Thursday 14 May 2009

သခင်ကိုယ်တော်မှိုင်းနဲ့တိုင်းရင်းသားအရေး


ရခိုင်တိုင်း ရင်းသားတွေ အကြီးအကျယ်ကြိုဆို ထောက်ခံတဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ဘဲရှိမယ်ထင်ပါတယ်။ ဗမာအမျိုးသမီးတွေတင်မက တိုင်းရင်းသူအမျိုးသမီး တွေကပါ သခင်ကိုယ်တော်မှိုင်းသွားရာလမ်းမှာ ဆံပင်ဖြန့်ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ပြည်တွင်းကတိုင်းရင်းသားတွေနဲ့ သခင်ကိုယ်တော်မှိုင်း ဆက်ဆံရေးအနေအထားကို အလွယ်တကူသိ နိုင်ပါတယ်။ ...(ဂါမဏိ) အပြည့်အစုံသို့

Read More...

၂ဝ၁ဝ၊ အရာရှိငယ်နဲ့ အသိဂလိုဘယ်

(ဂါမဏိ)
၁၉၉ဝ ရွေးကောက်ပွဲ၊ ၁၄ နှစ်ကြာအမျိုးသားညီလာခံနဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲအတွေ့အကြုံတွေ ရထားတဲ့ စစ်အုပ်စုဟာ ၂ဝ၁ဝ ပွဲမှာတော့ အတိုက်အခံတွေ ဘယ်လိုမှနေရာမရအောင် လုပ်ဖို့ စီစဉ်ပြင်ဆင်ထားမှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ နောင်မှာ ယောင်းမမြင်းစီးထွက်လို့ ပွဲပျက်နိုင်တဲ့ ရူးကြောင်မူးကြောင်လက်ကိုင်ဒုတ်တွေကိုတောင် နေရာပေး မယ့်အလားအလာ မရှိပါဘူး၊ အချိန်တခု အသုံးချ လူမိုက်မွေး တာလောက်ဘဲလုပ်ပြီး ဘုရားပြီး ငြမ်းဖျက်ခံရမှာ မြင်ယောင် ပါသေးတယ်။ စစ်အုပ်စုဆိုတာ ကိုယ့်လူရင်း ကိုယ့်စက်ရုပ်ကလွဲပြီး တခြား ဘယ်သူ့ကိုမဆို ဦး ၄ စာရင်းထဲထည့်တဲ့ အစွန်းရောက်စစ်အာဏာ မူရင်းစွဲဝါဒီ Military Fundamentalist ဖြစ်ပါတယ်။ သမိုင်းတ လျှောက်မှာ ဗိုလ်လက်ျာ၊ ဗိုလ်တင်ထွဋ်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်စမစ်ဒွန်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်မောင်မောင်၊ ဗိုလ် အောင်ကြီး၊ ဗိုလ်ကြည်မောင်၊ ဗိုလ်စောမြင့်၊ ဗိုလ် တင်ဖေ၊ ဗိုလ်စိန်မြ၊ ဗိုလ်မောင်ရွှေ၊ ဗိုလ်တင်ဦး (ယခု NLD)၊ ဗိုလ်ထွန်းလင်းနဲ့ မဆလအတွင်းရေးမှူးအဖွဲ့၊ ဗိုလ်တင်ဦး (မျက်မှန်)၊ ဗိုလ်စောမောင်၊ ဗိုလ်ထွန်းကြည်-ဗိုလ်ကျော်ဘနဲ့ နဝတတိုင်းမှူး တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်တင်ဦး(တွင်း-၂)၊ ဗိုလ်နေဝင်း နဲ့ မဆလ-တစညတပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်ခင်ညွန့် စသဖြင့် အထင်အရှား ရှိပါတယ်။ အခု ၂ဝ၁ဝ အတွက်ပြဿနာက အတိုက်အခံအဖြစ် ပြည်တွင်းပြည်ပက သိထားကြတဲ့ အဲန်အယ်လ်ဒီတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ မ ဟုတ်ပါဘူး။ ဒါတွေကို ဗိုလ်သန်းရွှေရဲ့ကိုယ်ပိုင် အထူးသီးသန့် ကြပ်ပြေးမြို့တော် သစ်ကြီးက မဟာလွှတ်တော်သစ်ကြီးမှာ စတိသ ဘောတောင် ခြေချခွင့်မပေးဖို့ အညှိုးတကြီးနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်စီစဉ်ထားပါတယ်။ ဒါပေမဲ့ အခုတော့ ဒီ့ထက်ဆိုးတဲ့ ပြဿနာကို ဗိုလ်သန်းရွှေတယောက် မရှောင်နိုင်မလွှဲနိုင် ရင်ဆိုင်နေရပါပြီ။ ... အပြည့်အစုံသို့

Read More...

 
/* EOT ----------------------------------------- */