Wednesday 26 September 2007

26 Sep 07, 13:27
ဗားကရယလူထုစစ်ကြောင်းက တာမွေဘက်မှ လူထုစစ်ကြောင်းနဲ့ ပေါင်းဖို့ အတွက် ဆက်သွယ်နေပါတယ်။ တာမွေစစ်ကြောင်းက လှမ်းဆက်သွယ်ပေးပါ။
26 Sep 07, 13:25
၁ နာရီ ၂၀ မိနစ်က ဆူးလေ မြောက်ဘက်မုဒ်မှာလည်း စစ်သားတွေ စောင့်နေတယ်။ သေနတ်ကိုယ်စီနဲ့ အဲ့ဒီက အင်အားက ၁၅ ယောက်လောက်ပဲရှိမယ်။ ဟိုက်လတ်လို စစ်ကားတစ်စီးရပ်ထားတယ်။ ဒိုင်နာ ၂ စီးရပ်ထားတယ်။ အဲ့ဒီ ဆူးလေ မြောက်ဘက်မှာပဲ ဆူးလေအခြားဘက် ၀င်ပေါက်တွေမှာလည်း စစ်သားတွေရှိတယ်။ ဆူးလေနားမှာတော့ ရဲနဲ့စစ်သားတွေအသင့်အနေအထားနဲ့ရှိနေပြီ။ ဘုန်းကြီးတွေက ရောက်မလာကြသေးဘူး။ လမ်းမှာတော့ ဖြစ်ကုန်ကြပြီပြောတယ်။ ဆူးလေဘုရားပေါ်မှာလည်း စစ်တပ်တွေ တပ်စွဲထားတယ်။ ရဲတွေက ဒိုင်းနဲ့ တုတ်တွေ ကိုင်ပြီး အရှေ့က တန်းစီရပ်နေတယ်။ သူတို့ရဲ့နောက်မှာ စစ်သားတွေက သတ်နတ်ကိုယ်စီနဲ့ တန်းစီရပ်နေတယ်။ သူတို့ရပ်နေတဲ့လမ်းကနေ လူတွေကို ဖြတ်မလျှောက်ခိုင်းတော့ဘူး။ လမ်းက အားလုံးပေါင်းလေးလမ်းရှိတယ်။ အလယ်နှစ်လမ်းကို ဖွင့်ထားတယ်။ ဘေးလမ်းသွယ်နှစ်လမ်းကိုတော့ ဒီကောင်တွေပိတ်ထားတယ်။ တစ်ဖွဲ့ကို အင်အား ၃၀ ကျော် လောက်ပဲရှိတယ်။ လူတွေကတော့ ဘာဖြစ်မလဲဆိုတာ လမ်းဆုံပလက်ဖောင်းတွေကနေ စောင့်ကြည့်နေကြတယ်။ ဒီကောင်တွေအင်အားထက် လူတွေအင်အားက ပိုများတယ်။

No comments:

 
/* EOT ----------------------------------------- */