Sunday 21 October 2007

နအဖတို့ မြန်မာ့မြေပေါ်မှ ဘာသာသာသနာကို အမြစ်ဖြတ်ဘို့ကြံစည်


ရဟန်းသံဃာတော်များဦးဆောင်သည့်ဆန္ဒပြပွဲတွင် သံဃာကိုယ်စားလှယ်များ အဖွဲ့ဥက္ကဋ္ဌအဖြစ်ဦး ဆောင်ခဲ့သူ ဦးကောဝိဒကို အာဏာပိုင်တွေက ဖမ်းဆီးဖို့ကြိုးစားခဲ့ ပါတယ်။ ဖမ်းဆီးမရတဲ့အတွက် အောက်တို ဘာလ(၁၂)ရက်နေ့ညအချိန်တွင်ရဟန်း ဒါယိကာမ ဒေါ်သင်းသင်းခိုင် နှင့် ကားမောင်းသူနှင့်အတူ အာဏာပိုင် တွေက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

ရဟန်းသံဃာ ဆန္ဒပြပြီးတဲ့အခါမှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် နန်းဦး ကျောင်းမှ ရဟန်းသံဃာတော်အပါး (၅၀) ကိုလည်း မတရားရိုက်နှက် ဖမ်းဆီးးခေါ်ဆောင် သွားပါတယ်။ နန်းဦးကျောင်းမှာ ကျောင်းထိုင်ဆရာတော်နဲ့ နာယကဆရာတော် (၂)ပါး သာကျန်ပြီး တပ်စွဲထားပါတယ်။ စစ်တပ်စွဲထားတဲ့ အတောအတွင်းမှာ ဒါယိကာနှင့် ဒါယိကာမ များကိုလည်း ဖမ်းဆီးစစ်ဆေးတယ် ပုံစံတွေထိုင်ခိုင်းတာတွေ ပြုလုပ်ပါတယ်။

ဦးကောဝိဒကို မေးမြန်းတဲ့အခါမှာ “ ဦဇင်းတို့ဆန္ဒပြရတာ ပခုက္ကူမှာ သံဃာတော်တွေကို ကြိုး ချည်ပြီး မတရားရိုက်နှက်တာတွေ ပြည်သူလူထုတွေ ဆင်းရဲငတ်မွတ်နေတာတွေ လည်း မခံမရ နိုင်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ သတင်းစာတွေမှာ ရေးသားဖေါ်ပြထားသလို ဦးဇင်းက စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အိမ်တအိမ်မှာ အမေရိကန်ထုတ် ဖောက်ခွဲရေးပစ္စည်းတွေလက်နက်တွေ ပိုင်ဆိုင် တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဦးဇင်းနေလို့မရအောင် အာဏာပိုင်တွေက လိုက်လံဖမ်းဆီးတာကြောင့် ထိုင်းမြန်မာနယ်စပ်မှာ လာရခြင်းဖြစ်ပါတယ်”။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် နန်းဦးကျောင်းမှ သံဃာတော်ဦးကောဝိဒ သက်တော် ၂၄ နှစ် ၀ါတော် ၄ ၀ါ အသက် ၁၂ နှစ်အရွယ်တွင် ရှင်ဖြစ်လာခဲ့ပါတယ်။

Rest of your post
0 comments

Read More...

 
/* EOT ----------------------------------------- */