Thursday 6 December 2007

ခြင်္သေ့မင်းကဲ့သို့သော ပြည်သူ၊ ခွေးနှင့်တူသော စစ်အုပ်စု

(ကိုရင်ဒေါင်း)

၁။
“ခြင်္သေ့ဟာ သူ့ကိုပစ်လိုက်တဲ့ အဆိပ်လူးမြား လာရာအရပ်ကို ရှာဖွေကြည့်ရှုတယ်။”
“ခွေးသတ္တ၀ါကတော့ သူ့အပါး ကျလာတဲ့ ခဲလုံးကိုသာ ဒေါသတကြီးလိုက်လံ ကိုက်ခဲတယ်။”
ခြင်္သေ့နဲ့ ခွေးသတ္တ၀ါ မကွာလား ?
အမြော်အမြင်ရှိသူများဟာ ပြ၏နာ သန္ဓေတည်မွေးဖွားရာ အကြောင်းတရားကို ရဲရဲရှာဖွေဖော်ထုတ်တယ်။ အရင်းခံအကြောင်းတရားကိုပယ်သတ်ပြီး ဖြစ်ပေါ်နေတဲ့အကျိုး ဆက်ဆိုးကျိုးကို ချုပ်ငြိမ်းစေတယ်။
လူ့အန္တတွေကတော့ ပြဿနာရဲ အရင်းခံအကြောင်းတရားကို မရှာဖွေ။ မပယ်သတ်ဘဲ ဖြစ်ပေါ်နေတဲ့ရလဒ် ဆိုးကျိုးကိုသာ ဆတက်ထမ်းပိုး တိုးပွားစေတယ်။

မြန်မာပြည်သူတွေ ဒုက္ခပင်လယ်ဝေနေရတဲ့ ပင်မအကြောင်းခံတရားဟာ စစ်အာဏာ ရှင်စနစ် ဖြစ်တယ် ဆိုတာကို ၂၀၀၇-စက်တင်ဘာ လူထုအရေးတော်ပုံကြီးကတဆင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက ဖော်ထုတ်ပြသခဲ့ကြတယ်။ ရလဒ်ဆိုးကျိုးကို ချုပ်ငြိမ်းစေဖို့။ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေးကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ခရီးနှင်ဖို့လည်း အမြော်အမြင်ရှိစွာ တောင်းဆိုခဲ့ကြတယ်။
နအဖ စစ်အုပ်စုကတော့ သူ့ဆီပစ်လိုက်တဲ့ခဲလုံးကို ဒေါသတကြီး လိုက်ကိုက်တဲ့ခွေးလို ငြိမ်းချမ်းစွာအရေး ဆိုလာတဲ့ ရဟန်းရှင် လူပြည်သူတွေကိုပဲ ရန်မူခဲ့တယ်။ လက်နက်နဲ့အကြမ်း ဖက်ဖြိုခွဲခဲ့တယ်။ လူထုအရေးတော်ပုံများ ရဲ့ ဓမ္မတာအတိုင်း စက်တင်ဘာအရေးတော်ပုံကြီး ဟာလည်း လှိုင်းလုံးသ္ဂန် နိမ်တုံ မြင့်တုံဆောင်ခဲ့ပေမဲ့ ဦးကျိုးမသွားခဲ့ဘူး။ နအဖ စစ်အုပ်စုသာ ပြည်သူတွေရဲ့ တံတွေးမြစ်မှာ ဂျွမ်းထိုးမှောက်ခုံ မြောခဲ့ရတယ်။
ပြည်သူတွေရဲ့ အမြော်အမြင်ရှိတဲ့တောင်းဆိုချက်တွေကို ဥပက္ခာပြုခဲ့တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအရ ခံစစ်ဘ၀ကို လုံးလုံးကျရောက်နေရပြီ။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် အပြီး အပိုင် ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲ ၀င်ကြရလိမ့်ဦးမယ်။
၂။
အမှန်နဲ့အမှားရဲ့အားပြိုင်ပွဲမှာ အဆုံးတနေ့ အမှန်ကသာ အောင်ပွဲခံရမှာပဲ။ ဒါဟာ ရှောင်လွဲ မရတဲ့ နိယာမဧကန်သဘောဖြစ်တယ်။ တချိန်တည်းမှာဘဲ တပွဲချင်းနဲ့ ရေတိုသဘောမှာတော့ ပြိုင်ဘက်ထက်သာလွန်တဲ့ လူထုအင်အားကို မစုစည်းနိုင်ရင် ယာယီအရေးမသာမှုတွေ တွေ့ရ မြဲဖြစ်တယ်။
ဒါကြောင့် အမှန်တရားရဲ့ အဆုံးတနေ့အောင်မြင်ရမှု။ ယာယီအရေးနိမ့်ရမှုနဲ့ အမှား တရားရဲ့ ယာယီအောင်မြင်မှု။ အဆုံးတနေ့မှာရှုံးနိမ့်ရမှုများနဲ့ပတ်သက်လို့ လက်တွေကျကျ ဆင်ခြင်ကြည့်မြင်ကြဖို့လိုတယ်။ အကောင်အထည်မဲ့ ယုံကြည်မှုသက်သက် တခုတည်းနဲ့တော့ အမှန်တရားရဲ့အောင်ပွဲကို ဆုပ်ဆုပ်ကိုင်ကိုင် ရရှိနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘက်က မှန်နေပါ လျက်နဲ့ ဘာကြောင့် အရေးနိမ့်ရသလဲ။ ဆန့်ကျင်ဘက်က မှားနေပါလျက်နဲ့ ဘာကြောင့် အရေးသာသွားရသလဲ ဆိုတာတွေကို မှန်ကန်စွာနားလည်နိုင်မှာမဟုတ်ဘူး။ ဖြတ်သန်းခဲ့တဲ့ တိုက်ပွဲရဲ့ သင်္ခန်းစာတွေကိုလည်း မှန်ကန်စွာနိဂုံးချုပ်နိုင်မှာမဟုတ်ဘူး။ ဒီအခါမျိုးမှာ မမြင်ရတဲ့ ကံတရားဟာ ကိုးကွယ်ရာ ဖြစ်လာတတ်ပြီး ကိုယ့်အချင်းချင်းကဲ့ရဲ့သင်္ဂြိုလ် အတင်းဆိုမှုတွေနဲ့ ညီညွတ်ရေးထိခိုက်မှုဆီ ဦးတည်သွားတတ်ကြတယ်။
တကယ်တော့ အမှန်တရားဆိုတာ လူ့အဖွဲ့အစည်းနဲ့ ကင်းလွတ်တည်ရှိနေတာ မဟုတ် ဘူး။ ကျနော့်တို့ ပြောဆိုနေတဲ့ အမှန်တရားဆိုတာ အဖိနှိပ်ခံပြည်သူတွေရဲ ဘ၀တိုက်ပွဲအတွင်း က အတွေ့အကြုံအဆက်ဆက်ကို စုစည်းပေါင်းချုပ်ထားတဲ့ အကောင်အထည်မဲ့ တန်ဖိုး သဘောတရားတခုပဲ။ ပြည်သူတွေအတွက် မှန်ကန်တဲ့တန်ဖိုး သဘောတရားတခုဟာ ဖိနှိပ် အုပ်စိုးသူ အဓမ္မ၀ါဒီတွေအတွက်တော့ အမှားတရားသာဖြစ်တယ်။ ပြည်သူတွေက ဖိနှိပ်မှု အောက်က လွတ်မြောက်အောင်ရုန်းကန်တိုက်ပွဲဝင်တာကို မှန်တယ်လို့ယုံကြည်ပေမဲ့ ဖိနှိပ် အုပ်စိုးသူတွေကတော့ အဲဒါကိုဆူပူအုကြွမှု မင်းမဲ့လုပ်ရပ်လို့မြင်တယ်။ လူထုအုကြွမှုကို အကြမ်းဖက်ဖြိုခွဲတဲ့ သူတို့လုပ်ရပ်ကို တရားတယ်လို့မြင်တယ်။ ဒါကြောင့်လဲ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူမျိုးတိုင်း တန်းတူသွေးစည်း ရေးလှုပ်ရှားမှုတွေကို ဆူပူသောင်းကျန်းမှုတွေအဖြစ် လက်နက်အားကိုး ဖြိုခွဲကြတာဖြစ်တယ်။
တရားဆိုတာ အကောင်အထည်မဲ့သဘောပဲ။ အမှန်တရားတခုဟာ မှန်နေပေမဲ့ အခိုင် အမာအကောင်အထည်ဖြစ်လာအောင် အသက်မသွင်းနိုင်ရင် သူရဲ့မှန်ကန်မှုနဲ့ အစွမ်းသတ္တိ ခွန်အားကို မပြနိုင်ဘူး။ စိတ်ကူးပုံပြင်ထဲက တန်ခိုးရှင်ထက် ဘာမှမလိုဘူး။ ဖိနိုပ်မှုအောက်က လွတ်မြောက်လိုကြတဲ့ ပြည်သူတွေဟာ မိမိတို့ဘ၀တိုက်ပွဲ များစွာအတွင်းက စုစည်းပေါင်းချုပ် ချက် အကောင်အထည်မဲ့ အမှန်တရားကို အကောင်အထည်ဖြစ်လာအောင် လက်တွေ့နဲ့ အသိရှိရှိပေါင်းစပ်ကြရမြဲဖြစ်တယ်။ အဲဒီအခါကျမှသာ အကောင်အထည်မဲ့ အမှန်တရား ၀ိဥာဉ် ဟာ အခိုင်အမာကိုယ်ထည် ဖြစ်တည်လာပြီး အံ့မခန်းတဲ့တိုက်ပွဲဝင်အင်အားကြီးအဖြစ် အသက်ဝင် ရုန်းကြွလာတာ ဖြစ်တယ်။ ဒါကို ပြည်တွင်း ပြည်ပ ပြည်သူ့အရေးတော်ပုံများစွာက သက်သေပြခဲ့ပြီးပြီ။
၃။
အားပြိုင်ပွဲတခုအတွင်းမှာ ပေါင်းစည်းနေတဲ့ ဘက်နှစ်ဘက်ဟာ နှစ်ဘက်စလုံးက အနိုင်ရချင် ကြသလို။ နှစ်ဘက်စလုံးကပဲ အရှုံးမပေးလိုကြဘူး။ ဒါပေမဲ့ အခိုင်အမာအားပြိုင်မှုဆိုတာ ကာလအကန့်အသတ်မဲ့မဟုတ်ဘူး။ ကာလအကန့်အသတ်ဆုံမှတ်တခု ရောက်ရင်တဘက် ကရှုံးပြီး။ တဘက်ကနိုင်ရမှာပဲ။
အများသိတဲ့အတိုင်း အဆုံးတနေ့မှာ အမှန်က အမှားအပေါ်မုချအောင်ရမှာပဲ။ ဒါပေမဲ့ ဒါဟာ အကောင်အထည်မဲ့ သဘောတရားမျှသာ ဖြစ်တယ်ဆိုတာ သတိချပ်သင့်တယ်။
အခိုင်အမာကျတဲ့ အနိုင်အရှုံးဆိုတာကတော့ အကောင်အထည်မဲ့သဘောတရား သက်သက်မဟုတ်ဘူး။ လက်တွေ့အခိုင်အမာတိုက်ပွဲရဲ့ သင်္ကေတဖြစ်တယ်။ တိုက်ပွဲတပွဲချင်း ရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်တာဟာ ဘယ်ဘက်ကမှန်တယ်။ မှားတယ်ဆိုတာ တချက်တည်း အပေါ်မှာမတည်ဘူး။ ဘယ်ဘက်က တိုက်ပွဲလိုအပ်ချက်အင်အား (လူ။ စိတ်ဓာတ်။ ရုပ်ဝတ္တု) တွေကို ဆန့်ကျင်ဘက် ထက်သာလွန်အောင် စုစည်းအသုံးချနိုင်ခြင်း ရှိမရှိအပေါ်မှာတည် တယ်။ အမှန်တရား (ပြည်သူ) ဘက်ကရပ်တည်တဲ့တိုင်အောင် အဲဒီအမှန် တရား သက်ဝင်ရုန်း ကြွလာစေမယ့် လက်တွေ့စည်းရုံးပြင်ဆင်မှုတွေမဲ့နေရင်။ ဒါမှမဟုတ် အနိမ့်ဆုံးလိုအပ်ချက် မပြည့်မီရင် တပွဲချင်းမှာ မလွဲမရှောင်သာ အရေးမသာမှုကြုံရမှာပဲ။
ပြည်သူဆန့်ကျင်ရေး အဓမ္မ၀ါဒီများဖြစ်နေတဲ့တိုင်။ လက်နက်တခုတည်းကိုသာ အင် အားအဖြစ် အကြွင်းမဲ့ယုံကြည်ထားတဲ့ စစ်ဝါဒီများဖြစ်နေတဲ့တိုင် သူတို့ကိုင်စွဲထားတဲ့ အမှားတ ရားကို ခိုင်မာတိကျတဲ့ စည်းရုံးပြင်ဆင်မှုများနဲ့ အသက်သွင်းပြီး လက်ဦးမှုရှိရှိ အသုံးချနိုင်ရင် တပွဲချင်းအရအရေးသာမှုတွေ ရကြတာပဲ။ အဓမ္မ၀ါဒီတွေဟာ သူတို့ရဲ့ဒီလိုတပွဲချင်းအရ အရေး သာမှုတွေကို စဉ်ဆက်မပြတ်ထိန်းသိမ်းရင်း သက်ဆိုးရှည်အောင် ကြိုးပမ်းနေကြတာဖြစ် တယ်။ ဒါကိုလည်း ပြည်တွင်းပြည်ပ အမှန်နဲ့အမှားတို့ရဲ ရှည်ကြာတဲ့ တိုက်ပွဲသမိုင်းအတွေ့ အကြုံက သက်သေပြ၊ အတည်ပြုပေးခဲ့ပြီးပြီ။
၎။
အာဏာလက်ရှိ အဓမ္မ၀ါဒီ နအဖစစ်အုပ်စုဟာ အာဏာကိုအသုံးပြုပြီး ပြည်သူကိုဖိနှိပ် သတ်ဖြတ်ဖို့ စစ်တပ်၊ ပုလိပ်၊ တရားရုံး၊ အကျဉ်းထောင် စတဲ့ဖိနှိပ်ရေးယနျွှရားတွေကို အသင် ထူထောင်ထားပြီးဖြစ်တယ်။ သူတို့ရဲ့ ပြည်သူဖိနှိပ်ရေးပေါ်လစီတွေကို အသက်ဝင်လှုပ်ရှား လာအောင် အခိုင်အမာစည်းရုံးဖွဲ့စည်းမှုတွေနဲ့ လက်တွေ့ ပေါင်းစပ်ကြတာဖြစ်တယ်။ ဒါကြောင့် လည်း အဓမ္မ၀ါဒီစစ်အုပ်စုဟာ ပြည်သူဖိနှိပ်ရေးအတွက် အခိုင်အမာဆောင်ရွက်ရာမှာ ပြည်သူ တွေထက်သာလွန်ပြီး လက်ဦးမှုရယူနိုင်ကြတာပဲ။ ဒီလိုလက်ဦးမှုရယူနိုင်လို့ လည်း တပွဲချင်းမှာ အသာရသွားကြတာဖြစ်တယ်။ တခွန်းတည်းပြောရရင် လက်ဦးမှုဆိုတာ တပွဲချင်းအရ အာဏာ ရနေသူတွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာပဲ။
အဖိနှိပ်ခံပြည်သူလူထကြီးဟာ အဖိနှိပ်ခံဘ၀က လွတ်မြောက်လိုကြတာဓမ္မတာပဲ။ အဲဒီအတွက် ရုန်းကန်တိုက်ပွဲဝင်ကြတာဟာလည်း တရားတာပဲ။ ဒါပေမဲ့လူတန်းစား။ လူ့ အလွှာတွေအဖြစ် အထပ်ထပ်။ အလွှာလွှာကွဲပြားနေတဲ့ ပြည်သူလူထကြီးကို အတွေးအခေါ် အရ။ နိုင်ငံရေးအရ။ စည်းရုံးရေးနဲ့လုပ်ဟန်အရ မစုစည်းနိုင်ရင် စစ်အုပ်စုထက်သာလွန်တဲ့ တိုက်ခိုက်ရေးအား ဖြစ်မလာနိုင်ဘူး။ ခိုင်မာသွေးစည်းတဲ့ လူထုညီညွတ်ရေး ဆိုတာမျိုးဟာ အလိုအလျောက်ဖြစ်လာနိုင်တာမျိုးမဟုတ်။ သိစိတ်ရှိရှိ အခိုင်အမာစုစည်းမှရနိုင်တာမျိုးဖြစ် တယ်။ စုစည်းညီညွတ်တဲ့ လူထုအားနဲ့ ရန်သူကိုတိုက်ရင်း လက်ဦးမှုမဲ့ရာက ရှိရာကိုကူးပြောင်း ယူရတာဖြစ်တယ်။ လက်ဦးမှုကို အဆက်မပြတ် တိုးချဲရာက နောက်ဆုံးလက်ဦးမှုကို ပိုင်ပိုင် နိုင်နိုင်မလွတ်တမ်း ဆုပ်ကိုင်နိုင်တဲ့အချိန်ဟာ အောင်ပွဲရချိန်ပဲ။
ဒါကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲမှာလက်ဦးမှုရအောင်။ တိုက်ပွဲအဆုံးသတ်အထိ လက်ဦးမှုကို မလွတ်တမ်းဆုပ်ကိုင်ထားနိုင်အောင် အားလုံးဝိုင်းဝန်းပြင်ဆင်ကြရမှာပဲ။
၅။
နောက်ထပ်လာမယ့် လူထုတိုက်ပွကြီးအတွက် ပြင်ရေးကို ဘယ်သူတွေ တာဝန်ယူမ လဲ။ ဘယ်နည်းနာ တွေနဲ့ပြင်ကြမလဲ။
ဓမ္မတာပဲ ရှည်ကြာတဲ့ လူထုတိုက်ပွကြီးအတွင်းက ထွက်ပေါ်လာတဲ့။ သက်ဆိုင်ရာ လူတန်းစား။ လူ့အလွှာ အသီးသီးကို ကိုယ်စားပြုတဲ့ လက်ရှိတိုက်ပွဲဝင်နေဆဲ ဥပဒေတွင်း။ ဥပဒေပနိုင်ငံရေးပါတီများ တက်ကြွတဲ့တိုက်ပွဲဝင် အစုအဖွဲ့များ။ တကိုယ်တော်တိုက်ခိုက်ရေး သမားများစတဲ့ ပြည်သူ့ဘက်တော်သားများက ကိုယ်နိုင်တဲ့ဝန်ကိုထမ်းပြီး ပြင်ဆင်ကြရမှာပဲ။
ပြင်တဲ့နည်းနာကတော့ လျို့ဝှက်လုပ်ငန်းနဲ့ ပြောင်လုပ်ငန်း နည်းနှစ်နည်းနဲ့ပြင်ကြရ မယ် လို့ယူဆတယ်။
ပြောင်ပြင်ဆင်ရေးလုပ်ငန်းကို တရားဝင်NLD ပါတီနဲ့ အခြားပါတီများက သက်ဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကို ဗဟိုပြုပြီးရသမျှ အခွင့်အရေးကို အသုံးချလုပ်ကိုင်ကြရမှာပဲ ဖြစ်တယ်။
လျို့ဝှက်ပြင်ဆင်ရေးမှာတော့ ဥပဒေပနိုင်ငံရေးပါတီများ။ အစုအဖွဲ့များ။ တသီးပုဂ္ဂလ များနဲ့ လျို့ဝှက်နည်းအရ။ စုစည်းထားတဲ့ ခေါင်းဆောင်မှုအဖွဲ့တခုရှိသင့်တယ်။ ဒါမှသာ တပြည် လုံးလက္ခဏာအရ လမ်းညွှန်သဘောထား။ စီမံချက်စတာတွေနဲ့ လိုအပ်သလို ထိန်းကျောင်း နိုင်မှာဖြစ်တယ်။
လျို့ဝှက်ပြင်ဆင်ရေးလုပ်ငန်းတွေထဲက အခြေခံကျတဲ့အချက်အချို့ကို အကြမ်းဖျင်း တင်ပြရရင် လျို့ဝှက် ခေါင်းဆောင်မှုအောက်ရှိ လိုင်းအသီးသီးဟာ အလုပ်သမား၊ လယ်သ မား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အမှုထမ်း၊ အသိပညာရှင်၊ အတတ်ပညာရှင်စတဲ့ လူထု လူတန်းစားအလွှာအသီးသီးအတွင်းက တက်ကြွသူအမာခံများကို မွေးမြူစုစည်းတာ။ တက်ကြွ သူအမာခံတွေကို အခြေခံပြီး လူတန်းစား။ လူ့အလွှာအလိုက် သမဂ္ဂတွေဖွဲ့စည်းတာ။ စစ်တပ်။ ရဲ၊ ကြံဖွံ့၊ မီးသတ်၊ ကြက်ခြေနီစတဲ့ စစ်အုပ်စုရဲ့အဖွဲ့အစည်းများနဲ့ အပစ်ရပ်အဖွဲ့ တွေထဲမှာ ‘လူထုတိုက်ပွဲ ထောက်ခံရေး’ အင်အားစုတွေ လျို့ဝှက်စုစည်းတာပါပဲ။ အနိမ့်ဆုံး အားဖြင့် ကြားနေအင်အားစုများ ရှိလာအောင် လုပ်ရေးဖြစ်တယ်။ ဒီလိုပြင်ဆင်ထားနိုင်မှ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေ၊ လူထုတိုက်ပွဲ ထောက်ခံရေးအစုတွေကို မဏ္ဏိုင်ပြုပြီး တောရောမြို့ပါမကျန် လူထု ပါဝင်လာရေး ဖြစ်နိုင်စရာရှိတယ်၊ အထွေထွေသပိတ်ကြီးအဖြစ် အချိန်တိုအတွင်း ကူးပြောင်း နိုင်မှာဖြစ်တယ်။ လက်ဦးမှုကိုလျင်မြန်စွာတိုးချဲ့ပြီး အဆုံးအဖြတ်ကျချိန်အထိဆုပ် ကိုင်ထားနိုင် မှာ ဖြစ်တယ်။
သင့်လျော်တဲ့ ပြင်ဆင်မှုမရှိဘဲ တိုက်ပွဲကာလအတွင်းမှာမှ လူထုလူတန်းစားအဖွဲ့အ စည်းတွေကို အရေးပေါ် ဖွဲ့စည်းရတာမျိုးဟာ တိုက်ပွဲလိုအပ်ချက်ကို အချိန်မီဖြည့်ဆီးနိုင်ဖို့ မလွယ်ဘူး။ အထွေထွေသပိတ်ကြီးအဖြစ် အချိန်တို အတွင်း ကူးပြောင်းနိုင်အောင် လုပ်ဖို့ခက် တယ်။
ဒီလိုပြောလို့ အလုံးစုံပြင်ပြီးမှ တိုက်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ လူထုတိုက်ပွဲဆို တာ အင်မတန် ကျယ်ပြန့် ရှုပ်ထွေးလေ့ရှိပြီး ကိုယ်ခန့်မှန်းတွက်ချက်ထားသလို ဖြစ်ချင်မှဖြစ် တတ်တာမျိုး ဘယ်အချိန် ဘယ်နေရာမှာ ဘယ်အကြောင်းအချက်ပေါ်အခြေခံပြီး စတင်ပေါက် ကွဲမယ်ဆိုတာလဲ ဘယ်သူမှ အတတ်သိနိုင်တာမဟုတ်ဘူး။ တိုက်ပွဲမဖြစ်ခင် ပြင်နိုင်သမျှပြင်။ တိုက်ပွဲဖြစ်လာတဲ့အခါ ပြင်ဆင်ပြီးသမျှနဲ့ အားဖြည့်၊ တိုက်ပွဲတွင်း ပြောင်းလဲလာတဲ့ အခြေ အနေသစ်တွေရဲ့ တောင်းဆိုမှုအရလည်းထပ်ပြင်။ ပြင်နေရင်းတိုက်ပွဲတိုက် ဆိုတဲ့နည်းနဲ့ ပျော့ ပြောင်းစွာ ပေါင်းစပ်ရတာမျိုးလို့ သဘောပေါက်တယ်။ ဒါကြောင့်ကြိုပြင်တာဟာ မပြင်တာ ထက်၊ နောက်ကျပြင်တာထက် အကျိုးများတာအမှန်ပဲ။
၆။
နောက်ဆက်တွဲလူထုတိုက်ပွကြီးအတွက် ပြောင်လုပ်ငန်း၊ လျို့ဝှက်လုပ်ငန်း နည်းနှစ် နည်းနဲ့ ပြင်ဆင်သင့် တယ်လို့ပြောခဲ့ပြီ။ ဒီနှစ်ခုဟာ အပေါ်ယံအရ လှုပ်ရှားရပုံမတူပေမဲ့ အတွင်း သဘောအရ လူထုလှုပ်ရှားမှု အောင်မြင်ရေး ရည်မှန်းချက်အတွက်ပဲဖြစ်တယ်။
တကယ်က ပြောင်လုပ်ငန်းနဲ့လျို့ဝှက်လုပ်ငန်းဟာ တခုကိုတခုဆန့်ကျင်နေတာ မဟုတ်ဘူး။ အပြန်အလှန် ထောက်ကူနေသာဖြစ်တယ်။ အထူးသဖြင့် ဥပဒေမဲ့စစ်အာဏာရှင် စနစ် အုပ်ချုပ်မှုအောက်မှာ လျို့ဝှက်လုပ်ငန်း ကောင်းအောင်လုပ်နိုင်လေ။ ပြောင်လုပ်ငန်း အတွက် အကျိုးများလေပဲ။ အပြန်အလှန်အားဖြင့် ပြောင်လုပ်ငန်းကို မိမိရရ အသုံးချနိုင်လေ။ လျို့ဝှက်လုပ်ငန်းကို ကျယ်ပြန့်နက်ရှိုင်းစွာလုပ်နိုင်လေပဲ။
လျို့ဝှက်လုပ်ငန်းနဲ့ ပြောင်လုပ်ငန်းဟာ အပြန်အလှန်ကူးပြောင်းတဲ့ သဘောလည်းရှိ တယ်။ တိုက်ပွဲစဉ်အတွင်း အခွင့်မသာတဲ့အခါ ပြောင်လုပ်ငန်းဟာ လျို့ဝှက်လုပ်ငန်းအဖြစ်ကူး ပြောင်းသွားလေ့ရှိပြီး။ အောင်ပွဲရတဲ့အခါ လျို့ဝှက်လုပ်ငန်းဟာ ပြောင်လုပ်ငန်းအဖြစ် ကူး ပြောင်းသွားတတ်တယ်။ ဒီသဘောကို အမျိုးသားလွတ်မြောက် ရေးကာလ လှုပ်ရှားမှုများနဲ့ လွတ်လပ်ရေးခေတ် လူထုတိုက်ပွဲများအတွင်းမှာ လေ့လာတွေ့ရှိနိုင်တယ်။
၂၀၀၇ စက်တင်ဘာအရေးတော်ပုံကြီး အတွင်းမှာလည်း သံဃာနဲ့ကျောင်းသားများဟာ တိုက်ပွဲလိုအပ် ချက်အရ ပြောင်လုပ်ငန်းနဲ့ လျို့ဝှက်လုပ်ငန်း အကြားအဆက်အစပ်ကို အပြန် အလှန်ကူးပြောင်း လှုပ်ရှားခဲ့ကြတာ သတိပြုလိုက်မိတယ်။ ဒီလိုပြောင်းလွယ်ပြင်လွယ် လုပ်နိုင် တာဟာ လူထုတိုက်ပွဲအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်တယ်။ ဒါပေမဲ့ စက်တင်ဘာအရေး တော်ပုံလှုပ်ရှားမှုမှာ ပြောင်လုပ်ငန်းသဘောက အဓိကလွှမ်းမိုးနေတယ်လို့ ယူဆရတယ်။ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ လျို့ဝှက်လုပ်ငန်းတွေနဲ့သာ ကြိုပြင်ထားနိုင်ခဲ့ရင် စက်တင်ဘာအရေး တော်ပုံကြီးကို ဒီထက်ပိုမိုအားဖြည့်ပေးနိုင်မှာအမှန်ပဲ။
၇။
နိဂုံးချုပ်ရရင် တပွဲချင်းအရ အာဏာကိုအသုံးချပြီး ပြည်သူအပေါ် အနိုင်ယူနေတဲ့ နအဖ စစ်အာဏာရှင် စနစ်အတွင်းမှာ မုချကျဆုံးရမယ့် အကြောင်းတရားတခုပါရှိနေတယ်။ အဲဒါ ကတော့ ပြည်သူကို ဖိနှိပ်ဆန့်ကျင်တဲ့ ရပ်တည်မှုအမှားပဲ။ အဲဒီအမှားကို အကြောင်းပြုပြီး အတွေးမှား၊ အမြင်မှား၊ အလုပ်မှားတွေကို အဆက်မပြတ် ကျူးလွန်ကာ နောက်ဆုံးကျဆုံး ခန်းဆီ ဦးတည်စေတာဖြစ်တယ်။ ဒါပေမဲ့ သူ့အလိုလျောက် ကျဆုံးမှာတော့ မဟုတ်ဘူး။ စည်း လုံးညီညွတ်တဲ့ လူထုအားနဲ့ တိုက်ပွဲဝင်မှ အပြီးသတ်ကျဆုံးမှာဖြစ်တယ်။
တပွဲချင်းအရ အရေးနိမ့်မှုတွေ ကြုံနေရတဲ့ ပြည်သူလူထကြီးအတွင်းမှာလည်း အဆုံး တနေ့ မုချအောင်ပွဲခံရမယ့် အကြောင်းတရားတခုရှိနေတယ်။ အဲဒါက စစ်အုပ်စုလက်တဆုပ် စာရဲ့ အကြမ်းဖက်ဖိနှိပ်မှုအောက်က ပြည်သူ တရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဆင် ရေးဆိုတဲ့ ရပ်တည်မှုအမှန်တရားပဲ။ ဒီရပ်တည်မှုအမှန်တရားကို အကြောင်းခံပြီး ပြည်သူတွေ ဟာ အတွေးမှန်။ အမြင်မှန်။ လုပ်နည်းမှန်တွေကို ရရှိပြီး တပွဲချင်းအရေးနိမ့်မှုက အောင်မြင် မှုကို တက်လှမ်းလာနိုင်မှာဖြစ်တယ်။ လက်ဦးမှုမဲ့ရာက ရှိရာသို့ အဆက်မပြတ်တိုးချဲ့ပြီး အောင် ပွဲကို အရယူနိုင်မှာဖြစ်တယ်။
တသက်စာ အမှားဝန်ထုပ်ကြီးကို မချိမဆန့်ပိုးထားတဲ့ နအဖ စစ်အုပ်စုကို အမှန်တရား အရ အားကောင်းမောင်းသန်စုစည်းထားတဲ့ ပြည်သူ့အားနဲ့တွန်းရင် စစ်အုပ်စုဘုံးဘုံးလဲ ရမှာပဲ။ ဒီအတွက်လိုအပ်သမျှကို ၀ိုင်းဝန်း ပြင်ဆင်ရင်း လာမယ့်တိုက်ပွကြီးကို ကြိုကြဦးစို့။
ကိုရင်ဒေါင်း

Read More...

 
/* EOT ----------------------------------------- */