နိဋ္ဌာန်၊ အမုန်းနှင့်အချစ်၊ သောကနှင့်မျှော်ကိုးချက်၊ ဤသည်တို့ဖြင့် ပြည့်ဝနေသော ရုပ်ရှင် ကားများပါပေ။ ဘ၀ကိုကျောခိုင်းထားကြပြီဖြစ်၍ ဤနေရာဤဌာန၀ယ် လူတိုင်းလူ တိုင်းသည် မိမိတို့၏မျက်စေ့အောက်၌ပင် နေ့စဉ်နှင့်အမျှ အသက်ပျောက်ကြသည်။ သို့သော် လူတိုင်း ကား အသစ်တဖန် မွေးဖွားလာပြန်သည်မဟုတ်။ ဤအခန်းအတွင်း၌ ကျွန်တော်သည် ကိုယ်ရေးရုပ်ရှင်ကားကို အကြိမ်ပေါင်းရာပေါင်းများစွာကြည့်ခဲ့သည်။ အသေးစိတ်များကိုလည်း အကြိမ်ပေါင်းထောင်ပေါင်းများစွာ မြင်ခဲ့သည်။ ယခုထိုရုပ်ရှင်ကားကို တကြိမ်မျှပြန်လည်ပြော စမ်းကြည့်လိုပါသည်။ အဆုံးမသတ်နိုင်မီ၊ ကြိုးကွင်းကို ဆွဲတင်းလိုက်ပြီဆိုလျှင်လည်း၊ ဤ ရုပ်ရှင်၏ “ဟက်ပီ အဲန်းဒ်” ကို ဆက်လက်ရေးသားကြမည့် လူပေါင်းကား သန်းပေါင်းအလီလီ ကျန်ရစ်ဦးမည်ဖြစ်ပေသတည်း။

“ဟက်ပီအဲန်းဒ်” – (အင်္ဂလိပ်စကား) ပျော်ရွှင်သော ဇာတ်သိမ်းခဏ်း။

အခဏ်း-၁

နှစ်ဆယ့်လေးနာရီ

နောက်ငါးမိနစ်အကြာတွင် နာရီကားဆယ်ချက်တိတိရိုက်ဆော်လေတော့မည်။ ၁၉၄၂ ခု၊ ဧပြီ လ၂၄ ရက်၊ နွေဦးရာသီ၏ လှလှပပနှင့် မပူမအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။
ကျွန်တော်သည် ခြေလှမ်းသွက်သွက်လေး လှမ်းနေခဲ့သည် - ရုပ်ဖျက်ထားသည့်အတိုင်း၊ ခြေ ထော့နင်းနှင့် အရွယ်ရင့်ရင့်လူကြီးတယောက်၏ ဟန်အမူအရာမပျက်စေရုံမျှ သတိထားကာ ယဲလီနက်တို့ထံ တိုက်တံခါးမပိတ်မီအရောက်၊ သွက်သွက်ကလေး လျှောက်နေခဲ့ပါသည်။ ထိုအိမ်တွင် ကျွန်တော်၏ “လက်ထောက်” မီးရက်တယောက် ဖြင့် စောင့်နေပေလိမ့်မည်။ ဤတခေါက်တွင် သူ့အနေနှင့် ပြောစရာအကြာင်းထူးမရှိမှန်း ကျွန်တော်သိသည်။ ကျွန်တော့ ဘက်ကလည်း သူ့အားမှာကြားစရာဘာမျှမရှိ။ သို့သော် ချိန်းထားလျက်နှင့် ပျက်ကွက်ခဲ့လျှင်၊ အခြားသူများစိုးရိမ်မကင်း ဖြစ်သွားနိုင်သည် - အထူးသဖြင့် အိမ့်ရှင်သူတော်ကောင်းနှစ် ယောက် အပေါ် အပို စိတ်သောက မရောက်စေလိုပါ။သူတို့က လဘက်ရည် တခွက်နှင့် ဆီးကြိုကြပါသည်။ မီးရက်ကားရောက်နှင့်နေပြီ - သူသာမက ဖရီးဒ်တို့ လင်မယားလည်း စောင့်နေကြသည်။
- ရဲဘော်တို့၊ ခင်ဗျားတို့ကိုတွေရတာတော့ ကောင်းပါရဲ့။ ဒါပေမယ့် အခုလို တပြုံကြီးစု ပြီးတော့ဖြင့် မတွေ့ချင်ဘူး။ ဒါမျိုးဆိုတာဟာ ထောင်နဲ့သေလမ်းကို တန်းနေတာပဲ။ လျှို့ဝှက် ရေးစည်းကမ်းတွေကို စောင့်ထိန်းယင်ထိန်းကြ၊ မထိန်းနိုင်ဘူးဆိုယင်တော့ အလုပ်မလုပ်ဘဲ နေကြတာကကောင်းလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုလုပ်ပုံမျိုး ဟာ ကိုယ့်ကိုယ်ကိုယ် ရော၊သူများတွေကိုရောအန္တရာယ်ဖြစ်စေတယ်။နားလည်လား။
-နားလည်ပါတယ်။
-ကဲကျွန်တော်တို့ဘာများယူလာခဲ့ကြသလဲ။
-မေဒေးနေ့ထုတ်ရူဒဲပရားဗောသတင်းစာ။
ရူဒဲပရားဗော - ချက်ကိုစလိုဗားကီးယားပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သတင်းစာ။ စစ်အတွင်းကစာကူးစက်ဖြင့် လျှို့ဝှက်စွာရိုက်နှိပ်ဖြန့်ချိရသည်။(ရူဒဲပရားဗော - အခွင့် အရေး နီ)
-ကောင်းပါ့ဗျား။အဲ...မင်းကော...မီးရက်။
- ဒီလို ဒီလိုပါပဲ၊ ထွေထွေထူးထူးတော့ ဘာမှ မရှိပါဘူး။ အလုပ်ကတော့ ချောချောမောမောပဲ ...
- ကဲ၊ ဒါဖြင့်ပြီးရော။ မေဒေးလွန်မှတွေ့ကြသေးတာပေါ့။ ကျွန်တော်အကြောင်းကြား လိုက်ပါ့မယ်။ကိုင်း...သွားတော့မယ်။
-လဘက်ရည်တခွက်လောက်ထပ်သောက်သွားပါအုံး၊ဆရာကြီး။
- ဟာ၊ မဖြစ်သေးဘူး၊ မစ္စစ် ယဲလီနကောဗား။ ဒီမှာ ကျွန်တော်တို့သိပ်စုနေကြလို့။
ယဲလီနကောဗား - ချက်လူမျိုးတို့၏ အမည်များတွင်၊ ကိုယ်ပိုင်အမည်၊ မျိုးရိုးအမည်ဟု တွဲ၍သုံးကြသည်။ ချက် အမျိုးသမီးများ၏ မျိုးရိုးအမည်များမှာ (ေ -ာဗား) သို့မဟုတ် (-ား) တွင် အဆုံးသတ်သည်။ သို့ဖြင့် ယောက်ျား အမည်များက ဖူးချစ်။ ယလီနက်။ ပလာခီ။ ဟုဆိုလျှင် မိန်းမအမည်များကို ဖူးချစ်ကောဗား၊ ယဲလီနကောဗား၊ ပလာခါ ဟူ၍ ခေါ်ကြသည်။
- တခွက်ထဲပါလေ။ သောက်သွားပါအုံး။ငှဲ့ချလိုက်သော လဘက်ရည်မှအငွေ့တထောင်း ထောင်းထလာသည်။ တစုံတယောက်က တံခါးခေါင်းလောင်းကို နှိပ်သည်။ ညကြီးမင်းကြီး အချိန်မတော် ... ဘယ်သူများပါလိမ့်။ ဧည့်သည်တော်များကား စိတ်မရှည်ကြ။ တံခါးကို တ၀ုန်းဝုန်းနှင့်ထုကြလေသည်။
-ဖွင့်ပါတော့လား။ဒီမှာပုလိပ်တွေကွ။
- ပြူတင်းပေါက်ဆီကို မြန်မြန် ... ပြေးကြ။ ကျွန်တော့မှာ ပစ္စတိုတလက်ပါလာတယ်။ ခင်ဗျား တို့ လွတ်အောင် သူတို့ကိုဟန့်ထားမယ်။နောက်ကျသွားခဲ့ပြီ။ ပြူတင်းပေါက်အောက်တွင် ဂက်စတာပိုများရောက်နေကြကာ အခန်းတွင်းသို့ ပစ္စတိုများဖြင့် ချိန်ထားကြသည်။ အရပ် ၀တ်အရပ်စားနှင့် စုံထောက်များသည်လည်း အပြင်စင်္ကြန်မှတံခါးကို ချိုးဖွင့်ဝင်ရောက် လျက်၊ မီးဖိုဆောင်ငယ်ကိုကျော်ကာ အခန်းတွင်းသို့ ရောက်လာကြသည်။ တယောက်၊ နှစ်ယောက်၊ သုံးယောက် ... အားလုံးလူကိုးယောက်။ ကျွန်တော်ကား သူတို့ဖွင့်ဝင်လာသော တံခါး၏ အကွယ်သူတို့၏ နောက်တည့်တည့် သို့ ရောက်နေသည်။ ထို့ကြောင့် ကျွန်တော့်ကိုမမြင်ကြ။ ပစ်မည်ဆိုလျှင် သူတို့အား အေးအေးဆေးဆေး ပစ်ချနိုင် သည်။ သို့သော် ပစ္စတိုကိုးလက်က မိန်းမသားနှစ်ယောက်နှင့် လက်နက်မဲ့ယောက်ျားသုံးယောက်ကို ချိန်ထား သည်။ အကယ်၍ ကျွန်တော်က စတင်ပစ်ခတ်လိုက်လျှင်၊ ကျွန်တော်မကျခင် ကျွန်တော့်ရဲဘော်များ ကျဆုံးကြရ တော့မည်။ ကျွန်တော့ကိုသာ ပြန်၍ပစ်ပြီထားဦးတော့ ကျည်ဆံများက ပလူပျံလျက်၊ ကျွန်တော့်ရဲဘော်များသာလျှင် ဓားစာခံကြရပေလိမ့်မည်။ အကယ်၍ကျွန်တော်က မပစ်ဘဲနေ ခဲ့လျှင် သူတို့အနေနှင့် နှစ်ဝက်ဖြစ်စေ၊ တနှစ်ဖြစ်စေ ၀င်ထိုင်နေကြရမည်။ နောက် တော်လှန် ရေးက ၎င်းတို့အားအရှင်လတ်လတ် ကယ်တင်လွတ်မြောက်စေလိမ့်မည်။ မီးရက်နှင့် ကျွန်တော်သာ ဤတောင်ကို ကျော်နိုင်ကြမည်မဟုတ်။ ကျွန်တော်တို့အား ညှဉ်းပန်းကြလိမ့် မည်၊ ကျွန်တော့ထံမှကား ဘာတခုမျှရကြလိမ့်မည်မဟုတ်။ မီးရက်ထံမှကော။ မီးရက်သည် စပိန်ပြည်၌ တိုက်ပွဲ ၀င်ခဲ့သောလူတယောက်၊ ပြင်သစ်အကျဉ်းစခန်းတွင် နှစ်နှစ်တာမျှနေခဲ့ရ သောသူ၊ စစ်ကာလကြီးအတွင်း၊ ပြင်သစ် ပြည်မှ ပရာဟာမြို့အရောက် လျှို့ဝှက်စွာပြန်လာခဲ့ သော သူတယောက်။ ဤသို့သောသူမျိုးကား ဘာတခုမျှဖော် လိမ့်မည်မဟုတ်။ ကျွန်တော့် အနေနှင့် ဆုံးဖြတ်ချက်ချရန် နှစ်စက္ကန့်မျှသာရှိသည်။ ဒါမှမဟုတ် သုံးစက္ကန့်ပဲလား။ ပစ်ခတ် လိုက်လျှင် ဘာတခုကိုမျှကာကွယ်နိုင်မည်မဟုတ်။ ကျွန်တော့တယောက်အနေနှင့်သာ အညှဉ်းပန်းခံရခြင်းမှ လွတ်မြောက်မည်။ သို့သော် ထိုသက်သာမှုအတွက် အကြောင်းမဲ့ သက်သက် ရဲဘော်ငါးယောက်အသက်တို့ကို ယဇ်ပူဇော်လိုက်ရမည်။ ဒီလိုတွက်တာ မှန် သလား၊ မှန်တယ်။ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ပုန်းနေရာမှ အပြင် သို့ထွက်လိုက်သည်။
ဂက်စတာပို - နာဇီများ၏ လျှို့ဝှက်သော ပုလိပ်အဖွဲ့။ ဤဘာသာပြန်စာအုပ်ထဲတွင် အဆိုပါပုလိပ်အဖွဲ့ဝင်များကိုလည်းဂက်စတာပိုဟူ၍ပင်ခေါ်ထားသည်။
-ဟား၊နောက်တယောက်။
မျက်နှာပေါ်သို့ ပဋ္ဌမဆုံးတချက် အထိုးခံလိုက်ရသည်။ ကျွန်တော့်အား နော့ကောက် ချိန်ဟန်တူသည်။
-ဟဲန်းဒ်အောက်ဖ်။ဟဲန်းဒ်အောက်ဖ် - (ဂျာမန်စကား = လက်မြှောက်) ဒုတိယတချက်၊ တတိယအချက်။ ဤသို့လျှင် ထင်မိသည်။ တသသနှင့် လှလှပပထားခဲ့သော အိမ်ခန်းကား၊ အိမ်ထောင်ပရိဘောဂများနှင့် ဖရိုဖရဲ၊ မှန်ကွဲများအမွမွဖြစ်ခဲ့ပြီ။ လက်နှင့်အထိုးအကြိတ်၊ ခြေနှင့် အကန်အကျောက်။
-မာ့ရ်ရှ်။
မာ့ရ်ရှ် - (ဂျာမန်စကား = ရှေ့ကိုသွား)ကျွန်တော့်အား မော်တော်ကား တစင်းထဲသို့ သွတ်သွင်းလိုက်ကြသည်။ ပစ္စတိုများကား ကျွန်တော့်ကို အမြဲမပြတ် ချိန်နေကြသည်။ လမ်း တွင်ပင်ကျွန်တော့်အားစစ်လားမေးလားပြုကြပါတော့သည်။
-မင်းဘယ်သူလဲ။
-ကျောင်းဆရာဟောရတ်။
-မင်းလိမ်တာ။
ကျွန်တောကပခုံးကိုတွန့်ပြလိုက်သည်။
-ငြိမ်ငြိမ်ထိုင်နေဆို...နို့မို့ပစ်လိုက်မယ်။
-ပစ်ချင်ပစ်ပေါ့။
ပစ်မည့်အစား လက်သီးမိုးသာ ရွာလာသည်။ ကျွန်တော်တို့သည် ဓာတ်ရထားတစီးကိုကျော် တက်မိကြသည်။ အဖြူရောင်ဖြင့် မွမ်းမံထားသည်ဟု ထင်မိသည်။ ဘဲ့နဲ့ ... မင်္ဂလာဆောင် ဓာတ်ရထား အခုလို ညကြီးမင်းကြီးမှာရယ်။ အဖျားတက်စပြုပြီထင်သည်။ပက်ချက် နန်းတော်။ ဤအဆောက်အဦအတွင်းသို့ အသက်နှင့်ခန္ဓာတွဲလျက်သား ၀င်ရလိမ့်မည်ဟု ဘယ်သော အခါကမျှ မထင်မိခဲ့။ ယခုလေးထပ်အပေါ်ထိ ပုံစံအတိုင်း ပြေး၍တက်ရသည်။ သြော် ဒါကနာမည်ကျော် ဒုတိယ (က) - ၁ ဆိုတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးဌာနကိုး။ ကျွန်တော့အနေ နှင့် စပ်စပ်စုစုသိလိုစိတ်များပင် ပေါ်လာသည် ဟု ထင်ရသည်။ ပက်ချက် - စစ်မဖြစ်မီက အရင်းရှင်ကြီး ပက်ချက်၏ ဘဏ်တိုက်အဆောက်အဦ။ စစ်အတွင်းက ဤဂေဟာတွင် ပရာဟောမြို့ ဂတ်စတာပိုက ဌာနချုပ်ဖွင့်ထားသည်။ ဘမ်းဆီးသောတပ်စိတ်ကို အုပ်ချုပ်သည့် ပုလိပ်အရာရှိ ပိန်ပိန်ရှည်ရှည်သည် ပစ္စတိုကို အိတ်တွင်းသို့ထည့် လိုက်ကာ၊ သူ၏ အခန်းတွင်းသို့ ကျွန်တော့အား ခေါ်သွားသည်။ ၎င်းနောက် စီးကရက်တလိပ်တည်၍ မီးညှိပေး သည်။
-မင်းဘယ်သူလဲ။
-ကျောင်းဆရာဟောရတ်။
-မင်းလိမ်တာ။
သူ၏လက်ကောက်ဝတ်မှနာရီသည်ဆယ့်တစ်နာရီသို့ညွှန်ပြနေလေသည်။
-သူ့ကိုရှာကြစမ်းဟေ့။အရှာအဖွေများ စပါတော့သည်။ ကျွန်တော့ အ၀တ်အစားများကို ချွတ်ကြသည်။
-မှတ်ပုံတင်လက်မှတ်ပါတယ်ဗျ။
-နာမည်က...
-ကျောင်းဆရာဟောရတ်တဲ့။
-မှန်ရဲ့လားဆိုတာလှမ်းမေးကြည့်စမ်း။
တယ်လီဖုန်းဆက်သည်။
-ထင်သားပဲ။စာရင်းမှသွင်းမထားပဲ။ဒီလက်မှတ်ကအတုကြီးရယ်။
-မင်းကိုဒီလက်မှတ်ဘယ်သူပေးသလဲ။
-ပုလိပ်မင်းကြီးရုံးက။ပဌမဆုံးအကြိမ် ဒုတ်နှင့်အရိုက်ခံရသည်။ ဒုတိယ၊ တတိယ၊ အချက်ပေါင်း ဘယ်နှစ်ချက်ဆိုတာကို ရေတွက်ပြီး ထားရမှာလည်း။ မောင်ရင် ... ဒီအခြေအနေ ရောက်မှ တော့၊ ဒီလိုအချက်အလက်တွေကို ဘယ်နေရာဘယ်အချိန်မှာ သတင်းပြန်ပေးနိုင် တော့မှာလဲ။
- မင်းနာမည် ဘယ်သူလဲ ... ပြော ... ဘယ်မှာနေသလဲ ... ပြောစမ်း ... ဘယ်သူတွေနဲ့ အဆက် အသွယ်လုပ် သလဲ။ ပြော ... ပြော ... ပြောဆို ... နို့မို့ မင်းအသက်ထွက်သွားမယ်။
ကျန်းမာတဲ့ လူတယောက်ဟာ အချက်ပေါင်း ဘယ်နှစ်ချက်အထိ ခံနိုင်ပါသလဲ။ ရေဒီယိုမှ သန်းခေါင်ယံရိုက်ဆော် လေပြီ။ ကာဖီဆိုင်များလည်း ပိတ်ကြပြီ။ နောက်ဆုံး ဧည့်သည်များလည်း ပြန်ကြပြီ။ ချစ်သူများကား မခွဲနိုင်မခွါရက် နှင့် တံခါးဝများတွင် ရစ်သီနေကြသည်။ အရာရှိပိန်ပိန်ရှည်ရှည်ကား အခန်းတွင်းသို့ ရွှင်ရွှင်ပြုံးပြုံးကြီး ရယ် မော၍ ပြန်ရောက်လာသည်။
- ဦးအယ်ဒီတာကြီးခင်ဗျား၊ နေသာထိုင်သာ ရှိပါရဲ့နော်။ မည်သူကသူတို့အား ဖွင့်ပြောလိုက် ပြီနည်း။ ယဲလီနက်တို့လင်မယားလော။ ဖရီးဒ်တို့လော။ သူတို့ကား ကျွန်တော်၏ အမည် ကိုပင်မသိကြ။
- မြင်တဲ့အတိုင်းပဲလေ။ ကျုပ်တို့အားလုံး သိပါတယ်ဗျာ။ ကဲ ဖွင့်ပြောမလား၊ လိမ္မာစမ်း ပါကိုယ့် လူရာ။
ထူးဆန်းလှသော အဘိဓာန်ပါပေ။ လိမ္မာခြင်း = သစ္စာဖောက်ခြင်း။ ကျွန်တော်ကား မလိမ္မာပါ။
-ဒီကောင့်ကို ကြိုးနဲ့တုပ်ပြီး ထပ်အုပ်ကြစမ်းကွာ။ တနာရီ။ နောက်ဆုံး ဓာတ်ရထားများ ကားရုံများဆီသို့ ပြန်သိမ်းနေကြလေပြီ။ လမ်းများလည်း လူသွားလူလာပြတ် သလောက် ဖြစ်နေကြလေပြီ။ ရေဒီယိုကား သောတရှင်အပေါင်းကို မင်္ဂလာညပါရှင်ဟု နှုတ်ဆက်လေပြီ။
- ဗဟိုကော်မတီမှာ ဘယ်သူတွေ ပါသေးသလဲ။ အသံလွှင့်ဌာနတွေ ဘယ်မှာလဲ။ ပုံနှိပ်စက် တွေ ဘယ်မလဲ။ ပြော ... ပြော ... ပြောလေ။ ယခု ဒဏ်ရာဒဏ်ချက်များကို အေးဆေးစွာ ရေတွက်နိုင်ပြန်ပေပြီ။ ကျွန်တော်ကိုက်ထားမိရာ နှုတ်ခမ်းများတွင် သာ နာရမှန်း၊ ကျင်ရမှန်း သိတတ်ပါတော့သည်။
-ဘိနပ်တွေချွတ်လိုက်။ မှန်ပေသည်။ ခြေဖ၀ါးများကား ယခုထက်ထိ မထုံတတ်သေးပါ။ ခြေမ၀ါးများတွင်တော့ နာတတ်သေးသည်။ ငါး ချက်၊ ခြောက်ချက်၊ ခုနှစ်ချက်၊ယခုဒုတ်တို ကား ဦးနှောက်အထိ တိုးလျှိုပေါက်နေ သကဲ့သို့ခံရသည်။ နှစ်နာရီ။ ပရောဟာမြို့တော်ကား အိပ်ပျော်လေပြီ။ တနေရာတွင် ကလေးတယောက်သည် အိပ်ယင်းက အီကောင်း အီနေ ပေလိမ့်မည်။ ယောက်ျားတယောက်သည် ဇနီးသည်၏ တင်ပါးကိုပွတ်သပ်ကောင်းပွတ်သပ်နေ ပေလိမ့်မည်။
- ပြော၊ ပြောစမ်း။ပါးစပ်ထဲတွင် လျှာကိုလှည့်ယင်း၊ သွားဘယ်နှစ်ချောင်း ကျိုးခဲ့ပြီကို စမ်းသပ်ကြည့်နေမိပါသည်။ စေ့ငှအောင် မရေ တွက်နိုင်ပါ။ ဆယ့်နှစ်၊ ဆယ့်သုံး၊ ဆယ့်ခုနှစ်။ ဟုတ်သေးပါဘူးလေ၊ ဒါက ကျွန်တော့်ကို “စစ်ဆေးမေးမြန်း” နေကြ တဲ့ ပုလိပ်အရာတွေရဲ့ ဦးရေပဲ။ ထိုသူတို့အနက် အချို့ကား ယခုပင် သိသိသာသာကြီး လက်အံသေနေကြလေပြီ။ သေမင်းကလည်း ယခုထက်ထိ မလာနိုင်သေး။ သုံးနာရီ။ ရောင်နီဦးသည် မြို့ဆင်ခြေဖုန်း ဘက်မှ တွား၍တက်လာလေပြီ။ ဟင်းသီး ဟင်းရွက်သည်များကား ဈေး ဘက်သို့ ဦးတည်နေကြပြီ။ လမ်းတံမြက်လှဲသမားများလည်း လမ်းများပေါ်သို့ ထွက်လာကြပြီ။ ပုံပန်းအားဖြင့် ကျွန်တော်ကား နောက်ထပ် တမိုးသောက်ကို မြင်ရလိမ့်ဦးမည်ထင်သည်။
- ခင်ဗျား ဒီလူကိုသိသလား။ကျွန်တော်၏ ဇနီးကို ခေါ်လာကြသည်။ သူ မမြင်ပါစေရန် ကျွန်တော်သည် သွေးတို့ကို မြိုချခဲ့ သည်။ အမှန်အားဖြင့် ထိုသို့သော အားထုတ်မှုကား အလဿမျှသာဖြစ်သည်။ ကျွန်တော်၏ မျက်နှာပေါ်တွင် သွေးများတကွက်မလပ် ထွက် နေသည်သာမက၊လက်ဖျားများမှလည်းသွေးများယိုစီးနေသေးသည်။
-ခင်ဗျားဒီလူ့ကိုသိသလား။
- မသိဘူး။ဤသို့ပင် ပြောလိုက်သည်။ မျက်ရိပ်ကလေး တရိပ်မျှပင်မပျက်။ ဇမ္ဗူရာဇ် ရွှေစင် ကလေး။ ကျွန်တော့်အားသိသည်ဟူ၍ ဘယ်သောအခါမျှ မပြောပါဟူသော ကတိအတိုင်း တည်ကြည်ရှာပေသည်။ သို့သော် လက်ငင်းအခြေ အနေအရကား ထိုသို့ငြင်းရန်ပင် လုံးဝမလို အပ်တော့။ ကျွန်တော်၏ အမည်ကိုမည်သူက ဖော်ထုတ်ခဲ့လေသနည်း။ သူ့အားအပြင်သို့ခေါ် ထုတ်သွားကြသည်။ ကျွန်တော်လည်း အရွှင်လန်းနိုင်ဆုံးသော မျက်နှာထားဖြင့် သူ့အား နှုတ်ဆက်ခဲ့ပါသည်။ ထိုမျက်နှာထားကား ရွှင်လန်းကောင်းမှ လန်းပေတော့မည်။ ဒါကိုတော့ ကျွန်တော်မပြောတတ်။
လေးနာရီ။ မိုးလင်းပြီလား၊ ဒါမှမဟုတ် မှောင်နေတုန်းပဲလား။ လိုက်ကာများဆွဲချထားသော ပြူတင်းပေါက်က အဖြေမပေးကြ။ သေမင်းကလည်း လာနိုင်ခဲလှသည်။ သေမင်းကြီးခင်ဗျားဆီကို ကျွန်တော်လာခဲ့ရမလား။ ဘယ့်နဲ့ လာခဲ့ရမှာလဲ။ တစုံတယောက်အား ကျွန်တော်က လှမ်း၍ထိုးလိုက်သည်။ ထို့နောက် ကျွန်တော်လည်း ကြမ်းပေါ်သို့စိုက်၍ ကျ သွားသည်။ သူတို့က ကျွန်တော့်အား ကန်ကြသည်။ နင်းကြဆောင့်ကြသည်။ အဲ ... ဟုတ်ပြီ ... ဒါမှ ကိစ္စမြန်မြန် ချောမယ်။ ပုလိပ်အရာရှိ မဲတဲတဲသည် ကျွန်တော့်အား မုတ်ဆိတ်မွေးများမှ ကိုင်၍ဆွဲထူသည်။ ထို့နောက် ကျွတ်ထွက်သွားသော မုတ်ဆိတ်မွေးလက်တဆုပ်ကို ကျွန်တော့်အားပြန်၍ပြရင်း ဟက်ဟက်ပက်ပက်ကြီး ရယ်မော လေသည်။ တကယ်တော့လည်း ရယ်စရာပင် ဖြစ်လေသည်။ ကျွန်တော့်အနေနှင့်ကား နာရမှန်းလုံးဝမသိတော့။ ငါးနာရီ၊ ခြောက်နာရီ၊ ခုနှစ်နာရီ၊ ဆယ်နာရီ၊ တမွန်းတည့်လေပြီ။ အလုပ်သမားများလည်း အလုပ်သွား သူသွား၍ အလုပ်ပြန်သူပြန်ကြလေပြီ။ ကလေးများလည်း ကျောင်းတက်သူတက်၍ ကျောင်း ဆင်းသူဆင်းကြလေပြီ။ ဆိုင်များတွင် ရောင်းဝယ်နေကြသည်။ အိမ်များတွင်ချက်ပြုတ်နေကြ သည်။ ယခုအချိန်ဆိုလျှင် မေမေသည် ကျွန်တော့် အား သတိရကောင်းရနေပေလိမ့်မည်။ ရဲဘော်များလည်း ကျွန်တော်အဖမ်းခံရကြောင်း သိကုန်ကြပြီ ... မတော် တဆ ကျွန်တော်က များဖွင့်ပြောလိုက်လျှင် ... ဤသို့တွက်ကာ ဘေးအန္တရာယ်မှကာကွယ်ရန် အစီအစဉ်များ ပြုလုပ်ကောင်းပြုလုပ်နေကြပြီ။ မစိုးရိမ်ကြပါနဲ့၊ မပြောပါဘူး၊ ယုံကြပါ။ အမှန်ကိုဆိုရလျှင် အဆုံးသတ်ဟူသည်ကား ဝေးနိုင်တော့မည်မဟုတ်။ ခုအဖြစ်အပျက် အစစအရာရာတို့သည် အိပ်မက်၊ မကောင်းသော ချောက်အိပ်မက် ကြီးသာ ဖြစ်နေတော့ သည်။ အရိုက်အနှက် မိုးရွာ၊ နောက်ကျွန်တော့်အားရေနှင့်ဖြန်း၊ နောက်တဖန် အထိုးအကြိတ် များ ၀င်လာပြန်၍ ... ပြော ... ပြော ... ပြောဆို ... ကျွန်တော်ကဖြင့် သေပဲမသေနိုင်။ မေမေတို့ ဖေဖေတို့၊ ကျွန်တော့် ဒါလောက်အားကောင်းအောင် ဘာဖြစ်လို့ မွေးထားခဲ့ကြတာလဲ။နေ့လည်ခင်း၊ ညနေငါးနာရီ။ ယခု သူတို့အားလုံး နွမ်းနယ်နေကြပြီ။ အရိုက်အနှက်များကား ပြတ်တောင်း ပြတ် တောင်းနှင့် တချီနှင့်တချီအကြား အကြာကြီးနားနားနေတတ်သည်။ ယခုတော့ ၀တ်ကြေ၀တ်ကုန်မျှသာ ဖြစ်နေကြပြီ။ ထိုခဏတွင်၊ ခပ်ဝေးဝေးမှ အတော်မသတ်နိုင်သော အဝေးမှအေးဆေး ငြိမ်သက် သော အသံတသံပေါ်လာ သည်။ ထိုအသံကား ပွတ်သီးပွတ်သပ်လုပ်သလို နူးညံ့နေသည်။
- အဲရ် ဟတ် ရှုံဂဲနု။ နောက်တကြိမ် ပြန်၍ထိုင်၊ ရှေ့တည့်တည့်မှ စားပွဲကား ပြိုသွားလိုက်၊ ပေါ်လာလိုက်၊ နောက် တစုံတယောက်က ကျွန်တော့်အား သောက်ရေတခွက်လာပေး၊ အခြားတယောက်ကလည်း ကျွန်တော့အား ဘိနပ်များစီးပေးရန်ကြိုး စားယင်းကစွပ်မရတော့ ဟုပြော၊ နောက်သူတို့သည် ကျွန်တော့်အား ချီတခါဆွဲတလှည့်ဖြင့် လှေခါးထစ်တ လျှောက် ခေါ်ချသွား၊ ကားထဲထည့်၊ မောင်း၍သွား၊ တစုံတယောက်ကလည်း သေနတ်ဖြင့်ချိန်ထား၊ ရယ်စရာပင် ကောင်းသေးတော့၊ ပန်းဖြူဖြူများဖြင့် မွမ်းမံထားသောမင်္ဂလာဆောင်ဓာတ်ရထား ကိုကျော်တက်၊ သို့သော် ဤကိစ္စအလုံးစုံကား အိပ်မက်မျှသာ ဖြစ်ကောင်းသည်။ အဖျားတက် ခြင်း၊ ဖြစ်နေပေမည်။ သေဇော်ငင်ခြင်း၊ သို့မဟုတ် သေခြင်းစင်စစ်ပင် ဖြစ်ကောင်းဖြစ်နေ ပေမည်။ သေဇောငင်ခြင်းကား ခက်ခဲကြပ်တည်းလှသည် မဟုတ် ပါလော။ သို့ရာတွင် ဤအဖြစ်ကား ပေါ့ပေါ့ကလေးနှင့် သပွတ်အူလိမ်နေသည်။ နောက်တချက် အသာကလေး အသက်ရှူထုတ်လိုက်လျှင်ပင်၊ အစစအရာရာ အဆုံးသတ်သွားချေတော့မည်။
အဲရ် ဟတ် ရှုံဂဲနု - (ဂျာမန်စကား = ဒီလူ နောက်ထပ် ခံနိုင်တော့မှာ မဟုတ်ဘူး။)
အဆုံးသတ်သွားရောတဲ့လား။ မဟုတ်သေးဘူးလေ။ အခုတခါ ထပ်ပြီးမတ်တတ်ရပ် နေရပြန် ပြီကော။ တကယ့်ကို ပင် ရပ်နေရသည်။ တယောက်တည်း အဖေးအမမရှိဘဲ ရပ်နေသည်။ ကျွန်တော့်ရှေ့တွင်လည်း ညစ်ပတ်ဝါကျင့် သော ထရံကြီးကပ်၍နေကာ ... ထရံမှာ ဘာတွေ ပေနေပါလိမ့်။ သွေးတွေပေနေသည်ဟူ၍ကား စိတ်ကထင်မိ သည်။ ဟုတ်သည်။ သွေးတွေပင်ဖြစ်သည်။ လက်ညှိုးကို မြှောက်၍ တို့ကြည့် သုတ်ကြည့်သည်။ ဟုတ်တယ်လေ၊ လတ်လတ်ဆတ်ဆတ်ကြီးကျွန်တော့်သွေးတွေရယ်...။
တစုံတယောက်က နောက်မှနေ၍ ကျွန်တော်၏ခေါင်းကို ရိုက်လိုက်သည်။ လက်နှစ်ဖက်ကို မြှောက်၍ထိုင်ချေ၊ ထချေ လေ့ကျင့်ခဏ်းလုပ်ခိုင်းသည်။ တတိယအကြိမ်တွင် ကျွန်တော် လည်း ခွေကျသွားသည်။အရှည်ရှည်နှင့် အက်ဆက်စမန်း တယောက်သည် ကျွန်တော့် ကိုယ်ပေါ်မိုး၍ရပ်ကာ၊ ကန်လိုက်ကျောက်လိုက်နှင့် အထခိုင်းသည်။ မဖြစ်နိုင်သည်ကိုမှ ခိုင်း လေသည်တကား။ တဖန် တစုံတယောက်က ကျွန်တော့်အားဆေးကျောပေး၊ တဖန် ပြန်၍ ထိုင်မိ၊ မိန်းမတယောက်ကလည်း ကျွန်တော့်အားဆေးများ လှမ်းပေး၍၊ မည်သည့်နေရာ တွင် နာကျင်သနည်းဟု မေးမြန်းသည်။ ထိုခဏ၌ ကျွန်တော့်အနေနှင့် နာသမျှဟူသည်မှာ နှလုံးသားတွင်သာ စုပြုံနေသည်ဟု ထင်မိသည်။အက်ဆက်စမန်း - နာဇီတပ်များအနက် ရက်စက်ကြမ်းကြုတ်ရာတွင်နာမည်ကြီးလှသည့်အက်ဆက်စ်အဖွဲ့ဝင်။
- မင်းမှာနှလုံးသားဆိုတာမှ မရှိဘဲနဲ့ ဟု အက်ဆက်စမန်း အရပ်ရှည်ရှည်က ပြောလေသည်။
- အိုး ရှိတာပေါ့ကွ ဟု ကျွန်တော်က ပြန်ပြောလိုက်ကာ၊ မိမိ၏ နှလုံးသားဘက်က ခုခံပြောဆိုနိုင်လောက်အောင် အင်အားဖူဖူလုံလုံရှိသေးခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်ဂုဏ် ယူမိသည်။ နောက် အစစအရာရာ မှုန်ပျောက်သွား ကြပြန်သည်။ ထရံ ... ဆေးနှင့် မိန်းမ ... အက်ဆက်စမန်း အရပ်ရှည်ရှည် ...ကျွန်တော့်ရှေ့တည့်တည့်တွင် အကျဉ်းခန်း၏ ပွင့်လျက် သားတံခါးပေါက်ကို တွေ့ရသည်။ အက်ဆက်စမန်း ၀၀ တုပ်တုပ်တယောက်က ကျွန်တော့်အား အကျဉ်းခန်းအတွင်းသို့ ဆွဲသွင်း၊ အစိပ်စိပ် အမွှာမွှာဖြစ်နေသော ရှပ်အင်္ကျီကိုချွတ်၊ ကောက်ရိုး မွေ့ရာပေါ်သို့ ဆွဲတင်၊ ဖောယောင်ဖုထစ်နေသော ကိုယ်ကိုစမ်းသပ်၍၊ ကျပ်ထုပ်များ ထိုးပေးရန်အမိန့်ပေးသည်။
- ကြည့်စမ်း သူက အခြားတယောက်အား ခေါင်းကိုအသာခါပြရင်း ပြောလေသည် - ကြည့် စမ်း၊ ဒီကောင်တွေ ဘယ်လောက်တတ်နိုင်တယ်ဆိုတာ ... တဖန် ခပ်ဝေးဝေးမှ အတော မသတ်နိုင်သော အဝေးမှ အေးဆေးငြိမ်သက်သော အသံတသံကို ကြားလိုက်ရပြန် သည်။ ထိုအသံကားပွတ်သီးပွတ်သပ်လုပ်သလိုနူးညံ့နေသည်။
- မနက်အထိတောင် မခံတော့ပါဘူး။နောက်ငါးမိအကြာတွင် ဆယ်နာရီထိုးပေတော့မည်။ ၁၉၄၂ ခု၊ ဧပြီလ ၂၅ ရက်၊ နွေဦးရာသီ၏ လှလှပပနှင့် မပူ မအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။

အိုးဝေထွန်းအောင်နှင့်ဦးစံရွှေ
ချက်ဘာသာမှ မြန်မာပြန်ဆိုသည်။

Read More...

Wednesday, 7 November 2007

၇-၁၁-၂၀၀၇

တောင်ဥက္ကလာပတွင် ဒီကနေ့မနက် (၆)နာရီ၌ Spray Campaign လုပ်ဆောင် (၇-၁၁-၂၀၀၇)
ပေးပို့သူ - မဆုမွန်

ဒီကနေ့ နိုဝင်ဘာ (၇)ရက်နေ့ မနက် (၆)နာရီက တောင်ဥက္ကလာပ မြို့နယ်၊ ဝေဇယန္တာ လမ်းပေါ်မှာရှိတဲ့ အမှတ် (၂)စက်မှုဝန်ကြီး ဌာနပိုင် တာယာစက်ရုံ တရုံရဲ့ အုတ်တံတိုင်း နံရံမှာ “ဘုရား သားတော် သတ်တဲ့ စစ်အာဏာရှင် ကျဆုံးပါစေ” ဆိုတဲ့ စစ်အစိုးရ ဆန့်ကျင်ရေး စာသားတွေကို ကျောင်းသား လူငယ်တွေက မှုတ်ဆေး အနီတွေနဲ့ ပက်ဖျန်ပြီး Spray Campaign တခု လုပ်ဆောင် ခဲ့ကြကြောင်း သတင်းရရှိပါတယ်။ မနက် (၆)နာရီခွဲ လောက်မှာတော့ အဆိုပါ ကျောင်းသားတွေဟာ လေးထောင့်ကန်လမ်း တာမွေလေး ဂုံးတံတားအနီးမှာ ရှိတဲ့ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် သကြားလုံးစက်ရုံရဲ့ အုတ်တံတိုင်း နံရံပေါ်မှာ “ရဟန်းရှင်လူ ကျောင်းသားပြည်သူ ချက်ချင်းလွှတ်” ဆိုတဲ့ စာသားတွေ ရေးသားပြီး Spray Campaign တခု ထပ်မံ လုပ်ဆောင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Summary

Rest of your post

Read More...

Saturday, 3 November 2007

ဂဠုန် တွေ ကို ရိုက်တဲ့ ပွဲ ။
---------------------------------------------------------------
ရေးသူ- မိုးသီးဇွန်
ကျနော် အသက် ၁၉ နစ် လောက်တုံးက လူက သိပ်တက်နေတာ။ သွေးကသိပ်ဆူသပေါ့။
မဟုတ်မခံ။ လက်ကလည်း မြန်တယ်။ အမေတို့ အမတို့ ဆိုရင် တဟဲ့ ဟဲ့ နဲ့  ရင်တမမ။ အဘိဓမာတခုတည်း၊ ဒါပေမဲ့ရှင်းတယ်၊၊ မတရားတာ ဆိုရင် လက်ပိုက်ကြည် မနေနဲ့  ပြန်ဆော်ပြစ်။ မဆလ အာဏာပိုင်တွေက ကန်ကော်တန်းဈေးလေးကို ဖျက်သိမ်း လိုက်တဲ့အခါမှာ မတရားမူအတွက် တိုက်ပွဲ ၀င် ဖို့  အကြောင်း ဖန်လာတော့ သဗျို့ ။ ဘ၀မှာ ပထမဆုံး လက်နက်ကိုင်တော်လှန်ရေး လို့ တောင်ဆိုနိင်လား ဆိုနိင်ရဲ့ ။
ကန့်  ကော်တန်းဈေး ဆိုတာ က တောင်ဥက္ကလာ ၁၆ ရပ်ကွက်မှာတည်ရှိတယ်။
ဈေးကြီး ကို ကျနော်တို့  မိကျောင်းကန်၊ ၁၆ရပ်ကွက် နဲ့ ဈတောင် ရပ်ကွက် သုံးရပ်ကွက်က လူထုတွေ က အများဆုံးဝယ်ကြတယ်။ ဈေးသည်တွေကလည်း တခြားသူတွေမဟုတ်ဘူး။ ဒီရပ်ကွက်သုံးရပ်ကွက်က လူတွေပဲ။ ကန့်ကော်ပင်တန်းကြီးတွေ ကို အစွဲပြုပြီး ကန့် ကော်တန်း ဈေးလို့ ခေါ်တယ်။ အေရာမကန်ကော်ပင်တန်းကြီးတွေ။ ဈေးက နေရာလည်းကျယ်၊မြေလည်းကောင်း၊ ဈေရုံတွေနဲ့ သပ်သပ်ယပ်ယပ် ရှိတယ်။ နစ်ပေါင်းများစွာလည်း ကြာခဲ့ပြီ ဆိုတော့ဈေးသည်တွေ နဲ လူထုတွေလည်းရင်းနှီး ကြတယ်။ ကျနော် ငယ်ငယ်က ကျောင်းပိတ်တဲ့ရက်တွေမှာ ဈေးကိုသွားရင်သိပ်ပျော်တယ်။ ဈေးထဲမှာ ကျနော် စိတ်ဝင်စားဆုံးဆိုင်တွေက သံဖြူဆိုင်နဲ့ ကာတွန်းဆိုင်။ သံဖြူဆိုင်မှာ သံဖြူဆရာ က မော်တော်လုပ်နေတာကို ကြည့်ရတာ ရင်အခုန်ရဆုံး။ ၀ယ်နိင်ဖို့  နေစဉ် ပိုက်ဆံဆုခဲ့ရတာ က ချိုးလက်ရေ မကုန်နိင်။ အမေက ဟဲ့ ဈေးထဲမှာ ဘာသွားဝယ်ဦး ဆို ကောက်ကနည်းထပြေး ပေးခဲ့တာ က ဒီဆိုင် တွေ ရှိနေတာလည်း တကြောင်းပေါ့။
ဈေးသည်ကြီးတွေက ဟဲ့ ကောင်လေး ခနစောင့်ရဦးမယ်။ နင် မှာတာမရသေးဘူး။ စောင့်နိင်လားဆို ရင် စောင့်ရတဲ့အချိန်မှာ ကာတွန်းဆိုင် ကိုပြေးခဲ့မိတာမှတ်မိတယ်။ ကာတွန်းဆိုင်က ရွင်ပြုး၊ တေဇ၊ ရွေသွေး တွေကို မက်မက်ဆက်ဆက် ဖတ်တယ်။ ဦးဘကြည် လက်ရာ တွေအကြိုက်ဆုံး၊ ဇတ်လမ်းတွေကလည်း အများဆုံးက ၅၅၀ နိပတ်တော်လာတွေ။ ကလေးတွေ ကို စာရိတ္တ ကောင်းမွန်ရေးအလိုငှာ ကောင်မူနဲ့ မကောင်းမူ ဇတ် ရုပ်တွေနဲ့ ခွဲခြားပြတယ်။ စာဖတ် ကိုစွဲလို့ ။ ခုခေတ် ကာတွန်းတွေ လိုဖေတော့မောင်တော့တွေမဟုတ်ဘူး။

ဈေးကြီးက ကျနော်အရွယ်ရောက်လာလေစည်လာလေပဲ။ ဈေးထဲကို သွားရတဲ့ပျော်ရွင်မူကနေ ရင်ခုန် မူအဖြစ်လည်း ပြောင်းလဲ လာရဲ့ ။ ဒါကတော့တင်သန်းကြောင့်ပေါ့။ မိန်းမ က အသားညိုညို။ အရပ်က မြင့်မြင့်။ သွယ်တဲ့ ကိုယ်ဟာ သပြေပင် လိုလှ ။ကြည့် လို မ၀ နိင် ဘူး။

သူမက ဈေးထဲမှာ ကုန်ခြောက်ရောင်းတယ်။ ကျနော်တို ကတရပ်ကွက်တည်းသားတွေ။ ရပ်ကွက်ထဲကလူ ကြီး တွေက ပါးစပ်ကြမ်းတယ်။ တင်သန်းနဲ့ကျနော်ကိုငယ်ငယ်ကထည်းကစလာတာ။ ငယ်ငယ်တုံးက သူနဲ့စရင် စိတ်ဆိုးမိတာတွေ ကိုနောင်တရခြင်သလိုလိုဖြစ်လာတယ်။ တင်သန်းဆိုင်ကိုသွားရင် လူတွေက “ဟေ့ တင်သန်း နင့်ယောက်ကျားလာပြီ။ ” “ဟာ မဟုတ်ရပါဘူးဗျာ။ ” သူက -
“ ဦးလေးကလည်း ကလည်းပေါက်ကရ ရှစ်ဆယ်တော် ကျမတို့ က မောင်နှမတွေ ပါတော်။ ”
မျက်နာစပ်ဖျင်းဖျင်း ဖြစ်ရတယ်။ ဒါပေမဲ့ အစခံရတာကို က အရသာရှိသလိုလို ဘာလိုလို။
တနေ့ တော့ ငပေညီ ပေကြည် က ဈေးကြီးဖျက်ရတော့မယ်ကွ ဆိုတဲ့ အမင်္ဂလာ သတင်းကို ယူလာတယ်။ ဟုတ်ရဲ့ လားကွ လို့ တအံတသြမေးမိတယ်။ သူက သင်္ကန်းကျွန်း မြိုနယ်ကောင်စီ ဥက္ကဌ လက်မှတ်နဲ့  ဈေးထိပ်မှာ စာရွက်တရွက် ကပ်ထားတယ်လို့ ဆိုတယ်။

စုံစမ်းကြည့်တော့ဟုတ်တယ်။ ဈေးသူဈေးသားတွေ အားလုံး စိတ်ပျက်နေကြတယ်။ အာ ဏာ ပိုင်တွေက ဒီနေရာကမကောင်းဘူး။ ပိုကောင်းတဲ့နေရာ ကိုအစိုးရကစီစဉ်ပေးတာလို့  ပြောတယ်။ ဈေးကို ဖျက်ပြီး နေရာသစ်ကိုပို့ ဖို့  လုပ်တယ်။ နေရာသစ်က ၃မိုင်လောက်ဝေးသွားတယ်။ ၁၅ ရပ်ကွက် လမ်းဆုံး နားကနေရာ။ ဒီသုံးရပ်ကွက်ကလူတွေက ပိုများတယ်။ နေရာသစ်ကလူလည်းပြတ်တယ်။ ဈေးတည်ဖို့  မကောင်းဘူး။ဒီနေရာကိုဈေးပြောင်းရတဲ့အကြောင်းက နောက်ခံက ရှိတယ်။ ဒါကတော့ မဆလခေတ်က ၀န်ကြီးတယောက်ဖြစ်ခဲ့တဲ့ နိင်ငံတော်ကောင်စီဝင် ဦးသန်းစိန်ဆိုတဲ့လူကြီးက ၁၅ ရပ်ကွက် ကိုပြောင်းလာလို ဗျ။

သူအိမ်ကလူတွေအဆင်ပြေအောင်ဈေးကိုသူ့အိမ်နားကိုရွေ့တာလိုလူတွေကပြောကြတယ်။အစိုးရလုပ်ပေးတဲ့ဈေးသစ်မှာကလည်းဆိုင်ခန်းတွေအလုံအလောက်မပေးပြန်ဘူး။ အလုံအလောက်ဆောက်မပေးပြန်ဘူး။ ဆိုင်ခန်း ၁၀၀ ခန့် သာရှိတယ်။ တကယ်က ဈေးသည်တွေ က လေး ငါးရာခန့် အနည်းဆုံးရှိတယ်။ ဒီတော့ဆိုင်ခန်းမရတဲ့သူတွေက ဈေးနားမှာမရောင်းရဘူးဖြစ်လာတယ်။ ဒီတော့ ဈေးသည်တွေလည်းဒုက္ဒရောက်။ ဈေးဝယ်တွေလည်းဒုက္ဒရောက်ကုန်တယ်။

ဈေးကွက် ဟာ သူအလိုလိုဖြစ် ပေါ် နေတယ် ဆိုတာကို ဒီ ဈေးသည်တွေနဲ့  အာဒမ်စမစ် တို့ သိနေကြပုံကတော့ သာမန်တိုက်ဆိုင်မူလို့  ကျနော်မထင်ဘူး။ အာဒါစမစ်က ဈေးသည်တွေဆီက သင်သွားတာဖြစ်မယ်။

ဒီတော့ သူတို့  ဟာ အဏာ ပိုင်တွေချပေးတဲ့နေရာသစ်ကိုမသွားတော့ပဲ အရင်ဈေးဟောင်းနဲ့ မလှမ်းမကမ်းမှာ သူတို့  ရဲ့ ကုန်ပစ္စည်းတွေကို ချရောင်းလိုက်ကြတယ်။ ဈေးတန်း ကြီးဖြစ်လာတော့တယ်။လူထုတွေလမ်းဘေးမှာ ဖန်တီးလိုက်တဲ့ ဈေးက - ။ တစ်-သွားလာရေးအဆင်ပြေတယ်။ နစ်- လူအများစုရှိတယ်။ သုံး- ဈေးချို တယ်။
လေး- ရောင်းသူ ၀ယ်သူသိနေကြတဲ့အတွက် အကြွေးမြီ ကိစ္စ စိတ်ချရတယ်။ ဒီတော့ ဈေးကြီးက ကျိတ်ကျိတ်တိုးစည်ကားလာတယ်။ ပါတီကောင်စီလူကြီးတွေ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တဲ့ဈေးသစ်က တလလောက်အကြာမှာတင်ပဲ ကျီးနဲ့ ဖုတ်ဖုတ် ။ ခွေးနဲ့  တရုံးရုံး။ ညဖက်မှာ ဆေးခြောက် သမားတွေ အတွက် တုံး လုံးပက်ခေါက် ဇိမ်ယူရာ ။ နေဖက်မှာ ဇယ်တောက်သူတွေ အတွက် စခန်းတခုဘ၀ နဲ့  တင်းတိမ်လိုက်ရ တယ်၊၊ အာဏာ ပိုင်တွေ ထင်ထားသလို စည်းကားတဲ့ဈေး ကြီးဖြစ်မလာခဲ့ဘူး၊၊

ဒီတော့အာဏာ ပိုင်တွေက ဈေးသည်တွေဖန်တီးထားတဲ့ လမ်းဘေး ဈေးလေးကို ကြောင့် ဒီလိုဖြစ်တာလို့  ကောက်ချက်ဆွဲတော်မူတယ်။ မြိုနယ် ကောင်စီ ဥက္ကဌ က ၀န်ကြီး ဦးသန်းစိန် ကို မျက် နာလုပ်တယ်။ သူအိမ်နားကဈေးကိုစည်အောင်လုပ်ပေးခြင်နေတယ်။ ဈေးကွက်ကို အမိန်နဲ့  ပေးပြီးတည်ဆောက်ဖို့ လုပ်တယ်။ လမ်းဘေး ဈေးလေးကို ဖျက်ဆီးတော့တယ်။ ဂဠုန်တွေလွတ်ပြီးဖမ်းတယ်။

ဂဠုန် ဆိုတာက မဆလခေတ်မှာ လမ်းဘေးဈေးသည်တွေကို ဖမ်းဖို့  ဖွဲ ပေးထားတဲ့အဖွဲ့ 
ရပ်ကွက်အသီးသီး လူဆိုးလူမိုက်တွေ နဲ့  ဖွဲ့ ပေးထားတာ။ အခုခေတ် စွမ်းအားရှင်လို အဖွဲ့ ပေါ့။
အာဏာ ပိုင်တွေက လုပ်ပိုင်ခွင့်ပေးထားတော့ အတောင်တပ်ပေးလိုက်တဲ့ တောခွေးအ လို ဖြစ်နေတယ်။ဈေးသည်တွေကိုဖမ်းတယ်။ဈေးသည်တွေပစည်းတွေကိုတရားဝင်လုယုခွင့်ရနေသလို
ဖြစ်နေတယ်။

အခုလည်းဒီအဖွဲ့  က ဈေးတန်းကို အငြိုး တကြီးနဲ့ နေစဉ်ရက်ဆက်ဖမ်းနေတဲ့သတင်းကို ကျနော်ကြားနေရတယ်။ ထွက်ပြေးလာတဲ့ ဈေးသည်တွေက ဈတောင်ရပ်ကွက် တောတန်းလေးထဲမှာ ပြန်ရောင်းချကြပြန်တယ်။ သုံးလေးလရောင်းကြပြန်တယ်။ နောက်တော့ တောတန်းလေးထဲ လိုက်ဖမ်းကြပြန်တယ်။ ဈေးသည်တွေဟာ ဟို မှာရောင်းလိုက်ဒီမှာရောင်းလိုက်နဲ့ကရွတ် ကင်းလျောက် ဖြစ်နေတယ်။ အတော်ကိုဒုက္ဒရောက်နေတယ်။

ဒီတော့ ကျနော်တို့မိကျောင်းကန်ရပ်ကွက်ကလူငယ်တွေက ကမနေနိင်တော့ဘူး။ ကျနော်တို့ ရပ်ကွက်ထဲမှာလာရောင်းပါ။ ဘယ် ဂဠုန် မှမထိစေရပါဘူးပေါ့။ ဈေးသည်တွေကို သွားပြီး ပြောတယ်။

ဒီလိုနဲ့ ဈေးတန်းဟာ ကျနော် အိမ်ရှေ့တည်တည်ကစပြီးဈေးတန်းကြီးဖြစ်နေတော့တယ်။
ဈေးက တကျိတ်ကျိတ်စည်ကားလတယ်သဗျ။ နံနက်ခင်းဟာ အသက်ဝင်နေတယ်။ ရိုးသားမူအပြည့်ရှိတယ်။ မျော်လင့်ချက်တွေရှိနေတယ်။

ဟင်းသီဟင်းရွက်သသည်တွေ၊သားငါးပုစွန်ရောင်းသူတွေတောင်းတွေပုလုံတွေကုန်ခြောက်တွေ၊သစ်သီး တွေနဲဗျာကုန်ကုန်ပြောရရင်ကျနော်ငယ်ငယ်ကနစ်သက်ခဲ့တဲ့သံဖြူဆိုင်လေးတောင်ပါလာသဗျ။။ ကျနော်တို့ အိမ်ရှေမှာ ဈေးတန်းလေ အသက်ရှင်နေတာ နစ်လလောက် ကြာလာတယ်။ ကျနော်ဆယ်တန်းစာမေးပွဲ ဖြေဖို့ အချိန်ကလည်းနီးကပ်လာပြီ။

တနေ့နံနက်ကိုးနာရီလောက်ဈေးအစည်ဆုံးဖြစ်နေတဲ့အချိန်မှာလက်ပတ်အနီပတ်ထားတဲ့ဂဠုန်တွေ ဟာမြူနီစပယ်ကားကြီးနဲ့ဈေးထဲကိုတရကြမ်းမောင်ဝင်ချလာတော့တယ်။လမ်းကလည်း သိပ်ကြယ် လှတာမဟုတ်ဘူး ကားတစီစာပဲရှိတယ်။ ကားက ဈေးဘမ်းတွေကို တခုပြီးတခုတက်ကျိတ်ပြီးမောင်း လာတယ်။ “ဂလုံဂွမ် -ဂလုံဂွမ် နဲ့ ဈေးဗန်းတွေ မှေက်ထိုးခွက်လှန်ဖြစ်ကုန်တယ်။ တချို့ ဈေးသည်တွေ လည်း ဈေးဗန်းတွေ ဆိုင်းတန်းတွေကို ထမ်းကြပိုးကြနဲ့ထွက်ပြေးကြတယ်။ ဂဋ္ဌုန် တွေ က ဈေးဗန်းတွေကို အကြမ်း ဗရမ်းဆွဲတင်ပြီး ကားပေါ်ကို ပြစ်တင်ကြတယ်။ ကမ္ဘာ ပျက်သလိုဖြစ်သွားတယ်။

ဒီမြင်ကွင်းကို ကျနော်က အိမ်အပေါ်ထပ်ကနေ မြင်နေရတယ်။ ဖတ်နေတဲ့ ကျောင်းစာ အုပ်ကို ပိတ်လိုက်ပြီး အိမ်အောက်ကို ဆင်းလာတယ်။ အမေတော့မရှိဘူး။“အမက ဟဲ မောင်လေး နင်အထဲပြန်ဝင် စမ်းပါ။ စာသွားကျက်နေနော်မောင်လေး ထွက်မပါနဲ့ ”လို လှမ်းတားတော့တယ်။ ကျနော်က “ အမ ရာ ငါ ခဏ ကြည့် မလိုပါဟ။ ” ကျနော်သူကို တွန်းဖယ်ပြီး အိမ်ရှေ့ ထွက်ခဲ့တယ်။ ဒီချိန်မှာ ကျနော်တို့ ရပ်ကွက်ထဲက ကျနော် သူငယ်ချင်းတွေဖြစ်တဲ့ကိုသိန်းဝင်း၊ ငပေနဲ့  ကုလားကြီးသန်းထွန်းတို့ နဲ့  ဂဠုန်တွေဟာ စကား စများနေတယ်။ သူတို့ အားလုံးက ကျနော်ထက်အသက်ကြီးကျတယ်။ မဟုတ်မခံတဲ့လူတွေ။ လက်သံလည်းပြောင်ကြတဲ့အတွက် ရွားနီးချုပ်စပ်မှာ သူဟာနဲ့သူနာမည်ရနေပြီးသား ကောင် တွေ။

သူတို့ ထဲမှာ ကိုသိန်းဝင်းက လူကောင်သေးပေမဲ့ စဉ်းစဉ်းစားစကားပြောတတ်တဲ့အတွက် ကျနော်တို့ က သူကို ဆရာတင်ထားသလိုဖြစ်နေတယ်။ သူက ပဲ ဂဠုန် တွေကို ဦးဆောင်ပြောတယ်။
သူက “ ခင်ဗျားတို့ ဒီလိုတော့မတရားမလုပ်နဲ့ သူဖါသာသူကောင်းရောင်းကောင်းဝယ်လုပ်စားတာ။ ဒီလိုတော့မဖမ်းသင့်ဘူး ”လို့ ပြောနေတယ်။

သူတို့ ထဲက ခေါင်းဆောင်လုပ်တဲ့သူက “ မင်း က ဘာကောင်မို့ လည်း ကိုယ်လမ်းကိုယ်သွားပါ
နာခြင်လို့ လား ” လိုဟိန်းဟောက်လိုက်တယ်။ပြီးတော့ကိုသိန်းဝင်း ရင်ဘတ်ကိုစောင့်တွန်း လိုက်တဲ့အခါမှာတော့ ပွဲကစသွားပါတော့တယ်။ တယောက်တပြန် ချ ကုန်ပြီ။ အခြေအနေကို ကျနော်သဘော်ပေါက် ခြေပြီ။ အိမ်ထဲကို ဇတ်ကနဲ ပြန်ဝင်လိုက်တယ်။ အကျီကိုချွတ်လိုက်တယ်။ အပေါ်ကိုယ်ဗလာမှာ ဆံပင်တွေကိုဖြေချလိုက်တယ်။ ပြီးတော့ တံခါးခြားမှာ ထောင်ထားတဲ့ သံတူရင်း ကောက် ကို ဆွဲ ပြီး ရိုက် ပွဲ ထဲကိုလွားကနဲ ခုန်ဝင်လိုက်ပါတော့တယ်။

လမ်းမပေါ်မှာ တွေ့  ရတဲ့ ဂဠုန် တယောက်ခေါင်း ကို သံတရွင်းနဲ့ အားပါးတရ ၀င်ရိုက်ပြစ်လိုက်တယ်။ အမ ရဲ့ “အမလေး လုပ်ကြပါဦး ”ဆိုတဲ့အသံက နားထဲမှာစူုးကနည်းကြားလိုက်ရတယ်။ဒီလူအရှောင်မြန်သွား တယ်။ ဒါပေမဲ့ သူ့ နထင်ကိုရှပ်မိတယ်။ သူ့ ပခုံးကတော့ မိမိရရ ထိလိုက်တယ်။ ဖျာကနဲ့ထွက်သွားတဲ့သွေးတွေနဲ့ အတူ သူလဲကြသွားတယ်။ ဒီလူတော်တော်နာသွားပုံရတယ်။ သူလူတွေပါလှန့် ပြီး မကပ်ရဲ ဘူးဖြစ်သွားကြတယ်။

လူက သွေးဆူ နေပြီ။ ကို သိန်းဝင်း က ဂဠုန် သုံးယောက်လောက် ကိုမနည်းခုခံနေရတယ်။ သူက နစ်တလက်မဒုတ်ကို အားကုန်လွဲရိုက်နေတယ်။ ကုလားကြီး ကို ဂဠုန် ၆ ယောက်လောက်က ၀ိုင်းကန်နေကြတယ်။ ငပေ မျက်နာ မှာ သွေးကွက်တချို ကိုတွေ နေရတယ်။ ဒါတောင် သူက ကျနော်တို့ ထဲမှာ အရပ်လည်းကောင်း၊ ကိုယ်လုံးကိုယ်ပေါက်လည်းအတောင့် ဆုံး။

လမ်းဘေးက ခြံစည်းရိုးတိုင်တွေ တဖြောင်ဖြောင်း ကျိုးသံရိုက်သံတွေ ဆူညံနေရဲ့ ။ ဒီအချိန်မှာ ကားပေါ်က ခုန်ဆင်းပြီး ဂဠုန်တွေထပ်ဝင်လာတယ်။ ဂဠုန်တွေကားပေါ်ကခုန်ဆင်းပြီး
နေရာမယူနိင်ခင်မှာ ကျနော် ပြေးပြီး သံတူရင်း ကောက် နဲ့ အားကုန်ဖြတ်ရိုက်ချ လိုက်တယ်။
တယောက် ပုံရက်လဲ ကျသွားတယ်။ နစ်ယောက် ၀င်လုံးဖို့ လုပ်တယ်။ သံတူးရင်းကောက် ကို စုံကိုင် ပြီး တည်ထားပေး လိုက်တော့ ဒီကောင်တွေမကပ်ဝံဘူး။သူတို့ ရှဲသွားတယ်။

ကျနော်တို့ ဖက်က လေးယောက်သာဖြစ်ပြီ။ ဂဠုန် က ၂၀လောက် ဖြစ်တဲ့အတွက် အခြေအနေ က မမျှဖြစ်နေတယ်။ အရေးနိမ့် မလိုဖြစ်နေတယ်။ ဈေးသည်တွေအများစုက မိန်းမကြီးတွေ ၊ အသက်ကြီးတဲ့ယောက်ကျားတွေ သူတို့ က ၀င်မကူကြဘူး။ အော်ဟစ်ငိုယိုနေကြတယ်။ တိုးရှိုးတောင်းပန်နေကြတယ်။

ဒီအချိန်မှာ ကျနော်တို့ ရပ်ကွက်သားတဦးဖြစ်တဲ့ ၀င်းကြည် ဟာ လည်း သံဒုတ် ကြီးတချောင်းကိုဆွဲ လာပြီး ကူဖို အသားကုန် ပြေးဝင်လာပါတယ်။ ရပ်ကွက်ထဲမှာ ကျနော် သူကို ကြည့်လိုမရဆုံး။ ငယ်ငယ်က သူနဲ့ ကျနော်နော် မကြာခဏ ဗိုလ်လုကြတယ်။ အရူံးအနိင်မပေါ်ခင်မှာ လူပျိုတွေဖြစ်လာကြတယ်။ ကျနော်သူကို သောက်မြင်ကပ်ရတဲ့အကြောင်းကတော့ သူဟာ ဇတ်မင်းသားရူးရူးနေသဗျ။ သူက နာမည်မရသေးတဲ့ဇတ်တဖွဲ့ မှာ ဇတ်မင်းသားလုပ်နေတယ်။ ဇတ်သံဇတ်ဟန်လိုလို စကားပြောတာ အိုင်တင်လုပ်နေပုံတွေက ရိုက်ခြင်စရာပေါ့ဗျာ။ မနစ်က တန်ဆောင်တိုင်ပွဲ တုံးကလည်း သူနဲ့ ကိုယ်နဲ့ ညိလု ညိခင်ပဲ။ ပွဲဈေးတန်းမှာ တင်သန်းကို ကြည့် တဲ့မျက်လုံး တွေက မှဲ့ တပေါက်ရုပ်ရှင်ထဲ က ဦးကျောက်လုံး ကြီး ဒေစီကျော်ဝင်းကိုကြည့် သလို မျိုး ။ ငပေနဲ့ သိန်းဝင်း က နစ်ယောက်ကြားမှာဝင်ဖျင်လိုက်လို ။ သူရှိတဲ့ ခြင်းဝိုင်းကျနော်မသွား။ ကျနော်ရှိတဲ့ ကိုတင်ဦးဆံပင်ညှပ်ဆိုင်ကိုသူမလာ။ နစ်ယောက် အထာနဲ့ နေနေကြရတယ်။

ဒီနေ့ ပွဲတော့ ကိုယ်တော်မြတ် က ဘယ်နှယ်စိတ်ကူးပေါက်ပြီး ၀င်ချလာလည်းမသိဘူး။ သူက အသားမဲတယ်။ အပေါ် ကိုယ်ဗလာ၊ အောက်က ရှမ်းဘောင်းဘီအနက် ကို ၀တ်ထားတယ်။ သူက သံဒုတ်ကိုမွေ့ ရမ်းပြီး ၀င်လာတော့ ကျနော်တို့ အားတက်သွားတယ်။ သူ ပြေးဝင်လာတော့ ကုလားကြီးသန်းထွန်းကိုကူ မယ်လို့ ကျနော်ထင်မိတယ်။ ကျနော်အထင်မှားတယ် ။ ကုလားကြီးကို မကူဖူး။ ဒီအချိန်မှာ ဂဠုန် တွေက သူကို ဆီးပြီး ရိုက်တယ်။ သူကခုန်ရှောင်လိုက်တယ်။ ဆက်ပြေးလာတယ်။ ကိုသိန်းဝင်း လည်းမကူ။ ငပေဖက်လည်းမလှည့် ။ ကျနော်ဖက်ကိုလည်း စစ်ကူမလား။ သောက်ရူးလို့ စိတ်ထဲက ဆိုမိတယ်။

သူက အားလုံးကိုကျော်လွားပြီး လမ်းဘေးမှာထိုးရပ်ထားတဲ့ မြူနီစပယ်ကား ခေါင်းပေါ်ကို လွားကနဲ ခုန်တက်တော်မူတယ်။ ပြီးတော့ လက်ထဲကသံဒုတ်ကြီး နဲ့  ကားမှန်ကြီးကို ဂွမ်း ကနဲ နေအောင်ရိုက်ချလိုက်သဗျ။ သူ့  ဗျူ ဟာ မဆိုးလှဘူး။ ဂဠုန် တွေဟာ လှန့် သွားကြတယ်။ ဂဠုန် တွေက လူများပေမဲ့ တချို ကောင်တွေက သိပ်သတ္တိရှိကြပုံမရဘူး။ သင်္ကန်ကျွန်း မြို နယ် ကောင်စီက ဘဲသားဟင်းနဲ့ ထမင်းကျွေးမယ် ဆိုပြီး လမ်းဘေးကကောင်းတွေကိုလည်းခေါ်လာတယ်လို့ နောက်ပိုင်းမှာသိရတယ်။

ဝင်းကြည်က ကားမှန်ကြီးကို ရိုက်ခွဲချလိုက်တော့ ရန်သူစစ်ဌာနချုပ်ကိုသိမ်း ပြီး ကျူပ်တို့ အလံလွင့်လိုက်သလိုဖြစ်သွားပုံရတယ်။ ငနဲ တွေ စိတ်ဓါတ်က အုန်းသီး ကြွေ ကြသလို ကျတာ။
ဝရုန်းသုန်း ကား ထွက်ပြေး ကုန်ကြတယ်။ ကျနော်တို့ စိတ်ဓါတ်တွေ ဒီရေလိုတက်လာကြတယ်။

ခြံစည်းရိုးကြား၊ ရေမြောင်ကြားမှာ ဒလိမ့်ခေါက်ခွေးဖြစ်နေတဲ့ လက်ကျန် ဂဠုန် တချို့ ကို လိုက် ရိုက်ကြတယ်။ ရပ်ကွက်ထဲကအမယ်ကြီးတွေက “ အမေလေးသတ်ကုန်ပါပြီး မလုပ်ကြပါနဲ ”
“တော်ပါတော့ သေသွားလမ့်မယ်။ ဟဲကောင်လေးတွေတော်တော့ ”
ဆိုတဲ့အသံတွေ ဆူညံနေတယ်။ ဒေါ်အေးမိကြီးဆို ပြောရင်း တက်သွားလိုက်သေး ရဲ့ ။

အချိန်က လည်း မနက်စောစောဆိုတော့ရပ်ကွက်ထဲမှာ လူကြီးတွေအလုပ်သွားချိန်ဆိုတော့ဆွဲမဲ့သူမရှိဘူး။ ဒီကောင်တွေအကုန်လုံးထွက် ပြေးကြတယ်။ ဒဏ်ရာရတဲ့သူတွေကို သယ်ပိုးပြေးကြတယ်။ ကျနော်တို့ ဆက်မလိုက်ပဲရပ်လိုက်တယ်။ သူတို့  မောင်းလာတဲ့ကားကြီး မှန်တွေ တစစီဖြစ်သွားတယ်။ ကျနော်တို့ ကားခေါင်းကို အားပါးတရ ဆက်ရိုက်လိုက် သေးတယ်။ အားရသွားတော့မှ သတိထားမိတယ်။

ကျနော် ပါးတချမ်းပူနေတယ်။ ကုလားကြီးခေါင်းကွဲတယ်။သိန်းဝင်းကခြေထော့နင်ထော့နင်ဖြစ်နေတယ်။ ငပေကမျက်လုံးတဖက်မြင်လို့မကောင်းလောက်အောင်ဖူးရောင်နေတယ်။ဝင်းကြည်ကတော့ဇတ်မင်းသားရူးပီပီ အမောက်တောင်သိပ်မပျက်လိုက်ဘူး။ ဒဏ်ရာအညိုမဲတွေစွဲနေတဲ့ တယောက်မျက်နာတယောက်ကြည့် ပြီး ရီကြတယ်။ တိုက်ပွဲအတွေ့  အကြုံကိုအားပါတရဖေါက်သည်ချကြတယ်။

ဂဠုန် တွေ တပ်ပျက်ပြေးရတော့ ဖိနပ်တွေ လမ်းထဲမှာကျွတ် ကျန်ခဲ့တာဖွေးနေတာပဲ။
ဝင်းကြည်က ဆင်ကြယ်ဖိနပ်တရံကို ကောက်စွပ်ပြီး သံဒုတ်ကို ရာမ လေးထမ်းတဲ့ဟန်နဲ့ အိမ်ကို ပြန်သွားတယ်။ ထွက်သွားတဲ့ဝင်းကြည်ကိုကြည့် ပြီး ကုလားကြီးက -

“ဒီကောင်နဲ့ ကွာ ငါ့ ရှေ့  ဟိုခွေးမသား ဂဠုန် ကွာ၊ ဆဲဗင်းဒေး အကျီအညို ရောင်ဝတ်ထားတဲ့ ဂဠုန် ကောင်လေကွာ။ ဒီကောင့် ကို ကိုင်မလားမှတ်တယ်။ မကိုင်ဘူး။ ”

ကျနော်က ဂဠုန် တွေ ကျန်ခဲ့တဲ့ ဖိနိပ်တွေထဲ က ဂွင်းထိုးအသစ်တရုံကို ကောင်စွပ်လိုက်ရင်း
“ဒါပေမဲ့ ကားမှန်ကို ခွေးမသား ၀င်းကြည် ရိုက်ခွဲ လိုက်တာ တော့ မှန်သွားတယ်နော်။ ဟို မအေ-ိုး တွေ လှန့် သွားတယ်။ နို မို့ စို ပြေးမှာမဟုတ်သေးဘူး။ ”

သိန်းဝင်းက “ ဒီကားက မြူနီစပယ်ရုံးက သူတို့  ငှားလာတဲ့ကားကွ။ ”
ပြီးတော့ ကျန်တဲ့ဖိနပ်တွေကို ဈေးသည်တွေကို ယူခြင်ယူကြလို့ လှမ်းပြောလိုက်တယ်။

ဒဏ်ရာကိုယ်စီနဲ့ ကျနော်တို့ ဟာ သိန်းဝင်းတို့ အိမ်ဝင်း ထဲ စုမိတယ်။ သိန်းဝင်း ညီမတွေ ဖြစ်တဲ့မတိုးတို့ မိုးမိုးတို့ က အမလေးအကို ကြီးတို့ ရဲ့  ဒဏ်ရာတွေခြည်းပါလား ဆိုပြီး အော်ငိုကြ။ ဒဏ်ရာတွေကိုရေစေးကြ။ တင်ချာတွေထည့် ပေးကြ။ ရူပ်ရှက်ခတ်နေကြတယ်။

ကျနော် တို့ ရပ်ကွက် ရဲ့  လှထွတ်ခေါင် တွေဖြစ်တဲ့ မိငယ် တို့  ၊ စုစုတို့  ၊ လှလှတို ကသူတို့ ရဲ့  အေရာမတင်ပါး ကြီးတွေကို ဖယ်ရမ်းရောက်လာတယ်။ ကျနော်တို့ ဒဏ်ရာတွေကို သူတို ၀ိုင်းကူ ဆေးကြောသုတ်သင်ကြပေါ့။ သိန်းဝင်းတို့ အိမ်က ယာယီဆေးခန်း ဖြစ်သွားတယ်။ လူအုပ်က ကျနော်တို့ ကိုအုံကြည့်နေတုံး။

အုန်းလက်တွေကို ဖြတ်ပြီး ကျလာတဲ့ နံနက်ခင်းနေရောင်မှာ အရှည်လျား ဆုံး မျက်တောင်တွေ နဲ့  ပြူးကျယ်ဆုံး မျက်လုံးအစုံ က ကျနော်အပေါ် ကြလာတယ်။

“ အမေလေး သွေးခြည်းပါလား။ ဒီလိုနေလို့ မဖြစ်ဘူး။ ဆေးရုံသွားမယ်။ ဆေးရုံသွားမယ်။ ဘယ်ထိသွားသေးလည်း ”လို့ စိုးရိမ်တကြီးပြောလာတော့။

ငပေက “ တင်သန်းရာ သည်းနေလိုက်တာ နင်လင့် ဘာမှမဖြစ်ဘူး။ ခံရတာက ငါ။ မေးဖေါ်မရဘူး ”
တင်သန်းက ငပေကျောကုန်းကို ဖုန်းဖုန်းနဲ့ လိုက်ထု။ ငပေက “ ဟ ကောင်မ ရ နာတယ်ဟာ နာတယ်ဟ ” ဆိုပြီး လှည်ပတ်ရှောင်။ တင်သန်းပါးစပ်ကလည်း “ မသာ ၊ သေချင်းဆိုး။ နင်သေလိုက်ဖို့ ကောင်းတယ် ” လို့ ကက်ကက်လန် ဆဲလိုက်တယ်။ အားလုံးတ၀ါးဝါးနဲ့  ၀ိုင်းကြနေကြတယ်။

ဖြူတဲ့အရောင်၊ ညီတဲ့သွား ရှည်လျားတဲ့နှုတ်ခမ်းများကြောင့် ဖရုသ၀ါစာသည်ပင် သူ့ ပါးစပ်တွင် လှနေ၏။

မိုးသီး
၁၀-၂-၀၇
-------------------------------
တိုက်ပွဲကိုနိဂုံးချုပ်တော့ ကျနော်တို့ နိင်တယ်။ ရပ်ကွက်တိုင်းမှာ စွာလာတဲ့ ဂဠုန် တွေဟာ ကျနော်တို့ ရပ်ကွက်မှာ တပ်ပျက်တယ်။ ကောင်စီတွေ ရဲတွေရောက်မလာခင် ကျနော်တို့ ရှောင်နေလိုက်တယ်။ တယောက်မှာအဖမ်းမခံရဘူး။ ကျနော်တို့ လေးငါးလ အိမ်ကိုမပြန်ကြဘူး။ အိမ်ကိုတော့ သုံးလေးခေါက်လာမေးပေမဲ့ အမေတို့အမတို့ကမရှိဘူး။ ပြေးပြီလိုလုပ်ထားလိုက်တယ် ။ တယောက်မှာအဖမ်းမခံရဘူး။ ကျနော်တို့ လေးငါးလ လောက်ပဲရှောင်နေလိုက်ရတယ်။ ကားမှန်ကြီးကွဲသွားတဲ့အတွက်မြိုနယ်ကောင်စီတချိုပြုတ်တယ်။ဘာဖြစ်လိုလည်းဆိုတော့လုပ်ပိုင်ခွင့်ကျော်လုပ်လိုသိရတယ်။သုံးလလောက် မရမ်းကုန်မြောက်ဥက္ကလာကနေမြိုထဲကိုကျောင်းဆက်တက်နေရတာတော့ကသီလင်ထနိင်တာပေါ့။ ဒီနစ်မှာ ပဲ ကျနော် ဆယ်တန်းအောင်တော့ မဆိုးဘူးပေါ့။

Read More...

Friday, 2 November 2007

2 Nov 2007

လူရွှင်တော် ပါပါလေး အပါအဝင် ၃၂ဦး မန္တလေးတိုင်းက ပြန်လွှတ်
သတင်း-အာရ်အက်ဖ်အေ (၁-၁၁-၂၀၀၇)

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်း ထားရာကနေ ပြန်လွှတ်ပေး လိုက်သူတွေထဲမှာ မန္တလေးတိုင်းက အဖမ်းခံရသူ NLD ပါတီဝင် ၃၀ကျော် ပါရှိတယ်လိုႛ သတင်းရပါတယ်။ မန္တလေးတိုင်း အတွင်းက ပြန်လွှတ်ပေးလိုက်တဲ့ NLD ပါတီဝင် တွေထဲမှာ လူရွှင်တော် ပါပါလေး အပါအဝင် ၃၂ဦး ဖြစ်တယ်လိုႛ သိရပါတယ်။ ဒါပေမယ့် မန္တလေးတိုင်းက အဖမ်းခံရသူ NLD ပါတီဝင် ၈ ဦးကတော့ ပြန် လွှတ်ခြင်း မရှိသေးဘူးလိုႛ သိရပါတယ်။ ပြန်မလွှတ်သေးသူ တွေထဲမှာ မန္တလေးတိုင်း NLD ခေၝင်းဆောင် တဦးဖြစ်တဲ့ ဒေၞဝင်းမြမြလည်း ပါပါတယ်။
Summary

Rest of your post

Read More...

Wednesday, 31 October 2007

ပြည်တွင်း ပြည်ပ ရဟန်းရှင်လူ အပေါင်းက ပခုက္ကူသံဃာတော်တို့နှင့်အတူ သာသနာအရေးအတွက် ရပ်တည်ကြပြီ


Summary

Rest of your post

Read More...

31 Oct 2007

ပခုက္ကူ သံဃာတော်များ လမ်းပေါ်ပြန်ထွက်
သတင်း - ဧရာဝတီ (၃၁-၁၀-၀၇)

မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော် အပါး ၁၀၀ ကျော်က ယနေ့ နံနက် ၈ နာရီ ကျော်မှ စတင်၍ မေတ္တာသုတ် ရွတ်ဆို လမ်းလျှောက် ဆန္ဒပြကြောင်း သိရသည်။
အဆိုပါ သံဃာတော်များသည် မဟာဝိဇယာရာမ (အရှေ့တိုက်) ဘက်မှ ဗိုလ်ချုပ်လမ်းအတိုင်း မြို့ကိုပတ်၍ ၁ နာရီခန့်ကြာ သည်အထိ မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့သည်ဟု ပခုက္ကူမြို့မှ သံဃာတော်တပါးက ဧရာဝတီသို့ ပြောသည်။
“ပေါက်လမ်းကနေ အနောက်ဘက်မှာရှိတဲ့ သီဟို၌ ရှင်ဘုရားကို သွားပြီးဝတ်ပြုဆုတောင်းပြီးတော့ ကိုယ့်ကျောင်း ကိုယ်ပြန် သွားကြတယ်၊ အဓိကက ကံဆောင်တာပဲ”ဟု အထက်ပါ သံဃာတော်က ပြောသည်။
မြို့လူထုက မေတ္တာသုတ်ရွတ်ဆို ကြွချီလာသော ယင်းသံဃာတော်များကို လမ်းဘေးဝဲယာမှ နေ၍ ထိုင်ကန်တော့ခြင်း၊ ကြည်ညိုအားပေးခြင်းများ ပြုလုပ်ကြသည်ဟု ပခုက္ကူမြို့မှ မျက်မြင်တဦးကလည်း ပြောပြသည်။
သံဃာတော်များ ကြွချီရာလမ်းတလျှောက်တွင် ယူနီဖောင်းဝတ် စစ်သားများ၊ ရဲများကို မမြင်တွေ့ရဘဲ၊ အရပ်ဝတ်ရဲဟု ထင်ရသူများနှင့် ကြံ့ဖွံ့တချို့ကိုသာ တွေ့မြင်ရပြီး အေးချမ်းစွာပြီးဆုံးခဲ့သည်ဟု ဆိုသည်။
လတ်တလောတွင် အဖမ်းအဆီးများမရှိသော်လည်း ပါဝင်ဆန္ဒပြသည့် ကျောင်းတိုက်များကို အာဏာပိုင်များက လိုက်လံ စုံစမ်းနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြကြရာ စစ်တပ်က သေနတ် ၁၀ ချက်ခန့်ပစ်ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်း ဆန္ဒပြ သံဃာများအား ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ ပါးခန့် ဖမ်းဆီးခံရပြီး သံဃာတချို့ ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတော် တပါး ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ဆေးရုံ တင်ခဲ့ရသည်။

ပခုက္ကူမှာ သံဃာတော်တွေ မေတ္တာပို့ ဆန္ဒပြ ချီတက်ပြန်လေပြီ
သတင်း - မဇ္ဈိမ (၃၁-၁၀-၂၀၀၇)

တနိုင်ငံလုံးအနှံ့ သံဃာတော်များနှင့် လူထု ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့စေသော ပခုက္ကူမြို့တွင် ယနေ့တွင် ဘုန်းတော်ကြီးကျောင်းတိုက် ၃ တိုက်မှ သံဃာတော် ၇၃ ပါးက မေတ္တာပို့ ချီတက် ဆန္ဒပြမှု ပြုလုပ်လိုက်ပြန်သည်။
မထင်မှတ်ဘဲ တလကျော် ကာလအတွင်း ပထမဆုံး ဆန္ဒပြပွဲ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်ပြီး စစ်အစိုးရ ဦးစီးသော ကြံ့ခိုင်ဖွံ့ဖြိုးရေးများ၏ ဟန်ပြညီလာခံ ထောက်ခံပွဲများကို တန်ပြန်ဆန့်ကျင် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
“အတိအကျ ပြောရရင် ၇၃ ပါးတိတိ၊ ၈ နာရီခွဲလောက်မှာ လမ်းမှာတွေ့တယ်။ တချို့ ကိုယ်တော်တွေက ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ အနောက်တိုက်ကနေ စလာတယ်။ ဗောဓိမဏ္ဍိုင်တိုက်ကျောင်းရယ်၊ မြတိုက်ကျောင်းရယ် ကပေါ့နော်” ဟု ပခုက္ကူ ဒေသခံက ဆိုသည်။
Summary

Rest of your post

Read More...

Tuesday, 30 October 2007

30 Oct 2007

လူရွှင်တော် ဇာဂနာ ယာယီထိန်းသိမ်းခံရ
သတင်း- ကိုသက်(ဧရာဝတီ)(၃၀-၁၀-၀၇)

လူရွှင်တော် ဇာဂနာကို အာဏာပိုင်တို့က ယမန်နေ့ညနေပိုင်းတွင် မေးမြန်းစစ်ဆေးရန်ဟုဆိုကာ နေအိမ်မှ ခေါ်ဆောင် သွားကာ ယနေ့နံနက်ပိုင်း၌ ပြန်လွှတ်ပေးခဲ့သည်ဟု ဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်တဦးက ဧရာဝတီကိုပြောသည်။
လူရွှင်တော် ဇာဂနာသည် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်အစိုးရအား ဝေဖန် ရှုတ်ချမှုများ တောက်လျှောက်ပြုလုပ်နေသောကြောင့် အာဏာပိုင်တို့က ခေါ်ယူသတိပေးခံရခြင်းဖြစ်သည် ဟုလည်း ဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်က ပြောသည်။

“လေများလို့တဲ့ … ဟဲဟဲ လေလေးနည်းနည်းလျှော့ဖို့ ခေါ်ပြောတာ။ လျှော့ မလျှော့တော့ မသိဘူးလေ … ဒါကသူ့စိတ်နဲ့ သူကိုး” ဟု ဇာဂနာ၏ လုပ်ဖော် ကိုင်ဖက်က ပြောသည်
လူရွှင်တော် ဇာဂနာသည် စက်တင်ဘာလအတွင်းပြုလုပ်ခဲ့သည့် သံဃာတော် များ၏ ပတ္ထနိက္ကုဇ္ဇနကံဆောင်ပွဲများ၊ ချီတက်ဆန္ဒပြပွဲများကို အားပေးထောက်ခံ ခဲ့သောကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အဖမ်းခံရပြီး ယခုလ ၁၇ ရက် နေ့တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထောင်မှပြန်လွတ်လာချိန်၌ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ထောင်တွင်း အတွေ့အကြုံများကို အင်တာနက်ဘလော့ခ် တွင် ရေးသားခြင်းများ ပြုလုပ်ခဲ့သည်။ ဇာဂနာ ထောင်မှလွတ်ပြီးနောက်တနေ့ ဧရာဝတီမှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းချိန်က “ပြည်သူ့အရေး လက်မနှေးကြနဲ့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ပြည်သူလူထုအကျိုးကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။
ထောင်မှလွတ်လာချိန် ဇာဂနာ၏ ထင်ရှားသည့် နိုင်ငံရေးပျက်လုံးတခုမှာ “သံဃံသရဏံ ဂန်းစာမိ” ဟူသည့် သပိတ်မှောက် သံဃာတော်များအား စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းသည့်အပေါ် သရော်ထားသော ပျက်လုံးဖြစ်သည်။
ဇာဂနာသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေသည့် ၁၉၉၁ ခုနှစ်တွင် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဆုတဆုကို ရရှိခဲ့သည်။
ဇာဂနာသည် ၁၉၈၀ ခုလွန်ကာလကတည်းက လူရွှင်တော်ဘ၀ဖြင့် ပြည်သူလူထု၏ ချစ်ခင်အားပေးခြင်းကို ခံခဲ့ရသူဖြစ်ပြီး အုပ်ချုပ်သူအစိုးရအား လှောင်ပြောင်သရော်သော ဟာသပျက်လုံးများကြောင့် အထူးရေးပန်းစား ခဲ့သူဖြစ်သည်။
လွန်ခဲ့သည့်နှစ်အတွင်းက ကိုဇာဂနာအား ဘီဘီစီ (မြန်မာပိုင်း) အသံလွှင့် ဌာနနှင့် အင်တာဗျူးတွင် အစိုးရအား ထိခိုက် စေသည့်စကားလုံးများပြောဆိုသည်ဟူသည့် စွပ်စွဲချက်ဖြင့် အနုပညာလုပ်ငန်းအားလုံးကို စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဌာနက အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်။ ၁၉၉၆ ခုနှစ်ကလည်း ကိုဇာဂနာ၏ အနုပညာလုပ်ငန်းများ တကြိမ် အပိတ်ခံရဖူးသည်။

Read More...

30 Oct 2007

ဖိုးဖြူရဲ့တလွဲများ - ၁
zarganar | 21 September, 2007 13:11
မှတ်မှတ်ရရ တတိယနှစ် မြန်မာစာ ကျောင်းသားဘ၀ပေါ့။ကျောင်းအတွက် အငြိမ့်တွေ ကလဲ တဂျိမ်းဂျိမ်း ကနေရတော့ ကျောင်းခေါ်ချိန် က မပြည့်ဖူး၊ဒီတော့ ဆရာမကြီးဒေါ်စီစီဝင်း က သူ့အခန်းကိုခေါ်တယ်၊

ဟောဒီ ကွက်လပ် အခု ၁၀၀ ဖြည့်။ပြီးရင် ပြန်တော့ တဲ့၊ကဲ အဲဒီတုန်းက ဆရာမကြီးတွေ ရဲ့စေတနာ။ခုများတော့ မသိပါဖူး၊ကိုယ်က ကျောင်းအတွက် ကပေးနေရတာလေ။တစ်လ ကို သုံးပွဲလောက် ကနေ ရတော့ ဇာတ်တိုက်တာ နဲ့အစမ်းကတာနဲ့ အစဉ် က တာနဲ့ ဘယ်အချိန် ကျောင်းသွားတက်မှာလဲ၊ဆရာမကြီးက အနုပညာအသင်းရဲ့ဥက္ကဌ။ပြီးတော့ မြန်မာစာ ပါမောက္ခ၊ အဲဒီမှာ ကွက်လပ် အခု ၁၀၀ ဖြည့်ခိုင်းပြီး ၄၀ မှန်ရင် ကျွန်တော့ကိုအအောင် ပေးမှာ။
ကျွန်တော် သိတယ်၊ကျွန်တော် ဆိုတဲ့ကောင်ကလဲ ဒီ ကွက်လပ်လေး ၄၀ တောင်နပ်မှန် အောင်အဖြေမသိဖူး၊အချိန်ပေးထားတာက ၃နာရီ။ချွေးပြန်နေပြီ။တစ်ရာဘေးဖယ်ထား လေး ဆယ်ကို မပြည့်သေးဖူး၊ဟော ၁၅ မိနစ် ပဲ လိုတော့တယ်၊မဖြစ်မနေပေါ့။အပုဒ် ၄၀ ပြည့်အောင် စွတ်ဖြေချလိုက်တာ၊၃၉ပုဒ် နဲ့ တစ် နေပါလေရော။
ဒါနဲ့ဖြေနိုင်မယ် ထင်တဲ့ဟာ ဖြဲကားရှာလိုက်တာ လားလား တစ်ပုဒ်တွေ့ပါလေရော။ ဥက္ကဌကြီး ဦးနေ၀င်း ရဲ့ သခင်နံမယ် မှာ -------- ဖြစ်သည်တဲ့။သိပါတယ် နေပါဦး။ရှု တော့ပါ ပါတယ်။ဘာ ရှု ဆိုပါလိမ့်။သိပြီ သခင်ယေရှု ဆိုပြီး ဖြည့်လိုက်တာပေါ့။ ဒေါင် ကနဲ ပဲ။ ခေါင်းလောင်းထိုးသံတော့မဟုတ်ဖူး။
ဆရာမကြီးတီးထဲ့လိုက်တာလေ

Read More...

Sunday, 28 October 2007

28 Oct 2007

တွေ့ဆုံဆွေးနွေးညှိနှိုင်းတာဖြစ်အောင်လုပ်ရမယ်

နအဖမီဒီယာတွေမှာ ပြီးခဲ့တဲ့စက်တင်ဘာ သံဃာ့အရေးတော်ပုံကို ကြံဖန်လည်ဆယ် အပုပ်ချတိုက်ခိုက်နေကြတယ်။ ဒါမဆန်းဘူးလို့ ပြောနိုင်တယ်။ သဲသဲမဲမဲပဲ၊ ဒါပေမဲ့ နပြာကြီး အောက်သွားမရှိတာကိုတော့ ဘယ်လိုမှဖုံးမရဘူး။ ဟိုလူက ခေါင်းခေါက်မာန်လိုက်၊ ဒီလူက ကျောသပ်ဆုံးမလိုက်။ သကာရည်လူးထားတာနဲ့ လူးမထားတာပဲကွာတယ်။ တကမ္ဘာလုံးက ၀ိုင်းပြီးပညာပေး နေကြတာတွေကို မျက်ထောင့်နီကြီးနဲ့ ငုံ့ခံနေရတယ်၊
နိုင်ငံတကာနယ်ပယ်မှာ ဒီနေ့လောက်နိုင်ငံရေးအရ နအဖ ခံစစ်ရောက်တာမရှိသေးဘူး လို့ ဆိုနိုင်တယ်၊ သူတို့မောက်မောက်မာမာ မောင်းထုတ်ခဲ့တဲ့ပီညရိုးကို သွားဖြီးလေးနဲ့ပြန်ကြို နေရပြီ။ ဂမ်ဘာရီကိုလည်း တလလောက်အတွင်း ထပ်လာတာကို လက်ခံနေရတယ်။ နောက် ဆုံးပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြင်ထုတ်လာရတယ်။ ဒါတွေဟာ နအဖ စစ်အစိုးရအနေနဲ့ သံဃာ့အရေးတော်ပုံနဲ့ နိုင်ငံတကာဖိအားကို အသိအမှတ်ပြု။ အလျှော့ပေးနေရတာဖြစ်တယ်ဆိုတာ မငြင်းနိုင်ဘူး၊
ဒါပေမဲ့ …

ဒေါ်အောင်ဆန်းစုကြည်ဟာခြေကျင်းတန်းလန်းနဲ့ ရုံးထွက်ရတဲ့တရားခံလိုဖြစ်နေတယ်။ ဗိုလ်အောင်ကြည်နဲ့ထိုင်ကြတော့ ကင်မရာတွေတဖြတ်ဖြတ်၊ လူတွေတရုန်းရုန်းးနဲ့။ ဒါပေမဲ့ ဒါဟာတဒင်္ဂကိစ္စ။ ပြီးတာနဲ့သူ့ရဲ့ တကိုယ်တော်အိမ်ချုပ်ဆီ ပြန်ဝင်သွားရတယ်။ ထောင်ဝင်စာ လာတွေ့တာနဲ့ မထူးလှဘူး။ ရေးထားသည်ဖြစ်စေ၊ ရေးမထားသည်ဖြစ်စေ။ ထုတ်ပြောသည် ဖြစ်စေ၊ ထုတ်မပြောသည်ဖြစ်စေ။ ငါတို့စိတ်ကြိုက်မတွေ့ရင် အပြင်လောကကို မထွက်ရဘူးဆို တဲ့ ခြိမ်းခြောက်မှုဟာ ဒီတွေ့ဆုံမှုမှာ အထင်အရှား လွှမ်းမိုးနေတယ်။
တန်းတူရည်တူမရှိခြင်း၊ လွတ်လပ်ပွင့်လင်းမှုမရှိခြင်း၊ ဒီမိုကရေစီနည်းမကျခြင်းတို့ဟာ ဒီတွေ့ဆုံမှုရဲ့ သင်္ကေတဖြစ်တယ်။ မီဒီယာဖော်ပြမှု၊ ၀ါဒဖြန့်မှုတို့ဟာ ဒီတွေ့ဆုံမှုရဲ့ပကာသန ဖြစ်တယ်။
ဒါတွေအပြင် အင်မတန်သတိပြုသင့်တဲ့ အချက်တချက်က ဒါဟာတွေ့ဆုံမှု သက်သက် သာဖြစ်တယ်ဆိုတာပဲ။ တွေ့ဆုံမှုဆိုတာနဲ့ တွေ့ဆုံဆွေးနွေးခြင်းဆိုတာတို့ဟာတခြားစီပဲ။ သေ ဒဏ်ပေးတော့မယ့်လူကိုတောင် တွေ့ချင်တဲ့လူနဲ့တွေ့၊ စားချင်တာစားဆိုတဲ့ အခွင့်အရေးမျိုး တွေပေးသေးတာပဲ။ တွေ့ရရုံသက်သက်နဲ့တော့ ဘာမှဖြစ်မလာဘူး။ စကားပြောတယ်ဆိုတိုင်း လည်း ဆွေးနွေး ညှိနှိုင်းတယ်လို့ အဓိပ္ပာယ်မထွက်သေးဘူး၊
နအဖဟာ ဗိုလ်ခင်ညွန့်လက်ထက်တုန်းက လုပ်သလို ဗိုလ်သန်းထွန်းနဲ့လွှဲထားတဲ့ဇာတ် မျိုးပြန်ကလို့ကတော့ ခွင့်မပြုနိုင်ဘူးပဲ။ အခုနအဖလုပ်နေပုံက အဲဒီအချိုးနဲ့ နည်းနည်းတူနေ တယ်။ ပြည်သူလူထုကြီးဟာ သူတို့လိမ်သမျှအလိမ်မိနေတယ်လို့ ထင်နေရင်တော့မှားပြီပဲ။ လူ တွေဟာ စိတ်မရှည်စွာစောင့်ဆိုင်းနေတာ ဆိုတာမမေ့ပါနဲ့။ အနှစ်နှစ်ဆယ်နီးပါးဝါးလာတာ ခါးမှန်းမသိပဲရှိပါ့မလား။
နအဖမှာ အဆိုးကြီးဆုံးချို့ယွင်းချက်ဟာ မရိုးသားတာပဲ၊ မရိုးသားတော့မပွင့်လင်းနိုင် ဘူး။ မပွင့်လင်းတော့ သူများကမယုံဘူး။ သူများဆိုတာလည်း နည်းတဲ့သူများမဟုတ်ဘူး။ ပြည် တွင်းမှာ တပြည်လုံး၊ ပြည်ပမှာနိုင်ငံအားလုံး။ သူများမယုံလို့ကတော့ အစိုးရလုပ်မနေသင့်တာ အမှန်ပဲ။
နှစ်ဘက်ဆွေးနွေးကြတယ်ဆိုရာမှာ ဘယ်သူမဆို။ ဘယ်အချိန်မဆို ကိုယ့်ရည်မှန်း ချက်ရယ်လို့ ရှိတာချည်းပဲ။ ချွင်းချက်မရှိဘူး။ ဒါမဆန်းဘူး။ ဒါပေမဲ့အဲဒီရည်မှန်းချက်ဟာ ရိုး သားဖို့လိုတယ်။ အချိန်ဆွဲချင်လို့။ သူတို့အပေါ်ပြည်တွင်းပြည်ပက ဖိအားတွေလျော့ ကျစေချင် လို့ဆိုတာမျိုးနဲ့ ဆွေးနွေးတယ်ဆိုလို့ကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး။ မကောင်းတဲ့အကျိုး ဆက်ပဲဖြစ်မယ်။ ဗိုလ်နေ၀င်းဟာ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုတာတွေခေါ်ခဲ့တယ်။ ဒါပေမဲ့ခေါ် တဲ့အခါတိုင်းဟာ ၀ါဒဖြန့်ရေးသက်သက်။ ဟန်ဆောင်သက်သက်ဖြစ်ခဲ့လို့ ဘယ်ဆွေးနွေးပွဲမှ မအောင်မြင်ခဲ့ဘူး။ ဒါတောင်ပြောစရာတခုရှိတယ်။ အဲဒါက ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ”ခေါ်တယ်ဆိုရာမှာ ကြိုတင်သတ်မှတ်ချက်ဘယ်တော့မှမထားဘူး။ နအဖကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲမစမီ လက်နက်ချခိုင်းနေတယ်။ စစ်အုပ်စုချင်းအတူတူ၊ မရိုးသားတာချင်းအတူတူ ဘာလို့ဒီလိုကွာခြားနေတာလဲ။
ဗိုလ်နေ၀င်းအာဏာသိမ်းတာဟာ ပထစအစိုးရလက်ထဲကသိမ်းတာဖြစ်ပြီး နိုင်ငံရေးအ စိုးရလက်ထက်က အစဉ်အလာတွေ ကျန်နေသေးတယ်။ ပုဂ္ဂလိကမီဒီယာတွေလည်း ရှိသေး တယ်။ ဒီတော့ထောက်ထားရတာတွေ မနည်းဘူး။ နအဖကျတော့ သူ့ရှေ့ကအစဉ်အလာဆို တာကိုက စစ်အာဏာရှင်စနစ်ရဲ့ အစဉ်အလာဖြစ်နေတယ်။ ပြည်တွင်းမှာ လွတ်လပ်တဲ့မီဒီယာ ဆိုတာလည်း လုံးဝမရှိတော့ဘူး။ နောက်ပြီးသိပ်အခရာကျတဲ့ ခြားနားချက်တခုက ဗိုလ်နေ၀င်း အာဏာသိမ်းစတုန်းက ဗိုလ်နေ၀င်းဟာ သူ့တပ်ကိုပိုင်တယ်။ ပြည်တွင်းပြည်ပမှာ သူ့ကိုဆန့် ကျင်နေကြတဲ့ အင်အားဟာလည်း အခုလောက်မများဘူး။ ဗိုလ်သန်းရွှေကျတော့ ချောင်ပိတ်မိ နေသလိုဖြစ်နေတယ်။ သူ့တပ်ကလည်း သူ့ကိုနည်းနည်းမှ ကြည်ညိုတာမဟုတ်ဘူး။ ဒီလိုအ ခြေအနေမျိုးမှာ ရေနစ်သူကောက်ရိုးမြှင်ကိုလှမ်းဆွဲသလို လုပ်နေရတာဆိုတော့ နပိန်ကန် တော့တာပဲ။
ဗမာပြည်ပြည်သူတွေဟာ လွတ်လပ်ရေးရပြီးကတည်းက အမျိုးသားစည်းလုံးညီညွတ် ရေးကို အာသာငမ်းငမ်းတောင့်တခဲ့ကြတာ ကနေ့အထိဆိုရင်အနှစ် ၅၀ကျော်သွားပြီ။ ဒီကာလ အတွင်း သေကြေသူတွေ။ ပျက်စီးသွားတဲ့အိမ်ထောင်စုတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဘယ်လိုရေ တွက်လို့မှ အမှန်မသိနိုင်တော့ဘူး။ ဒီအမျိုးသားချင်းပဋ္ဋိပက္ခကြီးထဲမှာ တလျှောက်လုံးပဲ စစ် အုပ်စုဟာတဘက်က ဖြစ်နေပြီး တလျှောက်လုံးပဲ အင်မတန်တင်းမာတဲ့ သဘောထားကိုကိုင် စွဲထားခဲ့တယ်။ လက်နက်ရှိရင် အရာရာကိုဖြေရှင်းနိုင်တယ်၊ အရာရာကိုစိုးမိုးနိုင်တဲ့ အတွေး အခေါ်နဲ့ ငါမှတပါးဝါဒကို ကျင့်သုံးနေတယ်။
နှစ်ပေါင်း ၅၀ကျော်ကျင့်သုံးလို့မှ မအောင်မြင်တဲ့ အရှုံးတွေသာ ဆက်တိုက်ကြုံတွေ့ရ တဲ့ တိုင်းပြည်ကိုပြာပုံထဲဆွဲပို့တဲ့ဝါဒဟာ မှားကြောင်းမသိလောက်အောက် ဗိုလ်သန်းရွှေတို့ အသိခေါက်ခက် အ၀င်နက်ရသလား။ ဗိုလ်နေ၀င်းကတော့ အသက် ၇၀ကျော်တဲ့အခါမှာ မအောင်မြင်မှန်းသိလို့ သူ့ဖာသာပလ္လင်ပေါ်ကဆင်းချသွားတယ်။ ဗိုလ်သန်းရွှေရဲ့ အာဏာ တဏှာဟာ ပိုဆိုးတယ်လို့ ပြောရတော့မယ်။
ဗသြ

Read More...

Thursday, 25 October 2007

26 October 2007


သို့…ကိုသိန်းဆွေ

မှတ်မိနေသေးတယ်
သူဟာ ကျနော့်ဆရာရဲ့ သား
သူ့မွေးရပ်ကတော့
လေထီးဦးအုန်းမောင်တို့ ဇာတိကပေါ့

မှတ်မိနေသေးတယ်
၈၈ တုန်းက သူက
တက္ကသိုလ်ကျောင်းသား ကျောင်းသားခေါင်းဆောင်
နယ် လဘသ အတွင်းရေးမှူး
ခု သူ့အကြောင်းကြားရပြန်တော့လဲ
အင်န်အယ်လ်ဒီ လူငယ်
နိုင်ငံရေးအကျဉ်းသား

မှတ်မိနေသေးတယ်
ညီက သူပုန်လုပ်မလို့လားတဲ့
ကိုယ်ကတော့ တောထဲမသွားဘူး
ဒီမှာပဲ နေမယ်တဲ့

မှတ်မိနေသေးတယ်
ဒီလူ သတ္တိနဲတဲ့လူပဲ
ငါ့လောက် သတ္တိမရှိလို့ထင်ခဲ့ပေါ့။

မောင်ခန့်

Summary

Rest of your post

Read More...

Sunday, 21 October 2007

နအဖတို့ မြန်မာ့မြေပေါ်မှ ဘာသာသာသနာကို အမြစ်ဖြတ်ဘို့ကြံစည်


ရဟန်းသံဃာတော်များဦးဆောင်သည့်ဆန္ဒပြပွဲတွင် သံဃာကိုယ်စားလှယ်များ အဖွဲ့ဥက္ကဋ္ဌအဖြစ်ဦး ဆောင်ခဲ့သူ ဦးကောဝိဒကို အာဏာပိုင်တွေက ဖမ်းဆီးဖို့ကြိုးစားခဲ့ ပါတယ်။ ဖမ်းဆီးမရတဲ့အတွက် အောက်တို ဘာလ(၁၂)ရက်နေ့ညအချိန်တွင်ရဟန်း ဒါယိကာမ ဒေါ်သင်းသင်းခိုင် နှင့် ကားမောင်းသူနှင့်အတူ အာဏာပိုင် တွေက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

ရဟန်းသံဃာ ဆန္ဒပြပြီးတဲ့အခါမှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် နန်းဦး ကျောင်းမှ ရဟန်းသံဃာတော်အပါး (၅၀) ကိုလည်း မတရားရိုက်နှက် ဖမ်းဆီးးခေါ်ဆောင် သွားပါတယ်။ နန်းဦးကျောင်းမှာ ကျောင်းထိုင်ဆရာတော်နဲ့ နာယကဆရာတော် (၂)ပါး သာကျန်ပြီး တပ်စွဲထားပါတယ်။ စစ်တပ်စွဲထားတဲ့ အတောအတွင်းမှာ ဒါယိကာနှင့် ဒါယိကာမ များကိုလည်း ဖမ်းဆီးစစ်ဆေးတယ် ပုံစံတွေထိုင်ခိုင်းတာတွေ ပြုလုပ်ပါတယ်။

ဦးကောဝိဒကို မေးမြန်းတဲ့အခါမှာ “ ဦဇင်းတို့ဆန္ဒပြရတာ ပခုက္ကူမှာ သံဃာတော်တွေကို ကြိုး ချည်ပြီး မတရားရိုက်နှက်တာတွေ ပြည်သူလူထုတွေ ဆင်းရဲငတ်မွတ်နေတာတွေ လည်း မခံမရ နိုင်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ သတင်းစာတွေမှာ ရေးသားဖေါ်ပြထားသလို ဦးဇင်းက စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အိမ်တအိမ်မှာ အမေရိကန်ထုတ် ဖောက်ခွဲရေးပစ္စည်းတွေလက်နက်တွေ ပိုင်ဆိုင် တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဦးဇင်းနေလို့မရအောင် အာဏာပိုင်တွေက လိုက်လံဖမ်းဆီးတာကြောင့် ထိုင်းမြန်မာနယ်စပ်မှာ လာရခြင်းဖြစ်ပါတယ်”။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် နန်းဦးကျောင်းမှ သံဃာတော်ဦးကောဝိဒ သက်တော် ၂၄ နှစ် ၀ါတော် ၄ ၀ါ အသက် ၁၂ နှစ်အရွယ်တွင် ရှင်ဖြစ်လာခဲ့ပါတယ်။

Rest of your post
0 comments

Read More...

Tuesday, 16 October 2007

ပြီးရင် လက်တို့

ဦးမောင်ခိုင်လေးတယောက် မထင်မှတ်ဘဲ အမျိုးသားညီလာခံ ကိုယ်စာလှယ်ဖြစ်လာ သည်။ မတက်ရင်မဖြစ်တာမို့ မငြင်းရဲဘဲတက်နေရသည်။ ဘာတွေဆွေးနွေးသည်ကိုတော့ စိတ်လည်းမ၀င်စား၊ နားလည်းမလည်။ ပြသာနာက နေ့လည်စာစားပြီး တရေးတမော အိပ် တတ်သည့် အကျင်ဖြစ်သည်။
ထို့ကြောင့် ဆွေးနွေးချက်များပြီးဆုံးသွားတိုင်း ဘေးလူကို လက်တို့ခိုင်းထားရသည်။ ကံကောင်းသည်မှာ ဘေးလူက နေ့ခင်းမျက်စိကြောင်နေပြီး အိပ်မပျော်တတ်။ ဒီနေ့လည်း ဦးမောင်ခိုင်လေး ညီလာခံတက်နေသည်။ နေ့လည်ပိုင်းအစီအစဉ်တွင် ထုံးစံအတိုင်း အိပ်ပျော် နေသည်။

မြန်မာ့ရုပ်သံအဖွဲ့သားများ ညီလာခံပြီးဆုံးကာနီပြီမို့ မှတ်တမ်းလာရောက်ရိုက်ကူးသည်။ ညီလာခံကိုယ်စားလှယ်များဖက်ကို ကင်မရာလှည့်လိုက်သည်။ နဘေးမှလူက ဦးမောင်ခိုင်လေးအိပ်ပျော်နေပုံပါသွားမှာစိုးသည်။ ထိုကြောင့် ဦးမောင်ခိုင်လေးကို လက်တို့ လိုက်သည်။

ဟေ့လူ …. ဟေ့လူ ထ ၊ ထ

အစီအစဉ်တခု ပြီးသည်ထင်၍ ထုံးစံအတိုင်း နိုးနိုးချင်း ဦးမောင်ခိုင်လေးတယောက် လက်ခုပ်ကောက်တီးလိုက်သည်။ ထူးခြားသည်က ခန်းမဆောင်ကြီးတခုလုံးမှ ကိုယ်စာလှယ် များအားလုံး လက်ခုပ်လိုက်တီးလိုက်ကြခြင်းဖြစ်သည်။

သြော် …. သူတို့လည်း အိပ်နေကြတာကိုး။
စက်တင်ဘာလ ၃ရက်၊ ၂၀၀၇

Read More...

Wednesday, 3 October 2007

၎အောက်တိုဘာ၂၀၀၇

ဝတ်ပြုဆုတောင်းပွဲများကျင်းပ၍ လှုပ်ရှားမှုများ ပြန်လည်စတင်ရန် သံဃာတော်များနှင့် ကျောင်းသားများ စုပေါင်းကြေညာ

NEJ/ ၃ အောက်တိုဘာ ၂၀၀၇

စစ်အာရှင်များ၏ အကြမ်းဖက်မှုကြောင့် သာသနာတော်ထွန်းကားရေးနှင့် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အသက်ပေးလှူသွားကြသည့် ရဟန်းသံဃာတော်များနှင့် ကျောင်းသားများ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၀တ်ပြု ဆုတောင်းပွဲများကို တနိုင်ငံလုံး ကျင်းပသွားမည်ဟု လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီမှ ယနေ့ကြေညာချက် ထုတ်ပြန်သည်။
လူမျိုးအသီးသီးမှ သက်ဆိုင်ရာဘာသာများအလိုက် တန်ခိုးကြီးဘုရားများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီကျောင်းများ၊ ဘုံကျောင်းများတွင် အောက်တိုဘာ (၅) ရက်မှ (၇) ရက်အထိ (၃) ရက်တိတိ ဖယောင်းတိုင်များ ထွန်းညှိပူဇော်၍ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဆုတောင်းသစ္စာပြုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါနေ့များမှစ၍ နေအိမ်ရှိ ဘုရားကျောင်းဆောင်များတွင် သာသနာ့အလံတော်များ စိုက်ထူရန်လည်း ကြေညာချက်တွင် နှိုးဆော်ထားသည်။

၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် ကိုစိုးထွန်းက “ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ အာဇာနည် အပေါင်းအတွက် ကျနော်တို့ဟာ ဒီလိုဝတ်ပြုဆုတောင်းပွဲတွေကို နိုင်ငံတ၀န်းလုံးမှာရှိတဲ့ ဒေသ အလိုက် ဘုရားတွေမှာ ဖယောင်းတိုင် ထွန်းညှိပူဇော်ပြီး မေတ္တာပို့ဆုတောင်းကြဖို့ လိုပါတယ်။ သက်ဆိုင်ရာလူမျိုးအသီးသီးကလည်း ဘာသာအသီးသီးအလိုက် ၀ိုင်းဝန်း ဆုတောင်ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ပြောသည်။

မင်းဆိုးမင်းညစ်အောက်မှ အမြန်လွတ်မြောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာပါစေကြောင်း၊ မတရားဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းခံနေရသော သံဃာတော်များ၊ ကျောင်းသားလူငယ် များနှင့် ပြည်သူများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေကြောင်းနှင့် လွတ်မြောက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးတို့အတွက် သွေးစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း လေးလေးနက်နက်ဆုတောင်း သစ္စာပြုသွားကြမည်ဟု ကြေညာချက်တွင် ပါရှိသည်။

တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ပြောခွင့်ရသူ ကိုတင်ထူးအောင်က “ကျနော်တို့အနေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေမှာ လူစုလူဝေးလုပ်ခွင့်မရရင် အိမ်တွေမှာ အတတ်နိုင်ဆုံးလုပ်မယ်ဗျာ။ တဦးချင်းအနေနဲ့သော်လည်းကောင်း၊ အစုအဖွဲ့အနေနဲ့ သော်လည်းကောင်း ရအောင်လုပ်သွားဖို့ ကြေညာချက်ကို ထုတ်ပြန်တာပါ” ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လှုပ်ရှားမှုများ ယာယီအားဖြင့် ငြိမ်သက်သွားသောကြောင့် ယခု ကြေညာချက်ကို လှုပ်ရှားမှုများ ပြန်လည်စတင်ရန် ရည်ရွယ်၍ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်က ပြောသည်။

“အခု ကျနော်တို့လှုပ်ရှားနေတာဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့အတွက် လှုပ်ရှားနေတာ ဖြစ်တယ်။ အခုလှုပ်ရှားမှုတွေကနေ စပြီးတော့ ကျနော်တို့ လူထုအုံကြွမှုကြီးတခုဆီကို ဦးတည်ပြီးသွားမယ်။ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

ပြည်သူများ၏ ဒုက္ခဆင်းရဲအတွက် သံဃာတော်များက ရှေ့မှရပ်တည်ပြောဆိုလှုပ်ရှားနေခြင်း ဖြစ်သည့်အတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြစေလိုကြောင်းလည်း ကိုလှမျိုးနောင်က တိုက်တွန်းသည်။

“လူထုအများစုအနေနဲ့ သဘောပေါက်ဖို့က စစ်တပ်ကလိုက်လံဖမ်းဆီး ရိုက်နှက်ပစ်ခတ်နေတာ တွေကို အန္တရာယ်လို့ယူဆရင် ဒီစစ်အာဏာရှင်စနစ်ကို ဆက်ပြီး သက်ဆိုးရှည်ခွင့်ပေးလိုက်တာ ပိုပြီးအန္တရာယ်ကြီးလိမ့်မယ်” ဟု ၎င်းကပြောသည်။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီကို စက်တင်ဘာ (၂၇) တွင် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီတွင် ရဟန်းသံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားလူငယ်များ၊ ကဗျာဆရာများ၊ တေးရေးဆရာများ၊ ရှေ့နေများနှင့် ၈၈ မျိုးဆက်သစ် သတင်းစာဆရာများက ပါဝင်ဖွဲ့စည်းခြင်းဖြစ်သည်။

Read More...

ဒီစနစ်ဆိုးအောက်မှ လွတ်မြောက်ရပါလို၏.....

Read More...

Tuesday, 2 October 2007

ဘွာမကူတမ်း

ရဲဘော်ဖိုးသံချောင်း၏အမြင်
ဒီနေ့ နအဖကျူးလွန်နေတဲ့ အပြစ်တွေဟာ ကမ္ဘာမှာ မော်ကွန်းထိုးရမယ့်၊ မြန်မာသမိုင်းမှာ မှတ်တမ်းတင်ရမယ့် ရက်စက်ယုတ်မာမှုကြီးဖြစ်ပါတယ်။ သာမန်လူသတ်မှုမဟုတ်ပါဘူး။ ဒါကြောင့် ဒီသံဃာတော်နဲ့ လူအမြောက်အများကို သတ်ဖြတ်မှုမှာ သမိုင်းတရားခံဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ရှာဖွေမှတ်တမ်း တင်ဖို့ လည်းလိုပါတယ်။

ဒီတခါအရေးတော်ပုံ ဘယ်လိုပဲအဆုံးသတ်သည်ဖြစ်ပစေ ကျန်ရစ်သူတွေဟာ ဒီတာဝန်ကြီး ထမ်းဆောင်ကြရပါမယ်။
မှန်ပါတယ်။ နအဖထဲမှာ ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို နံပတ် ၁ ဗိုလ်သန်းရွှေရဲ့ သဘောတူညီချက် မပါပဲ မချမှတ်နိုင်ပါဘူး။ ဒါပေမဲ့ တခြားတယောက်က အကြံပေး၊ ဗိုလ်သန်းရွှေက အတည်ပြုဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သေချာတာက နအဖဟာ ဒီကိစ္စဘယ်သူ့ အကြံဥာဏ်၊ ဘယ်သူ့လက်ချက်ဖြစ်တယ်ရယ်လို့ အမှန်အတိုင်း ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။ ဒါဟာ ၁၉၆၂ ခုနှစ်၊ ၇ ရက်ဇူလိုင် အရေးအခင်းကစလို့ ကနေ့အထိ စစ်အုပ်စုတလျှောက်လုံး လုပ်ခဲ့တဲ့ အစဉ်အလာ၊ လုပ်ထုံးလုပ်နည်းပါ။
ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ အပြန်အလှန်ပုံချတာကို ဗမာပြည် ပြည်သူတွေမမေ့ပါဘူး။ နေပြည်တော် ပြောင်းတဲ့ကိစ္စ၊ ဒီစက်တင်ဘာလူသတ်ပွဲ စတာတွေကို သူတို့ချင်းကွဲကြတဲ့အခါ၊ အထူးအဖြင့် အဓိကတရားခံ ဖြစ်သူ ကံနိမ့်လာပြီထင်တဲ့အခါမှာ ကျန်တဲ့လူတွေထဲက ဖော်တာတွေ ဖြစ်လာနိုင်ပါတယ်။

နောက်တချက် သတိထားသင့်တာက စစ်အုပ်စုဟာ သူတို့ရဲ့ဆက်ခံသူတွေကို ဒီလိုလူသတ်ပွဲတွေထဲမှာ လေ့ကျင့်မွေးမြူ ဆံကာတင် စစ်ယူလေ့ရှိတယ် ဆိုတဲ့အချက်ပါ။ ရှစ်လေးလုံးနဲ့ ဒီပဲယင်းအရေးအခင်းတို့မှာ လက်စွမ်းပြခဲ့တဲ ဗိုလ်စိုးဝင်းကို မှတ်မိကြမယ်ထင်ပါတယ်။ ဒါဟာ ထိပ်ပိုင်းမှာသာမကဘူး အောက်ခြေ တပ်သားအထိ အဲဒီလို ရာထူးတွေ အခွင့်အရေးတွေပြပြီး လူလွန်မသားတွေသာ ကျူးလွန်တဲ့ပြစ်မှုတွေကို ကျူးလွန်ခိုင်းကြတယ်။ ဒါကြောင့်မို့ နအဖကဖန်တီးလာတဲ့ ဒီရက်စက်မှုမှာ ဖြစ်နိုင်ရင် သူတို့အားလုံးရဲ့ တဦးချင်းအခန်းတွေကို ကျူးလွန်ခိုင်းကြတယ်။ ဒါကြောင့်မို့ နအဖက ဖန်တီးလာတဲ့ ဒီရက်စက်မှုမှာ ဖြစ်နိုင်ရင် သူတို့အားလုံးရဲ့ တဦးချင်းအခန်းတွေကို လေ့လာမှတ်တမ်းတင်တင့်ပါတယ်။
တဖက်မှာကျတော့လည်း စစ်အုပ်စုဟာ သူတို့အကျဉ်းအကြပ်ကျပြီဆိုရင် တယောက်ယောက်ကို ဓားစာခံအဖြစ် ပုစွန်ခေါင်းပုံချပြီး တရားခံ ဖန်တီးတတ်တယ်ဆိုတာလည်း သိတိထားဖို့လိုပါတယ်။ အခုကိုပဲ ဘယ်တပ်မကကောင်းတယ်၊ ဘယ်တပ်မက မကောင်းဘူး၊ ဘယ်တပ်မှူးက ကောင်းတယ်၊ ဘယ်တပ်မှူးက မကောင်းဘူး စတဲ့ ကောလဟာလတွေ ထုတ်လွှင့်ပြီးလူတွေနားယောင် မျက်စိလည်အောင်လုပ်နေကြတယ် မဟုတ်လား။
သမိုင်းကို ပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ သူတို့ ဒီလိုယုတ်ယုတ်မာမာ တရားမရှိ၊ ဓားမရှိလုပ်တိုင်း ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မပြောပါဘူး။ ပြည်တွင်းပြည်ပကို အသိပေးတာလည်း လုပ်လေ့မရှိပါဘူး။ ဒါဟာ န၀တ - နအဖ တို့လက်ထက်မှာ ပိုဆိုးလာတယ်။ ဒီပဲယင်းကိစ္စပဲပြန်ကြည့်ပါ။ အမှန်မပြောယုံမက ပါးစပ်က ရေငုံထားပြီး သူတို့ပိုင်း မီဒီယာတွေကနေ ဘယ်သူမှ မယုံတဲ့၊ သူတို့ကိုယ်တိုင်လည်း မယုံကြည်တဲ့ သတင်းတွေ၊ အချက်အလက်တွေကို လျှောက်ထုတ်ပြန်တော့တာပါ။
ဒါပေမယ့် မမေ့ပါနဲ့။ ဗမာပြည် ပြည်သူတွေဟာ မင်းဆိုး၊ စနစ်ဆိုးတွေကို ရေတို - ရေရှည် တိုက်ခိုက်တွန်းလှန်ခဲ့ တွန်းလှန်နိုင်ကြောင်း သက်သေပြခဲ့ပါပြီ။ တိုက်ပွဲသဏ္ဍာန် အမျိုးမျိုးပြောင်းပြီးလည်း တိုက်တတ်ပါတယ်။
ရှေ့တကွေ့ပါ။
ရဲဘော်ဖိုးသံချောင်း
ပြန်ခေါက်ခဲ့ပါ...

Read More...

ပေသီးလုပ်တမ်းကစားရအောင်

ဓမ္မမိတ်ဆွေတို့ရေ ၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်မှာ မီးပန်းတွေ ၊ ပေသီးတွေ၊ ဗျောက်အိုးတွေ ဖေါက်ကစားခဲ့တာ မှတ်မိဦးမှာပေါ့နော်။ ဗျောက်အိုးထဲမှာ မိုးသီးအကြိုက်ဆုံးကတော့ တရုပ်တန်းက၀ယ်ရတဲ့ စောဖေ တံဆိပ်ပဲ။
၈၇ခုနစ် ငွေစက္ကူတွေဖျက်သိမ်းတုန်းက ကျောင်းတွေပိတ်တယ်။ ကျောင်းတွေပြန်ဖွင့်တော့ ကွန်ဗိုကေးရှင်း ထဲမှာ စာမေးပွဲဖြေရတယ်။ ဟောခန်းကြီးထဲမှာ ကျောင်းသား ၄၀၀ခန့်ရှိတယ်။ ပါတီကောင်စီက ငနဲတွေက ဟောခန်းကို ပတ်ပတ်လည် စောင့်နေကြတယ်။ ဒီအချိန်မှာ ကွန်ဗိုကေးရှင်း ဟောခန်းကြီးတခုလုံး တုန်ဟီးသွားတဲ့ ဗျောက်အိုး တွေ တခုပြီးတခု ပေါက်ကွဲထွက်လာတယ်။ အားလုံးလန့်ဖြန့်သွားကြတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။
ဒီလိုဖေါက်လိုက်တဲ့သူက အီစကိုပဲပေါ့။ ငွေစက္ကူ ဖျက်သိမ်းတာကို ကန့်ကွက်ပြလိုက်တာလေ။ နောက်ပြီးတော့ တက္ကသိုလ်စာမေးပွဲကို ဂတ်စတာပို အကျဉ်းစခန်းတခုလို ပါတီကောင်စီတွေ ထောက်လှမ်းရေးတွေ လာရောက်စောင့်ကြပ်နေတာကို မိုးသီးသိပ်စိတ်ဆိုးတယ်။ ဒါကြောင့်တရုပ်တန်းက စောဖေတံဆိပ် ဗျောက်အိုး လေးငါး ခြောက်လုံးကို ဆေးလိပ်မီးနဲ့ တို့ပြီးဖေါက်ခွဲပေးလိုက်တာ။
ဗျောက်အိုးလိုပဲ ဖေါက်လိုကောင်းတာကတော့ စက်ဘီးစမုတ်တံခေါင်း တို့ သော့ဟောင်း တို့ နဲ့ ဖေါက်တဲ့ နည်းစနစ်ပဲ။ စမုတ်တံခေါင်းပဲဖြစ်ဖြစ်၊ သော့ဟောင်းတခုပဲဖြစ်ဖြစ် ရရင်။ အခေါင်းထဲကို မီးခြစ်ဆံယမ်းတွေ ခြွေပြီးထည့်တည်။ ပြီးရင်သံချောင်းထဲ့ပိတ်ပြီး။ ပေတရာလမ်းမမှာ အပြိုင်အဆိုင်ဗျောက်ဖေါက်ခဲ့တာ ရင်ခုန်စရာ ကောင်းလှတယ်။
မိုးသီးတို့ ငယ်ငယ်ကဆို ကောင်းမလေးတွေလာတဲ့အချိန် ကျမှာ ဗျောက်အိုးကိုလက်ထဲကိုင်ပြီးခွဲပြ လိုက်ရတာ ။ အရသာတမျိုးရှိတယ်။ အဒေါ်ကြီးတွေက တော့ အမလေးတော့ တို့ ဘုရားကြီးငုတ်တုတ်ထ တို့ ပါးစပ်ထဲရှိတာတွေ ယောင်ကြပေါ့။ သေနာလေးတွေ လို့မေတ္တာပို့ကြလည်း မိုးသီးတို့ ခံယူဘူးပါတယ်။
အခုလည်း သီးတင်းကျွတ် ခါနီးပြီဆိုတော့ ဗမာပြည်ကိုသတိရတယ်။ ဗျောက်အိုးဖေါက်ခဲ့တဲ့ဘ၀ကို တမ်းတလှတယ်။ ဒီတော့ ဓမ္မမိတ်ဆွေတွေနဲ့ အပေါင်းအသင်းဟောင်းတွေကို အောင်းမေ့သောအားဖြင့်
မိုးသီး အကြိုက်ဆုံးပေသီးလုပ်နည်းလေးကို မေတ္တာရှေ့ထားပါးလိုက်ပါတယ်။
ပေသီးလုပ်တာလွယ်လွယ်လေးပါ။
ကန့် နဲ့ သကြားရရင်ရတယ်။ ကန့်ကို ဆာလဖါလို့လည်းခေါ်တယ်။ အရောင်က အ၀ါရောင်နုနုလေး။
ကန့်  ကို ညက်အောင်ထောင်း။ သကြားကိုလည်း ညက်အောင်ထောင်း။ ပေါင်ဒါမှုန့်နီးပါးရအောင် ထောင်းရမယ်နော်။ ပြီးရင် ကန် ၈ ဆနဲ့ သကြား ၁ ဆ ကို ရောရမယ်။ အချိုးဆက - ကန့်က ဇွန်း နဲ့ ရှစ်ဇွန်းဆိုရင် သကြားက တစ်ဇွန်းပေါ့။ ဖန်ခွက်နဲ့ ချိန်ရင်လည်း ကန့် ၈ ခွက် ဆိုရင် သကြားက တခွက်ပေါ့။ အလေးချိန်နဲ့ ဆိုရင် ကန် ၈ ကျပ်သား ဆိုရင် သကြား ၁ ကျပ်သားပေါ့။ ဒီအချိုးစားတိုင်းတာရှိပါစေ။
ကြိုက်တာနဲ့ ခ်ျိန်တွယ်နိုင်တယ်။
ရောတဲ့အခါမှာ အရင်စလိုမလုပ်နဲ့ အရမ်းကာရောမွှေတာမျိုး မလုပ်ရဘူးနော်။
( လက်ဝါးထောင်ပြီး။ ဒီလိုမလုပ်ပါဘူးလို့ ကတိပြုလိုက်စမ်း) ။ ဖြေးဖြေးသမအောင်မွှေ၊ ဖြေးဖြေးရော။ ခပ်ပြင်းပြင်းမွှေလိုက်ရင် ထပေါက်တတ်လို့ပဲ။ သူကသိပ်ပြင်းနေပြီလေ။
ကန့်နဲ့ သကြား အချိုးဆတိုင်းရောပြီးရင် စက္ကူ ထဲကိုထည့် ၊ ခဲလုံးသေးသေးလေးတွေ ထည့်
ပြီးရင်စက္ကူကို အထပ်ထပ်ပိတ် အလုံးလေးပုံ ( လောက်စလုံးခန့် ) ရအောင်လုံးပေါ့။ စက္ကူမကွာအောင်
လေလုံအောင် ကော်နဲ့ ကပ်လိုက်ပေါ့။ လေလုံလေ အသံမြည်လေပဲ။ လေးခွနဲ့ ထည့်ပစ်ရင်၊ ဒါမှမဟုတ်ပေတရာကို ပစ်လိုက်ရင် ဖြောင်းဆိုအလွန်အောင်တဲ့ အသံကိုရလိမ့်မယ်။
ဥပမာ ကန့် နဲ့ သကြား အချိုး ညီအရော ( ကန် ၈ ဆ၊ သကြား ၁ ဆ) ကို
သံပိုက်ထဲထည့် ၊ ပုလင်းထဲထည့် အဖုံးကို လေလုံအောင်ပိတ် မယ်။ သံပိုက်ဆိုရင် ၈ လက်မလောက်ဖြတ်ပြစ်။
သံပိုက်ထဲကို ကိုသံတိုသံစတွေ ခဲလုံးတွေ၊ ဖန်ကွဲ စတွေထည့်ပြီး နှစ်ဖက်ကိုပြန်ပိတ်။ တွင်ခုံမှာ အဖုံးနှစ်ဖက် လုပ်ပြီးပိတ်ပိတ်။ သစ်သားစနဲ့ စို့ပြီးပြန်ပိတ်ပိတ် ရတယ်။
အဓိက လေလုံဖို့ နဲ့ ကြပ်ကြပ်ရှိဖို့ပဲ။ ဒီလိုလုပ်ပြီးရင်လိုရာကို ပစ်ခွဲလိုက်ရင် အလွန်ပြင်းတဲ့ မဟာဗျောက်အိုးကြီး ဖြစ်လာလိမ့်မယ်ကွဲ့။ ဆွေးမျိုမေ့သွားမယ်မှတ်။
စိတ်ချလက်ချသုံးစွဲတော်မူပါ။ ဒါဟာ အရွယ်ရောက် ဓမ္မမိတ်ဆွေတွေ အတွက်ပဲဖြစ်တယ်။ ( ကလေးတို့ ရေ... ဒီနည်းကိုတော့လူကြီးတွေ အိမ်မှာ မရှိတုံး မစမ်းရဘူးနော်။ ကလေးတွေ မလုပ်ပါဘူးလို့ ဦးဦးကိုကတိပြုစမ်း။ )

ပုလင်း ဗျောက်အိုး။
နောက် ကျနော်အကြိုက်ဆုံး ဗျောက်အိုးကတော့ ဓါတ်ဆီပုလင်း ပဲ။
ဓါတ်ဆီပုလင်းထဲကို ဓါတ်ဆီ သုံးပုံ နစ်ပုံခန့်ထည့်။ အ၀တ်စတစ မီးစာအဖြစ်နဲ့ ပုလင်းထဲကိုထည့်။ မီးစာက ပုလင်းဝနဲ့ ခပ်ချောင်ချောင်လေး ဖြစ်နေရမယ်။ လေရအောင်လုပ်ရတဲ့သဘော။ သိပ်ချောင်ရင်လည်းမကောင်းဘူး။ မီးဇာ ကို သိပ်တိုလွန်းရင်မကောင်းဘူး။ ရှည်တာကတော့ရှည်နိင်တယ်။
ဒီဗျောက်အိုးလေးကို ပစ်ခါနီးမှာ မီးရှို့လိုက်ပြီး ပစ်ရုံပါပဲ။
တိုက်ခေါင်းမိုးကနေ အောက်ကလာတဲ့ ကားနဲ့ လာတဲ့ တစ္ဆေ သရဲတွေ တွေကို ပစ်လိုက်ရုံပါပဲ။
လေးငါးဆယ်လုံး အရံသင့် လုပ်ထားဖို့လိုတယ်။ လူ သုံးယောက်လောက်ဆိုရင် ဒီဗျောက်အိုး ဖေါက်နည်းက အလွန် လုံခြုံမှုရှိပြီး ပျော်ဖို့သိပ်ကောင်းတယ်။

ကားဘီးဖေါက်တမ်းကစားမယ်။
နောက် မိုးသီးတို့ နစ်သက်တဲ့ အားကစားတခုကတော့ ၆ လက်မသံချောင်းတွေ
ပျဉ်ပြားမှာ ရိုက်ပြီး ညဖက်မှာ ကားလမ်းပေါ်ချထားတဲ့နည်းပဲ။ ဒီနည်းနဲ့ မိစ္ဆာကားတွေကို
ရှေ့ဆက်လို့ မရအောင် ၈၈ တုံးကလုပ်ခဲ့တာပေါ့။ ဒီလိုလုပ်တဲ့အခါမှာတော့ ရပ်ကွက်တွေနားမှာ
လုပ်လေ့မရှိဘူး။ ရပ်ကွက် ကလူတွေကို ရန်မရှာနိင်အောင် ခပ်ဝေးဝေးကြီးမှာ သွားချထားလိုက်တယ်။
ညဖက်မှာ ဒိုင်းကနဲ့ ပေါက်သွားတဲ့ ကားဘီးပေါက်သံ က သိပ်နားထောင်လို့ကောင်းတယ်။
ဖြူဖြုကျော်သိန်း အသံလိုပဲ ။

Read More...

Monday, 1 October 2007

၁ အောက်တိုဘာလ ၂၀၀၇

- ဒီကနေ့ နေ့လယ် (၂)နာရီလောက်မှာ ဆူးလေဘုရားနားမှာ ကျောင်းသားလူငယ် (၂၀)အဖမ်းခံရတယ်။ သူတို့က တောင်ဥကကလာပ (၁၅)ရပ်ကွက်ကနေ မြို့ထဲကို ဆန္ဒပြဖို့ လာတာလို့ သိရပါတယ်။
1 Oct 07, 17:31
- ရခိုင်ပြည်နယ် မာန်အောင်မှာ ဆန္ဒပြတယ်လို့သိရ အသေးစိတ် မရသေးပါ၊
1 Oct 07, 17:29
minzaw: အင်းစိန် GTI မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံဃာ ဆရာလေး လူ (၁၉၇၄)ဦးကို စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်း ဘ၀သစ် ရဲဘက်စခန်းကို လူမျိုးတုန်း စီမံကိန်း ခေါင်းစဉ်နဲ့ ပို့မယ်လို့ သတင်းရပါတယ်၊
-ယနေ့ ဂမ်ဘာရီ မူဆယ်ကိုရောက်ပြီး ကြယ်ခေါင်အထိသွားကြည့်ခဲ့ မနက်ဖြန်လုပ်မယ့် လားရှိုးက အပုပ်ချပွဲကိုတက်ရောက်မည် ဟု သတင်းရ။

ရန်ကုန် အင်းစိန် ပြည်သူလူထုအင်အား နှစ်ထောင်ခန့်ဆန္ဒပြ
14:11
ညောင်ဦးမြို နဲ့  ကျောက်ပန်းတောင်းမြို့ တို့ မှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားနေတယ်လို့  သိရပါတယ်။ ဈေးဆိုင်တွေ ပိတ်ထားတယ်လို့ လည်း ကြားရပါတယ်။
13:55
အခု ထိုင်းစံတော်ချိန် နေ့လည် 1:45 pm မှာ ထိုင်းသံဃာ ၁၁ ပါး နဲ့ ထိုင်း လူမျိုး ၄၅ ဦး ဘန်ကောက်ရှိ မြန်မာသံရုံကို လာလောက်ဆန္ဒပြနေပါတယ်၊




Read More...

Sunday, 30 September 2007

အဝေးကပေးစာတစောင်

၂၀၀၇ခုနှစ် စက်တင်ဘာ ၂၈ ရက်

ကိုဟိုဒင်းရေ ………

လူကိုခွေးသတ်တာသာမက သံဃာကိုခွေးသတ်တာပါ ကျနော်တို့တွေ့နေကြရပါပြီ။ ဗမာပြည် သမိုင်းမှာ အဆိုး ဆုံးအဖြစ်ကို ကျနော်တို့မျက်မြင်ကိုယ်တွေ့ရင်ဆိုင်နေရတာပါလားဗျာ။ ဒါဗမာနိုင်မှဟုတ်ပါလေစ၊ ၂၁ရာစု မှ ဟုတ်ပါလေစလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိတော့တယ်။

အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက် ၁၉၃၆ခုနှစ်၊ မန္တလေးအာဇာနည်(၁၇)ဦးအရေးအခင်းမှာ သံဃာကိုပစ်သတ် တယ်ဆိုတာရှိခဲ့ဘူးတယ်။ ဒါပေမဲ့ အဲဒါက ကိုလိုနီအစိုးရ၊ ဘာသာမတူ၊ လူမျိုးကွဲပြား၊ တခြားနိုင်ငံကလာတဲ့ နယ်ချဲ့တွေ။ နောက်ပြီ ဂျပန်ဖက်ဆစ်ကာလတုန်းက သံဃာတော်တွေကို ရိုက်တယ်နှက်တယ်ဆိုတာရှိခဲ့ဖူး တယ်၊ ဒါဟာလည်း ဓလေ့ထုံးစံမတူ၊ လူမျိုးကွဲပြားတဲ့ တိုင်းတပါးကဖက်ဆစ်တွေ။

အခုတော့ ရိုင်းပလေ့ဗျာ ……. ရာဇ၀င်ရိုင်းပလေ။



ရွှေတိဂုံကုန်းတော်ပေါ်မှာ စစ်ဖိနပ်တွေ တခွပ်ခွပ်နဲ့တဲ့။ ရှေးခေတ်က ဗမာအမျိုးသားတွေ အင်္ဂလိပ်ကိုလိုနီနဲ့ ရင် ဆိုင်ခဲ့ကြတာကို မကြားဖူးကြလေရော့သလား။ ရွှေတိဂုံကုန်းတော်ပေါ်မှာ ဖိနပ်မချွတ်တဲ့ အင်္ဂလိပ်ကို အသေခံ ပြီး ဓားနဲ့ခုတ်ခဲ့တာလေ။ ကျနော်တို့နိုင်ငံသားတွေ၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ပြင်းပြင်းထန်ထန်တိုက်ပွဲ ဆင်ခဲ့ ရတဲ့ သမိုင်းရှိခဲ့ပါတယ်။ အဲဒီတုန်းက သတင်းစာတွေ၊ ဇာတ်သဘင်တွေအပါ ဒီကိစ္စကိုအပြင်းအထန် ဆန့်ကျင် ကြလို့ တနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်ခဲ့သည်။ ဒါဟာမဝေးလှသေးတဲ့ သမိုင်း၊စာနဲ့ ပေနဲ့ ဓါတ်ပုံအထောက်အထားနဲ့ကိုရှိတဲ့ သမိုင်းဖြစ်ပါတယ်။ ဒါနဲ့တောင်မှ အခုကိုယ်နိုင်ငံသားကတိုင်းတပါးသား ထက်တောင်ပိုမိုက်ရိုင်းတာ တွေ့နေရပါရော့လား။ ကိုဟိုဒင်းရေ၊ ခင်ဗျားလည်း ကျနော်လိုပဲနေမှာပါ၊ အခုအခါ မှာ ရေဒီယို အင်တာနက်တွေရှေ့မှာထိုင်ပြီး လူဟာတုန်ရီနေ အောင် ဒေါသတွေဖြစ်နေရတယ်။ ခင်ဗျားဆီကို ရေးတဲ့ ဒီစာမှာ ဒေါသသံများ ပါသွားရင် လည်းခွင့်လွှတ်ပါ။ ဒီအချိန်ဟာ ကျနော်တို့ နိုင်ငံသားတွေ တကယ့် ကိုကြိတ်မနိုင်ခဲမရ ဒေါသ တွေဖြစ်ကြ မျက်ရည်တွေကျကြတဲ့အချိန်ပါ။

ပြောလို့ပြောတာမဟုတ်ပါဘူးဗျာ။ ကျနော်တို့နိုင်ငံက သံဃာတော်တွေလောက် ကိုယ်ကျိုးစွန့် တဲ့၊ နိုင်ငံနဲ့ အမျိုး သားကို ချစ်မြတ်နိုးတဲ့ သံဃာတော်၊ ဒါမှမဟုတ် တခြားဘာသာရေးဝန်ထမ်း ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ခံစားမိပါ တယ်ဗျာ။ တဦးစ၊တဖွဲ့စတော့ ရှိနိုင်လောက်ပါတယ်။ ဒါပေမဲ့ အခုလို သောင်းလိုက်၊ သိန်း လိုက်ပရိတ်ရွတ်၊ မေတ္တာပို့ပြီး သေနတ်ပြောင်းတွေကို ထိပ်တိုက်ဝင်တိုးတဲ့ သာသနာ့ဝန်ထမ်းမျိုး ကြားတောင် မကြားဖူးပါဘူးဗျာ။ သူတို့ကိုကြည့်ပြီ ဒါယိကာ၊ ဒါယိကာမတွေ မျက်ရည်ကျကြတာလည်း သဘာဝကျပါတယ်။ ကျနော်တို့တောင်မှ တွေးလိုက်ရင် ရင်ထဲမှာဆို့နင့်နင့်ကြီးခံစားရတာ မဟုတ်လား။

ရဲဘော်ကြီးမှတ်မိမှာပါ၊ ဂဠုန်ဆရာစံကို ဂုဏ်ပြုတဲ့လေးချိုးကြီးမှာ ဆရာကြီးသခင်ကိုယ်တော် မှိုင်းက ‘ရဂုံချစ်စ ရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာကတိတွေနဲ့၊ ဂဠုန်သရဏံဂစ္ဆာမိကြပေ တော့’ လို့ အင်မတန် စိတ်အား ကြွစဖွယ် ရေးခဲ့တာလေ။ ဒါဟာ ရတနာသုံးပါးကို ဦးထိပ်ထား ကြောင်း ဘုရားစာထဲက စာကြောင်းကို အင်မ တန်ပြောင်မြောက်စွာပြင်ပြီ ကိုယ်တော်မှိုင်းဟန် ပြုထားတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကိုအခုတော့ ကျနော် တို့က သူ့မူရင်းအတိုင်း သံဃာ သရဏံဂစ္ဆာမိ ပြန်ဆိုကြရွတ်မိကြပါတယ်။ ဒါပေမဲ့ ကိုဟိုဒင်းရေ၊ အခု အဲဒီရတနာသုံးပါးထဲက တပါးကို စစ်ဖိနပ်တွေနဲ့ကန်လားကန်ရဲ့၊ ခေါင်းရိုက်လားရိုက်ရဲ့။ ဗမာစကားမှ ဘုန်းကြီး ခေါင်း ခေါက်ပြီးကန်တော့တယ်ဆိုတာ မှတ်မိတယ်မဟုတ်လား။ နအဖကတော့ ဘုန်းကြီးခေါင်းကို လှိမ့်ကန်ပြီး တာတောင် ဘုန်းကြီးက ပြန်ဝန်ချတောင်းပန်ခိုင်းနေလေရဲ့ဗျာ။ နောက်ပြီး မြို့လည်ခေါင်က လမ်းမကြီးတွေ ပေါ်မှာ သံဃာတော်တွေကို အမဲပစ်သလို စိမ်ပြေနပြေပစ် သတ်နေတာကရော။ ဒီကောင်တွေကို ရာသက်ပန် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရမယ်။

ပြောရရင် ကျနော်တို့ဒီနေ့ရင်ဆိုင်နေရတဲ့ ဖိနှိပ်သူတွေ၊ ကျနော်ကတော့ ရန်သူလိုပဲ တည့်တည့်ခေါ်မယ်ဗျာ၊ ဒီကောင်တွေဟာ တော်ရုံရက်စက်တာမဟုတ်ပါဘူး။ သူတို့ဟာ အခုကိစ္စကျ မှ သူတိုရဲ့ဒေါကို အနှိုးဆွခံရပြီး စိတ်လိုက်မာန်ပါတွေ လျောက်လုပ်နေတာ၊ ရှက်ရမ်းရမ်းနေ တာ မဟုတ်ဘူးဗျ။ သူတို့မှာ လူထုအပေါ် ဒီလို မတရားမညှာတာ ရက်ရက်စက်စက်လုပ်ဖို့ဆို တာဟာ ဗမာနိုင်ငံမှာ စစ်အုပ်စုရယ်လို့စပေါ်လာကတည်းက သူတို့ခေါင်းထဲမှာ ရှိခဲ့တဲ့ အတွေး အခေါ်ဖြစ်တယ်။ သူတို့ရဲ့ဒီအတွေးအခေါ်ကို ဗိုလ်နေ၀င်က အာဏာတက် လာစဉ်မှာ ‘ဓားဓား ချင်း၊ လှံလှံချင်းရင်ဆိုင်မယ်’ လို့ကြေငြာပြီး ပလ္လင်ပေါ်က အဆင်းကျတော့‘စစ်တပ်က မှန် အောင်သေအောင်ပစ်တယ်’ လို့ ကျိန်စာတိုက်တာနဲ့ ဖော်ပြခဲ့တယ်။ ဆိုလိုတာ ဒါဟာသူတို့ရဲ့ အသွေးထဲအသား ထဲမှာ စိမ့်ဝင်နေတဲ့ အယူအဆဖြစ်တယ်။ သူတို့သေမှ ဒီအယူအဆနဲ့ လုပ်ဟန်ကိုစွန့်မှာ။

ကျနော်တို့ ပြည်သူတွေဟာ ဒီလိုကောင်းမျိုးတွေကို ရင်ဆိုင်နေရတာပါ။ (ဒါနဲ့များတောင် တချို့ လူတွေက ဗမာ ပြည်ကလူတွေ ကြောက်နေကြတယ်၊ အကြောက်တရားက ဖိစီးခြင်းခံ နေရတယ် ဆိုတာမျိုးပြောကြသေး တယ်ဗျ)။

ခင်ဗျားစဉ်းစားကြည့်ပါ ရဲဘော်ကြီးရယ်။ အိမ်မှာနေတော့ ရိုက်ပြီးဖမ်းတယ်၊ လမ်းပေါ်ထွက်တော့ သေနတ်နဲ့ ပစ်တယ်။ ဒီလောက်ယုတ်မာရမ်းကားနေမှတော့ လူတွေအနေနဲ့ သည်းခံနိုင် စွမ်းတွေ ကုန်းဆုံးယုံမက ရရာ လက်နှက်နဲ့ ပြန်ချချင်စိတ်တွေ ပေါ်တာဆန်းသလားဗျာ။ သူများမပြောနဲ့၊ ပြည်ပမှာနေပြီး အင်တာနက် သတင်း တွေကိုဖတ်နေရတဲ့ ကျနော်တို့ ခင်ဗျား တို့ကိုပဲ လက်ထဲရှိတဲ့ မောက်စ်ကိုကိုင်းပြီး မော်နီတာပေါ်က စစ်သားတွေပုံကို ပစ်ပေါက်ချင် တဲ့ ဆန္ဒတွေပေါ်တယ်မဟုတ်လား။ တကယ်လို့သာ အနီးအနားမှာ လက်နက် လွယ်လွယ်ရ နိုင်ရင် လက်နက်ကိုင် ပုန်ကန်မှုအမျိုးအမျိုးပေါ်ပေါက်တာ ကြာလှရော့မယ်၊ ဆိုလိုတာက အခု လိုဖြစ်နေမှတော့ ပြည်သူတွေဘက်က ဘာပဲလုပ်လုပ် တရားတယ်ဆိုတာပဲ ရောင်းရင်းကြီး ရေ့။ ဒီကောင်တွေ ကို ခဲနဲ့ပြန်ပေါက်၊ တုတ်နဲ့ပြန်ရိုက်လည်းတရားတယ်၊ ချောင်းရိုက်၊ ချောင်း ထုတာလဲတရားတယ်။ သေနတ်ရှာ တွေ့လို့ သေနတ်နဲ့ပြန်ပစ်၊ လက်လုပ်ဗုံးနဲ့ထုရင်လည်း ကျနော်တော့ လက်ခုပ်တီးမယ်ဗျာ။
ပြည်သူတွေကို ဒီလိုလုပ်အောင်တွန်းပို့နေတာဟာ အုပ်စိုးသူတွေဖြစ်တယ်။ လမ်းပေါ်လျှောက် နေသူကို သေနတ်ကိုင်စေတာဟာ အုပ်စိုးသူပဲ။ ဒီအချက်ကို ဒီနေ့ဗမာပြည်အဖြစ်အပျက်က ထပ်ပြီးအတည်ပြုပေးတယ် လို့ပဲ ပြောရမယ်။ ဒါဟာသမိုင်းနဲ့ဆိုင်တဲ့ မှတ်တမ်းတင်ရမယ့် အရေးကြီးတဲ့အချက်ပဲ။
နောက်ဆုံးအနေနဲ့တော့ ကျနော်ပြောရဲတယ်ဗျာ ကိုဟိုဒင်း၊ ကျနော်တိုနိုင်ငံမှာ သသနာတည်မြဲတယ်ဆိုရင် ဒါဟာ ဗိုလ်သန်းရွှေတို့က ပုဂံမှာ မျှော်စင်ကြီးဆောက်တဲ့ ကုသိုလ် မျိုးကြောင့် လုံးဝမဟုတ်ဘူး။ ဟောဒီလို မျက်ရည်အသွယ်သွယ်နဲ့ လုပ်အုပ်ချီနေတဲ့ ဒါယိကာ ဒါယိကာမတွေရဲ့ အကြားမှာ သေနတ်ပြောင်းတွေရှိရာကို မေတ္တာသုတ်ရွတ်ရင်းကြွချီသွားကြ တဲ့ သံဃာတော် အရှင်သူမြတ်တွေကြောင့်ပဲဗျ။
ဘယာဘေး ကွာဝေကြပါစေ။

ယာတောက သာဗြော

Read More...

Saturday, 29 September 2007

၃၀စက်တင်ဘာ၂၀၀၇

- ဒီကနေ့ နေ့လယ် (၂)နာရီလောက်မှာ ဆူးလေဘုရားနားမှာ ကျောင်းသားလူငယ် (၂၀)အဖမ်းခံရတယ်။ သူတို့က တောင်ဥကကလာပ (၁၅)ရပ်ကွက်ကနေ မြို့ထဲကို ဆန္ဒပြဖို့ လာတာလို့ သိရပါတယ်။
1 Oct 07, 17:31
- ရခိုင်ပြည်နယ် မာန်အောင်မှာ ဆန္ဒပြတယ်လို့သိရ အသေးစိတ် မရသေးပါ၊
1 Oct 07, 17:29
- အင်းစိန် GTI မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံဃာ ဆရာလေး လူ (၁၉၇၄)ဦးကို စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်း ဘ၀သစ် ရဲဘက်စခန်းကို လူမျိုးတုန်း စီမံကိန်း ခေါင်းစဉ်နဲ့ ပို့မယ်လို့ သတင်းရပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂမ်ဘာရီ တွေ့ဆုံခြင်း

- ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီသည် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့ နေ့လယ်က ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာတွငတွင် မိနစ် ၂ဝ ခန့်တွေ့ဆုံခဲ့သည်။ ကြပ်ပြေး နေပြည်တော်မှ ပြန်လာသော ကုလ ကိုယ်စားလှယ် ခေါင်းဆောင်သော ၃ ဦးပါ အဖွဲ့သည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံအပြီး အပြန်တွင် ဒေါ်စုနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

Niknayman: ဂျပန်နိုင်ငံတွင် နအဖသံရုံးအား ဂျပန်မှနေ ထွက်သွားရန် ဂျပန်ပြည်သူများမှ သံရုံးရှေ့ သွားရောက်ပြီး အပြင်းအထန် အော်ဟစ်မောင်းထုတ်နေကြပါတယ်။

15:24

minzaw: ဘုန်းဘုန်းတို့ကို မဖမ်းရန်ပြောတဲ့ ရပ်ကွက်က ပြည်သူတဦးကို ပစ်သတ်လိုက်ပြီး ထိုသူ့မိန်းမအား ပါးရိုက်ခဲ့သည်။ ကိုရင်လေးများကို ခြေထောက်မှ ဆွဲပြီး ကားပေါ်တင်ခဲ့ကြောင်း သတင်းရရှိပါသည်

- သာကေတ ၃ ရပ်ကွက်နဲ့ ၄ ရပ်ကွက်မှာ ဘုန်းကြီးတွေကို လာမဖမ်းအောင် ကားလမ်းတွေဖက်မှာ ပြည်သူတွေက စောင့်နေစဉ် ရေလမ်းမှ လာရောက်ပြီး ဘုန်းကြီးကျောင်းများကို ၀င်ရောက်စီးနင်းခဲ့ပါသည်၂၉ ရက်နေ့ညက့ဖြစ်ပါတယ်



ရန်ကုန်မြို့ထဲက အ.ထ.က တွေမှာ နအဖ က ကျောင်းအုပ်တွေကို ဆင့်ခေါ်ပြီး... တခန်းကို ကျောင်းသား ၄ ယောက် တောင်းတယ်။ ခေါ်လို့ရတဲ့ ကျောင်းသားတွေကို ဘုန်းကြီးဝတ်ခိုင်းပြီး ဂမ်ဘာရီကို ပြမလို့တဲ့ ဟု မြို့ခံတဦးမှ ပြောဆိုသည်။

အခုလောလောဆယ်..ဘုရင့်နောင်လမ်းမပေါ်မှာ စစ်ကားတွေ အများကြီးရောက်နေတယ်။ စစ်သားတွေက မြေပုံတွေ ကြည့်နေကြတယ်ဟု မျက်မြင်တဦးမှ ပြောသည်။ (ဆုံဆည်းရာ)


05:12
တောင်ဥက္ကလာပတွင် နအဖ စစ်သားများ၏ ပြစ်ခတ်မှုကြောင့် သေဆုံးသူအချို့ မှာ ကိုစိုးသန်း (ခ) စီတုန်း (အသက် ၄၁ နှစ်)၊ မျိုးမင်းထွန်း (အသက် ၂၂ နှစ်)၊ ဇေယျာနိုင် (အသက် ၁၈ နှစ်) တို့  ဖြစ်ပါတယ်။

Read More...

Thursday, 27 September 2007

၂၈ စက်တင်ဘာ ၂၀၀၇

15:29
မန္တလေး ဘုရားကြီး အရှေ့ဖက်မုဒ်မှာ လူထုနဲ့ စစ်တပ် ထိပ်တိုက်တွေ့နေပါတယ် စစ်တပ်က စည်း၃စည်း တားထားပါတယ်
15:23
ရန်ကုန်အတွင်း အချို့ ရပ်ကွက်များမှာ စစ်တပ်များမ၀င်နိုင်အောင် ပိတ်ဆို့နေပါတယ် လူငယ်များဦးဆောင်ပြီး စုဖွဲ့မှုများ ပြင်ဆင်မှုများ လုပ်နေကြပါပြီ

- ပန်းဆိုးတန်း နဲ့ မဟာဗန္နုလမ်းထောင့်မှာ ပစ်နေတယ် သတင်းကြားရ။

28 Sep 07, 09:30
သံဃာ့မဟာနာယကဆရာတော်ကြီးတွေနဲ့  စစ်တပ်ထဲက ပြည်သူ့ တပ်မတော်သားတွေ ပြည်သူဘက်ကို လိုက်လာတော့မယ့်အခြေအေနရှိနေပါပြီ။

09:29
ဓါတ်ပုံ ရိုက်ထားရာ အရပ် နဲ့ နေထိုင်ရာ အခန်းများ ကို စစ်အစိုးရမှ ခြေရာခံလိုက်နေပါတယ် ယမာန်နေ့က ထရိတ်ဒါးနဲ့ ဆာကူရာမှာ စစ်သားများ ကွန်ပျူတာအားလုံးကို စစ်ဆေးသွား ကြပါတယ် ။

09:08
တစ်ချို့စစ်တပ်ကမိတ္ထီလာကခေါ်လာတာဖြစ်ပြီ့း...ဘုန်းကြီးကျောင်းတစ်ချို့မှာကွန်မြူနစ်တွေသိမ်းထားလို့ပြန်သိမ်းရမယ်လို့အထက်ကအရာရှိတွေက ညာ ပြီးလုပ်ခိုင်းတယ်လိုဆိုကြပါတယ်။
05:54
ညက ဒေါပုံမြို့နယ်ရွာလည်းကျောင်း၊ သံဃာတော်အပါး ၃၀၀ ခန့်ကို ကြမ်းတမ်းစွာဆဲဆိုရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။
09:03
မနေ့က ပစ်ခတ်ခိုင်းတဲ့စစ်သားတွေက စစ်သားအစစ်တွေမဟုတ်ပဲ ထောင်သားတွေကို ထောင်သားတွေကို လေ့ကျင့်သင်ကြားပေးပြီး ဆေးတိုက် ပစ်ခိုင်းတာလို့ ယုံကြည်စိတ်ချရတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။


လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသို့ မြန်မာပြည်တွင်းမှ မေတ္တာရပ်ခံချက်

Read More...

၂၈ စက်တင်ဘာ ၂၀၀၇

၂၈.၉.၀၇ နေ့က တာမွေ အထက (၃)ရှေ့ တွင် နအဖ ယုတ်မာခဲ့ပုံ


- နိုင်ငံတော်သံဃာနာယကအဖွဲနဲ့ အတော့်ကိုနီးစပ်တဲ့ ဆရာတော်တစ်ပါးပြောကြားချက်အရ နိုင်ငံတော်သံဃာနာယကဆရာတော်တွေထဲက ဆရာတော်ကြီး အပါး (၃၀) ဟာ အခုလို ရဟန်းဘုန်းကြီးတွေကို ပြစ်ခတ်သတ်ဖြတ်တာကို လုံးဝအဘောမတူဘဲ အတော့်ကို မကျေမနပ်ဖြစ်နေကြတယ်လို့  အသိပေးလာပါတယ်။

- ဒီဆရာတော်ကဘဲ မိန့် ကြားတာက ပြည်သူတွေအနေနဲ့  အတတ်နိုင်ဆုံး ပြန်လည်အကြမ်းဖက်မှုတွေကို ရှောင်ပြီး လူထုချီတက်ပွဲတွေကို ပိုမိုလုပ်ဆောင်သွားဖို့  တိုက်တွန်းထားပါတယ်။ အောင်ပွဲရဖို့ အတွက်ကို ဒီလိုလုပ်ဆောင်သင့်ကြောင်း၊ ပြန်လည်အကြမ်းဖက်ရင် နအဖဖန်တီးတဲ့လမ်းကြောင်းပေါ်ရောက်သွားမှာဖြစ်ပြီး ငြိမ်းချမ်းစွာ နဲ့ လူထုဆန္ဒပြပွဲအနေအထားကနေ ဖရိုဖရဲ ဖြစ်ပြီး မိမိတို့  ရင်းနှီးပေးဆပ်နေရတာတွေ အလဟသဖြစ်သွားမှာ စိုးရိမ်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။ အခုလို ပိုမို ဒုက္ခရောက်နေကြတဲ့  ဘုန်းဘုန်းတွေကို ပြည်သူလူထုက အတတ်နိုင်ဆုံး ဒီထက်ပိုပြီး ကူညီပံ့ပိုးပေးကြဖို့ နဲ့  ပြည်သူလူထုတွေ ထပ်မံ အင်အားတိုး ပါဝင်လာကြဖို့ ကိုလည်း အထူးမေတ္တာရပ်ခံသွားပါတယ်။

- မနေ့ ည (၉း၄၅) နာရီတွင် စစ်ကား(၇)စီးနှင့် နောက်က အရာရှိကားတစ်စီး အင်းစိန်းလမ်းမှပေါ်မှ အင်းစိန်ဘက်သို့ မောင်းသွား။ ကားပေါ်တွင် လူသေများ၊ ဒဏ်ရာရသူများ များစွာပါသွားကြောင်း သိရှိရပါတယ်။

- ရွေတိဂုံဘုရားမှာ ဘုန်းကြီးခေါင်းကို ရိုက်တဲ့သူနာမည်က ရန်ကင်းက အောင်ထူးတဲ့၊ ကြံ့ဖွံ့ အလုပ်မှုဆောင်အဖွဲ့ ဝင်ဖြစ်ကြောင်း သိရပါတယ်။

Read More...

၂၇ စက်တင်ဘလ ၂၀၀၇




18:07
နတ်စင်လမ်းဘက်တွင်ဆက်လက်ပစ်ခတ်ဆဲ။
18:06
လှည်းတန်းဘက်ကိုမသွားတော့ပဲဘုရင်နောင်ဘက်ကိုဆက်လက်ချီတက်သွား။ရွာမလမ်းဆုံကိုရောက်။ ကြည့်မြင်တိုင်အောက်လမ်းဘက်ကိုလမ်းပိတ်ထား။ သေနတ်များပစ်ခတ်လျက်ရှိ။
18:04
အနော်ရထာဆူးလေပွိုင့်မှာတော့ တပ်တွေ နေရာယူထားသေးတယ်။ ပန်းဆိုးတန်းဘက်မှာနေရာယူထားတဲ့ တပ်တွေလဲ ပြန်ရုပ်နေတယ်။

Read More...

၂၇ စက်တင်ဘလ ၂၀၀၇

Read More...

၂၇ စက်တင်ဘလ ၂၀၀၇

သေတဲ့ နိုင်ငံခြားသားက ဂျပန်နိုင်ငံသား ဓါတ်ပုံဆရာ ဖြစ်တယ်လို့ သတင်းရ။
16:59
တောင်ဥက္ကလာ (၉)ရပ်ကွက်နဲ့(၆)ရပ်ကွက်ကြားစစ်တပ်နဲ့ လူထု တွေ့တယ်။ပစ်တယ်။ ၅ ယောက်သေတယ်။
16:56
တောင်ဥက္ကလာ သစ္စာလမ်းမှာ လက်ရှိစာရင်းရ လူလေးဦး သေဆုံး ... ဒဏ်ရာရရှိသူအများအပြား ရှိ .... စစ်တပ်အင်အားထပ်ဖြည့်ထား
16:48
သတင်းထောက်သေတယ်ဆိုတာမှန်တယ်လို့သေချာတဲ့သတင်းတစ်ခုရပါတယ်၊ မီးသတ်ကားနဲ့ deadbody ကို aa pharmacy ရှေ့မှာ ရေဆေးတယ်ဆိုတာလဲမှန်ပါတယ်

16:48
တာမွေ မှဘုန်းကြီးကျောင်းများ ဒီိည၀င်စီးမည်ဟု သိရ၊ တာမွေ အနီးတ၀ိုက်ရှိလူထုအနေဖြင့် တသက်လုံး ဖုန်းကြီး ၀တ်လာတာ ဒီတိုင်းဘဲနေမည်ဟု သိရ။

16:45
စစ်တပ်က မီးရထားဂုံးပေါကနေရာယူတားးတယ် တစ်ယောက်ပြီးတစ်ယောက်ပစ်တယ် ၃၈လပမ်းထိပ်မှာတောင်မျက်ရည်ယိုဗုံးလေလုံးခွဲလိုက်တယ် မြို့ထဲမှာတင် အကျအဆုံးတစ်ရာကျော်သွားပြီ
16:43
ပန်းဆိုးတန်းမှာ ခုပစ်နေတုန်းပဲ လူသေအလောင်းတွေ ပုံနေပါပြီ ခုပဲ မြင်လာခဲ့ပါတယ်တဲ့ အောက်ကြည့်မြင်တိုင်လမ်းကနေ လူထုကြီးက ဖြတ်ကျော်ချီတက်လာနေပါပြီ

16:40
စစ်ခွေးဘီလူးကြီးသန်းရွှေက အထက်မှပြတ်ပြတ်သားသားကိုင်တွယ်ရန် ၄င်း၏နောက်လိုက်စစ်ခွေးများထံ အမိန့်ထုတ်ပြန်လိုက်သည်ဟု စစ်တပ်နှင့်အနီးစပ်ဆုံးရပ်ကွက်မှ အခိုင်အမာသတင်းရရှိထားပါသည်။
16:40
ငွေကြာယံမှာ အစွမ်းကုန်ရမ်းကားနေတယ် ။ တော်တော် အထိနာနေပြီလို့ သိရပါတယ် ..

16:33
၃ နာရီလောက်မှာ ကျိုက္ကဆံ ကွင်းနားမှာ လူထူတွေလမးတွေက်ုသစ်သားတွေနဲ့ပိတ်ပြီးစစ်တပ်နဲ့ အပြိုင် ထိပ်တိုက် စုဝေးနေပါတယ်..ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ ၊သံဃာတွေကိုအဲဒီ ကျိုက္ကဆံကွင်းထဲမှာ လာလာပို့တယ်လို့ပြောပါတယ်...အဲဒီမှာ..ကျောင်းသားတွေက ခွပ်ဒေါင်းအလံတွေနဲ့ ချီတက်လာပါတယ်..လူတွေစုဝေးနေတုန်းမှာပဲစစ်ကားကြီးက နောက်ကလာပါတယ်..ဒိုင်းကာထားတဲ့ စစ်သားတွေက ရှေ့ကနေလာပါတယ်..လူအုပ်ကြီးကပြေးတော့တာပဲ..စစ်ကားက ၀ုန်းဒိုင်းကျဲပြီး မျက်ရည်ယို ဗုန်းတွေနဲ့ပစ်....နံပါတ်ဒုတ်တွေနဲ့ရိုက်လို့ပြေးကြရပါတယ်..အဲဒီတော့ ကျနော်တို့လည်း တိုက်ပျက်ကြီးကနေ ဖြတ်ပြီး နတ်ချောင်း ဘက်ကနေ ပြေးခဲ့ရပါတယ်..ခဏကြာတော့ စစ်ကားတွေနဲ့ လိုက်ပစ်ပါတယ်..တာမွေဗလီ ထိ..ပြီးတော့သုဝဏ္ဏဘက်သွားကြပါပြီ..အထိနာတဲ့သူတွေတော်တော်များပါတယ်..ကျောင်းသားတွေလဲ ပါပါတယ် ဘုန်းကြီး၃ပါး ပါပါတယ် ...


16:21
စစ်ကားနှစ်စီးကို ပြန်ပြီးတော့ လူထုက လုလိုက်တယ် တောင် ဥက္ကလာမှာ
16:21

လူတွေက ခဲတွေနဲ့ စစ်တပ်ကို ပြန်ပစ်နေကြပါတယ် .. ပစ်ရဲရင် ပစ်ကြည့်လို့ စိန်ခေါ်ပြီးထွက်သွားတဲ့ သူကို ပစ်သတ်လိုက်ကြပါပြီ တောင်ဥက္ကလာ ငွေကြာရံ က အကြီဆုံးဆရာတော်ဘုရားကြီးပျံလွန်တော်မူသွားပြီ အခု စစ်သား ၂၀၀ လောက်ကို ပြည်သူတွေက၀ိုင်းထားတယ် ထိမ်းချုပ်ထားတယ် အခြေအနေကတော့ တော်တော် ဆိုးရွားနေပြီဟု ပြောဆိုသည်။ ယခုတောင်ဥက္ကလာ ဝေဇယန္တာလမ်းမတခုလုံးပိတ်ထား။

( တောင်ဥက္ကလာ)

16:19

စစ်တပ်က ပစ်ခတ်မှုကြောင့် ပန်းဆိုးတန်းဂုံးကျော် တံတားအောက် ကျောင်းသားတယောက် ဝမ်းဗိုက်တွင် သေနတ် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။

မိုးကောင်းဘုရားမှာ စစ်သားတွေက ဘုန်းကြီးတွေကို ၀ိုင်းထားတယ်လူတွေက စစ်သားတွေကို ၀ိုင်းထားတယ်

16:17

ပန်းဆိုးတန်းမှာ မီးခိုးဗုံးတွေနဲ့ပါပစ်ပြီး လူစုခွဲဖို့ကြိုးစားနေတယ် မရသေးဘူး


16:14
တောင်ဥက္ကလာ သစ္စာလမ်းမပေါ် ဘုရားအနီးမှာ ပစ်ခတ်မှုဖြစ်ပွားနေ ... နေအိမ်များအထိ သေနတ်ကျည်ဆံများ ထိမှန်တယ်လို့သိရပါတယ် ။

27 Sep 07, 15:40
တာမွေအ ထ က ၃ ရှေ့မှာ ကျောင်းဆင်းချိန်မှာ တမင်သက်သက်ပစ်တာကြောင့် ကလေးတွေ လာကြိုတဲ့ မိဘတွေ ပါ သေတယ်။

27 Sep 07, 15:39
ကျိုက္ကစံလမ်းမကြီး (၂နာရီ) မှာတော့ မျက်ရည်ယိုဗုံးအရင်ခွဲပြီးတက်လာတယ် ။ဘုန်းကြီး တစ်ပါးကျန်ခဲ့တာကို ၀ိုင်းရိုက်တယ်ဆိုတာပဲသိခဲ့ရတယ်။လူနှစ်ယောက်ကိုလဲ ကျွန်တော်တို့ ပုန်းနေတဲ့နေရာရှေ့မှာတင် ရိုက်နှက်ပြီး ဖမ်းသွားတယ် (မျကိမြင်သက်သေ၏တွကိချက်)

15:31

ပြည်သူတစ်ဦး တာမွေအ၀ိုင်းထိပ်နားမှာ စစ်အစိုးရက ဆန္ဒပြတဲ့ သူတွေကို ကားနဲ့တိုက် ၊ ပြည်သူတွေကို သေနတ်နဲ့ပစ် ကျွန်တော်ကိုယ်တိုင် ဒဏ်ရာတည်းနည်း ရထားပါတယ် ...

15:29

ရန်ကုန်ဘူတာကြီးထဲမှာ သေနတ်သုံးချက် ထပ်ပစ်သွားတယ်။လူတွေက ဘူတာထဲကို ၀င်ပြေးသွားတယ်။ စစ်သားတွေက လိုက်ဖမ်းတယ်။ရန်ကုန်ဘူတာထဲက လူတွေကို အပြင်မထွက်ခိုင်းဘူးကျောင်းသားတစ်ယောက် ကျည်ဆံမှန်လို့ နှုတ်ခမ်းကြီးပြတ်သွားတယ်။၃ နာရီ (၁၀)မိနစ် ကိုယ်တွေ့ )

15:26

ကျိုက္ကဆံမှာ မနေ့ညကဖမ်းထားတဲ့ ဘုန်းကြီး(၅၀၀)ကို ပြန်လွှတ်ပေးရန် တောင်းဆိုဖို့အတွက် လူအုပ်ကြီး ချီတက်သွားတယ်၊ ရဲတွေက သေနတ်နဲ့ပစ်တယ်၊ အလောင်းတွေ မြင်မကောင်းဘူး၊ လူအုပ်ကြီး ပြန်လှည့်လာပြီး တီအီးကားတွေကို မီးရှုံ့ကြတယ်။တောင်ဥက္ကလာမှာ တပ်ကို လူထုက၀ိုင်းတယ်၊ လူထုကို တပ်ကပြန်ဝိုင်းတယ်၊ လူထုတော်တော် နာသွားတယ်၊ တောင်ဥက္ကလာ မြင်သာဘုရားနားမှာဖြစ်တယ်၊

15:26

မင်္ဂလာဒုံဘက်က နေ မြို့ထဲကို စစ်သားအပြည့်နဲ့ စစ်ကား ၁၀ စီး ၀င်သွားပါတယ်...

15:25

တာမွေ အထက ၃ ရှေ့စတင်ပစ်ခတ်ဟု သိရ။

15:24

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းကိုလည်း ဖမ်းဆီးထား တယ်လို့ သိရတယ်၊

15:24

တာမွေ၊ ဥက္ကလာ၊ အလုံ၊ ကြည်မြင်တိုင်၊ စမ်းချောင်း၊ မြေနီကုန်း၊ ပုဇွန်တောင် ဘက်တွေမှာလည်း ဖြစ်နေတယ်။ အပစ်အခတ် တွေလည်း ရှိတယ်လို့ကြားတယ်။ အသေအပျောက်သတင်းတော့မသိရ သေးဘူး။ ညနေစောင်းလေ လူထုအင်အား ပိုကြီးမားလာလေဖြစ်လိုက် မယ်လို့ခန့်မှန်းရတယ်။

15:23

ဒဏ်ရာရသူတွေလည်း အများအပြားပဲ။ လမ်းပေါ်မှာ အတုံးအရုံးလဲနေတဲ့သူတွေကို ကောက်ယူမယ့်သူ မရှိ လမ်းပေါ်မှာ ဒီတိုင်းပစ်ထားတယ်။ အဲဒါကို နိုင်ငံခြားသားတွေက ဓာတ်ပုံရိုက်နေကြတယ်။ အဲဒါက ဆူးလေနဲ့ အနော်ရထာမီးပွိုင့်မှာ ဖြစ်တာ။ အခုလောလောဆယ်တော့ ဆူးလေတစ်ဝိုက်မှာ လူတွေက စုရုံးစုရုံးနဲ့ ထပ်မံချီတက်ဖို့ စိုင်းပြင်းနေကြတယ်။

15:21

တာမွေ ကိစ္စ နောက်ဆုံးအတင်း စစ်တပ်မှာ ကား ၁၄ စီနဲ့ လာကူနေပါတယ် ။ UN ကို မေးလ်ပို့ပေးကြပါ ။

15:21

သတင်းထောက်: အီရတ်လိုမျိုးစစ်သားတွေကို နည်းနည်းလေးလစ်ဒါနဲ့ ၀ိုင်းပြီးသတ် လစ်ဒါနဲ့ မိုင်းခွဲ အဲလိုမှရမယ်ထင်တယ်..

15:20

ကျိုက်ကဆံဘုရားထဲမှာလူတွေကိုစစ်တပ်က၀ိုင်းထား။ စစ်တပ်ကိုသိန်းနဲ့ ချီတဲ့လူတွေကပြန်ဝိုင်းထား။လူ(၁)သိန်းလောက်ရှိတယ်။အရမ်းများ။

15:19

တာမွေ ထ ၃ ရှေ့မှာ ဖုန်းဖုန်းတွေထိုင်ချလိုက်ပြီ။ စစ်တပ်က ၀ိုင်းထား။

15:17

ပန်းဆိုးတန်းမှာပစ်နေတယ်ဗျ လူတွေထဲကိုပစ်တာဆို (ယခုလက်ရှိ.. ) တွေ့သမျှလူတွေ ဆွဲတင်ဖမ်းနေတယ်။

15:08

ဖ.ဆ.ပ.လ ၀င်းအတွင်းသို့ ထွက်ပြေးလွတ်မြောက်လာသောကျောင်းသားများနှင့်ပြည်သူများအား စစ်သားများက ၀င်းအ တွင်းရှိ လူနေအိမ်များအတွင်းထိ သေနတ်များမောင်းတင်ပြီးချိန်ရွယ်ကာ ၀င်ရောက်ရှာဖွေနေကြပါသည်။ အနားကပ်လာသူများနှင့်အော်ဟစ်မောင်းထုတ်သူများကိုလည်း သေနတ်များဖြင့်ချိန်ကာ အနားမကပ်နဲ့ ကပ်ရင်ပစ်မယ်ဟု ခြိမ်းခြောက်နေကြသည်။

07, 15:06

သင်္ဃန်းကျွန်းမှာ ၃ ယောက်သေတယ်လမ်းတွေပိတ်ထားတယ် စစ်တပ်ညပ်နေ တယ်သင်္ဃန်းကျွန်းက အခုဖြစ်တဲ့ထဲမှာ အပြင်းထန်ဆုံးဘဲ

07, 15:03

သင်္ဃန်းကျွန်းမှာ ၃ ယောက်သေတယ်လမ်းတွေပိတ်ထားတယ် စစ်တပ်ညပ်နေ တယ်သင်္ဃန်းကျွန်းက အခုဖြစ်တဲ့ ထဲမှာ အပြင်းထန်ဆုံး

လူတု ၃၀၀၀မှ ငွေကြာရံတွင်ရမ်းကားနေသော.စစ်သား ၂၀၀ကို..၀ိုင်းထား

14:46

ခုလေးတင် စံပြရုပ်ရှင်ရုံရှေ့နေဖြတ်ပြီး မော်တင်ဘက်ထိ အနော်ရထာလမ်းတလျှောက် ဘုန်းကြီး အပါး 20ခန့်နဲ့ လူအင်အား 3000ကျော် လူထုတဖွဲ့ ချီတက်သွားပါတယ်။ စစ်ကားတစ်စီး ဘုန်းကြီးလမ်းတလျှောက်ဖြတ်သွား (မျက်မြင်)ားပေမဲ့ အပစ်အခတ်မရှိပါဘူး

14:45

ဆေးရုံကြီးအရေးပေါ်ကို ဂန်းရှော့နဲ့ ပြည်သူ(၅)ယောက် ဒီနေ့ထပ်ရောက် (၁)ယောက်က အသေနဲ့ရောက်လာ

14:44

အောင်ဆန်းကွင်းရှေ့မှာ အမျိုးသမီးတစ်ယောက်ကို သေနတ်ကိုင်စစ်သား (၃) ယောက်က လိုက်ဖမ်းနေတာမြင်ရတယ်။

ကိုယ်ပိုင်ကားတွေကိုလဲ တားပြီးစစ်နေတယ်ဖဆပလ ရပ်ကွက်ထဲ ၀င်ပြေးတာတောင် အိမ်ထဲ ၀င်ရိုက်တယ်

စစ်သားတွေက ၀ါးရင်းဒုတ်တွေနဲ့ ကားမှတ်တိုင်ကလူတွေကို ပါ ၀င်ရိုက်နေတယ်

14:40

ဆူးလေကို ၀င်လို့ ရသမျှလမ်း အကုန်ပိတ်လိုက်ပီ

14:34

လမ်းပေါ်ကလူတွေ ဖယ်မပေးရင် အပြင်းထန်ဆုံး ကိုင်တွယ်မယ် extreme actionလို့ နအဖက သတင်းထုတ်

14:32

ကြည့်မြင်တိုင် သာဓုကျောင်းမှသေဆူံးသည့် သံဃာတော် ရုပ်ကလပ်အားသယ်ဆောင်ချီတက်ဆန္ဒပြနေကြပါပြီ

Read More...

 
/* EOT ----------------------------------------- */