(စိုးနေလင်း)
အနာဂတ်ပုံပြမျဉ်းကို မှန်းဆမရ
ဒီကနေ့ မနေ့က
ဘာဆိုဘာမှ ကျောချစရာမရှိ
ဇာတိ ဇရာ၊ ဗျာတိ မရဏာ
သေချာခြင်းကို မသေချာချင်သေးသောခဏ။
နွံတွင်းနက်နက် တခုထဲမှာ
ဝေေ၀၀ါးဝါး
ဒါဟာ ဘာဝနာပွားတရားယူစရာလား
ကြာကြာဝါးစရာ မလိုသောခါးသည်းခြင်း
သီချင်းဖြစ်သွားတဲ့အခါ ရသ
အဝေးကြည့်မှာ လှပနေပြန်၏။
ကံကံ၏ အကြောင်းတရားဆိုလည်း
ခဲလေသမျှဖြစ်ခဲ့ရသော ကောင်းကင်ထဲ
စံလွဲတန်ဘိုးများက မင်းမူ
“လူ” ၏ အဓိပ္ပာယ်သတ်မှတ်စံနှုန်းကိန်း
ပိန်းပိန်းပိတ် ကွယ်ပျောက်ခဲ့ရပြီ။
ငါဟာ
စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ထဲ ကျွံနစ်
မြစ်ကိုအလျားလိုက် ကူးနေမိလေသလား
ပျားပန်းခတ် နေရာယူနေသူတွေကြားမှာ
(ဇာတ်သိမ်းခန်းကို)
နောက်ဆုံးတန်းက ကြည့်ခွင့်ရရင်ပဲ
သဲထဲရေသွန်ဘ၀ကို ကျေနပ်
ခပ်မဆိတ် နေပစ်လိုက်ချင်ပြီ။ ။
(၃၁-၁၂-၀၇)
ခေတ်ပြိုင်...မှ
Monday, 6 July 2009
အရိပ်မဲ့အရောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment