Monday 6 July 2009

သက်ပြင်းချပြီးရေးတဲ့ကဗျာ

ရဲဝင့်သူ

ဒီအစိမ်းပုပ်ရောင် မြစ်သေထဲ
အနက်ရောင် အတ္တဆီချေးတွေ
ဟန်ပါပါပေါလောပေါ်နေရဲ့
ကယ်သူမဲ့လက်တွေ မြုပ်လိုက်ပေါ်လိုက်
ကြောက်ရွံ့အော်သံတွေသက်သက်နဲ့
ခပ်ညံ့ညံ့ယိမ်းကနေသလို
ခေါင်းငုံ့လက်အုပ်မိုးပြီး
မြက်တဆုပ်ကိုင်ရရေး

ဟုတ်ကဲ့ … မင်္ဂလာပါ…

ရွှေကြယ်ပွင့်ပိုင်ရှင်အတ္တပေါများ
နှလုံးသားတွေပေါ် ပြောင်လက်ရှူးဖိနပ်နဲ့
ကုလားထိုင်များဆီ နင်းလျှောက်သွားနေကြ
Coke သောက် ဟမ်ဘာဂါစားသူနေသူများ
Hiphop သီချင်းနဲ့ လီဘာပုတ်ပြီး
“အားလုံးကောင်းပါတယ်”

ကြယ်မမြင်လမ်းမကြီးထက်
မီးကြီးထိုးသူထိုး မီးသေးထိုးသူထိုး
ကိုယ့်မီးနဲ့ကိုယ် …
မီးအိမ်သာရှိသူအများ
အမှောင် တောင်မှန်းမြောက်မှန်းမသိ
တလမ်း သွားလမ်းမကြီးထက်
တောနိယမနဲ့ ခရီးဆက်
အမည်းတွေဖြူ အဖြူတွေမည်း
ဒီခေတ်ကြီးထဲ ငါတခုပဲတောင့်တ
အနားသတ်မရှိတဲ့ခြေလှမ်းတွေ …။ ။


(၆-၂-၀၇)
ခေတ်ပြိုင်...မှ

No comments:

 
/* EOT ----------------------------------------- */