Saturday 22 September 2007

အနုပညာရှင်တိုင်းမှာ ပြည်သူ့ဒုက္ခနဲ့ ပတ်သက်လာရင် တာဝန်ကို ရှိပါတယ် (ဇာဂနာ)


ကျနော်က (ဖလက်ရှ်ဘက်) ပြန်သွားရမှာပေါ့။ ဟိုကျနော်တို့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ကို ပြန်သွားကြမယ်ဆိုရင် သြဂုတ်လ ၈ ရက်နေ့အပြီး ၂၂ ရက်နေ့မှာ အနုပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ အဲဒီ အချိန်မှာ ဆရာကြီး ဦးဝင်းတင်ဦးဆောင်ပြီး(Literature and Art)ဆိုတဲ့ နာမည်နဲ့ ကျနော်တို့ လှုပ်ရှားခဲ့ကြတဲ့ လူတွေ အခု အနုပညာသည်တွေထဲမှာလည်း ဒီလူတွေ အများ ကြီးပါပဲ။ ဆိုတော့ ပြည်သူတွေရဲ့ ပိုက်ဆံ ပြည်သူတွေရဲ့ ချွေးနည်းစာ အဲဒီဟာကို တိုက်ရိုက်စားသုံးလူတွေဟာ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခွန်အခကို စားနေတာ မဟုတ်ပါဘူး။ အဲဒီတော့ ပြည်သူတွေရဲ့ ပိုက်ဆံကို ပြည်သူတွေရဲ့ ချွေးနည်းစာကို တိုက်ရိုက် စားနေတာ အဲ့ဒီ အနုပညာရှင်တွေပါ။ အဲ့ဒီ အနုပညာရှင်တွေဟာ ပြည်သူ့ အခွန်အခ ကနေ တဆင့်ယူပြီး လခစားလုပ်နေတဲ့လူ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ပိုက်ဆံကို တိုက်ရိုက်စားနေတဲ့ အနုပညာရှင်တိုင်းမှာ ပြည်သူ့ဒုက္ခနဲ့ ပတ်သက်လာရင် တာဝန်ကို ရှိပါတယ်။

Read More...

မန္တလေးမှ သံဃာတော်များ ၆ ရက်မြောက် သပိတ်တိုက်ပွဲ စတင်မည်

စက်တင်ဘာ ၂၃ ရက် ၂၀၀၇
မနက် ၁၁း၀၀ နာရီ

မန္တလေးတွင်.. ယနေ ကံဆောင်ပွဲစတင်ရန် မစိုးရိမ်ကျောင်းတိုက်မှ သံဃတော်များ.. အိမ်တော်ရာဘုရားမှာ စုနေပြီလို့  သတင်းရပါတယ်.. အခြားကျောင်းမှ သံဃတော်များက တချို့ လမ်းများမှ လိုက်ပါမည်လို့  ပြောဆိုနေကြောင်းသိရှိရသည်။
ဆုံဆည်းရာ

Read More...

၂၂ စက်တင်ဘာ ၂၀၀၇ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့



Read More...

မေတ္တာဖြင့် အောင်မြင်ခြင်း

အထူးသတင်း

ဒီနေ့ အန်တီအိမ်ရှေ့ကို ရဟန်းတော်တွေ ရောက်ခဲ့တယ် … ၃း၁၀ ။ တံခါးပေါက်ဝမှာ လက်လှမ်းပြတယ်။ လက်အုပ်ချီတယ်။ မျက်ရည်ဝဲတယ်။ ရဟန်းတွေနဲ့ လူတွေ မေတ္တာပို့ကြတယ်။ အန်တီ ကျန်းမာပါစေ ဆုတောင်းကြတယ်။ ရဟန်း ၁၅၀၀ ခန့်၊ လူ ၈၀၀ ရှိတယ်။ ရွှေတိဂုံကနေ ပြည်လမ်း၊ တက္ကသိုလ် ရိပ်သာလမ်း၊ အန်တီ အိမ်ရှေ့ သွားခွင့်ရ၊ အေးချမ်း အောင်မြင်စွာ ပြီးဆုံး။

Read More...

ယနေ့ ဆန္ဒပြပွဲ လူစုခွဲ

စက်တင်ဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။
5:50 PM

ဆူးလေ ဘုရားပေါ်တွင် သံဃာတော် ၁၅ ပါးစီ အဖွဲ့များဖွဲ့ကာ မည်သို့ ဆက်လုပ်သွားသင့်သည်ကို ဆက်လက် ဆွေးနွေး ခဲ့ကြသည်။ ဘုရား အရောက်တွင် လူအင်အား ၅ ထောင်ကျော် ရှိခဲ့ပြီး “လက်ခုတ်သံတွေက ဟိန်းနေတာပဲ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ ထို့နောက် လူစုခွဲလိုက်ကာ ယနေ့ ဆန္ဒပြပွဲ အဆုံးသတ်လိုက်သည်။ မဇ္ဈိမသတင်းဌာန

Read More...

စစ်တွေ သံဃာတော်များ အရေးပေါ်စည်းဝေး

စစ်တွေ သံဃာတော်များ အရေးပေါ်စည်းဝေး

စက်တင်ဘာ ၂၂ ရက် ၂၀၀၇
ညနေ ၆း၀၀ နာရီ

ရခိုင်ပြည်နယ်စစ်တွေမြို့ သံဃာတော် (၂၀၀)ခန့် ဘုရားကြီးစေတီမှာ ဒီနေ့ မွန်းတည့်ကျော်က စပြီး အရေးပေါ်စည်းဝေးနေတယ်လို့ ရခိုင်စာချကိုယ်တော်တပါးက မိန့်ကြားပါတယ်။

စစ်တိုင်းမှူးက သံဃာ့ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲမယ့် အရိပ်အယောင်ပြခြိမ်းခြောက်မှု၊ သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲမှာ ညီညီညွတ်ညွတ် ဆက်လက်ပါဝင်ကြရေးနဲ့ စစ်တွေ သံဃာတပါး ကိုယ်ထိလက်ရောက် စော်ကားခံရမှုကို အရေးယူရေး စတဲ့ ကိစ္စတို့ကို ဆွေးနွေးနေတာဖြစ်ပါတယ်။

အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန်က စစ်တွေမြို့ပေါ်က ဆရာတော်ကြီးတွေကို မြို့တော်ခန်းမမှာ ပင့်ဖိတ်ပြီး “တပည့်တော်တို့ အကြမ်းမဖက်ရပါစေနဲ့ ဘုရား” လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဒီဗွီဘ

Read More...


ကျနော်က (ဖလက်ရှ်ဘက်) ပြန်သွားရမှာပေါ့။ ဟိုကျနော်တို့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ကို ပြန်သွားကြမယ်ဆိုရင် သြဂုတ်လ ၈ ရက်နေ့အပြီး ၂၂ ရက်နေ့မှာ အနုပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ အဲဒီ အချိန်မှာ ဆရာကြီး ဦးဝင်းတင်ဦးဆောင်ပြီး(Literature and Art)ဆိုတဲ့ နာမည်နဲ့ ကျနော်တို့ လှုပ်ရှားခဲ့ကြတဲ့ လူတွေ အခု အနုပညာသည်တွေထဲမှာလည်း ဒီလူတွေ အများ ကြီးပါပဲ။ ဆိုတော့ ပြည်သူတွေရဲ့ ပိုက်ဆံ ပြည်သူတွေရဲ့ ချွေးနည်းစာ အဲဒီဟာကို တိုက်ရိုက်စားသုံးလူတွေဟာ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခွန်အခကို စားနေတာ မဟုတ်ပါဘူး။ အဲဒီတော့ ပြည်သူတွေရဲ့ ပိုက်ဆံကို ပြည်သူတွေရဲ့ ချွေးနည်းစာကို တိုက်ရိုက် စားနေတာ အဲ့ဒီ အနုပညာရှင်တွေပါ။ အဲ့ဒီ အနုပညာရှင်တွေဟာ ပြည်သူ့ အခွန်အခ ကနေ တဆင့်ယူပြီး လခစားလုပ်နေတဲ့လူ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ပိုက်ဆံကို တိုက်ရိုက်စားနေတဲ့ အနုပညာရှင်တိုင်းမှာ ပြည်သူ့ဒုက္ခနဲ့ ပတ်သက်လာရင် တာဝန်ကို ရှိပါတယ်။

ပြည်သူတွေ ဆင်းရဲရင် အနုပညာသည်တွေလည်း ဆင်းရဲပါတယ်။ ပြည်သူတွေချမ်းသာရင် အနုပညာရှင် တွေလည်း ချမ်းသာပါတယ်။ ပြည်သူကို ချစ်လှပါချည်ရဲ့၊ ပြည်သူကို ချစ်လှပါချည်ရဲ့ ပြည်သူတွေဟာ ကျနော် တို့ရဲ့ ကျေးဇူးရှင်တွေပါလို့ တဖွဖွပြောနေမယ့်အစား ပြည်သူတွေရဲ့ ရှေ့ကို တစ်ချက်ကလေးလာပြီး ပြည်သူ့ ဒုက္ခတွေ အတွက် ခင်းများတို့အတွက် ကျနော်တို့က ခင်များတို့ရဲ့ ကိုယ်စား ခင်များတို့ရဲ့ ဒုက္ခတွေကို ဟောဒီလို ရင်ဖွင့် ပြောပါပြီဆိုတဲ့ အနုပညာသမားတွေကို ကျေးဇူးပြုပြီး ပြည်သူ့ရှေ့ကို ထွက်ခဲ့ကြပါတော့လို့ ကျနော် ဒီနေရာက တိုက်တွန်းချင်ပါတယ်။ ပြည်သူ့တွေရဲ့ ပိုက်ဆံကို သူတို့… စားထားကြတဲ့ လူတွေပဲဗျာ။ ပြည်သူ့ဒုက္ခ ကို ရင်ဆိုင်ကြပါ။ အဲဒီတော့ ဘုန်းဘုန်းတွေတောင်မှ ပြည်သူ့ဒုက္ခအတွက် ရှေ့ကို ထွက်လာကြပြီဆိုရင် လူတွေ က ဘာလုပ်နေကြမှာလဲ။

လူတွေက တယ်လီဖုန်းလေးတစ်လုံးနဲ့၊ လူတွေက ကားလေးတစ်စီးနဲ့ လူတွေက ဘီယာလေးတမြမြ သောက်ပြီး တော့ ကျေနပ်နေကြမှာ လား။ စတိတ်ရှိုးလေးပေါ်မှာ၊ စင်ပေါ်မှာ ဆိုပြီးတော့ စင်ပေါ်နဲ့ စင်အောက်ကို ပန်းသီး လေးတွေ ပေးတာနဲ့ပဲ သူတို့ ဘ၀တွေဟာ ပြီးဆုံးသွားပြီလား။ ပြည်သူတွေကို ချစ်ကြတယ်ဆို။ ပြည်သူ ချစ်တဲ့ အနုပညာသည်များ ကျနော် တောင်းပန်ပါတယ် ဒီနေရာကနေ။

ပြည်သူချစ်တဲ့ အနုပညာသည်များ၊ ပြည်သူ့ကိုချစ်တဲ့ အနုပညာသည်များ ပြည်သူ့အတွက် တစ်ခွန်းလောက် တောင်မှ စကားလေး မပြောနိုင်တော့ဘူးလား။ အောင်ဆန်းဘောလုံးကွင်းကြီးထဲမှာ၊ သုဝဏ ဘောလုံးကွင်း ကြီးထဲမှာ သီချင်းတွေ ဆိုနေကြတဲ့ နိုင်ငံကျော် အဆိုတော်ကြီးများ၊ အမျိုးသားညီလာခံမှာ သွားပြီး အငြိမ့်က နေကြသည့် လူရွှင်တော်ကြီးများ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး နှစ်ပတ်လည် ရုပ်ရှင်ဇာတ်ကားတွေကို ပျော်ပျော်ရွှင်ရွှင်ကြီး သွားရောက်ရိုက်နေကြသည့် မြန်မာနိုင်ငံက ရုပ်ရှင် အနုပညာရှင်များကို…. ပြည်သူ့ အတွက် စကားလေးတစ်ခွန်းလေးတောင် မပြောပေးနိုင်တော့ဘူးလား။ အဲဒါလေးပဲ ကျနော်ပြောချင်ပါတယ်။

Read More...

ဗိုလ်မှူးချုပ်(ဟောင်း)ကျော်ဇော၏တပ်မတော်အတွင်းရှိ မျိုးချစ်ပြည်ချစ်တပ်မှူးတပ်သားများသို့ ပန်ကြားချက်(၂၁-၉-၀၇)

(၁) လက်ရှိတပ်မတော်ကြီးကို စတင်ပြီး တည်ထောင်ကတည်းက ပါဝင်ခဲ့သူများ တပ်မတော် အဆက်ဆက် ဘီအိုင်အေ၊ ဘီဒီအေ စသည့် တပ်များမှာ ပါဝင်ခဲ့သူများ သိပ်များများစားစား မရှိတော့ဘူး။
(၂) ရဲဘော်သုံးကျိပ်ဝင်ထဲကဆိုလျင် ဗိုလ်ရဲထွဋ္ဋ်နှင့် ကျွန်တော်ဗိုလ်ကျော်ဇောတို နှစ်ဦးသာ ကျန်ရှိပါတော့တယ်။
(၃) ကျွန်တော်တို့ ဗမာ့တပ်မတော်ကြီးကို တည်ထောင်စဉ်က တိုင်ပြည်ကြီးကို လွတ်လပ်ရေး ရစေချင်ပြီး လွတ်လပ်ပြီးရင်လည်း တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံကြီးတည်ထောင်ချင်လို့ပါ။ တခွန်း တည်းပြောရရင်တော့ ကိုယ့်တိုင်းသူပြည်သားများ ထမင်း၀၀စာြး့ပီး ခါးလှလှဝတ်ရဖို့ပါပဲ။
(၄) ယခုတော့ ကျွန်တော်တို့တည်ထောင်ခဲ့ကြတဲ့ ဗမာ့တပ်မတော်ကြီးဟာ ကျွန်တော်တို့ ချစ် မြတ်နိုးလွန်းလှတဲ့ တိုင်းပြည်ကြီးကို ဒုက္ခနွံတွင်းဆွဲချသွားနေတာကြာပါပြီ။ ကျွန်တော်တို့တိုင်း ပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ ဗိုလ်နေ၀င်း တည်ဆောက်သွားတဲ့ စစ်အာဏာရှင် စနစ်ကြီးမှာ မြစ်ဖျား ခံပါတယ်။
(၅) ဒီစစ်အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်နေသ၍ တိုင်းပြည်တိုးတက်ငြိမ်းချမ်းသာယာမှာ မဟုတ်ပါဘူး၊ ပြည်သူတွေ ဆင်ရဲတွင်း နက်သထက်နက်နေဦးမှာပါ။
(၆) ဒါကြောင့် လက်ရှိတပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်မှူးတပ်သားများကို ကျွန်တော် အနူးအညွတ် ပန်ကြားချင်ပါတယ်။
- ပထမအချက် - ဗိုလ်သန်းရွှေ အမှူးပြုတဲ့ နအဖ စစ်ဗိုလ်ချုပ်တချို့ဟာ စစ်အာဏာ ရှင်စနစ်ကို သက်ဆုံးတိုင် ဖက်တွယ်ထားမယ့်သူများ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုလူမျိုးတွေ နဲ့ ပြတ်ပြတ်သားသား လမ်းခွဲဖို့ လိုပါတယ်။
- ဒုတိယအချက် - ခင်ဗျားတို့ရဲ့ ဘ၀လွတ်မြောက်ရေးနဲ့ ချမ်းသာဝပြောရေးဟာ ပြည် သူများဘ၀ လွတ်မြောက်ရေးနဲ့ ချမ်းသာဝပြောရေးနဲ့ တဆက်ဆစပ်တည်း ဖြစ်နေပါတယ်၊ ဒါကြောင့် ပြည်သူလူထုကြီးနဲ့ လက်တွဲပြီး ဒီစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပစ်ကြပါ။
- တတိယအချက် - ၁၉၉၀ပြည့် ရွေးကောက်ပွဲအနိုင်ရထားတဲ့ အင်န်အယ်လ်ဒီ ပါတီက ခေါင်းဆောင်အများအပြားဟာ တကြိမ်တခါက တပ်မတော်ခေါင်ဆောင်များ ဖြစ်ခဲ့ကြသူများပါ။ သူတိုဟာ တပ်မတော်အပေါ် သံယောဇဉ် မပြတ်ပါဘူး။ သူတို့တိုက်ပွဲဆင်နေတာဟာ စစ်အာ ဏာရှင်စနစ်ကိုသာဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ သူတို့နဲ့တွေ့ဆုံဆွေးနွေးပါ။ စေ့စပ်ပြီး အဖြေရှာကြပါ။ တကယ်ပဲ ခင်ဗျားတို့ တိုင်းချစ်ပြည်ချစ်စိတ်၊ တိုင်ပြည်ကောင်းစား ရေးအပေါ် အခြေခံပြီး စေ့စပ်ကြရင် အောင်မြင်မယ်လို့ ကျွန်တော်လုံးဝယုံကြည်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော

Read More...

 
/* EOT ----------------------------------------- */