Tuesday 25 September 2007

စက်တင်ဘာ ၂၅ ရက် ၂၀၀၇

စက်တင်ဘာ ၂၅ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၂း၁၀ နာရီ

သံဃာ၊ မယ်သီလရှင်၊ ကျောင်းသား၊ ပြည်သူများ ဆန်ဒပြချီတက်လာကြတာ ဆူးလေစေတီကိုရောက်ရှိနေပါပြီ.... အဖမ်းအဆီးအနှောက်အယှက် လုံးဝမရှိပါဘူး... လူဦးရေတော်တော်လေးများပါတယ်.... ငြိမ်းချမ်းစွာ ဆန်ဒပြနေပါတယ်..

ဆုံဆည်းရာ

စက်တင်ဘာ ၂၅ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၁း၄၀ နာရီ

ထာင်ပေါင်းများစွာသော ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လူပရိတ်သတ် အများအပြား ရွှေတိဂုံ ဘုရားမှသည် ဆူးလေဘုရားသို့ ချီတက်လျှက်ရှိရာ ယခုအချိန်တွင် အလံပြဘုရား လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဆုံဆည်းရာ

ရန်ကုန်မြို့တွင် ဒုတိယနေ့မြောက် အထွေထွေသပိတ်တိုက်ပွဲစတင်

စက်တင်ဘာ ၂၅ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၁း၃၀ နာရီ

ရန်ကုန်မြို့တွင် ဒုတိယနေ့မြောက် အထွေထွေသပိတ်တိုက်ပွဲစတင်နေပါပြီ... ရွှေတိဂုံဘုရားမှနေပြီ ဘုန်းကြီးနှင့် ချီတက်ဆန္ဒပြသူများဟာ အခုချီတက်လာတာ တိရိစာန်ရုံနားရောက်နေပါပြီ... လူအင်အားနှင့် ဘုန်းကြီးအင်အား မနေ့ကထက်များပြားကြောင်း ကြားသိရပါတယ်....

ဆုံဆည်းရာ

No comments:

 
/* EOT ----------------------------------------- */