ကျနော်က (ဖလက်ရှ်ဘက်) ပြန်သွားရမှာပေါ့။ ဟိုကျနော်တို့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ကို ပြန်သွားကြမယ်ဆိုရင် သြဂုတ်လ ၈ ရက်နေ့အပြီး ၂၂ ရက်နေ့မှာ အနုပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ အဲဒီ အချိန်မှာ ဆရာကြီး ဦးဝင်းတင်ဦးဆောင်ပြီး(Literature and Art)ဆိုတဲ့ နာမည်နဲ့ ကျနော်တို့ လှုပ်ရှားခဲ့ကြတဲ့ လူတွေ အခု အနုပညာသည်တွေထဲမှာလည်း ဒီလူတွေ အများ ကြီးပါပဲ။ ဆိုတော့ ပြည်သူတွေရဲ့ ပိုက်ဆံ ပြည်သူတွေရဲ့ ချွေးနည်းစာ အဲဒီဟာကို တိုက်ရိုက်စားသုံးလူတွေဟာ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခွန်အခကို စားနေတာ မဟုတ်ပါဘူး။ အဲဒီတော့ ပြည်သူတွေရဲ့ ပိုက်ဆံကို ပြည်သူတွေရဲ့ ချွေးနည်းစာကို တိုက်ရိုက် စားနေတာ အဲ့ဒီ အနုပညာရှင်တွေပါ။ အဲ့ဒီ အနုပညာရှင်တွေဟာ ပြည်သူ့ အခွန်အခ ကနေ တဆင့်ယူပြီး လခစားလုပ်နေတဲ့လူ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ပိုက်ဆံကို တိုက်ရိုက်စားနေတဲ့ အနုပညာရှင်တိုင်းမှာ ပြည်သူ့ဒုက္ခနဲ့ ပတ်သက်လာရင် တာဝန်ကို ရှိပါတယ်။
Saturday 22 September 2007
အနုပညာရှင်တိုင်းမှာ ပြည်သူ့ဒုက္ခနဲ့ ပတ်သက်လာရင် တာဝန်ကို ရှိပါတယ် (ဇာဂနာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment