စစ်တွေ သံဃာတော်များ အရေးပေါ်စည်းဝေး
စက်တင်ဘာ ၂၂ ရက် ၂၀၀၇
ညနေ ၆း၀၀ နာရီ
ရခိုင်ပြည်နယ်စစ်တွေမြို့ သံဃာတော် (၂၀၀)ခန့် ဘုရားကြီးစေတီမှာ ဒီနေ့ မွန်းတည့်ကျော်က စပြီး အရေးပေါ်စည်းဝေးနေတယ်လို့ ရခိုင်စာချကိုယ်တော်တပါးက မိန့်ကြားပါတယ်။
စစ်တိုင်းမှူးက သံဃာ့ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲမယ့် အရိပ်အယောင်ပြခြိမ်းခြောက်မှု၊ သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲမှာ ညီညီညွတ်ညွတ် ဆက်လက်ပါဝင်ကြရေးနဲ့ စစ်တွေ သံဃာတပါး ကိုယ်ထိလက်ရောက် စော်ကားခံရမှုကို အရေးယူရေး စတဲ့ ကိစ္စတို့ကို ဆွေးနွေးနေတာဖြစ်ပါတယ်။
အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန်က စစ်တွေမြို့ပေါ်က ဆရာတော်ကြီးတွေကို မြို့တော်ခန်းမမှာ ပင့်ဖိတ်ပြီး “တပည့်တော်တို့ အကြမ်းမဖက်ရပါစေနဲ့ ဘုရား” လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ဒီဗွီဘ
Saturday 22 September 2007
စစ်တွေ သံဃာတော်များ အရေးပေါ်စည်းဝေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment